အာဖဂန္ စစ္ရာဇဝတ္မႈေတြအတြက္ အေမရိကန္၊ တာလီဘန္နဲ႔ အာဖဂန္နစၥတန္အစိုးရတို႔ကို စစ္ေဆးဖို႔ အိုင္စီစီ ခြင့္ျပဳ

အိုင္စီစီက သူ႔ႏိုင္ငံသားေတြကို စစ္ေဆးမွာ အေမရိကန္ သေဘာမတူ
(Zawgyi)⤵⤵⤵
အာဖဂန္နစၥတန္ႏိုင္ငံက စစ္ပြဲအတြင္း အေမရိကန္ျပည္ေထာင္စု အပါအဝင္ တျခားလက္နက္ကိုင္ အဖြဲ႕အစည္းေတြက စစ္ရာဇဝတ္မႈ က်ဴးလြန္မႈေတြရွိတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈ ဆက္လက္လုပ္ဖို႔ ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံး (ICC)က ဆုံးျဖတ္လိုက္ပါတယ္။

အာဖဂန္နစၥတန္ႏိုင္ငံမွာ အေမရိကန္နဲ႔ တျခားစစ္ဖက္ဆိုင္ရာပုဂၢိဳလ္ေတြက စစ္ရာဇဝတ္မႈက်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲမႈအေပၚ ဆက္လက္ စုံစမ္းစစ္ေဆးခြင့္ျပဳဖို႔ အိုင္စီစီ အမႈလိုက္ေရွ႕ေနခ်ဳပ္က အယူခံဝင္တင္ျပေလွ်ာက္ထားခ်က္အေပၚမွာ အဆင့္ျမင့္ တရားသူႀကီးေတြက ဆက္လက္ေဆာင္႐ြက္ခြင့္ ဆုံးျဖတ္ေပးလိုက္တာပါ။

ၿပီးခဲ့တဲ့ႏွစ္ ၂၀၁၉ ခုႏွစ္ ဧၿပီလတုန္းက အိုင္စီစီရဲ႕ ေအာက္႐ုံးအဆင့္တရားသူႀကီးေတြက အမႈကို ဆက္လက္မစုံစမ္းဖို႔ ခ်ခဲ့တဲ့ အမိန္႔ကို အခုအထက္႐ုံးက ပယ္ခ်ၿပီး ဆက္လိုက္ဖို႔ ဆုံးျဖတ္လိုက္တာလည္း ျဖစ္ပါတယ္။

အခုဆုံးျဖတ္ခ်က္အရဆိုရင္ အာဖဂန္နစၥတန္စစ္ပြဲမွာ ပါဝင္ၿပီး စစ္ရာဇဝတ္မႈက်ဴးလြန္တယ္လို႔ အစြပ္စြဲခံရတဲ့ လက္နက္ကိုင္ အားလုံးကို စစ္ေဆးခြင့္ရွိတဲ့အျပင္ အေမရိကန္ဗဟိုေထာက္လွမ္းေရးအဖြဲ႕ စီအိုင္ေအက ကိုင္တြယ္ေနတဲ့ လွ်ိဳ႕ဝွက္ထိန္းသိမ္းေရးစခန္းေတြကိုပါ စုံစမ္းခြင့္ရွိသြားပါၿပီ။

အာဖဂန္နစၥတန္ဟာ ေရာမဥပေဒကို လက္မွတ္ေရးထိုးထားတဲ့ အိုင္စီစီအဖြဲ႕ဝင္ႏိုင္ငံ ျဖစ္ပါတယ္။ အေမရိကန္ကေတာ့ အိုင္စီစီ အဖြဲ႕ဝင္ မဟုတ္ပါဘူး။ ဘယ္လိုစုံစမ္းစစ္ေဆးမႈမ်ိဳးကိုမွ လက္မခံဘူးလို႔လည္း ျပင္းျပင္းထန္ထန္ ဆန္႔က်င္ေနပါတယ္။ အေမရိကန္ႏိုင္ငံသားေတြကို အိုင္စီစီက တရားစြဲဆိုမွာကိုလည္း အသိအမွတ္မျပဳဘူးလို႔ဆိုပါတယ္။

အေမရိကန္အစိုးရအေနနဲ႔ စစ္ပြဲမွာ မေတာ္မတရားျပဳလုပ္တဲ့ သူ႔တပ္ဖြဲ႕ဝင္ေတြကို အေရးယူဖို႔ သူ႔မွာ ကိုယ္ပိုင္အေရးယူႏိုင္တဲ့ ယႏၲရားေတြရွိတယ္လို႔ အေမရိကန္က ေျပာဆိုပါတယ္။

အာဖဂန္စစ္ပြဲအတြင္း တာလီဘန္၊ အာဖဂန္အစိုးရ၊ အေမရိကန္တပ္ဖြဲ႕ေတြရဲ႕ ၂၀၀၃ ခုႏွစ္ကတည္းက ေဆာင္႐ြက္ခဲ့တဲ့ ေဆာင္႐ြက္ခ်က္ေတြ အားလုံးကို ျပန္လည္ စစ္ေဆးလိမ့္မယ္လို႔ ယူဆရပါတယ္။

အမႈလိုက္ေရွ႕ေနခ်ဳပ္ ဖာတူးဘန္ဆူးဒါဟာ အာဖဂန္စစ္ရာဇဝတ္မႈေတြနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးဖို႔ ၂၀၁၇ ခုႏွစ္ကတည္းက စတင္ေဆာင္႐ြက္ခဲ့တာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
အာဖဂန် စစ်ရာဇဝတ်မှုတွေအတွက် အမေရိကန်၊ တာလီဘန်နဲ့ အာဖဂန်နစ္စတန်အစိုးရတို့ကို စစ်ဆေးဖို့ အိုင်စီစီ ခွင့်ပြု


ဓာတ်ပုံ မူပိုင် Getty Images
Image caption အိုင်စီစီက သူ့နိုင်ငံသားတွေကို စစ်ဆေးမှာ အမေရိကန် သဘောမတူ

အာဖဂန်နစ္စတန်နိုင်ငံက စစ်ပွဲအတွင်း အမေရိကန်ပြည်ထောင်စု အပါအဝင် တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေက စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)က ဆုံးဖြတ်လိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်နဲ့ တခြားစစ်ဖက်ဆိုင်ရာပုဂ္ဂိုလ်တွေက စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုအပေါ် ဆက်လက် စုံစမ်းစစ်ဆေးခွင့်ပြုဖို့ အိုင်စီစီ အမှုလိုက်ရှေ့နေချုပ်က အယူခံဝင်တင်ပြလျှောက်ထားချက်အပေါ်မှာ အဆင့်မြင့် တရားသူကြီးတွေက ဆက်လက်ဆောင်ရွက်ခွင့် ဆုံးဖြတ်ပေးလိုက်တာပါ။

ပြီးခဲ့တဲ့နှစ် ၂၀၁၉ ခုနှစ် ဧပြီလတုန်းက အိုင်စီစီရဲ့ အောက်ရုံးအဆင့်တရားသူကြီးတွေက အမှုကို ဆက်လက်မစုံစမ်းဖို့ ချခဲ့တဲ့ အမိန့်ကို အခုအထက်ရုံးက ပယ်ချပြီး ဆက်လိုက်ဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

အခုဆုံးဖြတ်ချက်အရဆိုရင် အာဖဂန်နစ္စတန်စစ်ပွဲမှာ ပါဝင်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ အစွပ်စွဲခံရတဲ့ လက်နက်ကိုင် အားလုံးကို စစ်ဆေးခွင့်ရှိတဲ့အပြင် အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ စီအိုင်အေက ကိုင်တွယ်နေတဲ့ လျှို့ဝှက်ထိန်းသိမ်းရေးစခန်းတွေကိုပါ စုံစမ်းခွင့်ရှိသွားပါပြီ။

အာဖဂန်နစ္စတန်ဟာ ရောမဥပဒေကို လက်မှတ်ရေးထိုးထားတဲ့ အိုင်စီစီအဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ အမေရိကန်ကတော့ အိုင်စီစီ အဖွဲ့ဝင် မဟုတ်ပါဘူး။ ဘယ်လိုစုံစမ်းစစ်ဆေးမှုမျိုးကိုမှ လက်မခံဘူးလို့လည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်နေပါတယ်။ အမေရိကန်နိုင်ငံသားတွေကို အိုင်စီစီက တရားစွဲဆိုမှာကိုလည်း အသိအမှတ်မပြုဘူးလို့ဆိုပါတယ်။

အမေရိကန်အစိုးရအနေနဲ့ စစ်ပွဲမှာ မတော်မတရားပြုလုပ်တဲ့ သူ့တပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ သူ့မှာ ကိုယ်ပိုင်အရေးယူနိုင်တဲ့ ယန္တရားတွေရှိတယ်လို့ အမေရိကန်က ပြောဆိုပါတယ်။

အာဖဂန်စစ်ပွဲအတွင်း တာလီဘန်၊ အာဖဂန်အစိုးရ၊ အမေရိကန်တပ်ဖွဲ့တွေရဲ့ ၂၀၀၃ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ အားလုံးကို ပြန်လည် စစ်ဆေးလိမ့်မယ်လို့ ယူဆရပါတယ်။

အမှုလိုက်ရှေ့နေချုပ် ဖာတူးဘန်ဆူးဒါဟာ အာဖဂန်စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ၂၀၁၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
အာဖဂန္ စစ္ရာဇဝတ္မႈေတြအတြက္ အေမရိကန္၊ တာလီဘန္နဲ႔ အာဖဂန္နစၥတန္အစိုးရတို႔ကို စစ္ေဆးဖို႔ အိုင္စီစီ ခြင့္ျပဳ အာဖဂန္ စစ္ရာဇဝတ္မႈေတြအတြက္ အေမရိကန္၊ တာလီဘန္နဲ႔ အာဖဂန္နစၥတန္အစိုးရတို႔ကို စစ္ေဆးဖို႔ အိုင္စီစီ ခြင့္ျပဳ Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.