ဗိုင္းရပ္စ္ကူးစက္မွာစိုးၿပီး ထိုင္းေရာက္ျမန္မာ ေထာင္ခ်ီေန႔စဥ္ အိမ္ျပန္ေန

(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါဟာ အိမ္နီးခ်င္းထိုင္းႏိုင္ငံမွာ တေန႔တျခားပိုမ်ားလာတာတေၾကာင္း၊ ျမန္မာႏွစ္သစ္ကူးခ်ိန္နီးလာတာကတေၾကာင္းေၾကာင့္ တရက္ကိုလူသုံးေထာင္ေက်ာ္ ျမဝတီနယ္စပ္ကေန ေနရပ္ျပန္လာေနၾကပါတယ္။ ျမန္မာအစိုးရက သူတို႔ကို အဖ်ားတိုင္းစစ္ေဆးတဲ့အျပင္ ေနရပ္လိပ္စာ၊ လူစာရင္းမွတ္ထားၿပီး သူတို႔ေနရပ္အသီးသီးကို ျပန္ပို႔ေပးေနပါတယ္။

မတ္လ ၂၂ ရက္ေန႔ကေန ဒီေန႔ ျမဝတီ မဲေဆာက္အမွတ္ ၂ တံတားကေန ျပန္တဲ့သူ တေသာင္းေက်ာ္ေနၿပီလို႔ မဲေဆာက္ၿမိဳ႕က ကရင္အမ်ိဳးသားမီဒီယာတည္ေထာင္သူ မန္းမ်ိဳးျမင့္က rfa ကိုေျပာျပပါတယ္။

အခုဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရး အစီအစဥ္အေနနဲ႔ ထိုင္းအစိုးရက ဘန္ေကာက္ၿမိဳ႕ကို ပုံမွန္သြားလာလုပ္ကိုင္ေနတာေတြရပ္ဆိုင္းဖို႔ ၫႊန္ၾကားထားၿပီး နယ္စပ္ဂိတ္ေတြကို ပိတ္ထားလိုက္ပါၿပီ။ ဒီလိုဂိတ္ပိတ္ေပမယ့္ ျမန္မာအလုပ္သမားေတြကလည္း စိုးရိမ္မႈမ်ိဳးစုံနဲ႔ ျပန္ေနၾကပါတယ္။

ျမဝတီ-မဲေဆာက္နယ္စပ္ဂိတ္ေတြကို ပိတ္ထားေပမယ့္ မဲေဆာက္ၿမိဳ႕ေတာ္ဝန္က အမွတ္ ၂ တံတားကို ဖြင့္ေပးလိုက္ပါတယ္။

“မဲေဆာက္တံတားကိုေတာ့ မတ္လ ၂၃ ရက္ေန႔မွာ ေနာက္ဆုံးထားပိတ္ရေတာ့မယ္။ ဒါေပမဲ့ ဘယ္လိုပဲဂိတ္ေတြပိတ္ပိတ္ ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ၾကတာကို က်ေနာ့္အေနနဲ႔ေတာ့ ခြင့္ျပဳရမွာပါ” လို႔ေျပာသြားတာပါ။

ျပန္လာတဲ့သူေတြကို ျမန္မာအာဏာပိုင္ေတြဘက္ကလည္း ေကာင္းေကာင္းမြန္မြန္လက္ခံခြင့္ျပဳေပးေနပါတယ္။

ဒီၾကားထဲမွာ တရားဝင္ဂိတ္ေတြကေနမဟုတ္ဘဲ ေသာင္းရင္းျမစ္ျဖတ္ၿပီး တရားမဝင္ျပန္တဲ့သူေတြလည္းရွိေနတဲ့အတြက္ အေရးယူေနတယ္လို႔ ဦးေတဇာေအာင္က ေျပာပါတယ္။

အဲဒီလူေတြအေနနဲ႔ ေရာဂါပိုးပါသြားရင္ သူ႔မိသားစု သူ႔ပတ္ဝန္းက်င္ကို ထိခိုက္ႏိုင္တဲ့အတြက္ အဲဒီလို က်န္းမာေရးစစ္ေဆးမခံဘဲ တရားမဝင္ျပန္တာမ်ိဳးမလုပ္ဖို႔ မန္းမ်ိဳးျမင့္က အႀကံျပဳပါတယ္။

ဒီအေတာအတြင္းမွာပဲ ထိုင္းႏိုင္ငံမွာ ႏွစ္ေပါင္း ၃၀ ေက်ာ္ရွိၿပီျဖစ္တဲ့ မယ္လဒုကၡသည္စခန္းအပါအဝင္၊ စခန္းေပါင္း ကိုးခုကို ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ အဝင္အထြက္ေတြ ပိတ္ထားလိုက္ပါၿပီ။ အဲဒီစခန္းေတြမွာ ဒုကၡသည္ ရွစ္ေသာင္းေလာက္ရွိဦးမယ္လို႔လည္း သိရပါတယ္။

ထိုင္းႏိုင္ငံမွာ ႏွစ္ႏိုင္ငံသေဘာတူစာခ်ဳပ္အရ တရားဝင္အလုပ္သြားလုပ္တဲ့သူ ႏွစ္သန္း ႏွစ္သိန္းေလာက္ရွိၿပီး၊ တရားဝင္မဟုတ္ဘဲ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ အလုပ္လုပ္ေနတဲ့သူက တသန္းေက်ာ္ေလာက္ရွိမယ္လို႔ အလုပ္သမားေရးေဆာင္႐ြက္တဲ့အဖြဲ႕ေတြက ေျပာဆိုထားပါတယ္။

အဲဒီလို သုံးသန္းေက်ာ္ေလာက္ရွိတဲ့ အလုပ္သမားေတြထဲက သိန္းနဲ႔ခ်ီျပန္မယ့္ အရိပ္အေရာင္ရွိတယ္လို႔ အလုပ္သမားအေရး ေဆာင္႐ြက္သူေတြက ခန႔္မွန္းထားပါတယ္။

RFA Burmese
https://www.rfa.org
---------
(Unicode)⤵⤵⤵

ဗိုင်းရပ်စ်ကူးစက်မှာစိုးပြီး ထိုင်းရောက်မြန်မာ ထောင်ချီနေ့စဉ် အိမ်ပြန်နေ

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဟာ အိမ်နီးချင်းထိုင်းနိုင်ငံမှာ တနေ့တခြားပိုများလာတာတကြောင်း၊ မြန်မာနှစ်သစ်ကူးချိန်နီးလာတာကတကြောင်းကြောင့် တရက်ကိုလူသုံးထောင်ကျော် မြဝတီနယ်စပ်ကနေ နေရပ်ပြန်လာနေကြပါတယ်။ မြန်မာအစိုးရက သူတို့ကို အဖျားတိုင်းစစ်ဆေးတဲ့အပြင် နေရပ်လိပ်စာ၊ လူစာရင်းမှတ်ထားပြီး သူတို့နေရပ်အသီးသီးကို ပြန်ပို့ပေးနေပါတယ်။

မတ်လ ၂၂ ရက်နေ့ကနေ ဒီနေ့ မြဝတီ မဲဆောက်အမှတ် ၂ တံတားကနေ ပြန်တဲ့သူ တသောင်းကျော်နေပြီလို့ မဲဆောက်မြို့က ကရင်အမျိုးသားမီဒီယာတည်ထောင်သူ မန်းမျိုးမြင့်က rfa ကိုပြောပြပါတယ်။

အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အစီအစဉ်အနေနဲ့ ထိုင်းအစိုးရက ဘန်ကောက်မြို့ကို ပုံမှန်သွားလာလုပ်ကိုင်နေတာတွေရပ်ဆိုင်းဖို့ ညွှန်ကြားထားပြီး နယ်စပ်ဂိတ်တွေကို ပိတ်ထားလိုက်ပါပြီ။ ဒီလိုဂိတ်ပိတ်ပေမယ့် မြန်မာအလုပ်သမားတွေကလည်း စိုးရိမ်မှုမျိုးစုံနဲ့ ပြန်နေကြပါတယ်။

မြဝတီ-မဲဆောက်နယ်စပ်ဂိတ်တွေကို ပိတ်ထားပေမယ့် မဲဆောက်မြို့တော်ဝန်က အမှတ် ၂ တံတားကို ဖွင့်ပေးလိုက်ပါတယ်။

“မဲဆောက်တံတားကိုတော့ မတ်လ ၂၃ ရက်နေ့မှာ နောက်ဆုံးထားပိတ်ရတော့မယ်။ ဒါပေမဲ့ ဘယ်လိုပဲဂိတ်တွေပိတ်ပိတ် မြန်မာအလုပ်သမားတွေ နေရပ်ပြန်ကြတာကို ကျနော့်အနေနဲ့တော့ ခွင့်ပြုရမှာပါ” လို့ပြောသွားတာပါ။

ပြန်လာတဲ့သူတွေကို မြန်မာအာဏာပိုင်တွေဘက်ကလည်း ကောင်းကောင်းမွန်မွန်လက်ခံခွင့်ပြုပေးနေပါတယ်။

ဒီကြားထဲမှာ တရားဝင်ဂိတ်တွေကနေမဟုတ်ဘဲ သောင်းရင်းမြစ်ဖြတ်ပြီး တရားမဝင်ပြန်တဲ့သူတွေလည်းရှိနေတဲ့အတွက် အရေးယူနေတယ်လို့ ဦးတေဇာအောင်က ပြောပါတယ်။

အဲဒီလူတွေအနေနဲ့ ရောဂါပိုးပါသွားရင် သူ့မိသားစု သူ့ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့အတွက် အဲဒီလို ကျန်းမာရေးစစ်ဆေးမခံဘဲ တရားမဝင်ပြန်တာမျိုးမလုပ်ဖို့ မန်းမျိုးမြင့်က အကြံပြုပါတယ်။

ဒီအတောအတွင်းမှာပဲ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းအပါအဝင်၊ စခန်းပေါင်း ကိုးခုကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အဝင်အထွက်တွေ ပိတ်ထားလိုက်ပါပြီ။ အဲဒီစခန်းတွေမှာ ဒုက္ခသည် ရှစ်သောင်းလောက်ရှိဦးမယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူစာချုပ်အရ တရားဝင်အလုပ်သွားလုပ်တဲ့သူ နှစ်သန်း နှစ်သိန်းလောက်ရှိပြီး၊ တရားဝင်မဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလုပ်လုပ်နေတဲ့သူက တသန်းကျော်လောက်ရှိမယ်လို့ အလုပ်သမားရေးဆောင်ရွက်တဲ့အဖွဲ့တွေက ပြောဆိုထားပါတယ်။

အဲဒီလို သုံးသန်းကျော်လောက်ရှိတဲ့ အလုပ်သမားတွေထဲက သိန်းနဲ့ချီပြန်မယ့် အရိပ်အရောင်ရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။

RFA Burmese
https://www.rfa.org
ဗိုင္းရပ္စ္ကူးစက္မွာစိုးၿပီး ထိုင္းေရာက္ျမန္မာ ေထာင္ခ်ီေန႔စဥ္ အိမ္ျပန္ေန ဗိုင္းရပ္စ္ကူးစက္မွာစိုးၿပီး ထိုင္းေရာက္ျမန္မာ ေထာင္ခ်ီေန႔စဥ္ အိမ္ျပန္ေန Reviewed by THITHTOOLWIN on 02:06 Rating: 5
Powered by Blogger.