တရုတ္ျပည္မွ ျပန္လာသူတဦး လားရႈိးေဆးရံုတြင္ေသဆံုး

(Zawgyi)⤵⤵⤵
မတ္လ ၆ ရက္ ၂၀၂၀

ျမန္မာ- တရုတ္နယ္စပ္ မူဆယ္ၿမိဳ႕မွ လာသည့္ မွန္လံုကားေပၚတြင္ လူနာတဦး ေနမေကာင္းျဖစ္ပြါးရာ လားရႈိးေဆးရံုတြင္ ေသဆံုးခဲ့ေၾကာင္း သတင္းရရွိသည္။

မတ္လ ၅ ရက္ ယမန္ေန႕ ည ၈ နာရီခြဲက မူဆယ္ၿမိဳ႕ မွ လာသည့္ မွန္လံုကားတစီးတြင္ ပါလာသည့္ ခရီးသည္တဦးေနမေကာင္းျဖစ္ရာ လူမႈကူညီေရး အသင္း အကူအညီျဖင့္ လားရႈိးျပည္သူ႔႕ေဆးရံုသုိ႕ ပို႔ေဆာင္ခဲ့ေၾကာင္း၊ လားရႈိးေဆးရံု ေရာက္သည့္ အခ်ိန္တြင္ လူနာ ေသဆံုးသြားေၾကာင္း ေပးေသာလက္ ေစတနာရွင္ (ေသြး) ႏွင့္ လူမႈကူညီေရး အသင္း မွ ကိုျမင့္ေမာ္ က သွ်မ္းသံေတာ္ဆင့္ သုိ႕ေျပာသည္။

“ မူဆယ္ကေန လာတဲ့ ကားေပၚ မွာ ေနမေကာင္းတဲ့သူပါလာတယ္။ လာေခၚေပးပါဆုိလုိ႕ က်ေနာ္တုိ႕အဖြဲ႔႕သြားေခၚတာ။ ေဆးရုံေရာက္ေတာ့ သူဆံုးသြားတယ္။ ေသြးေတြလည္း အန္တယ္လုိ႕ေျပာတယ္” ဟု ကိုျမင့္ေမာ္ က ဆုိသည္။

အဆုိပါ ေသဆံုးလူနာသည္ ရခုိင္ျပည္နယ္မွျဖစ္ျပီး တရုတ္ႏုိင္ငံတြင္ သြားေရာက္အလုပ္လုပ္ရာ တလေက်ာ္ေနမေကာင္းျဖစ္ေနေၾကာင္း သိရသည္။

“ က်ေနာ္တုိ႕စံုစမ္းသိရသေလာက္ကေတာ့ ေသဆံုးတဲ့သူက တေရွာင္ေရွာင္ ေခ်ာင္းဆုိးေနတာ ၾကာၿပီ။ ေလာဆယ္ေတာ့ တရုတ္ျပည္မွျဖစ္ေနတဲ့ ခုိရိုနာ ဟုတ္၊မဟုတ္ ဆရာဝန္ ေဆးစစ္ခ်က္ မရေသးဘူး” ဟု ကိုျမင့္ေမာ္က ထပ္ေလာင္းေျပာျပသည္။

အဆုိပါ မွန္လံုကားေပၚ ပါလာသည့္ ခရီးသည္မ်ားကို သက္ဆုိင္ရာ က်န္းမာေရး ဌာန က က်န္းမာေရး စစ္ေဆးမႈမ်ားျပဳလုပ္ေပးေၾကာင္း၊ ကားေပၚပါလာသည့္ ခရီးသည္မ်ားအားလုံး က်န္းမာေရးေကာင္းမြန္ေနျပီး ၄င္းတုိ့၏ ေနရပ္လိပ္စာမ်ားကုိလည္းယူထားေၾကာင္း သိရသည္။

ထို မွန္လံုကားေပၚလုိက္ပါလာသည့္ ခရီးသည္ ေသဆံုးမႈ ႏွင့္ ပတ္သက္ၿပီး သွ်မ္းသံေတာ္ဆင့္မွ လားရႈိးျပည္သူ႔႕ေဆးရံုကို ႀကိဳးစား ဆက္သြယ္ေမးျမန္းေသာ္လည္း မရခဲ့ေပ။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
-------------
(Unicode)⤵⤵⤵
တရုတ်ပြည်မှ ပြန်လာသူတဦး လားရှိုးဆေးရုံတွင်သေဆုံး

သျှမ်းသံတော်ဆင့်- နန်းဆိုင်နွမ်
မတ်လ ၆ ရက် ၂၀၂၀

မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့မှ လာသည့် မှန်လုံကားပေါ်တွင် လူနာတဦး နေမကောင်းဖြစ်ပွါးရာ လားရှိုးဆေးရုံတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မတ်လ ၅ ရက် ယမန်နေ့ ည ၈ နာရီခွဲက မူဆယ်မြို့ မှ လာသည့် မှန်လုံကားတစီးတွင် ပါလာသည့် ခရီးသည်တဦးနေမကောင်းဖြစ်ရာ လူမှုကူညီရေး အသင်း အကူအညီဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ လားရှိုးဆေးရုံ ရောက်သည့် အချိန်တွင် လူနာ သေဆုံးသွားကြောင်း ပေးသောလက် စေတနာရှင် (သွေး) နှင့် လူမှုကူညီရေး အသင်း မှ ကိုမြင့်မော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မူဆယ်ကနေ လာတဲ့ ကားပေါ် မှာ နေမကောင်းတဲ့သူပါလာတယ်။ လာခေါ်ပေးပါဆိုလို့ ကျနော်တို့အဖွဲ့သွားခေါ်တာ။ ဆေးရုံရောက်တော့ သူဆုံးသွားတယ်။ သွေးတွေလည်း အန်တယ်လို့ပြောတယ်” ဟု ကိုမြင့်မော် က ဆိုသည်။

အဆိုပါ သေဆုံးလူနာသည် ရခိုင်ပြည်နယ်မှဖြစ်ပြီး တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ရာ တလကျော်နေမကောင်းဖြစ်နေကြောင်း သိရသည်။

“ ကျနော်တို့စုံစမ်းသိရသလောက်ကတော့ သေဆုံးတဲ့သူက တရှောင်ရှောင် ချောင်းဆိုးနေတာ ကြာပြီ။ လောဆယ်တော့ တရုတ်ပြည်မှဖြစ်နေတဲ့ ခိုရိုနာ ဟုတ်၊မဟုတ် ဆရာဝန် ဆေးစစ်ချက် မရသေးဘူး” ဟု ကိုမြင့်မော်က ထပ်လောင်းပြောပြသည်။

အဆိုပါ မှန်လုံကားပေါ် ပါလာသည့် ခရီးသည်များကို သက်ဆိုင်ရာ ကျန်းမာရေး ဌာန က ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ပေးကြောင်း၊ ကားပေါ်ပါလာသည့် ခရီးသည်များအားလုံး ကျန်းမာရေးကောင်းမွန်နေပြီး ၎င်းတို့၏ နေရပ်လိပ်စာများကိုလည်းယူထားကြောင်း သိရသည်။

ထို မှန်လုံကားပေါ်လိုက်ပါလာသည့် ခရီးသည် သေဆုံးမှု နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ လားရှိုးပြည်သူ့ဆေးရုံကို ကြိုးစား ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပေ။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
တရုတ္ျပည္မွ ျပန္လာသူတဦး လားရႈိးေဆးရံုတြင္ေသဆံုး တရုတ္ျပည္မွ ျပန္လာသူတဦး လားရႈိးေဆးရံုတြင္ေသဆံုး Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.