
(Zawgyi)⤵⤵⤵




BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
အမေရိကန်မှာဆိုရင်တော့ လူပေါင်း ၁၁၃၅ ယောက် ကူးစက်ခံနေရပြီး၊ သေဆုံးသူကလည်း ၃၈ ယောက် အထိရှိနေ
ကိုရိုနာကြောင့် ဥရောပနိုင်ငံတွေက ခရီးသည်တွေကို အမေရိကန် စတင်ပိတ်ပင်

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေရှိနေတဲ့ ဥရောပနိုင်ငံတွေက ခရီးစဉ်တွေ၊ ခရီးသည်တွေ အကုန်လုံးကို သမ္မတ ဒေါ်နယ်ထရမ့်က တားမြစ်ပိတ်ပင်လိုက်ပါတယ်။

နောက်ထပ် ရက်ပေါင်း ၃၀အတွင်း ဥရောပရဲ့ ဘယ်နိုင်ငံတွေကခရီးသည်တွေ အမေရိကန်ကို လာတာပိတ်ပင် သွားမယ်လို့ ရုပ်မြင်သံကြားက တဆင့် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

အခုလိုပိတ်ပင်ဖို့က အသေအချာကိုလိုအပ်နေပါတယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ အဲဒီတားမြစ်ချက် ထဲမှာတော့ ဗြိတိန်မပါပါဘူး။ ဗြိတိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတာဆိုရင် ၄၆၀ လောက်ရှိနေပါပြီ။

အမေရိကန်မှာဆိုရင်တော့ လူပေါင်း ၁၁၃၅ ယောက် ကူးစက်ခံနေရပြီး၊ သေဆုံးသူကလည်း ၃၈ ယောက် အထိရှိနေပါပြီ။

BBC Burmese
https://www.bbc.com
ကိုရိုနာကြောင့် ဥရောပနိုင်ငံတွေက ခရီးသည်တွေကို အမေရိကန် စတင်ပိတ်ပင် ကိုရိုနာကြောင့် ဥရောပနိုင်ငံတွေက ခရီးသည်တွေကို အမေရိကန် စတင်ပိတ်ပင် Reviewed by THITHTOOLWIN on 23:30 Rating: 5
Powered by Blogger.