ကို႐ုိနာပိုးေၾကာင့္ ဂ်ပန္နဲ႔ ေတာင္ကိုရီးယား မေက်လည္


(Zawgyi / Unicode)

ဂ်ပန္ႏုိင္ငံနဲ႔ ေတာင္ကိုရီးယားႏုိင္ငံ လအေတာ္ၾကာ တင္းမာမႈေတြ ေလ်ာ့က်ခ့ဲ့ၿပီးတဲ့ေနာက္ COVID-19 လို႔ေခၚတဲ့ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ေရာဂါနဲ႔ ပတ္သက္ၿပီး ၂ ႏုိင္ငံၾကားမွာ တင္းမာမႈေတြ ျပန္ၿပီးျဖစ္လာေနပါတယ္။

ေတာင္ကိုရီးယားနဲ႔ တ႐ုတ္ႏုိင္ငံက လာၾကတဲ့ ခရီးသြားေတြကို သီးသန္႔ခဲြထားၿပီး အမ်ားျပည္သူ အသုံးျပဳတဲ့ သယ္ယူပို႔ေဆာင္ေရးေတြကို အသုံးမျပဳရဘူးလို႔ ဂ်ပန္ႏုိင္ငံက ေျပာလိုက္ၿပီးတဲ့ေနာက္ ေတာင္ကိုရီးယားႏုိင္ငံဘက္ကလည္း မေက်မနပ္ တုံ႔ျပန္လိုက္တာ ျဖစ္ပါတယ္။

ဂ်ပန္ႏုိင္ငံရဲ႕ ဆုံးျဖတ္ခ်က္ဟာ အဓိပၸာယ္မရွိဘူး၊ အလြန္အကၽြံ လုပ္ေဆာင္တာျဖစ္ၿပီး အဲဒီအတြက္ အထူးပဲ စိတ္မေကာင္းျဖစ္မိေၾကာင္းနဲ႔ ဒီအေပၚမွာ အလားတူပုံစံမ်ိဳး လက္တုံ႔ျပန္သြားမယ္လို႔ ေတာင္ကိုရီးယားႏုိင္ငံဘက္က ေျပာၾကားလိုက္ပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံဟာ တ႐ုတ္ႏုိင္ငံၿပီးရင္ ကမာၻေပၚမွာ ကို႐ုိနာဗုိင္းရပ္စ္ေရာဂါပိုး ကူးစက္ခံရမႈ ဒုတိယအမ်ားဆုံးႏုိင္ငံ ျဖစ္ပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံမွာ ဒီေန႔အထိ ေရာဂါကူးစက္ခံရသူ ၆၇၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူက ၄၅ ေယာက္ရွိပါတယ္။ တခ်ိန္တည္းမွာပဲ ဂ်ပန္ႏုိင္ငံဘက္မွာေတာ့ Princess Diamond အေပ်ာ္စီးသေဘၤာ အပါအ၀င္ ဂ်ပန္ပင္မကုန္းေျမမွာ ေရာဂါပိုးကူးစက္ခံရသူ ၁၀၀၀ ထက္မနည္း ရွိတာပါ။

ဒီဗုိင္းရပ္စ္ပိုး ကူးစက္မႈကို ထိန္းခ်ဳပ္ႏုိင္ဖို႔အတြက္ ၂ ႏုိင္ငံစလုံးက မတူညီတဲ့ ခ်ဥ္းကပ္မႈေတြနဲ႔ လုပ္ေဆာင္ေနၾကၿပီး ဂ်ပန္ႏုိင္ငံထက္စာရင္ ေတာင္ကိုရီးယားႏုိင္ငံကေတာ့ သူ႔ႏုိင္ငံသားေတြကို ေရာဂါပိုး ကူးစက္ခံထားရျခင္း ရွိမရွိဆုိတာကို အပူတျပင္း စစ္ေဆးေနတာ ျဖစ္ပါတယ္။

-----------------------------

(Unicode)

ကိုရိုနာပိုးကြောင့် ဂျပန်နဲ့ တောင်ကိုရီးယား မကျေလည်

ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံ လအတော်ကြာ တင်းမာမှုတွေ လျော့ကျခဲ့ပြီးတဲ့နောက် COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြားမှာ တင်းမာမှုတွေ ပြန်ပြီးဖြစ်လာနေပါတယ်။

တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံက လာကြတဲ့ ခရီးသွားတွေကို သီးသန့်ခွဲထားပြီး အများပြည်သူ အသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေးတွေကို အသုံးမပြုရဘူးလို့ ဂျပန်နိုင်ငံက ပြောလိုက်ပြီးတဲ့နောက် တောင်ကိုရီးယားနိုင်ငံဘက်ကလည်း မကျေမနပ် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ အဓိပ္ပာယ်မရှိဘူး၊ အလွန်အကျွံ လုပ်ဆောင်တာဖြစ်ပြီး အဲဒီအတွက် အထူးပဲ စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ဒီအပေါ်မှာ အလားတူပုံစံမျိုး လက်တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယားနိုင်ငံဘက်က ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရမှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဒီနေ့အထိ ရောဂါကူးစက်ခံရသူ ၆၇၀၀ ကျော်ရှိပြီး သေဆုံးသူက ၄၅ ယောက်ရှိပါတယ်။ တချိန်တည်းမှာပဲ ဂျပန်နိုင်ငံဘက်မှာတော့ Princess Diamond အပျော်စီးသင်္ဘော အပါအဝင် ဂျပန်ပင်မကုန်းမြေမှာ ရောဂါပိုးကူးစက်ခံရသူ ၁၀၀၀ ထက်မနည်း ရှိတာပါ။

ဒီဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ၂ နိုင်ငံစလုံးက မတူညီတဲ့ ချဉ်းကပ်မှုတွေနဲ့ လုပ်ဆောင်နေကြပြီး ဂျပန်နိုင်ငံထက်စာရင် တောင်ကိုရီးယားနိုင်ငံကတော့ သူ့နိုင်ငံသားတွေကို ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိမရှိဆိုတာကို အပူတပြင်း စစ်ဆေးနေတာ ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကို႐ုိနာပိုးေၾကာင့္ ဂ်ပန္နဲ႔ ေတာင္ကိုရီးယား မေက်လည္ ကို႐ုိနာပိုးေၾကာင့္ ဂ်ပန္နဲ႔ ေတာင္ကိုရီးယား မေက်လည္ Reviewed by THITHTOOLWIN on 11:08 Rating: 5
Powered by Blogger.