ျပည္ပကျပန္လာသူ ျမန္မာေတြအားလုံးကုိ မစစ္ႏုိင္တဲ့အေပၚ က်န္းမာေရးပညာရွင္ေတြရဲ႕ သုံးသပ္ခ်က္

ရန္ကုန္ေလဆိပ္ ဆိုက္လာသူမ်ားကို အပူခ်ိန္တိုင္းေန(ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔)
(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ရွိမရွိ စတင္စစ္ေဆးလာႏိုင္ တဲ့အတြက္ ေရာဂါပိုးရွိသူ သံုးဦးကို ေတြ႕လာရေပမယ့္ တရုတ္နဲ႔ ထိုင္း နယ္စပ္ဂိတ္ေတြကေန ေထာင္နဲ႔ခ်ီ၀င္လာသူေတြကို ၾကပ္ၾကပ္မတ္မတ္ စစ္ေဆးႏိုင္ျခင္းတဲ့အေပၚမွာ ျပည္တြင္း ကူးစက္မႈႏႈန္း ဘယ္ေလာက္ထိ စိုးရိမ္ရမလဲ။ ျမန္မာအစိုးရရဲ႕ ေရာဂါကာကြယ္ေရး ေဆာင္ရြက္ခ်က္ေတြ လံုေလာက္မႈရွိပါသလား။ လူတဦးနဲ႔ တဦး အနီးကပ္ထိေတြ႕မႈေတြ မလုပ္ဖို႔ အခ်က္ဟာ ဘယ္ေလာက္ထိ အေရးပါသလဲ။ အဂၤလန္နဲ႔ အေမရိကန္ျပည္ေထာင္စုက ျမန္မာႏြယ္ဖြား အထူးကုဆရာ၀န္ေတြရဲ႕ အျမင္ သံုးသပ္ခ်က္ကို မအင္ၾကင္းႏိုင္က စုစည္းတင္ျပမွာပါ။

ေလဆိပ္ အ၀င္အထြက္ေတြ၊ ေဆးရံုေတြမွာ ၾကပ္ၾကပ္မတ္မတ္ ေစာင့္ၾကည့္ စစ္ေဆးႏိုင္တဲ့အတြက္ ျမန္မာႏိုင္ငံမွာ ဗိုင္းရပ္စ္ကူးမကူးကို သိလာရပါတယ္။ အဂၤလန္က ျပန္လာသူ ႏွစ္ဦးနဲ႔ အေမရိကန္ျပည္ေထာင္စုက ျပန္လာသူ တဦး စုစုေပါင္းသံုးဦးမွာ COVID-19 ေရာဂါရွိေနေၾကာင္း ျမန္မာ က်န္းမာေရး၀န္ႀကီးဌာနက ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း အတည္ျပဳ ထုတ္ျပန္ထားပါတယ္။

အဂၤလန္က ျပန္လာသူႏွစ္ဦးမွွာ ဗိုင္းရပ္စ္ေတြ႕ရွိခဲ့ရတဲ့အေပၚ Leeds ၿမိဳ႕က ဆီးခ်ဳိအထူးကုဆရာ၀န္ ေဒါက္တာသက္ကိုကိုရဲ႕ သံုးသပ္ခ်က္ကေတာ့

“ က်ေနာ္ကေတာ့ အဲဒါ လံုး၀ မအံ့ၾသပါဘူး။ ဘာလုိ႔လဲဆိုေတာ့ အဂၤလန္မွာက အရမ္းကို ေထာင္ တက္လာပါတယ္။ အျခား ဥေရာပႏိုင္ငံေတြကလိုပဲ ကူးစက္ခံရသူအေရအတြက္ အရမ္းမ်ားပါတယ္။ အေသအေပ်ာက္ေတြလည္း အရမ္းမ်ားတယ္။ အဂၤလန္ အစိုးရက ေဆးရံုကိုလာတဲ့သူကိုပဲ စစ္တာ။ ေဆးရံုကို မလာတဲ့သူေတြ လူမႈအသိုင္းအ၀ိုင္းထဲမွာ အမ်ားႀကီး ရွိႏိုင္ပါတယ္။ ၿပီးေတာ့ ေလယာဥ္ပ်ံေပၚကလည္း ကူးႏိုင္ပါတယ္။ အဲေတာ့ ဒီကျပန္သြားတဲ့သူ ေတြထဲမွာ ဗိုင္းရပ္စ္ပါသြားတာမ်ဳိးလည္း ျဖစ္ႏိုင္ပါတယ္။”

ေမး။ ။ ဒီအေပၚမွာ က်န္းမာေရးရွဳေထာင့္အရ ဘယ္လို အႀကံေပးခ်င္လည္းရွင့္။

ေဒါက္တာသက္ကိုကို။ ။ ျဖစ္ႏိုင္ရင္ Visa ရွိေနရင္ ၊ ေသေရးရွင္ေရးက မဟုတ္ရင္ေတာ့ က်ေနာ္တို႔ မျပန္သင့္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ အဲလိုျပန္ျခင္းအားျဖင့္ တိုင္းျပည္ကို ဒီကေန ဗိုင္းရပ္စ္ေတြကို သယ္ယူပို႔ေဆာင္တဲ့လူ ျဖန္႔တဲ့လူျဖစ္ေနပါတယ္။ အဲဒီအတြက္ေၾကာင့္ ကိုယ့္ႏိုင္ငံထဲကို ဒီကေန ျဖစ္ႏိုင္ရင္ မျပန္တာ အေကာင္းဆံုးပဲ ဒါေပမယ့္ အေျခအေနအရ နာေရးကိစၥရွိတာတို႔ Visa ကုန္တာဆိုရင္ ျပန္ရမွာေပါ့ေနာ္”

တရုတ္နဲ႔ ထိုင္းနယ္စပ္ေတြက ေထာင္နဲ႔ ခ်ီေနရပ္ျပန္လာသူေတြကို ၾကပ္ၾကပ္မတ္မတ္စစ္ေဆးႏိုင္တာမ်ဳိး မလုပ္ႏိုင္တဲ့ အေျခအေနမွာ ျပည္တြင္းမွာ ကူးစက္မႈႏႈန္း ဘယ္ေလာက္ထိရွိေနသလဲဆိုတာ အတိအက် မသိရပါဘူး။

က်န္းမာေရး၀န္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ဗိုင္းရပ္စ္ ရွိမရွိ စမ္းသပ္စစ္ေဆးတဲ့ စာရင္းနဲ႔အတူ ကူးစက္ခံရမႈမရွိ ဆိုတဲ့ ရလာဒ္ကိုလည္း ေဖၚျပထားပါတယ္။ ဒီလို အႏုတ္လကၡဏ ာျပေနေပမယ့္လည္း စိတ္မခ်ရပါဘူးလို႔ ကာလီဖိုးနီးယားျပည္နယ္ အေထြေထြေရာဂါကု အထူးကု ေဒါက္တာ မိုးဆန္းက ေျပာပါတယ္။

ဒါေၾကာင့္ အေကာင္းဆံုးနဲ႔ အထိေရာက္ဆံုးနည္းလမ္းက လူတဦးနဲ႔တဦး မထိေတြ႕ဖို႔၊ အသြားအလာ အဆက္အဆံမလုပ္ပဲ သီးသန္႔ ေနထိုင္ၾကဖို႔အလြန္အေရးႀကီးေၾကာင္း သူက အခုလို အႀကံျပဳပါတယ္။

“က်ေနာ္တို႔ ကာလီဖိုးနီးယားမွာ Social isolation ကို လုပ္ခဲ့တဲ့အတြက္ က်ေနာ့္အေနနဲ႔ ေဆးရံုမွာ ျမင္တာကေတာ့ respiratory နဲ႔ ပတ္သက္ၿပီး လာတဲ့လူ နည္းနည္း က်သြားတယ္လို႔ က်ေနာ့္အေနနဲ႔ သိရွိရပါတယ္။ နယူးေယာက္က Social isolation လုပ္တာ နည္းနည္း ေနာက္က်တယ္ေပါ့ေနာ္ ၊ ေနာက္က်တယ္ သူတို႔က လူဦးေရ ထူထပ္တယ္။ အဲဒါေၾကာင့္ သူတို႔ case ေတြမ်ားတယ္။ က်ေနာ္တုိ႔ ဒီေရာဂါက ကုလို႔လည္း မရဘူးဆိုေတာ့ Social isolation လုပ္တာက ေငြမကုန္ပဲနဲ႔ အကုန္လံုးကို အက်ိဳးရွိေစတဲ့ အခ်က္ျဖစ္တဲ့အတြက္ လူငယ္ေရာ၊ လူႀကီးေရာ အကုန္လံုးသတိထားၿပီး လိုက္နာေစခ်င္တယ္ေပါ့ေနာ္။”

ကမၻာ့ကပ္ေရာဂါ COVID-19 ကာကြယ္တိုက္ဖ်က္ေရး ျမန္မာအစိုးရက ႀကိဳးပမ္းေဆာင္ရြက္ေနတယ္ဆိုေပမယ့္ ကူးစက္ေရာဂါအႏၱရယ္ က်ေရာက္ခ်ိန္နဲ႔ က်ေရာက္ၿပီးေနာက္ပိုင္းကာလတြင္း ျပင္ဆင္ဖို႔ အမ်ားႀကီးလိုအပ္တယ္လို႔ အေမရိကန္ျပည္ေထာင္စု အင္ဒီယားနားျပည္နယ္ ျပည္သူ႔က်န္းမာေရးကြ်မ္းက်င္သူ ေဒါက္တာတင့္ေဆြက ေျပာပါတယ္။

“ပထမ တခ်က္ကေတာ့ က်န္းမာေရးပညာအသိေပးမႈေတြ နည္းတယ္လို႔ ယူဆတယ္။ ျပည္သူလူထု အမ်ားစု သိရွိနားလည္ေအာင္ အခ်ိန္မွီလုပ္ေဆာင္ခဲ့တာမေတြ႕ဘူးလို႔ က်ေနာ္ျမင္တယ္။ ဒါေပမယ့္ အခု အေရးယူ ေဆာင္ရြက္မႈေတြ အတန္သင့္လုပ္လာတာေတြ႕တယ္။ ကူးစက္ေရာဂါ၀င္ၿပီးရင္ အနည္းဆံုး ရွစ္ပတ္ကေန ႏွစ္လ၊ တရုတ္ျပည္ဆိုရင္ ႏွစ္လခဲြေလာက္ ၾကာတယ္။ အဲဒီအထိ အျပင္းအထန္လုပ္ႏိုင္မွ အရင္အေျခအေနကို ျပန္ေရာက္မွာျဖစ္တယ္။”

ေဒါက္တာတင့္ေဆြေျပာသြားတာပါ။ ျမန္မာႏိုင္ငံက ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ သံုးဦးလံုးကို သက္ဆိုင္ရာ ေဆးရံုေတြမွာ အထူးသီးသန္႔ထားၿပီး ေစာင့္ၾကည့္ေနေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။


.....................

ပြည်ပကပြန်လာသူ မြန်မာတွေအားလုံးကို မစစ်နိုင်တဲ့အပေါ် ကျန်းမာရေးပညာရှင်တွေရဲ့ သုံးသပ်ချက်

(Unicode)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စတင်စစ်ဆေးလာနိုင် တဲ့အတွက် ရောဂါပိုးရှိသူ သုံးဦးကို တွေ့လာရပေမယ့် တရုတ်နဲ့ ထိုင်း နယ်စပ်ဂိတ်တွေကနေ ထောင်နဲ့ချီဝင်လာသူတွေကို ကြပ်ကြပ်မတ်မတ် စစ်ဆေးနိုင်ခြင်းတဲ့အပေါ်မှာ ပြည်တွင်း ကူးစက်မှုနှုန်း ဘယ်လောက်ထိ စိုးရိမ်ရမလဲ။ မြန်မာအစိုးရရဲ ရောဂါကာကွယ်ရေး ဆောင်ရွက်ချက်တွေ လုံလောက်မှုရှိပါသလား။ လူတဦးနဲ့ တဦး အနီးကပ်ထိတွေ့မှုတွေ မလုပ်ဖို့ အချက်ဟာ ဘယ်လောက်ထိ အရေးပါသလဲ။ အင်္ဂလန်နဲ့ အမေရိကန်ပြည်ထောင်စုက မြန်မာနွယ်ဖွား အထူးကုဆရာဝန်တွေရဲ့ အမြင် သုံးသပ်ချက်ကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

လေဆိပ် အဝင်အထွက်တွေ၊ ဆေးရုံတွေမှာ ကြပ်ကြပ်မတ်မတ် စောင့်ကြည့် စစ်ဆေးနိုင်တဲ့အတွက် မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ကူးမကူးကို သိလာရပါတယ်။ အင်္ဂလန်က ပြန်လာသူ နှစ်ဦးနဲ့ အမေရိကန်ပြည်ထောင်စုက ပြန်လာသူ တဦး စုစုပေါင်းသုံးဦးမှာ COVID-19 ရောဂါရှိနေကြောင်း မြန်မာ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အတည်ပြု ထုတ်ပြန်ထားပါတယ်။

အင်္ဂလန်က ပြန်လာသူနှစ်ဦးမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ရတဲ့အပေါ် Leeds မြို့က ဆီးချိုအထူးကုဆရာဝန် ဒေါက်တာသက်ကိုကိုရဲ့ သုံးသပ်ချက်ကတော့

“ ကျနော်ကတော့ အဲဒါ လုံး၀ မအံ့သြပါဘူး။ ဘာလို့လဲဆိုတော့ အင်္ဂလန်မှာက အရမ်းကို ထောင် တက်လာပါတယ်။ အခြား ဥရောပနိုင်ငံတွေကလိုပဲ ကူးစက်ခံရသူအရေအတွက် အရမ်းများပါတယ်။ အသေအပျောက်တွေလည်း အရမ်းများတယ်။ အင်္ဂလန် အစိုးရက ဆေးရုံကိုလာတဲ့သူကိုပဲ စစ်တာ။ ဆေးရုံကို မလာတဲ့သူတွေ လူမှုအသိုင်းအဝိုင်းထဲမှာ အများကြီး ရှိနိုင်ပါတယ်။ ပြီးတော့ လေယာဉ်ပျံပေါ်ကလည်း ကူးနိုင်ပါတယ်။ အဲတော့ ဒီကပြန်သွားတဲ့သူ တွေထဲမှာ ဗိုင်းရပ်စ်ပါသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။”

မေး။ ။ ဒီအပေါ်မှာ ကျန်းမာရေးရှုထောင့်အရ ဘယ်လို အကြံပေးချင်လည်းရှင့်။

ဒေါက်တာသက်ကိုကို။ ။ ဖြစ်နိုင်ရင် Visa ရှိနေရင် ၊ သေရေးရှင်ရေးက မဟုတ်ရင်တော့ ကျနော်တို့ မပြန်သင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အဲလိုပြန်ခြင်းအားဖြင့် တိုင်းပြည်ကို ဒီကနေ ဗိုင်းရပ်စ်တွေကို သယ်ယူပို့ဆောင်တဲ့လူ ဖြန့်တဲ့လူဖြစ်နေပါတယ်။ အဲဒီအတွက်ကြောင့် ကိုယ့်နိုင်ငံထဲကို ဒီကနေ ဖြစ်နိုင်ရင် မပြန်တာ အကောင်းဆုံးပဲ ဒါပေမယ့် အခြေအနေအရ နာရေးကိစ္စရှိတာတို့ Visa ကုန်တာဆိုရင် ပြန်ရမှာပေါ့နော်”

တရုတ်နဲ့ ထိုင်းနယ်စပ်တွေက ထောင်နဲ့ ချီနေရပ်ပြန်လာသူတွေကို ကြပ်ကြပ်မတ်မတ်စစ်ဆေးနိုင်တာမျိုး မလုပ်နိုင်တဲ့ အခြေအနေမှာ ပြည်တွင်းမှာ ကူးစက်မှုနှုန်း ဘယ်လောက်ထိရှိနေသလဲဆိုတာ အတိအကျ မသိရပါဘူး။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဗိုင်းရပ်စ် ရှိမရှိ စမ်းသပ်စစ်ဆေးတဲ့ စာရင်းနဲ့အတူ ကူးစက်ခံရမှုမရှိ ဆိုတဲ့ ရလာဒ်ကိုလည်း ဖေါ်ပြထားပါတယ်။ ဒီလို အနုတ်လက္ခဏ ာပြနေပေမယ့်လည်း စိတ်မချရပါဘူးလို့ ကာလီဖိုးနီးယားပြည်နယ် အထွေထွေရောဂါကု အထူးကု ဒေါက်တာ မိုးဆန်းက ပြောပါတယ်။

ဒါကြောင့် အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းက လူတဦးနဲ့တဦး မထိတွေ့ဖို့၊ အသွားအလာ အဆက်အဆံမလုပ်ပဲ သီးသန့် နေထိုင်ကြဖို့အလွန်အရေးကြီးကြောင်း သူက အခုလို အကြံပြုပါတယ်။

“ကျနော်တို့ ကာလီဖိုးနီးယားမှာ Social isolation ကို လုပ်ခဲ့တဲ့အတွက် ကျနော့်အနေနဲ့ ဆေးရုံမှာ မြင်တာကတော့ respiratory နဲ့ ပတ်သက်ပြီး လာတဲ့လူ နည်းနည်း ကျသွားတယ်လို့ ကျနော့်အနေနဲ့ သိရှိရပါတယ်။ နယူးယောက်က Social isolation လုပ်တာ နည်းနည်း နောက်ကျတယ်ပေါ့နော် ၊ နောက်ကျတယ် သူတို့က လူဦးရေ ထူထပ်တယ်။ အဲဒါကြောင့် သူတို့ case တွေများတယ်။ ကျနော်တို့ ဒီရောဂါက ကုလို့လည်း မရဘူးဆိုတော့ Social isolation လုပ်တာက ငွေမကုန်ပဲနဲ့ အကုန်လုံးကို အကျိုးရှိစေတဲ့ အချက်ဖြစ်တဲ့အတွက် လူငယ်ရော၊ လူကြီးရော အကုန်လုံးသတိထားပြီး လိုက်နာစေချင်တယ်ပေါ့နော်။”

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်တိုက်ဖျက်ရေး မြန်မာအစိုးရက ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုပေမယ့် ကူးစက်ရောဂါအန္တရယ် ကျရောက်ချိန်နဲ့ ကျရောက်ပြီးနောက်ပိုင်းကာလတွင်း ပြင်ဆင်ဖို့ အများကြီးလိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ပထမ တချက်ကတော့ ကျန်းမာရေးပညာအသိပေးမှုတွေ နည်းတယ်လို့ ယူဆတယ်။ ပြည်သူလူထု အများစု သိရှိနားလည်အောင် အချိန်မှီလုပ်ဆောင်ခဲ့တာမတွေ့ဘူးလို့ ကျနော်မြင်တယ်။ ဒါပေမယ့် အခု အရေးယူ ဆောင်ရွက်မှုတွေ အတန်သင့်လုပ်လာတာတွေ့တယ်။ ကူးစက်ရောဂါဝင်ပြီးရင် အနည်းဆုံး ရှစ်ပတ်ကနေ နှစ်လ၊ တရုတ်ပြည်ဆိုရင် နှစ်လခွဲလောက် ကြာတယ်။ အဲဒီအထိ အပြင်းအထန်လုပ်နိုင်မှ အရင်အခြေအနေကို ပြန်ရောက်မှာဖြစ်တယ်။”

ဒေါက်တာတင့်ဆွေပြောသွားတာပါ။ မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးဦးလုံးကို သက်ဆိုင်ရာ ဆေးရုံတွေမှာ အထူးသီးသန့်ထားပြီး စောင့်ကြည့်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အင္ၾကင္းႏိုင္/VOA (Burmese)
https://burmese.voanews.com
ျပည္ပကျပန္လာသူ ျမန္မာေတြအားလုံးကုိ မစစ္ႏုိင္တဲ့အေပၚ က်န္းမာေရးပညာရွင္ေတြရဲ႕ သုံးသပ္ခ်က္ ျပည္ပကျပန္လာသူ ျမန္မာေတြအားလုံးကုိ မစစ္ႏုိင္တဲ့အေပၚ က်န္းမာေရးပညာရွင္ေတြရဲ႕ သုံးသပ္ခ်က္ Reviewed by THITHTOOLWIN on 22:13 Rating: 5
Powered by Blogger.