ကာလုံလုပ္ပိုင္ခြင့္ ဖယ္ရွားေရး ေဆြး‌ေႏြးခ်က္ကို တပ္ကိုယ္စားလွယ္ကန႔္ကြက္



Share/Bookmark
ကာလုံလုပ္ပိုင္ခြင့္ ဖယ္ရွားေရး ေဆြး‌ေႏြးခ်က္ကို တပ္ကိုယ္စားလွယ္ကန႔္ကြက္
(Zawgyi)⤵⤵⤵
တိုင္းျပည္အေရးေပၚအေျခအေန ေပၚေပါက္ခဲ့ရင္ “တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို အုပ္ခ်ဳပ္‌‌ေရးအာဏာ လႊဲေပးရမယ္” ဆိုတဲ့ ျပဌာန္းခ်က္ကို ျပင္ဆင္တာဟာ၊ တပ္မေတာ္ရဲ႕လုပ္ပိုင္ခြင့္ကို ဖယ္ရွားခ်င္တာလားဆိုၿပီး တပ္မေတာ္သားကိုယ္စားလွယ္ေတြကဒီကေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ေမးခြန္းထုတ္သြားပါတယ္။

NLD ကိုယ္စားလွယ္ကေတာ့ ဒီလိုျပင္ဆင္တာဟာ၊ ျပည္သူေတြ ေ႐ြးေကာက္တင္ေျမႇာက္တဲ့ သမၼတရဲ႕ လုပ္ပိုင္ခြင့္ အာဏာကို တိုးျမႇင့္တာျဖစ္တယ္လို႔ တုံ႔ျပန္ေျပာဆိုပါတယ္။

၂၀၀၈ အေျခခံဥပေဒအခန္း (၁၁) “အေရးေပၚကာလဆိုင္ရာ ျပဌာန္းခ်က္မ်ား” ျဖစ္တဲ့ ပုဒ္မ ၄၁၇၊ ၄၁၈၊ ၄၁၉၊ ၄၂၀ စတဲ့ပုဒ္မေတြမွာ “ကာခ်ဳပ္နဲ႔ ကာလုံ”ရဲ႕ လုပ္ပိုင္ခြင့္ေတြကို ပယ္ဖ်က္ထားၿပီး၊ ကာခ်ဳပ္ရဲ႕ေနရာမွာ ႏိုင္ငံေတာ္ သမၼတ၊ ကာလုံရဲ႕ေနရာမွာ ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕ လုပ္ပိုင္ခြင့္ေတြနဲ႔ အစားထိုးျပင္ဆင္ထားတဲ့အေပၚ တပ္ မေတာ္သားကိုယ္စားလွယ္ေတြက ဒီကေန႔ မတ္လ ၅ ရက္ ေနာက္ဆုံးပိတ္ေဆြးေႏြးစဥ္ ေမးခြန္းထုတ္ ကန႔္ကြက္ သြားပါတယ္။

ႏိုင္ငံမွာအေရးေပၚအေျခအေနျဖစ္လာရင္ “မိမိတပ္မေတာ္ကို တာဝန္မေပးဘဲ၊ ဘယ္လို အဖြဲ႕အစည္းကို တာဝန္ေပးခ်င္တာလည္း” လို႔လည္း ျပင္ဆင္ဖို႔ မူၾကမ္းတင္ထားသူေတြအေပၚ ေမးခြန္းထုတ္သြားပါတယ္။

"တပ္မေတာ္ဆိုတာ မည္သည့္ႏိုင္ငံမွာမဆို အခိုင္မာဆုံးအဖြဲ႕အစည္းျဖစ္ပါတယ္။ ႏိုင္ငံတကာမွာ ႏိုင္ငံရဲ႕အေရး ေပၚ အေျခအေနႀကဳံေတြ႕ရတဲ့အခါ မိမိႏိုင္ငံရဲ႕ တပ္မေတာ္ကို တာဝန္ေပးအပ္ရတာ ထုံးတမ္းစဥ္လာျဖစ္ပါတယ္။ ပုဒ္မ ၄၁၈ ပုဒ္မခြဲ (က)နဲ႔ (ခ) ရဲ႕ ျပင္ဆင္ခ်က္ကိုၾကည့္ရင္ မိမိႏိုင္ငံရဲ႕ တပ္မေတာ္ကို တာဝန္ေပးရန္ကိစၥအား အတိအက်ျပဌာန္းခ်က္ မျဖစ္ေစခ်င္တဲ့ သေဘာျဖစ္ေနတဲ့အတြက္ မိမိႏိုင္ငံရဲ႕ တပ္မေတာ္ကို တာဝန္မေပးဘဲ၊ ဘယ္အဖြဲ႕အစည္းကို တာဝန္ေပးခ်င္တာလည္းဟု ေမးရမယ့္အျပင္ တပ္မေတာ္ရဲ႕ အေရးေပၚကာလ လုပ္ငန္း တာဝန္မ်ားကို ေလ်ာ့က်ပယ္ေပ်ာက္ေစရန္ သံသယျဖစ္စရာမ်ိဳး သက္ေရာက္ေနပါတယ္"

သမၼတအေနနဲ႔ အမ်ိဳးသားကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီ-ကာလုံနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈ မရွိတဲ့အတြက္ ရခိုင္အေရးမွာ “အားနည္းခ်က္ေတြ၊ အျဖစ္ဆိုးေတြ” နဲ႔ ႀကဳံေတြ႕ေနရတယ္လို႔လည္း သူက စြပ္စြဲသြားပါတယ္။

NLD ပါတီ၊ ဇလြန္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္မင္းကေတာ့ အေရးေပၚကာလျပဌာန္း ခ်က္ေတြကို ျပင္ဆင္တာဟာ၊ ျပည္သူေတြ ေ႐ြးေကာက္တင္ေျမႇာက္တဲ့ သမၼတရဲ႕ လုပ္ပိုင္ခြင့္အာဏာကို တိုးျမႇင့္ဖို႔ ရည္႐ြယ္တာလို႔ ေျပာပါတယ္။

"ပယ္ဖ်က္တယ္ဆိုတာထက္ေပါ့၊ အေရးေပၚကာလမွာ ကာကြယ္ေရးဦးစီးခ်ဳပ္ကို ဟိုဒင္းျဖစ္မယ့္အစား က်ေနာ္ တို႔က သမၼတႀကီးကိုေပါ့။ အဓိကကေတာ့ ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့သူပါ။ က်ေတာ္တို႔သြားေနတာ ဒီမို ကေရစီပါ။  ဒီမိုကေရစီသြားမယ္ဆိုရင္ ျပည္သူေတြရဲ႕ဆႏၵျပဳတဲ့ ေ႐ြးခ်ယ္မူက အဓိကက်တယ္။ အဲဒီေတာ့ အေရး ေပၚကာလမွာ ကာကြယ္ေရးဦးစီးခ်ဳပ္ကိုပဲ ဒီဟာေပးမယ္ဆိုရင္ ေ႐ြးေကာက္ခံမဟုတ္ဘူး။ ေ႐ြးေကာက္ခံျဖစ္တဲ့ သမၼတကိုသာလွ်င္ညဒီဟာကို လက္ရွိအာဏာကို ေပးထားသင့္တယ္ဆိုတဲ့ ရည္႐ြယ္ခ်က္လို႔ပဲ က်ေနာ့္အေနနဲ႔ ယူဆပါတယ္။"

ရခိုင္အမ်ိဳးသားပါတီ ANP ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္း ကေတာ့ NLD နဲ႔ တပ္ မေတာ္တို႔ၾကား ဘုံသေဘာတူညီတဲ့အခ်က္ေတြကို မေတြ႕ရတဲ့အတြက္၊ ဖြဲ႕စည္းပုံျပင္ဆင္ေရးနဲ႔ ပတ္သက္ရင္ အမ်ားႀကီး ေမွ်ာ္လင့္မထားဘူးလို႔ ေျပာပါတယ္။

"ဒီေတာ့ တင္ျပခ်က္ေတြအသီးသီးကို ၾကည့္လို႔ရွိရင္လည္း အကုန္လုံး ႏွစ္ဖက္လုံးေထာက္ခံတဲ့ပုဒ္မမရွိဘူး။ တဖက္ကတင္ရင္ တဖက္က ကန႔္ကြက္တယ္။ စကားလုံးတစ္လုံးက အစကန႔္ကြက္တယ္။ ဒါေၾကာင့္ က်ေနာ္ တို႔ကေတာ့ ႏွစ္ဖြဲ႕သေဘာတူမွရမယ့္ကိစၥမ်ိဳးမွာ ေရွ႕ေလွ်ာက္ၿပီးေတာ့ က်ေနာ္တို႔ ကန႔္ကြက္ေထာက္ခံဆိုရင္ တိုင္းရင္းသားေတြကေတာ့ ကိုယ္ေျပာခ်င္တာကို ေျပာလိုက္ရလို႔ ေက်နပ္တယ္။ ကိုယ့္ရဲ႕ရပိုင္ခြင့္ေတြကို ေတာင္းဆိုရလို႔ ေက်နပ္တယ္။ ဒါေပမဲ့ က်ေနာ္တို႔ရဲ႕ အဆုံးအျဖတ္မဟုတ္ဘူး။ အန္အယ္ဒီနဲ႔ တပ္မေတာ္နဲ႔ ညီညီညာညာဆုံးျဖတ္ရမယ့္ပုဒ္မက တစ္ခုမွက်ေနာ္မျမင္ဘူး။ တစ္ခုမွမေတြ႕ဘူး။ ဒါေၾကာင့္ သူျဖဴရင္ ကိုယ္မဲ မယ္။ ကိုယ္မဲရင္ သူျဖဴမယ္ဆိုတဲ့ ပုံစံမ်ိဳးပဲျဖစ္လာလိမ့္မယ္။ အဲဒါေၾကာင့္ အကုန္လုံးဟာ ၾကက္ေျခေတြပဲ မ်ားသြားလိမ့္မယ္။"

၇ ရက္ၾကာေဆြးေႏြးမႈကို ျပန္ၿပီးသုံးသပ္တင္ျပရမယ္ဆိုရင္ ၂၀၀၈ အေျခခံဥပေဒထဲက နာမည္ႀကီးပုဒ္မေတြ ျဖစ္တဲ့ပုဒ္မ-၆(စ)၊ ပုဒ္မ-၅၉(စ)၊ ပုဒ္မ-၁၀၉(ခ)၊ ပုဒ္မ-၂၆၁၊ ပုဒ္-၄၁၀ ကေန ၄၃၀-အထိ “အေရးေပၚကာလ ဆိုင္ရာ ျပဌာန္းခ်က္” ေတြနဲ႔အတူ၊ ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ အလြန္အေရးပါတဲ့ ပုဒ္မ-၄၃၆ (က)နဲ႔ (ခ)ေတြကို အႀကိတ္အနယ္ေဆြးေႏြးခဲ့တာ ေတြ႕ရပါတယ္။

ပုဒ္မ-၆(စ)“ႏိုင္ငံေတာ္ရဲ႕ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈအခန္းက႑မွာ တပ္မတ္ေတာ္က ပါဝင္ေရး” ဆိုတဲ့ ေနရာမွာ ျပည္သူ႔ဆႏၵနဲ႔အညီ ပါဝင္ေရးဆိုတဲ့အခ်က္ကို အန္အယ္ဒီ ဦးေဆာင္တဲ့ေကာ္မတီက ထည့္သြင္း ျပင္ဆင္ထားပါတယ္။ ဒီျပင္ဆင္ခ်က္ကို အန္အယ္ဒီနဲ႔ တိုင္းရင္းသားပါတီအားလုံးနီးပါးက ေထာက္ခံေဆြးေႏြး ခဲ့ၿပီး၊ တပ္မေတာ္သားကိုယ္စားလွယ္ေတြနဲ႔ USDP-ကိုယ္စားလွယ္ေတြက ကန႔္ကြက္ခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္သမၼတ မျဖစ္ေရးအတြက္ ရည္႐ြယ္ျပဌာန္းခဲ့တယ္လို႔ လူသိမ်ားတဲ့၊ ႏိုင္ငံေတာ္သမၼတ အေပၚ ကန႔္သတ္ခ်က္ပုဒ္မ-၅၉(စ )ပယ္ဖ်က္ေရးျပင္ဆင္ခ်က္ကိုေတာ့၊ အန္အယ္ဒီနဲ႔ တိုင္းရင္းသားပါတီတခ်ိဳ႕က ေထာက္ခံေဆြးေႏြးခဲ့ၿပီး၊ တပ္မေတာ္သားကိုယ္စားလွယ္ေတြနဲ႔အတူ USDPနဲ႔တစညပါတီကိုယ္စားလွယ္က ကန႔္ကြက္ခဲ့ပါတယ္။

ေနာက္ထပ္အေရးႀကီး ပုဒ္မတစ္ခုျဖစ္တဲ့ ပုဒ္မ-၁၀၉(ခ) “လႊတ္ေတာ္အသီးသီးမွာ တပ္ကိုယ္စားလွယ္ေတြ ၂၅% ပါဝင္ေနတာကို “လႊတ္‌ေတာ္သက္တမ္း သုံးႀကိမ္အတြင္း တျဖည္းျဖည္းခ်င္း ေလွ်ာ့ခ်ေရး” ျပင္ဆင္ခ်က္ကိုေတာ့ အန္အယ္ဒီနဲ႔ တိုင္းရင္းသားပါတီအားလုံးက ေထာက္ခံေဆြးေႏြးခဲ့ၿပီး၊ တပ္မေတာ္သားေတြနဲ႔ USDP ကိုယ္စား လွယ္ေတြက ျပင္းျပင္းထန္ထန္ ကန႔္ကြက္ခဲ့တာ ေတြ႕ရပါတယ္။

တပ္မေတာ္သားေတြကို လႊတ္ေတာ္ထဲက ဖယ္ထုတ္မယ္ဆိုရင္ ၁၉၆၂ နဲ႔ ၁၉၈၈ လို တိုင္းျပည္ၿပိဳကြဲမယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ရႏိုင္တယ္ဆိုၿပီး၊ တပ္ကိုယ္စားလွယ္ေတြက သတိေပးခဲ့တာလည္း ေတြ႕ရပါတယ္။

တိုင္းနဲ႔ျပည္နယ္ေတြမွာ ဝန္ႀကီးခ်ဳပ္ခန႔္အပ္ေရးနဲ႔ ပတ္သက္တဲ့ နာမည္ႀကီးပုဒ္မ ၂၆၁ ျပင္ဆင္ခ်က္ကိုေတာ့၊ ကိုယ္တိုင္မူၾကမ္းတင္သြင္းခဲ့တဲ့ ဦးသိန္းထြန္းနဲ႔အတူ ျပည္ေထာင္စုႀကံ့ခိုင္‌ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ USDP ကိုယ္စားလွယ္ေတြ၊ တပ္ကိုယ္စားလွယ္ေတြနဲ႔ ရခိုင္အမ်ိဳးသားပါတီ ANP ကိုယ္စားလွယ္ေတြက‌ ေထာက္ခံ ေဆြးေႏြးခဲ့ၾကပါတယ္။

ရခိုင္အမ်ိဳးသားပါတီဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲ၊ ရခိုင္ျပည္နယ္မွာ မဲအမ်ားဆုံးအႏိုင္ရပါတီျဖစ္တာ‌ေၾကာင့္ ဒီမိုကေရစီနည္းအရဆိုရင္၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ဟာ ရခိုင္အမ်ိဳးသားပါတီကသာ ျဖစ္သင့္တယ္လို႔ ANP ကိုယ္စားလွယ္ေတြက‌ အေလးထားတင္ျပခဲ့ၾကပါတယ္။

အာဏာရပါတီ အန္အယ္ဒီကေတာ့ လက္ရွိလႊတ္ေတာ္အသီးသီးမွာ၊ တပ္ကိုယ္စားလွယ္ ၂၅% ရွိေနေသးတဲ့ အတြက္၊ အခုခ်ိန္မွာပုဒ္မ ၂၆၁ ကို ျပင္မယ္ဆိုရင္“တိုင္းနဲ႔ျပည္နယ္ဝန္ႀကီးခ်ဳပ္”ေတြကို တပ္မေတာ္သားေတြက ေ႐ြးခ်ယ္ခန႔္အပ္သလို ျဖစ္သြားမယ္ဆိုၿပီး ကန႔္ကြက္ခဲ့တာပါ။

ထူးျခားတာကေတာ့ တိုင္းရင္းသားျပည္နယ္ေတြအတြက္ အက်ိဳးရွိတယ္လို႔ဆိုတဲ့ ပုဒ္မ-၂၆၁ ျပင္ဆင္ေရးကို တိုင္းရင္းသားအင္အားႀကီးပါတီတစ္ခုျဖစ္တဲ့၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD က တိတိက်က် ေထာက္ခံတာမ်ိဳးမရွိဘဲ၊ ႏႈတ္ဆိတ္ေနတာပဲ ျဖစ္ပါတယ္။

SNLD ပါတီ ဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက ရွမ္းျပည္နယ္မွာ ဒုတိယ မဲအမ်ားဆုံးသာရခဲ့ၿပီး၊ ၿပိဳင္ဘက္ ႀကံ့ခိုင္ ေရးပါတီက ပထမ မဲအမ်ားဆုံးနဲ႔အႏိုင္ရခဲ့ပါတယ္။

လက္ရွိအေနအထားအရဆိုရင္၂၆၁ ကို ျပင္ရင္ေတာင္ ရွမ္းျပည္နယ္မွာ ႀကံ့ခိုင္‌ေရးပါတီကသာ ဝန္ႀကီးခ်ဳပ္တစ္ဦး ခန႔္အပ္ႏိုင္ဖို႔ အလားအလာပိုေကာင္းေနၿပီး၊ SNLD အတြက္က သိပ္ၿပီး မေသခ်ာလွပါဘူး။

ဒီအခ်က္ကပုဒ္မ ၂၆၁ ျပင္ဆင္ခ်က္အေပၚ SNLD ႏႈတ္ဆိတ္ေနျခင္းရဲ႕ အဓိကအေၾကာင္းရင္းျဖစ္ႏိုင္တယ္လို႔ ႏိုင္ငံေရးအကဲခတ္ေတြက မွတ္ခ်က္ေပးပါတယ္။

ၿခဳံငုံသုံးသပ္ရမယ္ဆိုရင္ ဒီမိုကေရစီစံႏႈန္းေတြနဲ႔ မကိုက္ညီတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္မယ္ဆိုၿပီး၊ အန္အယ္ဒီ-ပါတီက ဦးထြန္းထြန္းဟိန္ ဦးေဆာင္တင္သြင္းတဲ့ မူၾကမ္းမွာ "တပ္ကိုယ္စားလွယ္ေတြကို ေလ်ာ့ခ်ေရး၊ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ကာလုံရဲ႕လုပ္ပိုင္ခြင့္ကိုေလ်ာ့ခ်ေရး" ကိစၥေတြကို အဓိက တင္ျပထားပါတယ္။  တပ္မ ေတာ္သားေတြနဲ႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီ ကိုယ္စားလွယ္အားလုံးက ေက်ာခ်င္းကပ္ၿပီး တညီတစ္ၫြတ္တည္း ကန႔္ကြက္ခဲ့တာကို ျမင္ေတြ႕ရပါတယ္။

ဒီ ၇ ရက္ၾကာ ေဆြးေႏြးမႈေတြကို လာမယ့္ မတ္လ ၁၀ ရက္ေန႔က်ရင္၊ ျပည္ေထာင္စုလႊတ္ေတာ္မွာ လွ်ိဳ႕ဝွက္ ဆႏၵမဲေပးၿပီး မဲခြဲေတာ့မွာျဖစ္ပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒအခန္း(၁၂)၊ ပုဒ္မ ၄၃၆(က)နဲ႔ သက္ဆိုင္တဲ့ ပုဒ္မေပါင္း ၅၅ ခုရွိၿပီး၊ အဲဒီပုဒ္မေတြကို မဲေပးဖို႔ အပိုင္း ၄ ပိုင္း သတ္မွတ္ထားပါတယ္။

ပုဒ္မ ၄၃၆(ခ)နဲ႔ သက္ဆိုင္တဲ့ ပုဒ္မေပါင္း ၈၀ ရွိၿပီး၊ အဲဒီပုဒ္မေတြကို အပိုင္း ငါးပိုင္း ခြဲလိုက္တဲ့အတြက္ ဆႏၵမဲ ငါးႀကိမ္ေပးရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးခ်င္းအေနနဲ႔ လွ်ိဳ႕ဝွက္ဆႏၵမဲေပါင္း ကိုးႀကိမ္ထြက္ၿပီး မဲေပးရမွာပါျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ကာလုံလုပ်ပိုင်ခွင့် ဖယ်ရှားရေး ဆွေး‌နွေးချက်ကို တပ်ကိုယ်စားလှယ်ကန့်ကွက်

တိုင်းပြည်အရေးပေါ်အခြေအနေ ပေါ်ပေါက်ခဲ့ရင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အုပ်ချုပ်‌‌ရေးအာဏာ လွှဲပေးရမယ်” ဆိုတဲ့ ပြဌာန်းချက်ကို ပြင်ဆင်တာဟာ၊ တပ်မတော်ရဲ့လုပ်ပိုင်ခွင့်ကို ဖယ်ရှားချင်တာလားဆိုပြီး တပ်မတော်သားကိုယ်စားလှယ်တွေကဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မေးခွန်းထုတ်သွားပါတယ်။

NLD ကိုယ်စားလှယ်ကတော့ ဒီလိုပြင်ဆင်တာဟာ၊ ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာကို တိုးမြှင့်တာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

၂၀၀၈ အခြေခံဥပဒေအခန်း (၁၁) “အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ” ဖြစ်တဲ့ ပုဒ်မ ၄၁၇၊ ၄၁၈၊ ၄၁၉၊ ၄၂၀ စတဲ့ပုဒ်မတွေမှာ “ကာချုပ်နဲ့ ကာလုံ”ရဲ့ လုပ်ပိုင်ခွင့်တွေကို ပယ်ဖျက်ထားပြီး၊ ကာချုပ်ရဲ့နေရာမှာ နိုင်ငံတော် သမ္မတ၊ ကာလုံရဲ့နေရာမှာ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ အစားထိုးပြင်ဆင်ထားတဲ့အပေါ် တပ် မတော်သားကိုယ်စားလှယ်တွေက ဒီကနေ့ မတ်လ ၅ ရက် နောက်ဆုံးပိတ်ဆွေးနွေးစဉ် မေးခွန်းထုတ် ကန့်ကွက် သွားပါတယ်။

နိုင်ငံမှာအရေးပေါ်အခြေအနေဖြစ်လာရင် “မိမိတပ်မတော်ကို တာဝန်မပေးဘဲ၊ ဘယ်လို အဖွဲ့အစည်းကို တာဝန်ပေးချင်တာလည်း” လို့လည်း ပြင်ဆင်ဖို့ မူကြမ်းတင်ထားသူတွေအပေါ် မေးခွန်းထုတ်သွားပါတယ်။

"တပ်မတော်ဆိုတာ မည်သည့်နိုင်ငံမှာမဆို အခိုင်မာဆုံးအဖွဲ့အစည်းဖြစ်ပါတယ်။ နိုင်ငံတကာမှာ နိုင်ငံရဲ့အရေး ပေါ် အခြေအနေကြုံတွေ့ရတဲ့အခါ မိမိနိုင်ငံရဲ့ တပ်မတော်ကို တာဝန်ပေးအပ်ရတာ ထုံးတမ်းစဉ်လာဖြစ်ပါတယ်။ ပုဒ်မ ၄၁၈ ပုဒ်မခွဲ (က)နဲ့ (ခ) ရဲ့ ပြင်ဆင်ချက်ကိုကြည့်ရင် မိမိနိုင်ငံရဲ့ တပ်မတော်ကို တာဝန်ပေးရန်ကိစ္စအား အတိအကျပြဌာန်းချက် မဖြစ်စေချင်တဲ့ သဘောဖြစ်နေတဲ့အတွက် မိမိနိုင်ငံရဲ့ တပ်မတော်ကို တာဝန်မပေးဘဲ၊ ဘယ်အဖွဲ့အစည်းကို တာဝန်ပေးချင်တာလည်းဟု မေးရမယ့်အပြင် တပ်မတော်ရဲ့ အရေးပေါ်ကာလ လုပ်ငန်း တာဝန်များကို လျော့ကျပယ်ပျောက်စေရန် သံသယဖြစ်စရာမျိုး သက်ရောက်နေပါတယ်"

သမ္မတအနေနဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ-ကာလုံနဲ့ တွေ့ဆုံဆွေးနွေးမှု မရှိတဲ့အတွက် ရခိုင်အရေးမှာ “အားနည်းချက်တွေ၊ အဖြစ်ဆိုးတွေ” နဲ့ ကြုံတွေ့နေရတယ်လို့လည်း သူက စွပ်စွဲသွားပါတယ်။

NLD ပါတီ၊ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းကတော့ အရေးပေါ်ကာလပြဌာန်း ချက်တွေကို ပြင်ဆင်တာဟာ၊ ပြည်သူတွေ ရွေးကောက်တင်မြှောက်တဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင့်ဖို့ ရည်ရွယ်တာလို့ ပြောပါတယ်။

"ပယ်ဖျက်တယ်ဆိုတာထက်ပေါ့၊ အရေးပေါ်ကာလမှာ ကာကွယ်ရေးဦးစီးချုပ်ကို ဟိုဒင်းဖြစ်မယ့်အစား ကျနော် တို့က သမ္မတကြီးကိုပေါ့။ အဓိကကတော့ ရွေးကောက်တင်မြှောက်ထားတဲ့သူပါ။ ကျတော်တို့သွားနေတာ ဒီမို ကရေစီပါ။  ဒီမိုကရေစီသွားမယ်ဆိုရင် ပြည်သူတွေရဲ့ဆန္ဒပြုတဲ့ ရွေးချယ်မူက အဓိကကျတယ်။ အဲဒီတော့ အရေး ပေါ်ကာလမှာ ကာကွယ်ရေးဦးစီးချုပ်ကိုပဲ ဒီဟာပေးမယ်ဆိုရင် ရွေးကောက်ခံမဟုတ်ဘူး။ ရွေးကောက်ခံဖြစ်တဲ့ သမ္မတကိုသာလျှင်ညဒီဟာကို လက်ရှိအာဏာကို ပေးထားသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်လို့ပဲ ကျနော့်အနေနဲ့ ယူဆပါတယ်။"

ရခိုင်အမျိုးသားပါတီ ANP မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ကတော့ NLD နဲ့ တပ် မတော်တို့ကြား ဘုံသဘောတူညီတဲ့အချက်တွေကို မတွေ့ရတဲ့အတွက်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ရင် အများကြီး မျှော်လင့်မထားဘူးလို့ ပြောပါတယ်။

"ဒီတော့ တင်ပြချက်တွေအသီးသီးကို ကြည့်လို့ရှိရင်လည်း အကုန်လုံး နှစ်ဖက်လုံးထောက်ခံတဲ့ပုဒ်မမရှိဘူး။ တဖက်ကတင်ရင် တဖက်က ကန့်ကွက်တယ်။ စကားလုံးတစ်လုံးက အစကန့်ကွက်တယ်။ ဒါကြောင့် ကျနော် တို့ကတော့ နှစ်ဖွဲ့သဘောတူမှရမယ့်ကိစ္စမျိုးမှာ ရှေ့လျှောက်ပြီးတော့ ကျနော်တို့ ကန့်ကွက်ထောက်ခံဆိုရင် တိုင်းရင်းသားတွေကတော့ ကိုယ်ပြောချင်တာကို ပြောလိုက်ရလို့ ကျေနပ်တယ်။ ကိုယ့်ရဲ့ရပိုင်ခွင့်တွေကို တောင်းဆိုရလို့ ကျေနပ်တယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ အဆုံးအဖြတ်မဟုတ်ဘူး။ အန်အယ်ဒီနဲ့ တပ်မတော်နဲ့ ညီညီညာညာဆုံးဖြတ်ရမယ့်ပုဒ်မက တစ်ခုမှကျနော်မမြင်ဘူး။ တစ်ခုမှမတွေ့ဘူး။ ဒါကြောင့် သူဖြူရင် ကိုယ်မဲ မယ်။ ကိုယ်မဲရင် သူဖြူမယ်ဆိုတဲ့ ပုံစံမျိုးပဲဖြစ်လာလိမ့်မယ်။ အဲဒါကြောင့် အကုန်လုံးဟာ ကြက်ခြေတွေပဲ များသွားလိမ့်မယ်။"

၇ ရက်ကြာဆွေးနွေးမှုကို ပြန်ပြီးသုံးသပ်တင်ပြရမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေထဲက နာမည်ကြီးပုဒ်မတွေ ဖြစ်တဲ့ပုဒ်မ-၆(စ)၊ ပုဒ်မ-၅၉(စ)၊ ပုဒ်မ-၁၀၉(ခ)၊ ပုဒ်မ-၂၆၁၊ ပုဒ်-၄၁၀ ကနေ ၄၃၀-အထိ “အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်” တွေနဲ့အတူ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အလွန်အရေးပါတဲ့ ပုဒ်မ-၄၃၆ (က)နဲ့ (ခ)တွေကို အကြိတ်အနယ်ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။

ပုဒ်မ-၆(စ)“နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတ်တော်က ပါဝင်ရေး” ဆိုတဲ့ နေရာမှာ ပြည်သူ့ဆန္ဒနဲ့အညီ ပါဝင်ရေးဆိုတဲ့အချက်ကို အန်အယ်ဒီ ဦးဆောင်တဲ့ကော်မတီက ထည့်သွင်း ပြင်ဆင်ထားပါတယ်။ ဒီပြင်ဆင်ချက်ကို အန်အယ်ဒီနဲ့ တိုင်းရင်းသားပါတီအားလုံးနီးပါးက ထောက်ခံဆွေးနွေး ခဲ့ပြီး၊ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ USDP-ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတ မဖြစ်ရေးအတွက် ရည်ရွယ်ပြဌာန်းခဲ့တယ်လို့ လူသိများတဲ့၊ နိုင်ငံတော်သမ္မတ အပေါ် ကန့်သတ်ချက်ပုဒ်မ-၅၉(စ )ပယ်ဖျက်ရေးပြင်ဆင်ချက်ကိုတော့၊ အန်အယ်ဒီနဲ့ တိုင်းရင်းသားပါတီတချို့က ထောက်ခံဆွေးနွေးခဲ့ပြီး၊ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့အတူ USDPနဲ့တစညပါတီကိုယ်စားလှယ်က ကန့်ကွက်ခဲ့ပါတယ်။

နောက်ထပ်အရေးကြီး ပုဒ်မတစ်ခုဖြစ်တဲ့ ပုဒ်မ-၁၀၉(ခ) “လွှတ်တော်အသီးသီးမှာ တပ်ကိုယ်စားလှယ်တွေ ၂၅% ပါဝင်နေတာကို “လွှတ်‌တော်သက်တမ်း သုံးကြိမ်အတွင်း တဖြည်းဖြည်းချင်း လျှော့ချရေး” ပြင်ဆင်ချက်ကိုတော့ အန်အယ်ဒီနဲ့ တိုင်းရင်းသားပါတီအားလုံးက ထောက်ခံဆွေးနွေးခဲ့ပြီး၊ တပ်မတော်သားတွေနဲ့ USDP ကိုယ်စား လှယ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာ တွေ့ရပါတယ်။

တပ်မတော်သားတွေကို လွှတ်တော်ထဲက ဖယ်ထုတ်မယ်ဆိုရင် ၁၉၆၂ နဲ့ ၁၉၈၈ လို တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုပြီး၊ တပ်ကိုယ်စားလှယ်တွေက သတိပေးခဲ့တာလည်း တွေ့ရပါတယ်။

တိုင်းနဲ့ပြည်နယ်တွေမှာ ဝန်ကြီးချုပ်ခန့်အပ်ရေးနဲ့ ပတ်သက်တဲ့ နာမည်ကြီးပုဒ်မ ၂၆၁ ပြင်ဆင်ချက်ကိုတော့၊ ကိုယ်တိုင်မူကြမ်းတင်သွင်းခဲ့တဲ့ ဦးသိန်းထွန်းနဲ့အတူ ပြည်ထောင်စုကြံ့ခိုင်‌ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားလှယ်တွေ၊ တပ်ကိုယ်စားလှယ်တွေနဲ့ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်တွေက‌ ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲ၊ ရခိုင်ပြည်နယ်မှာ မဲအများဆုံးအနိုင်ရပါတီဖြစ်တာ‌ကြောင့် ဒီမိုကရေစီနည်းအရဆိုရင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ရခိုင်အမျိုးသားပါတီကသာ ဖြစ်သင့်တယ်လို့ ANP ကိုယ်စားလှယ်တွေက‌ အလေးထားတင်ပြခဲ့ကြပါတယ်။

အာဏာရပါတီ အန်အယ်ဒီကတော့ လက်ရှိလွှတ်တော်အသီးသီးမှာ၊ တပ်ကိုယ်စားလှယ် ၂၅% ရှိနေသေးတဲ့ အတွက်၊ အခုချိန်မှာပုဒ်မ ၂၆၁ ကို ပြင်မယ်ဆိုရင်“တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်”တွေကို တပ်မတော်သားတွေက ရွေးချယ်ခန့်အပ်သလို ဖြစ်သွားမယ်ဆိုပြီး ကန့်ကွက်ခဲ့တာပါ။

ထူးခြားတာကတော့ တိုင်းရင်းသားပြည်နယ်တွေအတွက် အကျိုးရှိတယ်လို့ဆိုတဲ့ ပုဒ်မ-၂၆၁ ပြင်ဆင်ရေးကို တိုင်းရင်းသားအင်အားကြီးပါတီတစ်ခုဖြစ်တဲ့၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က တိတိကျကျ ထောက်ခံတာမျိုးမရှိဘဲ၊ နှုတ်ဆိတ်နေတာပဲ ဖြစ်ပါတယ်။

SNLD ပါတီ ဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်မှာ ဒုတိယ မဲအများဆုံးသာရခဲ့ပြီး၊ ပြိုင်ဘက် ကြံ့ခိုင် ရေးပါတီက ပထမ မဲအများဆုံးနဲ့အနိုင်ရခဲ့ပါတယ်။

လက်ရှိအနေအထားအရဆိုရင်၂၆၁ ကို ပြင်ရင်တောင် ရှမ်းပြည်နယ်မှာ ကြံ့ခိုင်‌ရေးပါတီကသာ ဝန်ကြီးချုပ်တစ်ဦး ခန့်အပ်နိုင်ဖို့ အလားအလာပိုကောင်းနေပြီး၊ SNLD အတွက်က သိပ်ပြီး မသေချာလှပါဘူး။

ဒီအချက်ကပုဒ်မ ၂၆၁ ပြင်ဆင်ချက်အပေါ် SNLD နှုတ်ဆိတ်နေခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက မှတ်ချက်ပေးပါတယ်။

ခြုံငုံသုံးသပ်ရမယ်ဆိုရင် ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုပြီး၊ အန်အယ်ဒီ-ပါတီက ဦးထွန်းထွန်းဟိန် ဦးဆောင်တင်သွင်းတဲ့ မူကြမ်းမှာ "တပ်ကိုယ်စားလှယ်တွေကို လျော့ချရေး၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာလုံရဲ့လုပ်ပိုင်ခွင့်ကိုလျော့ချရေး" ကိစ္စတွေကို အဓိက တင်ပြထားပါတယ်။  တပ်မ တော်သားတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အားလုံးက ကျောချင်းကပ်ပြီး တညီတစ်ညွတ်တည်း ကန့်ကွက်ခဲ့တာကို မြင်တွေ့ရပါတယ်။

ဒီ ၇ ရက်ကြာ ဆွေးနွေးမှုတွေကို လာမယ့် မတ်လ ၁၀ ရက်နေ့ကျရင်၊ ပြည်ထောင်စုလွှတ်တော်မှာ လျှို့ဝှက် ဆန္ဒမဲပေးပြီး မဲခွဲတော့မှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၂)၊ ပုဒ်မ ၄၃၆(က)နဲ့ သက်ဆိုင်တဲ့ ပုဒ်မပေါင်း ၅၅ ခုရှိပြီး၊ အဲဒီပုဒ်မတွေကို မဲပေးဖို့ အပိုင်း ၄ ပိုင်း သတ်မှတ်ထားပါတယ်။

ပုဒ်မ ၄၃၆(ခ)နဲ့ သက်ဆိုင်တဲ့ ပုဒ်မပေါင်း ၈၀ ရှိပြီး၊ အဲဒီပုဒ်မတွေကို အပိုင်း ငါးပိုင်း ခွဲလိုက်တဲ့အတွက် ဆန္ဒမဲ ငါးကြိမ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေနဲ့ လျှို့ဝှက်ဆန္ဒမဲပေါင်း ကိုးကြိမ်ထွက်ပြီး မဲပေးရမှာပါဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org

Share/Bookmark

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ