က်ပ္ေငြတန္ဖုိးတက္လာျခင္းက ပုိ႔ကုန္ကုိ ထိခုိက္ႏုိင္

ျမန္မာျပည္တြင္းသံုး က်ပ္ေငြနဲ႔ ႏုိင္ငံျခားေငြမ်ား

(Zawgyi/Unicode)

က်ပ္ေငြနဲ႔ အေမရိကန္ေဒၚလာ လဲလွယ္ႏႈန္းမွာ ေဒၚလာေဈး တျဖည္းျဖည္း က်လာေနတာေၾကာင့္ စီးပြားေရး လုပ္ငန္း ရွင္ေတြ၊ အထူးသျဖင့္ ပို႔ကုန္လုပ္ငန္း လုပ္ကိုင္သူေတြ ထိခိုက္ေနတယ္လို႔ ေျပာၾကပါတယ္။ ေဒၚလာေဈးကို ထိန္းညႇိဖို႔ ဗဟိုဘဏ္က ေဈးၿပိဳင္စနစ္နဲ႔ ဝယ္ယူေနတာဟာလည္း မွန္ကန္တဲ့နည္းလမ္းမဟုတ္ဘူးလို႔ ေဝဖန္ၾကပါတယ္။ အျပည့္အစုံကို ဗြီအိုေအ သတင္းေထာက္ ကိုေဇာ္ထက္က ဆက္ေျပာျပပါမယ္။

ျမန္မာႏိုင္ငံဗဟိုဘဏ္ဟာ ေဈးၿပိဳင္ေလလံစနစ္နဲ႔ အေမရိကန္ေဒၚလာ ၉ သန္းကို ဒီကေန႔ ဝယ္ယူခဲ့ပါတယ္။ ေဒၚလာေဈးႏႈန္းေတြက်ေနတဲ့ ကိစၥကို ထိန္းေၾကာင္းေပးဖို႔ ျပည္တြင္းလုပ္ငန္းရွင္ေတြကလည္း အစိုးရကို ဒီရက္ပိုင္းအတြင္းတိုက္တြန္းခဲ့ၿပီးေနာက္ပိုင္း ဒါဟာ ဗဟိုဘဏ္က တရက္အတြင္း အမ်ားဆုံး ဝယ္ယူခဲ့တာလည္း ျဖစ္ပါတယ္။

ဗဟိုဘဏ္က ျပင္ပေပါက္ေဈးထက္ ျမႇင့္ၿပီးဝယ္ယူသလို ဒါဟာ ဘက္ဂ်က္ဆုံးရႈံးမႈျဖစ္ႏိုင္တယ္လို႔ ေဝဖန္ၾကတာလည္းရွိပါတယ္။ ကမာၻမွာျဖစ္တဲ့ ေဒၚလာေဈးက်ေနတဲ့ အေျခအေနမို႔ ဒီလိုဝယ္ယူတာဟာ ကမာၻ႔ေဈးႏႈန္းနဲ႔ ျပည္တြင္းေဈးႏႈန္း ကြာဟလာႏိုင္ေကာင္း၊ ဒီနည္းလမ္းကလည္း တိုင္းျပည္ရဲ႕ စီးပြားေရးကို ေမွ်ာမွန္းသေလာက္ အက်ိဳးမျဖစ္ႏိုင္ေၾကာင္း ဘက္ဂ်က္ေလ့လာသူ စီးပြားေရးပညာရွင္ ဦးေဇာ္ေဖဝင္းက ဗြီအိုေအကို ေျပာပါတယ္။

“ ကမာၻမွာေဒၚလာတန္ဖိုးက်ေနတယ္ဆိုရင္ ကုန္သည္ေတြ သူတို႔ဝယ္ရတဲ့ သြင္းကုန္ေဈးလည္း က်မွာပဲ။ အဲဒီေတာ့ သူတို႔အတြက္က ဒီေလာက္ႀကီး မနစ္နာဘူးလို႔ ဆရာေတာ့ျမင္တယ္။ ဒါေပမယ့္ ဗဟိုဘဏ္ဘက္က ၾကည့္တဲ့အခါက်ေတာ့ လုပ္ငန္းရွင္ေတြေတာင္းဆိုလာတဲ့ဟာကို လိုက္ေလ်ာၿပီးေတာ့ လုပ္တဲ့ပုံစံနဲ႔ ေဒၚလာဝယ္တယ္ေပါ့။ အဲဒါမလုပ္သင့္ဘူးလို႔ဘဲ ဆရာေတာ့ တြက္တယ္။ ဒါေပမဲ့ ဗဟိုဘဏ္ကေတာ့ အဲဒီအတိုင္းပဲ လုပ္ေလ့ရွိတယ္။ အရင္လည္းလုပ္ခဲ့ၿပီးၿပီး ေဒၚလာေဈးတက္ေအာင္ အဲအတိုင္းပဲ။ အခုလည္း ေဒၚလာလိုက္ဝယ္ဆိုတာ ေဒၚလာေဈးကို ျပန္ထိန္းတဲ့သေဘာ၊ တက္ေအာင္ ျပန္ထိန္းတဲ့ သေဘာပဲ ျဖစ္ေနတယ္။”

ကမာၻ႔ေဒၚလာေဈးျပန္ျမင့္တက္လာရင္၊ ျပည္တြင္းမွာ ဆြဲတင္ထားတဲ့ ေဒၚလာေဈးေၾကာင့္ ပိုေဈးတက္လာမ်ိဳးျဖစ္ႏိုင္ၿပီး သြင္းကုန္ေတြ ေဈးႀကီးလာႏိုင္တယ္လို႔ စီးပြားေရးပညာရွင္တခ်ိဳ႕က ခန႔္မွန္းပါတယ္။

၂၀၁၉ ႏွစ္ကုန္ပိုင္း အေမရိကန္ေဒၚလာက ျမန္မာက်ပ္ေငြ ၁၅၀၀ ေအာက္ကိုက်သြားရတာက ကုန္သြယ္ေရးေၾကာင့္ ေဒၚလာဝင္ေရာက္တဲ့ႏႈန္း မ်ားလာတာေၾကာင့္ပါ။ အခုကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ Covid- 19 တကမာၻလုံးကို ပ်ံ႕ႏွံ႔လာတဲ့ သက္ေရာက္မႈေၾကာင့္ ျဖစ္ေၾကာင္း စီးပြားေရး လုပ္ငန္းရွင္ေတြက ေျပာပါတယ္။

ျပည္တြင္းကလုပ္ငန္းရွင္ေတြဟာ Covid- 19 ေၾကာင့္ စီးပြားေရး ထိခိုက္နစ္နာတာေတြကို ျမန္မာႏိုင္ငံ ကုန္သည္ႏွင့္စက္မႈ၊ လက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္႐ုံး UMFCCI မွာ အဂၤါေန႔က ေဆြးေႏြးၾကပါတယ္။ တျခားႏိုင္ငံေတြက ေဒၚလာေဈးက်တဲ့အတိုင္း တန္ဖိုးေလွ်ာ့ၿပီး ထုတ္လုပ္ႏိုင္ေပမဲ့ ျမန္မာကေတာ့ ေဒၚလာေဈးတက္ခ်ိန္ ဝယ္ယူထားတဲ့ ကုန္ၾကမ္းေတြေၾကာင့္ ျပည္ပေဈးကြက္နဲ႔ မယွဥ္ၿပိဳင္ႏိုင္ပါဘူး။

လက္ရွိေတာ့ ပို႔ကုန္လုပ္ငန္းရွင္ေတြ အရႈံးရွိေနေၾကာင္း UMFCCI ဒုဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးက ေျပာပါတယ္။

“ေနာက္ ျမန္မာႏိုင္ငံရဲ႕ အိတ္စပို႔ေတြကလည္း ျပည္ပကို ထုတ္ကုန္ေတြမွာလည္း ရတဲ့ တန္ဖိုးေတြက နည္းသြားၿပီးေတာ့ သူတို႔ ေတာင္သူေတြက အရင္ဝယ္ထားတဲ့ ပစၥည္းေတြေပါ့၊ စိုက္ပ်ိဳးေရး ပစၥည္းေတြကအစ ဒီတန္ဖိုးေတြနဲ႔ သူတို႔ ရႈံးတာေလးေတြကို ျမင္ေတြ႕ရပါတယ္။ က်ေနာ္တို႔ကေတာ့ ဒီဥစၥာကေတာ့ ဆက္လက္ ေဆြးေႏြးလ်က္ရွိပါတယ္ ခင္ဗ်။”

ဒါေပမဲ့လည္း ဗဟိုဘဏ္က ေဒၚလာေဈး အတက္၊ အက်ကို ထိန္းေၾကာင္း လုပ္ေဆာင္ႏိုင္လိမ့္မယ္လို႔ေတာ့ သူကမျမင္ပါဘူး။

“ဗဟိုဘဏ္ရဲ႕ လုပ္ေဆာင္ခ်က္ေတြက ျပည္တြင္းရဲ႕ ေဒၚလာေဈးကို သူတို႔ ဖန္တီးလုပ္ေဆာင္ၿပီးေတာ့ က်ေအာင္၊ တက္ေအာင္လုပ္လို႔ မရပါဘူး။ အရင္တုန္းကလည္း ဒါမ်ိဳးျဖစ္ဖူးပါတယ္။ ဒါက Supply and Demand ဝယ္လိုအားနဲ႔ ေရာင္းလိုအားအေပၚ မူတည္ၿပီးေတာ့ ျပည္ပက ေဒၚလာေဈးေပါ့ေနာ္ federal reserve ရဲ႕ အတိုးႏႈန္းရယ္၊ ျပည္တြင္းလုပ္ငန္းရွင္ေတြရဲ႕ လိုအပ္ခ်က္ရယ္ ျပည္တြင္းက အေရာင္းအဝယ္ေတြအေပၚမွာ အားလုံး မူတည္ၿပီး သြားပါတယ္။”

၂၀၁၉ ႏွစ္ကုန္ပိုင္းကလည္း အေမရိကန္ေဒၚလာေဈး က်လာတာကို ကာကြယ္ဖို႔ ဗဟိုဘဏ္က ေဒၚလာေငြ ဝယ္ယူခဲ့တာမွာ အဲဒီႏွစ္ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလ ၂လေပါင္း အေမရိကန္ေဒၚလာ သန္း ၂၀၀ ေလာက္ဝယ္ယူခဲ့ပါတယ္။

၂၀၂၀ မတ္လ ၁၀ ရက္ အဂၤါေန႔မွာေတာ့ ေဒၚလာ ၃သန္းကို က်ပ္ေငြေပါက္ေဈး ၁၃၄၃.၂ က်ပ္နဲ႔ ဗဟိုဘဏ္က ပထမအႀကိမ္ဝယ္ယူၿပီး၊ ေဒၚလာ ၆ သန္းကိုေတာ့ က်ပ္ေငြေပါက္ေဈး ၁၃၃၉.၁ က်ပ္နဲ႔ တရက္ထဲမွာပဲ ဒုတိယအႀကိမ္ ဝယ္ယူခဲ့ပါတယ္။

...................

ကျပ်ငွေတန်ဖိုးတက်လာခြင်းက ပို့ကုန်ကို ထိခိုက်နိုင်
(Unicode)

ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ ဒေါ်လာဈေး တဖြည်းဖြည်း ကျလာနေတာကြောင့် စီးပွားရေး လုပ်ငန်း ရှင်တွေ၊ အထူးသဖြင့် ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူတွေ ထိခိုက်နေတယ်လို့ ပြောကြပါတယ်။ ဒေါ်လာဈေးကို ထိန်းညှိဖို့ ဗဟိုဘဏ်က ဈေးပြိုင်စနစ်နဲ့ ဝယ်ယူနေတာဟာလည်း မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးလို့ ဝေဖန်ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံဗဟိုဘဏ်ဟာ ဈေးပြိုင်လေလံစနစ်နဲ့ အမေရိကန်ဒေါ်လာ ၉ သန်းကို ဒီကနေ့ ဝယ်ယူခဲ့ပါတယ်။ ဒေါ်လာဈေးနှုန်းတွေကျနေတဲ့ ကိစ္စကို ထိန်းကြောင်းပေးဖို့ ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း အစိုးရကို ဒီရက်ပိုင်းအတွင်းတိုက်တွန်းခဲ့ပြီးနောက်ပိုင်း ဒါဟာ ဗဟိုဘဏ်က တရက်အတွင်း အများဆုံး ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ဗဟိုဘဏ်က ပြင်ပပေါက်ဈေးထက် မြှင့်ပြီးဝယ်ယူသလို ဒါဟာ ဘက်ဂျက်ဆုံးရှုံးမှုဖြစ်နိုင်တယ်လို့ ဝေဖန်ကြတာလည်းရှိပါတယ်။ ကမ္ဘာမှာဖြစ်တဲ့ ဒေါ်လာဈေးကျနေတဲ့ အခြေအနေမို့ ဒီလိုဝယ်ယူတာဟာ ကမ္ဘာ့ဈေးနှုန်းနဲ့ ပြည်တွင်းဈေးနှုန်း ကွာဟလာနိုင်ကောင်း၊ ဒီနည်းလမ်းကလည်း တိုင်းပြည်ရဲ့ စီးပွားရေးကို မျှောမှန်းသလောက် အကျိုးမဖြစ်နိုင်ကြောင်း ဘက်ဂျက်လေ့လာသူ စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ ကမ္ဘာမှာဒေါ်လာတန်ဖိုးကျနေတယ်ဆိုရင် ကုန်သည်တွေ သူတို့ဝယ်ရတဲ့ သွင်းကုန်ဈေးလည်း ကျမှာပဲ။ အဲဒီတော့ သူတို့အတွက်က ဒီလောက်ကြီး မနစ်နာဘူးလို့ ဆရာတော့မြင်တယ်။ ဒါပေမယ့် ဗဟိုဘဏ်ဘက်က ကြည့်တဲ့အခါကျတော့ လုပ်ငန်းရှင်တွေတောင်းဆိုလာတဲ့ဟာကို လိုက်လျောပြီးတော့ လုပ်တဲ့ပုံစံနဲ့ ဒေါ်လာဝယ်တယ်ပေါ့။ အဲဒါမလုပ်သင့်ဘူးလို့ဘဲ ဆရာတော့ တွက်တယ်။ ဒါပေမဲ့ ဗဟိုဘဏ်ကတော့ အဲဒီအတိုင်းပဲ လုပ်လေ့ရှိတယ်။ အရင်လည်းလုပ်ခဲ့ပြီးပြီး ဒေါ်လာဈေးတက်အောင် အဲအတိုင်းပဲ။ အခုလည်း ဒေါ်လာလိုက်ဝယ်ဆိုတာ ဒေါ်လာဈေးကို ပြန်ထိန်းတဲ့သဘော၊ တက်အောင် ပြန်ထိန်းတဲ့ သဘောပဲ ဖြစ်နေတယ်။”

ကမ္ဘာ့ဒေါ်လာဈေးပြန်မြင့်တက်လာရင်၊ ပြည်တွင်းမှာ ဆွဲတင်ထားတဲ့ ဒေါ်လာဈေးကြောင့် ပိုဈေးတက်လာမျိုးဖြစ်နိုင်ပြီး သွင်းကုန်တွေ ဈေးကြီးလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တချို့က ခန့်မှန်းပါတယ်။

၂၀၁၉ နှစ်ကုန်ပိုင်း အမေရိကန်ဒေါ်လာက မြန်မာကျပ်ငွေ ၁၅၀၀ အောက်ကိုကျသွားရတာက ကုန်သွယ်ရေးကြောင့် ဒေါ်လာဝင်ရောက်တဲ့နှုန်း များလာတာကြောင့်ပါ။ အခုကတော့ ကိုရိုနာဗိုင်းရပ်စ် Covid- 19 တကမ္ဘာလုံးကို ပျံ့နှံ့လာတဲ့ သက်ရောက်မှုကြောင့် ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြည်တွင်းကလုပ်ငန်းရှင်တွေဟာ Covid- 19 ကြောင့် စီးပွားရေး ထိခိုက်နစ်နာတာတွေကို မြန်မာနိုင်ငံ ကုန်သည်နှင့်စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး UMFCCI မှာ အင်္ဂါနေ့က ဆွေးနွေးကြပါတယ်။ တခြားနိုင်ငံတွေက ဒေါ်လာဈေးကျတဲ့အတိုင်း တန်ဖိုးလျှော့ပြီး ထုတ်လုပ်နိုင်ပေမဲ့ မြန်မာကတော့ ဒေါ်လာဈေးတက်ချိန် ဝယ်ယူထားတဲ့ ကုန်ကြမ်းတွေကြောင့် ပြည်ပဈေးကွက်နဲ့ မယှဉ်ပြိုင်နိုင်ပါဘူး။

လက်ရှိတော့ ပို့ကုန်လုပ်ငန်းရှင်တွေ အရှုံးရှိနေကြောင်း UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။

“နောက် မြန်မာနိုင်ငံရဲ့ အိတ်စပို့တွေကလည်း ပြည်ပကို ထုတ်ကုန်တွေမှာလည်း ရတဲ့ တန်ဖိုးတွေက နည်းသွားပြီးတော့ သူတို့ တောင်သူတွေက အရင်ဝယ်ထားတဲ့ ပစ္စည်းတွေပေါ့၊ စိုက်ပျိုးရေး ပစ္စည်းတွေကအစ ဒီတန်ဖိုးတွေနဲ့ သူတို့ ရှုံးတာလေးတွေကို မြင်တွေ့ရပါတယ်။ ကျနော်တို့ကတော့ ဒီဥစ္စာကတော့ ဆက်လက် ဆွေးနွေးလျက်ရှိပါတယ် ခင်ဗျ။”

ဒါပေမဲ့လည်း ဗဟိုဘဏ်က ဒေါ်လာဈေး အတက်၊ အကျကို ထိန်းကြောင်း လုပ်ဆောင်နိုင်လိမ့်မယ်လို့တော့ သူကမမြင်ပါဘူး။

“ဗဟိုဘဏ်ရဲ့ လုပ်ဆောင်ချက်တွေက ပြည်တွင်းရဲ့ ဒေါ်လာဈေးကို သူတို့ ဖန်တီးလုပ်ဆောင်ပြီးတော့ ကျအောင်၊ တက်အောင်လုပ်လို့ မရပါဘူး။ အရင်တုန်းကလည်း ဒါမျိုးဖြစ်ဖူးပါတယ်။ ဒါက Supply and Demand ဝယ်လိုအားနဲ့ ရောင်းလိုအားအပေါ် မူတည်ပြီးတော့ ပြည်ပက ဒေါ်လာဈေးပေါ့နော် federal reserve ရဲ့ အတိုးနှုန်းရယ်၊ ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်ရယ် ပြည်တွင်းက အရောင်းအဝယ်တွေအပေါ်မှာ အားလုံး မူတည်ပြီး သွားပါတယ်။”

၂၀၁၉ နှစ်ကုန်ပိုင်းကလည်း အမေရိကန်ဒေါ်လာဈေး ကျလာတာကို ကာကွယ်ဖို့ ဗဟိုဘဏ်က ဒေါ်လာငွေ ဝယ်ယူခဲ့တာမှာ အဲဒီနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလ ၂လပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက်ဝယ်ယူခဲ့ပါတယ်။

၂၀၂၀ မတ်လ ၁၀ ရက် အင်္ဂါနေ့မှာတော့ ဒေါ်လာ ၃သန်းကို ကျပ်ငွေပေါက်ဈေး ၁၃၄၃.၂ ကျပ်နဲ့ ဗဟိုဘဏ်က ပထမအကြိမ်ဝယ်ယူပြီး၊ ဒေါ်လာ ၆ သန်းကိုတော့ ကျပ်ငွေပေါက်ဈေး ၁၃၃၉.၁ ကျပ်နဲ့ တရက်ထဲမှာပဲ ဒုတိယအကြိမ် ဝယ်ယူခဲ့ပါတယ်။

ေဇာ္ထက္/ VOA (Burmese)
https://burmese.voanews.com
က်ပ္ေငြတန္ဖုိးတက္လာျခင္းက ပုိ႔ကုန္ကုိ ထိခုိက္ႏုိင္ က်ပ္ေငြတန္ဖုိးတက္လာျခင္းက ပုိ႔ကုန္ကုိ ထိခုိက္ႏုိင္ Reviewed by THITHTOOLWIN on 23:40 Rating: 5
Powered by Blogger.