လမ္းေဘးေန အိုးအိမ္မဲ့ေတြ ကေန ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ပြားမွာကို လန္ဒန္ၿမိဳ႕ေတာ္ဝန္ စိုးရိမ္ေန

လူမႈကူညီေရး အဖြဲ႕မွာ စာရင္းသြင္းထားတဲ့ လမ္းေဘးအိပ္သူေတြကို အရင္ဆုံး ေဟာ္တယ္ အခန္းေပးဖို႔ စီစဥ္ေန
(Zawgyi)⤵⤵⤵
လမ္းေဘးအိပ္ လမ္းေဘးစားတဲ့ အိမ္ေျခရာမဲ့ေတြ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံရတဲ့ အေရးက ကာကြယ္ႏိုင္ေအာင္ လန္ဒန္က လြတ္ေနတဲ့ ေဟာ္တယ္ အခန္းေတြမွာ ေနရာေပးဖို႔ ကမ္းလွမ္းထားပါတယ္။

ကနဦး စမ္းသပ္တဲ့ အစီအစဥ္ အေနနဲ႔ လူမႈကူညီေရး အဖြဲ႕ေတြမွာ စာရင္းေပးထားတဲ့ အိမ္ေျခရာမဲ့ေတြကို လြတ္ေနတဲ့ ေဟာ္တယ္ အခန္း ၃၀၀ ေလာက္မွာ ၿပီးခဲ့တဲ့ စေန တနဂၤေႏြတုန္းက ေနရာခ်ထားခဲ့တာပါ။

လာမယ့္ ၃လ အတြင္း ႏိုင္ငံတကာ ေဟာ္တယ္ အဖြဲ႕တခု ျဖစ္တဲ့ Intercontinental Hotels Group (IHG)က ေစ်းေလွ်ာ့ေပးတဲ့ ေဟာ္တယ္ အခန္းေတြမွာ စီစဥ္ေပးဖို႔ လန္ဒန္ၿမိဳ႕ေတာ္ဝန္ ႐ုံးက ႀကိဳးပမ္း လ်က္ ရွိပါတယ္။

ကို႐ိုနာ ဗိုင္းရပ္စ္ ျပႆနာေၾကာင့္ ဧည့္သည္ မလာတဲ့ လန္ဒန္ၿမိဳ႕လယ္က ေဟာ္တယ္ေတြမွာ အခန္းအလြတ္ အမ်ားအျပား ထြက္ေပၚလာခဲ့ၿပီးေနာက္ အခုလို စီစဥ္ၾကတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာ မတ္လ၂၀ ရက္ေန႔ တုန္းက ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂြၽန္ဆင္က စားေသာက္ဆိုင္ေတြ ၊ အေဖ်ာ္ယမကာဆိုင္ ၊ ေကာ္ဖီဆိုင္နဲ႔ ကိုယ္လက္ လႈပ္ရွား ေလ့က်င့္ခန္း လုပ္တဲ့ ေနရာေတြ ပိတ္ပစ္ဖို႔ ပန္ၾကားခဲ့ပါတယ္။

ဒါေပမယ့္ လြန္ခဲ့တဲ့ စေန တနဂၤေႏြ မတ္လ ၂၁ နဲ႔ ၂၂ ရက္တို႔မွာ ရာသီဥတု ေကာင္းမြန္ ၿပီးေနသာတာေၾကာင့္ လန္ဒန္က ဟိုက္ပါ့ခ္ နဲ႔ ဘက္တာဆီး ပန္းၿခံတို႔မွာ လူအမ်ားအျပား စည္ကားခဲ့ပါတယ္။
အိမ္ျပင္ မထြက္ဖို႔ ဝန္ႀကီးခ်ဳပ္ရဲ႕ ၫႊန္ၾကားခ်က္ ကို ဆန္႔က်င္ကာ ဟိုက္ပါ့ခ္မွာ က်န္းမာေရး လုပ္သူေတြ ျပည့္ႏွက္

ဗိုင္းရပ္စ္ ကူးမွာကို မစိုးရိမ္ၾကဘဲ ဘက္တာဆီး ပါ့ခ္မွာလည္း အေပ်ာ္တမ္း ေလ့က်င့္ ျမင္းစီးသူေတြနဲ႔ စည္ကား

အခုလို လမ္းေဘးအိပ္ လမ္းေဘးစား သူေတြ ဗိုင္းရပ္စ္ ကူးစက္မႈဒဏ္က ကာကြယ္ႏိုင္ေအာင္ သူတို႔ကို ေဟာ္တယ္ အခန္းေတြမွာ ေနရာခ်ထားဖို႔ ကိစၥဟာ အေရးႀကီးလွတယ္လို႔ လန္ဒန္ၿမိဳ႕ေတာ္ဝန္ ႐ုံးက ေျပာပါတယ္။

အိမ္ရာမဲ့ သူေတြဟာ နဂိုကတည္းက အခက္အခဲ ရင္ဆိုင္ေနရၿပီး အနာဂတ္ ဘဝ မေသခ်ာလွတဲ့ အတြက္ သူတို႔ကို လုံၿခဳံမႈေပးသလိုမ်ိဳး လန္ဒန္ၿမိဳ႕သား အားလုံးကလည္း သူတို႔ အတြက္ အေကာင္းဆုံး အကာအကြယ္ ေပးသင့္တယ္လို႔ ၿမိဳ႕ေတာ္ဝန္ ဆာဒစ္ခန္း က ေျပာပါတယ္။

စိန္႔မြန္ဂို အိုးအိမ္မဲ့သူမ်ား ကယ္ဆယ္ ကူညီေရး အဖြဲ႕က ဒါ႐ိုက္တာ ပက္ထရာ ဆယ္လ္ဗာ ကလည္း အခုလို ကို႐ိုနာေဘး ႀကဳံေတြ႕ေနရခ်ိန္မွာ သူတို႔အဖြဲ႕သားေတြက အိမ္ရာမဲ့ေတြကို ကူညီ ေထာက္ပံ့ေပးဖို႔ နာရီနဲ႔ အမွ် အလုပ္လုပ္ေပးေနတယ္လို႔ ဆိုပါတယ္။

လန္ဒန္ၿမိဳ႕လယ္မွာ လူသြားလူလာ ကင္းမဲ့လ်က္ ရွိၿပီး စီးပြားေရး လုပ္ငန္းေတြလည္း ရပ္ဆိုင္းထားၾကတာေၾကာင့္ အိမ္ေျခရာမဲ့ေတြ အတြက္ အလႉေငြလည္း ေလ်ာ့နည္းလာမယ့္ အေရးကို စိုးရိမ္ မိတယ္လို႔ စတိဗ္ ေဖာ့လ္ခ္ က ေျပာပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔တုန္းက လန္ဒန္ၿမိဳ႕လယ္ တလႊား လွည့္လည္ အလႉခံစဥ္ သူဟာ အိုးအိမ္မဲ့ေတြ အတြက္ အလႉေငြ ေပါင္ ၄၀၀ လက္ခံရရွိခဲ့တာ ျဖစ္ပါတယ္။

ပုံမွန္ကေတာ့ အိမ္ေျခမဲ့ေတြနဲ႔ အလုပ္သြားသူေတြ ေရာေႏွာေနၾကေပမယ့္ အခုေတာ့ အဲလို မဟုတ္ေတာ့ဘဲ အိမ္ရာ မဲ့ေတြခ်ည္း က်န္ခဲ့တာပါ ၊ အခု အျပင္မွာ ေတြ႕ရသူ တဝက္ေလာက္ဟာ အိုးအိမ္မဲ့ေတြပါ ၊ သူတို႔ကို သီးျခားစီ ထားေပးဖို႔ သိပ္မလြယ္လွပါဘူးလို႔ သူက ေျပာပါတယ္။

အိုးအိမ္မဲ့ေတြကို ေဟာ္တယ္ အခန္း ေပးေပမယ့္ သူတို႔က သြားမေနၾကပါဘူးလို႔ Big Issue သတင္း ဂ်ာနယ္ ထုတ္သူ က ေျပာပါတယ္။

ခ်ယ္ရင္းခေရာ့စ္ ရထားဘူတာ အျပင္ဖက္မွာ အိုးအိမ္မဲ့ေတြ အမ်ားႀကီးပါ ၊ သူတို႔ေတြကို ေဟာ္တယ္ေတြမွာ မထားလို႔ အဲဒီနား တဝိုက္ သူတို႔ ေျခရာထပ္ေနတာလား ၊ ေဟာ္တယ္ေတြမွာ သူတို႔ကို အခန္းေပးတယ္ ဆိုရင္ သူတို႔ ဘာလို႔ အဲဒီနား ရွိေနၾကသလဲ ၊ သူတို႔ အသိုင္းအဝိုင္းနဲ႔ ေဟးလားဟားလား လုပ္ေနတာလား ဆိုတာ ကြၽန္ေတာ္ မသိဘူးလို႔ သူက ဆိုပါတယ္။

လန္ဒန္ၿမိဳ႕လယ္မွာ လူေတြ တေယာက္နဲ႔ တေယာက္ ခပ္ခြာခြာ ေနၾကရမယ့္ ဆိုတဲ့ စည္းမ်ဥ္းေတြကို လိုက္နာတာ မေတြ႕ပါဘဲ အထူးသျဖင့္ လန္ဒန္ အေနာက္ပိုင္းမွာဆိုရင္ လမ္းေတြေပၚမွာ ေစ်း၀ယ္ျခမ္းသူေတြ ျပည့္ႏွက္ ေနခဲ့ပါတယ္။
လန္ဒန္ ၿမိဳ႕လယ္ က ကမာၻလွည့္ခရီးသြား အမ်ားအျပား လည္ပတ္ရာ ေနရာေတြမွာ ေျခာက္ကပ္လ်က္ရွိ

လန္ဒန္ၿမိဳ႕လယ္က ရီးဂ်င့္ လမ္းမႀကီး တေလွ်ာက္မွာ ဆိုင္အမ်ားအျပား ပိတ္ကုန္ၿပီး ဖြင့္တဲ့ဆိုင္ တခ်ိဳ႕ ဆိုရင္လည္း တခ်ိန္မွာ လူတေယာက္သာ ဝင္ခြင့္ျပဳခဲ့ပါတယ္။

ပီကာဒလီ ဆားကပ္စ္က ဝါးတားစတုန္း လို စာအုပ္ဆိုင္ေတြေတာ့ ဆက္လက္ ဖြင့္ထားၿပီး လူအနည္းအက်ဥ္းေလာက္သာ ဆိုင္ထဲ စာအုပ္ရွာ ေနတာ ေတြ႕ရပါတယ္။

ေဆာက္သ္ဘန္႔ခ္ နဲ႔ ရစ္ခ်္မြန္ ပါ့ခ္ လို ေနရာ အမ်ားအျပားမွာေတာ့ ေလ့က်င့္ခန္း လုပ္သူလည္းလုပ္ေတြ ရွိသလို ေကာ္ဖီ လက္ဖက္ရည္ဆိုင္ ၊ အေဖ်ာ္ယမကာ နဲ႔ ကမာၻလွည့္ ခရီးသြားေတြ လည္ပတ္ရာ ေနရာေတြကေတာ့ အရင္လို မစည္ကားေတာ့ပါဘူး။
အိမ္ေျခယာမဲ့ေတြကို အခမဲ့ စားေသာက္စရာ ေဝငွ

လန္ဒန္ တကၠစီကားေမာင္း သမားေတြက အခုလို အိုးအိမ္မဲ့ေတြကို ေဟာ္တယ္ေတြဆီ ကားေမာင္း ပို႔ေပးခဲ့ပါတယ္။

တကယ္ အကူအညီ လိုအပ္ေနသူေတြ အခုလို ကပ္ေဘး ႀကဳံေနရခ်ိန္မွာ ကြၽန္ေတာ္တို႔ လန္ဒန္ တကၠစီ ေမာင္းသမားေတြက အၿမဲတမ္း ကူညီဖို႔ အသင့္ပါဘဲလို႔ လိုင္စင္ တကၠစီ ေမာင္းသမားမ်ား အသင္း အတြင္းေရးမႉး စတိဗ္ မက္ခ္ နာမာရာ က ေျပာပါတယ္။

လန္ဒန္ တကၠစီ ကားမဲေလးေတြဟာ သန္႔ရွင္းေရး ရလြယ္ၿပီး ပိုးမႊား ေရာဂါ ဘယ ကင္းေအာင္ လုပ္ေဆာင္ထားပါတယ္ ၊ ကားစီးသူနဲ႔ ကားေမာင္းသူလည္း အကန္႔နဲ႔ ခြဲထားပါတယ္လို႔ သူက ရွင္းျပခဲ့ပါတယ္။

လာမယ့္ သီတင္းပတ္ကစၿပီး Big Issue သတင္း ဂ်ာနယ္ ဟာ သတင္းစာေရာင္းသူေတြ ဗိုင္းရပ္စ္ ကူးခံရျခင္းမွ ကင္းေဝး ႏိုင္ေအာင္ စာေစာင္ မေရာင္းေတာ့ဘူးလို႔ ဆိုပါတယ္။

ဂ်ာနယ္ ေရာင္းသူ အမ်ားစုဟာ အိမ္ေျခမဲ့ေတြ ျဖစ္ၿပီး အခုလို အေရာင္းရပ္တဲ့ အတြက္ သူတို႔ရဲ႕ ဝင္ေငြနဲ႔ စားစရာ ရႏိုင္ေရးကို တျခားနည္းလမ္းနဲ႔ ရွာသြားမယ္လို႔ လူမႈကူညီေရး အဖြဲ႕က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
လမ်းဘေးနေ အိုးအိမ်မဲ့တွေ ကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှာကို လန်ဒန်မြို့တော်ဝန် စိုးရိမ်နေ

ဓာတ်ပုံ မူပိုင် Reuters
Image caption လူမှုကူညီရေး အဖွဲ့မှာ စာရင်းသွင်းထားတဲ့ လမ်းဘေးအိပ်သူတွေကို အရင်ဆုံး ဟော်တယ် အခန်းပေးဖို့ စီစဉ်နေ

လမ်းဘေးအိပ် လမ်းဘေးစားတဲ့ အိမ်ခြေရာမဲ့တွေ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရတဲ့ အရေးက ကာကွယ်နိုင်အောင် လန်ဒန်က လွတ်နေတဲ့ ဟော်တယ် အခန်းတွေမှာ နေရာပေးဖို့ ကမ်းလှမ်းထားပါတယ်။

ကနဦး စမ်းသပ်တဲ့ အစီအစဉ် အနေနဲ့ လူမှုကူညီရေး အဖွဲ့တွေမှာ စာရင်းပေးထားတဲ့ အိမ်ခြေရာမဲ့တွေကို လွတ်နေတဲ့ ဟော်တယ် အခန်း ၃၀၀ လောက်မှာ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေတုန်းက နေရာချထားခဲ့တာပါ။

လာမယ့် ၃လ အတွင်း နိုင်ငံတကာ ဟော်တယ် အဖွဲ့တခု ဖြစ်တဲ့ Intercontinental Hotels Group (IHG)က ဈေးလျှော့ပေးတဲ့ ဟော်တယ် အခန်းတွေမှာ စီစဉ်ပေးဖို့ လန်ဒန်မြို့တော်ဝန် ရုံးက ကြိုးပမ်း လျက် ရှိပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ပြဿနာကြောင့် ဧည့်သည် မလာတဲ့ လန်ဒန်မြို့လယ်က ဟော်တယ်တွေမှာ အခန်းအလွတ် အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် အခုလို စီစဉ်ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာ မတ်လ၂၀ ရက်နေ့ တုန်းက ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က စားသောက်ဆိုင်တွေ ၊ အဖျော်ယမကာဆိုင် ၊ ကော်ဖီဆိုင်နဲ့ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်တဲ့ နေရာတွေ ပိတ်ပစ်ဖို့ ပန်ကြားခဲ့ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ စနေ တနင်္ဂနွေ မတ်လ ၂၁ နဲ့ ၂၂ ရက်တို့မှာ ရာသီဥတု ကောင်းမွန် ပြီးနေသာတာကြောင့် လန်ဒန်က ဟိုက်ပါ့ခ် နဲ့ ဘက်တာဆီး ပန်းခြံတို့မှာ လူအများအပြား စည်ကားခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption အိမ်ပြင် မထွက်ဖို့ ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက် ကို ဆန့်ကျင်ကာ ဟိုက်ပါ့ခ်မှာ ကျန်းမာရေး လုပ်သူတွေ ပြည့်နှက်
ဓာတ်ပုံ မူပိုင် Reuters
Image caption ဗိုင်းရပ်စ် ကူးမှာကို မစိုးရိမ်ကြဘဲ ဘက်တာဆီး ပါ့ခ်မှာလည်း အပျော်တမ်း လေ့ကျင့် မြင်းစီးသူတွေနဲ့ စည်ကား

အခုလို လမ်းဘေးအိပ် လမ်းဘေးစား သူတွေ ဗိုင်းရပ်စ် ကူးစက်မှုဒဏ်က ကာကွယ်နိုင်အောင် သူတို့ကို ဟော်တယ် အခန်းတွေမှာ နေရာချထားဖို့ ကိစ္စဟာ အရေးကြီးလှတယ်လို့ လန်ဒန်မြို့တော်ဝန် ရုံးက ပြောပါတယ်။

အိမ်ရာမဲ့ သူတွေဟာ နဂိုကတည်းက အခက်အခဲ ရင်ဆိုင်နေရပြီး အနာဂတ် ဘဝ မသေချာလှတဲ့ အတွက် သူတို့ကို လုံခြုံမှုပေးသလိုမျိုး လန်ဒန်မြို့သား အားလုံးကလည်း သူတို့ အတွက် အကောင်းဆုံး အကာအကွယ် ပေးသင့်တယ်လို့ မြို့တော်ဝန် ဆာဒစ်ခန်း က ပြောပါတယ်။

စိန့်မွန်ဂို အိုးအိမ်မဲ့သူများ ကယ်ဆယ် ကူညီရေး အဖွဲ့က ဒါရိုက်တာ ပက်ထရာ ဆယ်လ်ဗာ ကလည်း အခုလို ကိုရိုနာဘေး ကြုံတွေ့နေရချိန်မှာ သူတို့အဖွဲ့သားတွေက အိမ်ရာမဲ့တွေကို ကူညီ ထောက်ပံ့ပေးဖို့ နာရီနဲ့ အမျှ အလုပ်လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

လန်ဒန်မြို့လယ်မှာ လူသွားလူလာ ကင်းမဲ့လျက် ရှိပြီး စီးပွားရေး လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားကြတာကြောင့် အိမ်ခြေရာမဲ့တွေ အတွက် အလှူငွေလည်း လျော့နည်းလာမယ့် အရေးကို စိုးရိမ် မိတယ်လို့ စတိဗ် ဖော့လ်ခ် က ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက လန်ဒန်မြို့လယ် တလွှား လှည့်လည် အလှူခံစဉ် သူဟာ အိုးအိမ်မဲ့တွေ အတွက် အလှူငွေ ပေါင် ၄၀၀ လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

ပုံမှန်ကတော့ အိမ်ခြေမဲ့တွေနဲ့ အလုပ်သွားသူတွေ ရောနှောနေကြပေမယ့် အခုတော့ အဲလို မဟုတ်တော့ဘဲ အိမ်ရာ မဲ့တွေချည်း ကျန်ခဲ့တာပါ ၊ အခု အပြင်မှာ တွေ့ရသူ တဝက်လောက်ဟာ အိုးအိမ်မဲ့တွေပါ ၊ သူတို့ကို သီးခြားစီ ထားပေးဖို့ သိပ်မလွယ်လှပါဘူးလို့ သူက ပြောပါတယ်။

အိုးအိမ်မဲ့တွေကို ဟော်တယ် အခန်း ပေးပေမယ့် သူတို့က သွားမနေကြပါဘူးလို့ Big Issue သတင်း ဂျာနယ် ထုတ်သူ က ပြောပါတယ်။

ချယ်ရင်းခရော့စ် ရထားဘူတာ အပြင်ဖက်မှာ အိုးအိမ်မဲ့တွေ အများကြီးပါ ၊ သူတို့တွေကို ဟော်တယ်တွေမှာ မထားလို့ အဲဒီနား တဝိုက် သူတို့ ခြေရာထပ်နေတာလား ၊ ဟော်တယ်တွေမှာ သူတို့ကို အခန်းပေးတယ် ဆိုရင် သူတို့ ဘာလို့ အဲဒီနား ရှိနေကြသလဲ ၊ သူတို့ အသိုင်းအဝိုင်းနဲ့ ဟေးလားဟားလား လုပ်နေတာလား ဆိုတာ ကျွန်တော် မသိဘူးလို့ သူက ဆိုပါတယ်။

လန်ဒန်မြို့လယ်မှာ လူတွေ တယောက်နဲ့ တယောက် ခပ်ခွာခွာ နေကြရမယ့် ဆိုတဲ့ စည်းမျဉ်းတွေကို လိုက်နာတာ မတွေ့ပါဘဲ အထူးသဖြင့် လန်ဒန် အနောက်ပိုင်းမှာဆိုရင် လမ်းတွေပေါ်မှာ ဈေးဝယ်ခြမ်းသူတွေ ပြည့်နှက် နေခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption လန်ဒန် မြို့လယ် က ကမ္ဘာလှည့်ခရီးသွား အများအပြား လည်ပတ်ရာ နေရာတွေမှာ ခြောက်ကပ်လျက်ရှိ

လန်ဒန်မြို့လယ်က ရီးဂျင့် လမ်းမကြီး တလျှောက်မှာ ဆိုင်အများအပြား ပိတ်ကုန်ပြီး ဖွင့်တဲ့ဆိုင် တချို့ ဆိုရင်လည်း တချိန်မှာ လူတယောက်သာ ဝင်ခွင့်ပြုခဲ့ပါတယ်။

ပီကာဒလီ ဆားကပ်စ်က ဝါးတားစတုန်း လို စာအုပ်ဆိုင်တွေတော့ ဆက်လက် ဖွင့်ထားပြီး လူအနည်းအကျဉ်းလောက်သာ ဆိုင်ထဲ စာအုပ်ရှာ နေတာ တွေ့ရပါတယ်။

ဆောက်သ်ဘန့်ခ် နဲ့ ရစ်ချ်မွန် ပါ့ခ် လို နေရာ အများအပြားမှာတော့ လေ့ကျင့်ခန်း လုပ်သူလည်းလုပ်တွေ ရှိသလို ကော်ဖီ လက်ဖက်ရည်ဆိုင် ၊ အဖျော်ယမကာ နဲ့ ကမ္ဘာလှည့် ခရီးသွားတွေ လည်ပတ်ရာ နေရာတွေကတော့ အရင်လို မစည်ကားတော့ပါဘူး။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အိမ်ခြေယာမဲ့တွေကို အခမဲ့ စားသောက်စရာ ဝေငှ

လန်ဒန် တက္ကစီကားမောင်း သမားတွေက အခုလို အိုးအိမ်မဲ့တွေကို ဟော်တယ်တွေဆီ ကားမောင်း ပို့ပေးခဲ့ပါတယ်။

တကယ် အကူအညီ လိုအပ်နေသူတွေ အခုလို ကပ်ဘေး ကြုံနေရချိန်မှာ ကျွန်တော်တို့ လန်ဒန် တက္ကစီ မောင်းသမားတွေက အမြဲတမ်း ကူညီဖို့ အသင့်ပါဘဲလို့ လိုင်စင် တက္ကစီ မောင်းသမားများ အသင်း အတွင်းရေးမှူး စတိဗ် မက်ခ် နာမာရာ က ပြောပါတယ်။

လန်ဒန် တက္ကစီ ကားမဲလေးတွေဟာ သန့်ရှင်းရေး ရလွယ်ပြီး ပိုးမွှား ရောဂါ ဘယ ကင်းအောင် လုပ်ဆောင်ထားပါတယ် ၊ ကားစီးသူနဲ့ ကားမောင်းသူလည်း အကန့်နဲ့ ခွဲထားပါတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

လာမယ့် သီတင်းပတ်ကစပြီး Big Issue သတင်း ဂျာနယ် ဟာ သတင်းစာရောင်းသူတွေ ဗိုင်းရပ်စ် ကူးခံရခြင်းမှ ကင်းဝေး နိုင်အောင် စာစောင် မရောင်းတော့ဘူးလို့ ဆိုပါတယ်။

ဂျာနယ် ရောင်းသူ အများစုဟာ အိမ်ခြေမဲ့တွေ ဖြစ်ပြီး အခုလို အရောင်းရပ်တဲ့ အတွက် သူတို့ရဲ့ ဝင်ငွေနဲ့ စားစရာ ရနိုင်ရေးကို တခြားနည်းလမ်းနဲ့ ရှာသွားမယ်လို့ လူမှုကူညီရေး အဖွဲ့က ပြောပါတယ်။

BBC Burmese
https://www.bbc.com
လမ္းေဘးေန အိုးအိမ္မဲ့ေတြ ကေန ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ပြားမွာကို လန္ဒန္ၿမိဳ႕ေတာ္ဝန္ စိုးရိမ္ေန လမ္းေဘးေန အိုးအိမ္မဲ့ေတြ ကေန ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ပြားမွာကို လန္ဒန္ၿမိဳ႕ေတာ္ဝန္ စိုးရိမ္ေန Reviewed by THITHTOOLWIN on 01:09 Rating: 5
Powered by Blogger.