မႏၲေလးဆရာဝန္တစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာျဖစ္လာ

မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီ ေဆး႐ုံကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
မႏၲေလး အေထြေထြေရာဂါကုေဆး႐ုံႀကီးက ၂၅ ႏွစ္ အ႐ြယ္ အမ်ိဳးသားဆရာဝန္တစ္ဦး ေနမေကာင္းျဖစ္ၿပီး ကိုယ္အပူခ်ိန္ ျမင့္တာလာတာေၾကာင့္  ဒီေန႔မနက္ ၂ နာရီမွာ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာေတြကို သီးသန႔္ထားရွိရာ ကန္ေတာ္နဒီေဆး႐ုံကို ပို႔ေဆာင္လိုက္ပါတယ္။

ေဆး႐ုံရဲ႕ အေရးေပၚနဲ႔ျပင္ပလူနာဌာနမွာ တာဝန္က်တဲ့ ဒီဆရာဝန္ကို ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္လိုက္ တာနဲ႔ ပတ္သက္ၿပီး စိုးရိမ္ထိတ္လန႔္စရာ မလိုဘူးလို႔ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးရဲ႕ ဒုတိယေဆး႐ုံအုပ္ ေဒါက္တာခင္ေက်ာ္က RFA ကို ေျပာပါတယ္။

“အာသီးေရာင္တာပါ၊ သိပ္ေတာ့ မထင္ပါဘူး၊ ဒါေပမဲ့ က်န္းမာေရးဝန္ထမ္းျဖစ္ေနလို႔ အကာအကြယ္ ယူထားတာ မမွားဘူးေပါ့" လို႔ ေဒါက္တာခင္ေက်ာ္က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳမွာ ေက်ာက္ျဖတ္လုပ္ငန္း သြားေရာက္လုပ္ကိုင္ခဲ့ဖူးတဲ့၊ ေခ်ာင္းဆိုးၿပီး ဖ်ားနာေနတဲ့ ၃၅ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးကို အဲဒီဆရာဝန္က လက္ခံစစ္ေဆးေပးခဲ့ဖူးပါတယ္။

စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္၊ တည္ေတာေက်း႐ြာက အဲဒီအမ်ိဳးသားဟာ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔က တ႐ုတ္ျပည္ကို သြားေရာက္ခဲ့တယ္၊ မတ္လ ၅ ရက္ေန႔ ေနရပ္ျပန္လာရာမွာ ဖ်ားနာေနတဲ့အတြက္ အဲဒီၿမိဳ႕ ေဆး႐ုံမွာ တက္ေရာက္ကုခဲ့ပါတယ္။

၆ ရက္ေန႔မွာေတာ့ လူမႈကူညီေရးအသင္းကားနဲ႔ မႏၲေလးေဆး႐ုံႀကီးကို ေရာက္ရွိလာၿပီးေနာက္ ေစာင့္ၾကည့္လူနာ အျဖစ္ ကန္ေတာ္နဒီေဆး႐ုံကို ပို႔ေဆာင္ထားတာပါ။

ဒီလူနာနဲ႔ ပတ္သက္တဲ့ က်န္းမာေရးအေျဖ ဒီကေန႔ သိရမယ္လို႔ ေဒါက္တာခင္ေက်ာ္က ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာေတြကို  သီးသန႔္ေဆာင္ထားရွိကုသဖို႔ ေဆး႐ုံေတြ အားလုံးကို ၫႊန္ၾကားထား တာေၾကာင့္ နယ္ေဆး႐ုံေတြမွာ ကာကြယ္ေရးဝတ္စုံေတြ လိုအပ္ႏိုင္တယ္လို႔လည္း ဆိုပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
မန္တလေးဆရာဝန်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာဖြစ်လာ

မန္တလေးမြို့ ကန်တော်နဒီ ဆေးရုံကို တွေ့ရစဉ်
Photo: Khaymani Win/RFA

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးက ၂၅ နှစ် အရွယ် အမျိုးသားဆရာဝန်တစ်ဦး နေမကောင်းဖြစ်ပြီး ကိုယ်အပူချိန် မြင့်တာလာတာကြောင့်  ဒီနေ့မနက် ၂ နာရီမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတွေကို သီးသန့်ထားရှိရာ ကန်တော်နဒီဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။

ဆေးရုံရဲ့ အရေးပေါ်နဲ့ပြင်ပလူနာဌာနမှာ တာဝန်ကျတဲ့ ဒီဆရာဝန်ကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက် တာနဲ့ ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်စရာ မလိုဘူးလို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရဲ့ ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော်က RFA ကို ပြောပါတယ်။

“အာသီးရောင်တာပါ၊ သိပ်တော့ မထင်ပါဘူး၊ ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းဖြစ်နေလို့ အကာအကွယ် ယူထားတာ မမှားဘူးပေါ့" လို့ ဒေါက်တာခင်ကျော်က ပြောပါတယ်။

တရုတ်နိုင်ငံ ရွှေလီမြိုမှာ ကျောက်ဖြတ်လုပ်ငန်း သွားရောက်လုပ်ကိုင်ခဲ့ဖူးတဲ့၊ ချောင်းဆိုးပြီး ဖျားနာနေတဲ့ ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို အဲဒီဆရာဝန်က လက်ခံစစ်ဆေးပေးခဲ့ဖူးပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ တည်တောကျေးရွာက အဲဒီအမျိုးသားဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က တရုတ်ပြည်ကို သွားရောက်ခဲ့တယ်၊ မတ်လ ၅ ရက်နေ့ နေရပ်ပြန်လာရာမှာ ဖျားနာနေတဲ့အတွက် အဲဒီမြို့ ဆေးရုံမှာ တက်ရောက်ကုခဲ့ပါတယ်။

၆ ရက်နေ့မှာတော့ လူမှုကူညီရေးအသင်းကားနဲ့ မန္တလေးဆေးရုံကြီးကို ရောက်ရှိလာပြီးနောက် စောင့်ကြည့်လူနာ အဖြစ် ကန်တော်နဒီဆေးရုံကို ပို့ဆောင်ထားတာပါ။

ဒီလူနာနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအဖြေ ဒီကနေ့ သိရမယ်လို့ ဒေါက်တာခင်ကျော်က ပြောပါတယ်။a

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတွေကို  သီးသန့်ဆောင်ထားရှိကုသဖို့ ဆေးရုံတွေ အားလုံးကို ညွှန်ကြားထား တာကြောင့် နယ်ဆေးရုံတွေမှာ ကာကွယ်ရေးဝတ်စုံတွေ လိုအပ်နိုင်တယ်လို့လည်း ဆိုပါတယ်။

RFA Burmese
https://www.rfa.org
မႏၲေလးဆရာဝန္တစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာျဖစ္လာ မႏၲေလးဆရာဝန္တစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာျဖစ္လာ Reviewed by THITHTOOLWIN on 11:06 Rating: 5
Powered by Blogger.