ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ငါးဦးရွိၿပီ

Covid-19 ကို႐ိုနာဗိုင္းရပ္စ္ပိုး သ႐ုပ္ေဖာ္ပုံ။
(Zawgyi)⤵⤵⤵
မတ္လ ၂၆ ရက္ေန႔ ညပိုင္းအထိ ဓာတ္ခြဲစစ္ေဆးမႈအေျဖအရ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ေနာက္ထပ္ႏွစ္ဦး ေတြ႕ရွိရတဲ့အတြက္ ျမန္မာႏိုင္ငံမွာ ေရာဂါပိုးေတြ႕သူ ငါးဦး ရွိသြားပါၿပီ။

အေမရိကန္ႏိုင္ငံကေန ျပန္ေရာက္လာၿပီးေနာက္ မႏၲေလး ကန္ေတာ္နဒီေဆး႐ုံမွာ ေစာင့္ၾကည့္ကုသေပးေနတဲ့ အမ်ိဳးသားတစ္ဦးနဲ႔၊ ဩစေၾတးလ်ႏိုင္ငံကေန ျပန္ေရာက္လာၿပီးေနာက္ ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီးမွာ ေစာင့္ၾကည့္ကုသေပးေနတဲ့ အမ်ိဳးသားတစ္ဦးမွာ ေရာဂါပိုးေတြ႕ရေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ဒီေန႔မနက္ ၁ နာရီ ၄၅ မိနစ္မွာ သတင္း ထုတ္ျပန္လိုက္တာပါ။

ကန္ေတာ္နဒီေဆး႐ုံမွာ ကုသေပးေနသူဟာ မႏၲေလးတိုင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္က အသက္ (၃၃) ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး မတ္လ ၁၉ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ကို Qatar Airline နဲ႔ ျပန္ေရာက္လာတာလို႔ ဆိုပါတယ္။ အဲဒီေနာက္ ေတာင္ဥကၠလာၿမိဳ႕နယ္မွာ တစ္ညအိပ္ ေနထိုင္ခဲ့ၿပီး၊ မတ္လ ၂၀ ရက္ေန႔ညမွာ မႏၲေလးၿမိဳ႕ကို ခိုင္မႏၲေလး အေဝးေျပးကားနဲ႔ သြားေရာက္ခဲ့ၿပီး ကားဂိတ္ကေန ေနအိမ္ကို မီနီအိုးေဝယာဥ္နဲ႔ သြားေရာက္ခဲ့တယ္လို႔ ဆိုပါတယ္။

ရန္ကုန္ေဆး႐ုံႀကီးမွာ ကုသေပးေနသူဟာ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္က အသက္ (၆၉) ႏွစ္အ႐ြယ္ အမ်ိဳးသား ျဖစ္ၿပီး ဩစေၾတးလ် ႏိုင္ငံမွာ ႏွာေခါင္းကင္ဆာေရာဂါ ေဆးကုသမႈခံယူၿပီး မတ္လ ၁၄ ရက္ေန႔မွာ စကၤာပူကတဆင့္ ျပန္ေရာက္လာတာလို႔ ဆိုပါတယ္။

ဒီအတည္ျပဳလူနာႏွစ္ဦးရဲ႕ ဓာတ္ခြဲနမူနာေတြကို ကမာၻ႔က်န္းမာေရးအဖြဲ႕ ဓာတ္ခြဲခန္းကို ဆက္လက္ေပးပို႔ အတည္ျပဳခ်က္ရယူၿပီး၊ အနီးကပ္ ထိေတြ႕ခဲ့သူအားလုံးကို စုံစမ္းေဖာ္ထုတ္ ေစာင့္ၾကည့္သြားမယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ဒီလူနာႏွစ္ဦးနဲ႔ အနီးကပ္ ထိေတြ႕ခဲ့သူေတြအေနနဲ႔ နီးစပ္ရာ က်န္းမာေရးဌာနကို ဆက္သြယ္အေၾကာင္းၾကားၾက ဖို႔လည္း တိုက္တြန္းထားပါတယ္။

မတ္လ ၂၆ ရက္ေန႔၊ ည ၈ နာရီအခ်ိန္အထိ သက္ဆိုင္ရာေဆး႐ုံေတြမွာ ကုသေပးေနတဲ့ ေစာင့္ၾကည့္လူနာ အေယာက္ (၂၀) ရွိတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ငါးဦးရှိပြီ
Covid-19 ကိုရိုနာဗိုင်းရပ်စ်ပိုး သရုပ်ဖော်ပုံ။
Photo: en.wikipedia.org

မတ်လ ၂၆ ရက်နေ့ ညပိုင်းအထိ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ်နှစ်ဦး တွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့သူ ငါးဦး ရှိသွားပါပြီ။

အမေရိကန်နိုင်ငံကနေ ပြန်ရောက်လာပြီးနောက် မန္တလေး ကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်ကုသပေးနေတဲ့ အမျိုးသားတစ်ဦးနဲ့၊ ဩစတြေးလျနိုင်ငံကနေ ပြန်ရောက်လာပြီးနောက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ စောင့်ကြည့်ကုသပေးနေတဲ့ အမျိုးသားတစ်ဦးမှာ ရောဂါပိုးတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၁ နာရီ ၄၅ မိနစ်မှာ သတင်း ထုတ်ပြန်လိုက်တာပါ။

ကန်တော်နဒီဆေးရုံမှာ ကုသပေးနေသူဟာ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က အသက် (၃၃) နှစ်အရွယ် အမျိုးသားဖြစ်ပြီး မတ်လ ၁၉ ရက်နေ့မှာ ရန်ကုန်မြို့ကို Qatar Airline နဲ့ ပြန်ရောက်လာတာလို့ ဆိုပါတယ်။ အဲဒီနောက် တောင်ဥက္ကလာမြို့နယ်မှာ တစ်ညအိပ် နေထိုင်ခဲ့ပြီး၊ မတ်လ ၂၀ ရက်နေ့ညမှာ မန္တလေးမြို့ကို ခိုင်မန္တလေး အဝေးပြေးကားနဲ့ သွားရောက်ခဲ့ပြီး ကားဂိတ်ကနေ နေအိမ်ကို မီနီအိုးဝေယာဉ်နဲ့ သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ ကုသပေးနေသူဟာ မင်္ဂလာတောင်ညွန့်မြို့နယ်က အသက် (၆၉) နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ဩစတြေးလျ နိုင်ငံမှာ နှာခေါင်းကင်ဆာရောဂါ ဆေးကုသမှုခံယူပြီး မတ်လ ၁၄ ရက်နေ့မှာ စင်္ကာပူကတဆင့် ပြန်ရောက်လာတာလို့ ဆိုပါတယ်။

ဒီအတည်ပြုလူနာနှစ်ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဓာတ်ခွဲခန်းကို ဆက်လက်ပေးပို့ အတည်ပြုချက်ရယူပြီး၊ အနီးကပ် ထိတွေ့ခဲ့သူအားလုံးကို စုံစမ်းဖော်ထုတ် စောင့်ကြည့်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလူနာနှစ်ဦးနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေအနေနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်အကြောင်းကြားကြ ဖို့လည်း တိုက်တွန်းထားပါတယ်။

မတ်လ ၂၆ ရက်နေ့၊ ည ၈ နာရီအချိန်အထိ သက်ဆိုင်ရာဆေးရုံတွေမှာ ကုသပေးနေတဲ့ စောင့်ကြည့်လူနာ အယောက် (၂၀) ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ငါးဦးရွိၿပီ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ငါးဦးရွိၿပီ Reviewed by THITHTOOLWIN on 04:30 Rating: 5
Powered by Blogger.