ကို႐ိုနာဟာ အိမ္တံခါးဝကို ေရာက္လာခဲ့ပါၿပီ

(Zawgyi)⤵⤵⤵

ျမန္မာျပည္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လူနာ ပထမဆုံးေတြ႕ရၿပီျဖစ္ပါတယ္။ တကယ္ေတာ့ ဒီလိုျဖစ္လာမွာကို အားလုံးတြက္ထားၿပီးသားလို႔ ယူဆပါတယ္။  အခု အခ်ိန္ဟာ တစ္ကမာၻလုံး ညီၫြတ္စြာ ဦးေႏွာက္သုံးၿပီး ဆုံးျဖတ္ လုပ္ကိုင္ရမယ့္အခ်ိန္ျဖစ္ၿပီး တစ္ဦးကိုတစ္ဦး အျပစ္တင္ျငင္းခုံၾကရင္းနဲ႔ ေသြး႐ူးေသြးတန္းလုပ္ရမယ့္ကာလ လုံးဝ မဟုတ္ေတာ့ပါဘူး။ ေသဆုံးသူအနည္းဆုံးျဖစ္ေအာင္ ႀကိဳးစားၾကဖို႔ပဲရွိပါတယ္။ မိမိအသိနဲ႔ မိမိ တတ္ႏိုင္သမွ် လူစုလူေဝးေရွာင္ၾကပါ။  ဘာသာေရးအရ မိမိနည္း မိမိဟန္နဲ႔ ဆုေတာင္းလို႔ရပါတယ္။ ဘယ္ဘာသာဝင္ျဖစ္ျဖစ္ ေနရာတခုခုမွာ လူေတြစုၿပီး ဆုေတာင္းတာမ်ိဳးဟာ အင္မတန္ အသိဉာဏ္ေခါင္းပါးတဲ့ လုပ္ရပ္ျဖစ္ပါတယ္။ အခုအခ်ိန္ထိ လူစုလူေဝး အခမ္းအနား တခ်ိဳ႕ရွိေနဆဲပဲလို႔ ၾကားရပါတယ္။ မဂၤလာေဆာင္ လူစည္တာေကာင္း ေပမယ့္ အဲဒီ မဂၤလာေဆာင္လာသူေတြထဲမွာ ဗိုင္းရပ္စ္ပိုး ကူးစက္ေနသူတဦးပါလာရင္ ဘာေတြဆက္ၿပီး ျဖစ္ႏိုင္ သလဲဆိုတာစဥ္းစားၾကေစခ်င္ပါတယ္။ တျခားႏိုင္ငံေတြမွာ ဘယ္လိုျဖစ္ခဲ့ၾကၿပီလဲဆိုတာ လူအမ်ားစုသိၿပီလို႔ ယူဆပါတယ္။  လဘက္ရည္ဆိုင္ထိုင္တာေတာင္ မလုပ္သင့္ပါဘူး။ ငါေသရဲလို႔ ငါထိုင္တာပဲဆိုတဲ့ အယူအဆ မ်ိဳးဟာ အင္မတန္မွားပါတယ္။ ငါ့ထံက တျခားလူေတြကူးစက္ၿပီး ေနာက္ထပ္ မေရမတြက္ႏိုင္ေအာင္ မ်ားျပား တဲ့လူေတြ ေသဆုံးႏိုင္ပါလားလို႔ စဥ္းစားရမွာျဖစ္ပါတယ္။

ကာလီဖိုးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးက အာဏာပိုင္ေတြရဲ႕ အႀကံေပးခ်က္ကို ဂ႐ုမစိုက္ဘဲ ပင္လယ္ ကမ္းစပ္မွာ လူေတြစုေဝးေပ်ာ္ျမဴးေနၾကတာကို စိတ္ဆင္းရဲစြာနဲ႔ တျခားသူေတြအတြက္ ထည့္မတြက္ပဲ အခုလို တကိုယ္ေကာင္း မဆန္ၾကပါနဲ႔လို႔ ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေျပာဆိုပါတယ္။ ႏိုင္ငံတကာမွာ ဒီေလာက္ဆိုးဝါးစြာ ကူးစက္ေသဆုံးတာဟာ အျပင္ထြက္ၾကလို႔ ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းစပ္ဟာ အလြန္ကူးစက္ျမန္ပါတယ္။ WHO ထုတ္ျပန္ခ်က္အရ အဲဒီ ေရာဂါျဖစ္ပြါးတဲ့ ပထမဆုံး လူနာကို မွတ္တမ္းတင္တဲ့ေန႔ကေန ၆၇ ရက္အၾကာမွာ ကူးစက္သူ ၁ သိန္းျပည့္ သြားခဲ့ပါတယ္၊ ဒါေပမဲ့ ကူးစက္သူ ၁ သိန္း ျပည့္တဲ့ေန႔ကေန ေနာက္ထပ္ ၁၁ ရက္ပဲအၾကာမွာ ကူးစက္သူ ႏွစ္သိန္းရွိလာခဲ့ၿပီး ႏွစ္သိန္းကေန သုံးသိန္းျဖစ္ဖို႔ အတြက္ကေတာ့ ေလးရက္ပဲၾကာခဲ့ပါတယ္။

လူဦးေရ ၁၃၈၆ သန္းရွိတဲ့ တ႐ုတ္ႏိုင္ငံမွာ အခုအခ်ိန္ထိ ေသဆုံးသူ ၃၁၅၃ ရွိေပမယ့္ လူသန္း ၆ဝ ပဲရွိတဲ့ အီတလီ မွာ ေသဆုံးသူ ၆ဝ၇၇ ရွိေနပါၿပီ။ အီတလီဝန္ႀကီးခ်ဳပ္က အစိုးရအေနနဲ႔ ဒီထက္ပိုၿပီး ဘာမွမတတ္ႏိုင္ေတာ့ပါဘူး။ အစြမ္းကုန္သြားပါၿပီ။ ဘုရားမွာပဲ ဆုေတာင္းႏိုင္ေတာ့တယ္လို႔ ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံမွာလို အာဏာနဲ႔ အိမ္ျပင္မထြက္ဖို႔ အမိန႔္ေပးတားဆီးလို႔ မရတဲ့အတြက္ အခုလို ထိန္းမႏိုင္သိမ္းမရ ေသဆုံးရတယ္လို႔ ေျပာၾက ပါတယ္။

ကမာၻေပၚက အခ်မ္းသာဆုံးႏိုင္ငံေတြမွာေတာင္ တကယ္ျဖစ္လာရင္ အသက္ရႉစက္လုံေလာက္ေအာင္ မေပးႏိုင္လို႔ ေသဆုံးေနတာေတြ အမ်ားႀကီးရွိေနပါၿပီ။  ျမန္မာျပည္အတြက္ အေကာင္းဆုံး အႀကံေပးခ်က္ကို ေျပာပါဆိုရင္ မလႊဲ မေရွာင္တာတဲ့ ကိစၥကလြဲၿပီး အိမ္ျပင္မထြက္ၾကဖို႔ပါပဲ။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္က လူေတြအားလုံး အိမ္ျပင္ မထြက္လို႔ မျဖစ္တဲ့ကိစၥမွအပ လုံးဝ မထြက္ၾကပါနဲ႔လို႔ အခုပဲ ေၾကညာသြားပါတယ္။

ျမန္မာစံခ်ိန္ မတ္ ၂၄ မနက္ ၃ နာရီခြဲ ရရွိတဲ့ စာရင္းအရ ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ ၃၇၂၅၆၃၊ ေသဆုံး ၁၆၃၈၁ နဲ႔ ျပန္လည္က်န္းမာလာသူ ၁ဝဝ၈၅၅ ရွိပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ ကူးစက္ ၄၁၇ဝ၈ နဲ႔ ေသဆုံး ၅၇၃ ရွိပါတယ္။ နယူးေယာက္ျပည္နယ္အစိုးရက ေဆး႐ုံေတြမွာ ဒီဗိုင္းရပ္စ္လူနာေတြအတြက္ လိုအပ္ေဆးဝါးပစၥည္း ေနာက္ထပ္ တပတ္စာပဲ က်န္ေတာ့တယ္လို႔ ေၾကညာပါတယ္။

WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ ၫႊန္ၾကားေရးမႉး ဂယ္ဘ႐ိုက္စပ္က ေရာဂါပိုးေတြ႕သူေတြကို တျခားသူေတြနဲ႔ ခြဲၿပီး သီးျခားထားဖို႔၊ အဲဒီလူနာေတြရဲ႕ ေနာက္ေၾကာင္းကို ျပန္လိုက္ၿပီး ဘယ္သူေတြနဲ႔ သူနီးကပ္စြာေနထိုင္ခဲ့သလဲဆို တာစုံစမ္းဖို႔ နဲ႔ သူနဲ႔ နီးနီးကပ္ကပ္ ေနထိုင္ခဲ့သူေတြကိုပါ သီးျခားထားေစာင့္ၾကည့္ဖို႔ ႏိုးေဆာ္ေနပါတယ္။

ဒါဟာ ေသေရး ရွင္ေရးကာလ တနည္းအားျဖင့္ အသက္ကို ဉာဏ္ေစာင့္တဲ့ ကာလျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
ကိုရိုနာဟာ အိမ်တံခါးဝကို ရောက်လာခဲ့ပါပြီ

ရွှေတိဂုံဘုရား လာရောက်ကြသူတွေကို တွေ့ရစဉ်
Photo: RFA

မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ပထမဆုံးတွေ့ရပြီဖြစ်ပါတယ်။ တကယ်တော့ ဒီလိုဖြစ်လာမှာကို အားလုံးတွက်ထားပြီးသားလို့ ယူဆပါတယ်။  အခု အချိန်ဟာ တစ်ကမ္ဘာလုံး ညီညွတ်စွာ ဦးနှောက်သုံးပြီး ဆုံးဖြတ် လုပ်ကိုင်ရမယ့်အချိန်ဖြစ်ပြီး တစ်ဦးကိုတစ်ဦး အပြစ်တင်ငြင်းခုံကြရင်းနဲ့ သွေးရူးသွေးတန်းလုပ်ရမယ့်ကာလ လုံးဝ မဟုတ်တော့ပါဘူး။ သေဆုံးသူအနည်းဆုံးဖြစ်အောင် ကြိုးစားကြဖို့ပဲရှိပါတယ်။ မိမိအသိနဲ့ မိမိ တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြပါ။  ဘာသာရေးအရ မိမိနည်း မိမိဟန်နဲ့ ဆုတောင်းလို့ရပါတယ်။ ဘယ်ဘာသာဝင်ဖြစ်ဖြစ် နေရာတခုခုမှာ လူတွေစုပြီး ဆုတောင်းတာမျိုးဟာ အင်မတန် အသိဉာဏ်ခေါင်းပါးတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အခုအချိန်ထိ လူစုလူဝေး အခမ်းအနား တချို့ရှိနေဆဲပဲလို့ ကြားရပါတယ်။ မင်္ဂလာဆောင် လူစည်တာကောင်း ပေမယ့် အဲဒီ မင်္ဂလာဆောင်လာသူတွေထဲမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူတဦးပါလာရင် ဘာတွေဆက်ပြီး ဖြစ်နိုင် သလဲဆိုတာစဉ်းစားကြစေချင်ပါတယ်။ တခြားနိုင်ငံတွေမှာ ဘယ်လိုဖြစ်ခဲ့ကြပြီလဲဆိုတာ လူအများစုသိပြီလို့ ယူဆပါတယ်။  လဘက်ရည်ဆိုင်ထိုင်တာတောင် မလုပ်သင့်ပါဘူး။ ငါသေရဲလို့ ငါထိုင်တာပဲဆိုတဲ့ အယူအဆ မျိုးဟာ အင်မတန်မှားပါတယ်။ ငါ့ထံက တခြားလူတွေကူးစက်ပြီး နောက်ထပ် မရေမတွက်နိုင်အောင် များပြား တဲ့လူတွေ သေဆုံးနိုင်ပါလားလို့ စဉ်းစားရမှာဖြစ်ပါတယ်။

ကာလီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက အာဏာပိုင်တွေရဲ့ အကြံပေးချက်ကို ဂရုမစိုက်ဘဲ ပင်လယ် ကမ်းစပ်မှာ လူတွေစုဝေးပျော်မြူးနေကြတာကို စိတ်ဆင်းရဲစွာနဲ့ တခြားသူတွေအတွက် ထည့်မတွက်ပဲ အခုလို တကိုယ်ကောင်း မဆန်ကြပါနဲ့လို့ ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုပါတယ်။ နိုင်ငံတကာမှာ ဒီလောက်ဆိုးဝါးစွာ ကူးစက်သေဆုံးတာဟာ အပြင်ထွက်ကြလို့ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းစပ်ဟာ အလွန်ကူးစက်မြန်ပါတယ်။ WHO ထုတ်ပြန်ချက်အရ အဲဒီ ရောဂါဖြစ်ပွါးတဲ့ ပထမဆုံး လူနာကို မှတ်တမ်းတင်တဲ့နေ့ကနေ ၆၇ ရက်အကြာမှာ ကူးစက်သူ ၁ သိန်းပြည့် သွားခဲ့ပါတယ်၊ ဒါပေမဲ့ ကူးစက်သူ ၁ သိန်း ပြည့်တဲ့နေ့ကနေ နောက်ထပ် ၁၁ ရက်ပဲအကြာမှာ ကူးစက်သူ နှစ်သိန်းရှိလာခဲ့ပြီး နှစ်သိန်းကနေ သုံးသိန်းဖြစ်ဖို့ အတွက်ကတော့ လေးရက်ပဲကြာခဲ့ပါတယ်။

လူဦးရေ ၁၃၈၆ သန်းရှိတဲ့ တရုတ်နိုင်ငံမှာ အခုအချိန်ထိ သေဆုံးသူ ၃၁၅၃ ရှိပေမယ့် လူသန်း ၆ဝ ပဲရှိတဲ့ အီတလီ မှာ သေဆုံးသူ ၆ဝ၇၇ ရှိနေပါပြီ။ အီတလီဝန်ကြီးချုပ်က အစိုးရအနေနဲ့ ဒီထက်ပိုပြီး ဘာမှမတတ်နိုင်တော့ပါဘူး။ အစွမ်းကုန်သွားပါပြီ။ ဘုရားမှာပဲ ဆုတောင်းနိုင်တော့တယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံမှာလို အာဏာနဲ့ အိမ်ပြင်မထွက်ဖို့ အမိန့်ပေးတားဆီးလို့ မရတဲ့အတွက် အခုလို ထိန်းမနိုင်သိမ်းမရ သေဆုံးရတယ်လို့ ပြောကြ ပါတယ်။

ကမ္ဘာပေါ်က အချမ်းသာဆုံးနိုင်ငံတွေမှာတောင် တကယ်ဖြစ်လာရင် အသက်ရှူစက်လုံလောက်အောင် မပေးနိုင်လို့ သေဆုံးနေတာတွေ အများကြီးရှိနေပါပြီ။  မြန်မာပြည်အတွက် အကောင်းဆုံး အကြံပေးချက်ကို ပြောပါဆိုရင် မလွှဲ မရှောင်တာတဲ့ ကိစ္စကလွဲပြီး အိမ်ပြင်မထွက်ကြဖို့ပါပဲ။ ဗြိတိန်ဝန်ကြီးချုပ်က လူတွေအားလုံး အိမ်ပြင် မထွက်လို့ မဖြစ်တဲ့ကိစ္စမှအပ လုံးဝ မထွက်ကြပါနဲ့လို့ အခုပဲ ကြေညာသွားပါတယ်။

မြန်မာစံချိန် မတ် ၂၄ မနက် ၃ နာရီခွဲ ရရှိတဲ့ စာရင်းအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက် ၃၇၂၅၆၃၊ သေဆုံး ၁၆၃၈၁ နဲ့ ပြန်လည်ကျန်းမာလာသူ ၁ဝဝ၈၅၅ ရှိပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက် ၄၁၇ဝ၈ နဲ့ သေဆုံး ၅၇၃ ရှိပါတယ်။ နယူးယောက်ပြည်နယ်အစိုးရက ဆေးရုံတွေမှာ ဒီဗိုင်းရပ်စ်လူနာတွေအတွက် လိုအပ်ဆေးဝါးပစ္စည်း နောက်ထပ် တပတ်စာပဲ ကျန်တော့တယ်လို့ ကြေညာပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဂယ်ဘရိုက်စပ်က ရောဂါပိုးတွေ့သူတွေကို တခြားသူတွေနဲ့ ခွဲပြီး သီးခြားထားဖို့၊ အဲဒီလူနာတွေရဲ့ နောက်ကြောင်းကို ပြန်လိုက်ပြီး ဘယ်သူတွေနဲ့ သူနီးကပ်စွာနေထိုင်ခဲ့သလဲဆို တာစုံစမ်းဖို့ နဲ့ သူနဲ့ နီးနီးကပ်ကပ် နေထိုင်ခဲ့သူတွေကိုပါ သီးခြားထားစောင့်ကြည့်ဖို့ နိုးဆော်နေပါတယ်။

ဒါဟာ သေရေး ရှင်ရေးကာလ တနည်းအားဖြင့် အသက်ကို ဉာဏ်စောင့်တဲ့ ကာလဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာဟာ အိမ္တံခါးဝကို ေရာက္လာခဲ့ပါၿပီ ကို႐ိုနာဟာ အိမ္တံခါးဝကို ေရာက္လာခဲ့ပါၿပီ Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.