ထိုင္း - ျမန္မာ ခ်စ္ၾကည္ေရးတံတားကေန လူဝင္ထြက္သြားလာခြင့္ ပိတ္ပင္

(Zawgyi)⤵⤵⤵
ထိုင္း-ျမန္မာနယ္စပ္ တာ့ခ႐ိုင္ဘက္ကေန ျမဝတီကို ဝင္ေရာက္ႏိုင္တဲ့ နယ္စပ္ဂိတ္ေတြကေန လူအဝင္အထြက္ေတြ ကို မနက္ျဖန္ကစၿပီး ယာယီဆိုင္းငံေတာ့မယ္လို႔ အမိန႔္ထုတ္ျပန္လိုက္ပါတယ္။

အဲဒီအမိန႔္ေၾကာင့္ ထိုင္းႏိုင္ငံဘက္ကေန ျမန္မာႏိုင္ငံကိုျပန္လာတဲ့ ေ႐ႊ႕ေျပာင္းလုပ္သားေတြမွာ အခက္အခဲေတြ ျဖစ္ေနၿပီး မနက္ျဖန္မွာဆို ေသာင္းနဲ႔ခ်ီၿပီး ထိုင္းနယ္စပ္ မဲေဆာက္ၿမိဳ႕မွာ ပိတ္မိႏိုင္တယ္လို႔ ေ႐ႊ႕ေျပာင္း အလုပ္သမားေရး ေဆာင္႐ြက္သူေတြက ေျပာပါတယ္။

ဒီေန႔မွာလည္း ျမဝတီအမွတ္ ၂ ခ်စ္ၾကည္ေရးတံတားမွာ ထိုင္းဘက္ကေနျပန္လာတဲ့ ျမန္မာအလုပ္သမားေတြ ေထာင္ေပါင္းမ်ားစြာရွိေနၿပီး မနက္ျဖန္မွာ ဝင္ထြက္ခြင့္ ပိတ္လိုက္မယ္ဆိုရင္ ေသာင္းနဲ႔ခ်ီတဲ့ အလုပ္သမားေတြ မဲေဆာက္ၿမိဳ႕ထဲမွာ ပိတ္မိႏိုင္တယ္လို႔ ACC မဟာမိတ္အဖြဲ႕က ကိုရဲမင္းက ေျပာပါတယ္။

“ခ်စ္ၾကည္ေရးတံတား အမွတ္ ၁ ေကာ၊ ၂ ေကာ လူဝင္လူထြက္ေတြကို နယ္စပ္ဂိတ္ေတြ ပိတ္လိုက္မယ္ ဆိုေတာ့ ျမဝတီ - မဲေဆာက္ သြားလာေရး အခက္အခဲျဖစ္တာေပါ့၊ အဓိကေတာ့ နယ္စပ္ေပါ့၊ ထိုင္းႏိုင္ငံကေန ျမန္မာႏိုင္ငံကို အမ်ားဆုံးျပန္လာတဲ့ သၾကၤန္ကာလမွာ ပိတ္လိုက္ေတာ့ အခက္အခဲျဖစ္ႏိုင္တာေပါ့၊ က်ေနာ္တို႔အေနနဲ႔ သက္ဆိုင္ရာအစိုးရအဖြဲ႕ေတြကို အဆင့္ဆင့္တင္ျပၿပီး ေဆာင္႐ြက္ေနပါတယ္”

ေနရပ္ျပန္ အလုပ္သမားေတြ အခက္အခဲ ႀကဳံေတြ႕ရႏိုင္တာနဲ႔ ပတ္သက္ၿပီး ဘန္ေကာက္မွာရွိတဲ့ ျမန္မာသံ႐ုံးကို ဆက္သြယ္ေမးျမန္းေပမယ့္ လက္ခံေျဖၾကားျခင္းမရွိပါဘူး။

ထိုင္းႏိုင္ငံေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ ကို႐ိုနာေရာဂါ ကူးစက္ေနတဲ့ကာလျဖစ္တာေၾကာင့္ သၾကၤန္ကာလမွာ ေနရပ္မျပန္ဖို႔ ၿပီးခဲ့တဲ့မတ္လ ၁၅ ရက္ေန႔မွာ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္႐ုံး က တိုက္တြန္းထားပါတယ္။ ဒါေပမဲ့ ေနရပ္ျပန္အလုပ္သမားေတြ ေန႔စဥ္ရွိေနပါတယ္။

ျမဝတီၿမိဳ႕မွာရွိတဲ့ တံတား ႏွစ္ခုထဲက အမွတ္ ၁ ခ်စ္ၾကည္ေရးတံတားကို မေန႔က စၿပီးထိုင္းဘက္က ပိတ္ထားခဲ့ၿပီး အမွတ္ ၂ ခ်စ္ၾကည္ေရးတံတားကို ဖြင့္ထားတာေၾကာင့္ ဒီေန႔ဆို အဲ့ဒီကေန လူဦးေရ ေထာင္နဲ႔ခ်ီၿပီး ျမန္မာျပည္ထဲ ျပန္ဝင္လာပါတယ္။

မေန႔ကလည္း အမွတ္ ၂ ခ်စ္ၾကည္ေရးတံတားနဲ႔ တံတားေအာက္ဂိတ္ ၃ ခုကေန ျပန္လာတဲ့ ျမန္မာအလုပ္သမား စုစုေပါင္း ခုႏွစ္ေထာင္ေက်ာ္ရွိတယ္လို႔ အလုပ္သမားအေရး ကူညီေနတဲ့ ကိုရဲမင္းက ေျပာပါတယ္။

ထိုင္းဘက္က တံတား ႏွစ္ခုလုံးကို လူဝင္ထြက္ခြင့္ ပိတ္လိုက္မယ့္ အေျခအေနကို ႏွစ္ႏိုင္ငံ အစိုးရခ်င္း ညႇိႏႈိင္း ေဆာင္႐ြက္ႏိုင္ဖို႔ အစိုးရတာဝန္ရွိသူ အဆင္ဆင့္ကို တင္ျပထားတယ္လို႔ ျမဝတီၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က ေျပာပါတယ္။

"ျမန္မာအလုပ္သမားေတြဟာ ထိုင္းဘက္မွာ ကို႐ိုနာဗိုင္းရပ္စ္ကို စိုးရိမ္ၿပီး ေတာ္ေတာ္ေလး ျပန္လာေနၾကၿပီ၊ အခုဆိုလည္း ထိုင္းဘက္ကမ္းမွာ ခုခ်ိန္ထိ လူမကုန္ေသးဘူး၊ တံတားက ၆ နာရီဆို ပိတ္ေတာ့မယ္၊ မနက္ျဖန္ တံတားက လူဝင္လူထြက္ ပိတ္လိုက္ၿပီဆိုေတာ့ ဟိုဘက္ျခမ္းမွာ ထိုင္းကျပန္လာတဲ့ အလုပ္သမားေတြ ေထာင္နဲ႔ခ်ီ ပိတ္မိေနႏိုင္တယ္၊ ဒီေန႔မွာလည္း ထိုင္းႏိုင္ငံအတြင္းပိုင္းက မဲေဆာက္ကိုလာတဲ့ လမ္းတစ္ေလွ်ာက္ မွာ ျမန္မာျပည္သားေတြ ဆက္တိုက္ရွိေနတာေၾကာင့္ မနက္ျဖန္မွာလည္း ေသာင္းနဲ႔ခ်ီၿပီး အလုပ္သမားေတြ မဲေဆာက္မွာ ပိတ္မိေနႏိုင္တယ္"

ထိုင္းႏိုင္ငံမွာ မေန႔က တစ္ရက္ထဲ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၈၀ ရွိခဲ့ၿပီး တစ္ႏိုင္ငံလုံး ေရာဂါပိုးေတြရွိသူ ၆၀၀ နီးပါးရွိေနၿပီလို႔ ထိုင္းက်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ မ်ားလာတာေၾကာင့္ ထိုင္းႏိုင္ငံဘက္က ျမန္မာနယ္စပ္တစ္ေလ်ာက္မွာရွိတဲ့ ဂိတ္ေတြကို လူအဝင္အထြက္ေတြ ယာယီ ရပ္ဆိုင္းလိုက္တာျဖစ္ပါတယ္။ ကုန္ပစၥည္း ကူးသန္းေရာင္းဝယ္မႈ ထိခိုက္မႈနည္းေစဖို႔အတြက္ ကုန္တင္ယာဥ္တစ္စီးကို ယာဥ္ေမာင္းတစ္ဦးနဲ႔ ယာဥ္ေနာက္လိုက္တစ္ဦးစီ ေန႔ခ်င္းျပန္ ဝင္ေရာက္ခြင့္ဆက္ေပးထားမယ္လို႔ ဆိုပါတယ္။

နယ္စပ္ဂိတ္ေတြကေန ဝင္ထြက္ခြင့္ ပိတ္လိုက္တာေၾကာင့္ ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားေတြဟာ ေရာဂါကူးစက္ခံရမွာကို စိုးရိမ္တာေတြရွိေနပါတယ္။

ႏွစ္စဥ္ သၾကၤန္ကာလမွာ သိန္းနဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ေလ့ရွိတဲ့အခ်ိန္ဟာ ဒီႏွစ္မွာေတာ့ ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံအစိုးရရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး အစီအစဥ္ေတြ၊ ကန႔္သတ္ခ်က္ေတြ လုပ္ေဆာင္ေနခ်ိန္နဲ႔ တိုက္ဆိုင္ေနတာ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားကနေ လူဝင်ထွက်သွားလာခွင့် ပိတ်ပင်


ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင်ဘက်ကနေ မြဝတီကို ဝင်ရောက်နိုင်တဲ့ နယ်စပ်ဂိတ်တွေကနေ လူအဝင်အထွက်တွေ ကို မနက်ဖြန်ကစပြီး ယာယီဆိုင်းငံတော့မယ်လို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအမိန့်ကြောင့် ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံကိုပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေမှာ အခက်အခဲတွေ ဖြစ်နေပြီး မနက်ဖြန်မှာဆို သောင်းနဲ့ချီပြီး ထိုင်းနယ်စပ် မဲဆောက်မြို့မှာ ပိတ်မိနိုင်တယ်လို့ ရွှေ့ပြောင်း အလုပ်သမားရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ဒီနေ့မှာလည်း မြဝတီအမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ထိုင်းဘက်ကနေပြန်လာတဲ့ မြန်မာအလုပ်သမားတွေ ထောင်ပေါင်းများစွာရှိနေပြီး မနက်ဖြန်မှာ ဝင်ထွက်ခွင့် ပိတ်လိုက်မယ်ဆိုရင် သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ မဲဆောက်မြို့ထဲမှာ ပိတ်မိနိုင်တယ်လို့ ACC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

“ချစ်ကြည်ရေးတံတား အမှတ် ၁ ကော၊ ၂ ကော လူဝင်လူထွက်တွေကို နယ်စပ်ဂိတ်တွေ ပိတ်လိုက်မယ် ဆိုတော့ မြဝတီ - မဲဆောက် သွားလာရေး အခက်အခဲဖြစ်တာပေါ့၊ အဓိကတော့ နယ်စပ်ပေါ့၊ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို အများဆုံးပြန်လာတဲ့ သင်္ကြန်ကာလမှာ ပိတ်လိုက်တော့ အခက်အခဲဖြစ်နိုင်တာပေါ့၊ ကျနော်တို့အနေနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့တွေကို အဆင့်ဆင့်တင်ပြပြီး ဆောင်ရွက်နေပါတယ်”

နေရပ်ပြန် အလုပ်သမားတွေ အခက်အခဲ ကြုံတွေ့ရနိုင်တာနဲ့ ပတ်သက်ပြီး ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

ထိုင်းနိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုရိုနာရောဂါ ကူးစက်နေတဲ့ကာလဖြစ်တာကြောင့် သင်္ကြန်ကာလမှာ နေရပ်မပြန်ဖို့ ပြီးခဲ့တဲ့မတ်လ ၁၅ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး က တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ နေရပ်ပြန်အလုပ်သမားတွေ နေ့စဉ်ရှိနေပါတယ်။

မြဝတီမြို့မှာရှိတဲ့ တံတား နှစ်ခုထဲက အမှတ် ၁ ချစ်ကြည်ရေးတံတားကို မနေ့က စပြီးထိုင်းဘက်က ပိတ်ထားခဲ့ပြီး အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဖွင့်ထားတာကြောင့် ဒီနေ့ဆို အဲ့ဒီကနေ လူဦးရေ ထောင်နဲ့ချီပြီး မြန်မာပြည်ထဲ ပြန်ဝင်လာပါတယ်။

မနေ့ကလည်း အမှတ် ၂ ချစ်ကြည်ရေးတံတားနဲ့ တံတားအောက်ဂိတ် ၃ ခုကနေ ပြန်လာတဲ့ မြန်မာအလုပ်သမား စုစုပေါင်း ခုနှစ်ထောင်ကျော်ရှိတယ်လို့ အလုပ်သမားအရေး ကူညီနေတဲ့ ကိုရဲမင်းက ပြောပါတယ်။

ထိုင်းဘက်က တံတား နှစ်ခုလုံးကို လူဝင်ထွက်ခွင့် ပိတ်လိုက်မယ့် အခြေအနေကို နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့ အစိုးရတာဝန်ရှိသူ အဆင်ဆင့်ကို တင်ပြထားတယ်လို့ မြဝတီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

"မြန်မာအလုပ်သမားတွေဟာ ထိုင်းဘက်မှာ ကိုရိုနာဗိုင်းရပ်စ်ကို စိုးရိမ်ပြီး တော်တော်လေး ပြန်လာနေကြပြီ၊ အခုဆိုလည်း ထိုင်းဘက်ကမ်းမှာ ခုချိန်ထိ လူမကုန်သေးဘူး၊ တံတားက ၆ နာရီဆို ပိတ်တော့မယ်၊ မနက်ဖြန် တံတားက လူဝင်လူထွက် ပိတ်လိုက်ပြီဆိုတော့ ဟိုဘက်ခြမ်းမှာ ထိုင်းကပြန်လာတဲ့ အလုပ်သမားတွေ ထောင်နဲ့ချီ ပိတ်မိနေနိုင်တယ်၊ ဒီနေ့မှာလည်း ထိုင်းနိုင်ငံအတွင်းပိုင်းက မဲဆောက်ကိုလာတဲ့ လမ်းတစ်လျှောက် မှာ မြန်မာပြည်သားတွေ ဆက်တိုက်ရှိနေတာကြောင့် မနက်ဖြန်မှာလည်း သောင်းနဲ့ချီပြီး အလုပ်သမားတွေ မဲဆောက်မှာ ပိတ်မိနေနိုင်တယ်"

ထိုင်းနိုင်ငံမှာ မနေ့က တစ်ရက်ထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၀ ရှိခဲ့ပြီး တစ်နိုင်ငံလုံး ရောဂါပိုးတွေရှိသူ ၆၀၀ နီးပါးရှိနေပြီလို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ များလာတာကြောင့် ထိုင်းနိုင်ငံဘက်က မြန်မာနယ်စပ်တစ်လျောက်မှာရှိတဲ့ ဂိတ်တွေကို လူအဝင်အထွက်တွေ ယာယီ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ကုန်ပစ္စည်း ကူးသန်းရောင်းဝယ်မှု ထိခိုက်မှုနည်းစေဖို့အတွက် ကုန်တင်ယာဉ်တစ်စီးကို ယာဉ်မောင်းတစ်ဦးနဲ့ ယာဉ်နောက်လိုက်တစ်ဦးစီ နေ့ချင်းပြန် ဝင်ရောက်ခွင့်ဆက်ပေးထားမယ်လို့ ဆိုပါတယ်။

နယ်စပ်ဂိတ်တွေကနေ ဝင်ထွက်ခွင့် ပိတ်လိုက်တာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဟာ ရောဂါကူးစက်ခံရမှာကို စိုးရိမ်တာတွေရှိနေပါတယ်။

နှစ်စဉ် သင်္ကြန်ကာလမှာ သိန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်လေ့ရှိတဲ့အချိန်ဟာ ဒီနှစ်မှာတော့ ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အစီအစဉ်တွေ၊ ကန့်သတ်ချက်တွေ လုပ်ဆောင်နေချိန်နဲ့ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ထိုင္း - ျမန္မာ ခ်စ္ၾကည္ေရးတံတားကေန လူဝင္ထြက္သြားလာခြင့္ ပိတ္ပင္ ထိုင္း - ျမန္မာ ခ်စ္ၾကည္ေရးတံတားကေန လူဝင္ထြက္သြားလာခြင့္ ပိတ္ပင္ Reviewed by THITHTOOLWIN on 01:12 Rating: 5
Powered by Blogger.