ဝက္လက္ၿမိဳ႕နယ္၌ ရပ္ထားသည့္ေျခာက္ဘီးယာဥ္ကို ေနာက္မွဝင္တိုက္မိ၍ လူတစ္ဦးေသဆုံး

(Zawgyi)⤵⤵⤵
ဝက္လက္ မတ္ ၁၉

စစ္ကိုင္းတိုင္းေဒသႀကီး ဝက္လက္ၿမိဳ႕နယ္တြင္ မတ္ ၁၉ ရက္ နံနက္ပိုင္းက ရပ္ထားသည့္ေျခာက္ဘီးယာဥ္ကို ဘီတာဆလြန္း ယာဥ္ကေနာက္မွ ဝင္တိုက္မိ၍ လူတစ္ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မတ္ ၁၉ ရက္ နံနက္ ၁ နာရီ ၅ မိနစ္ခန္႔က ေ႐ႊဘို -မႏၲေလးသြားကားလမ္းအတိုင္း ေျမာက္မွေတာင္သို႔ အမွတ္ (၁) ရပ္ကြက္၊ ရတနာရပ္၊ ဝက္လက္ၿမိဳ႕ေန ယာဥ္ေမာင္း ေနလင္း (၅၄ ႏွစ္) ေမာင္းႏွင္ၿပီး၊ ယာဥ္ေပၚတြင္ ဦးေက်ာ္ေသာင္း၊ ဦးႏွင္းေအာင္ တို႔လိုက္ပါလာေသာ အျဖဴေရာင္ ဘီတာဆလြန္းယာဥ္မွာ ဝက္လက္ၿမိဳ႕နယ္ စိုင္ႏိုင္ေလးေက်း႐ြာ ျပည္ေတာ္ေအးဘုရားအနီး၊ လမ္း၏ ယာဘက္ျခမ္းတြင္ ပ်က္၍ျပင္ရန္ မီးစုံဖြင့္ၿပီး ရပ္ထားေသာ ေျခာက္ဘီးယာဥ္အား အရွိန္မထိန္းႏိုင္ဘဲ ေနာက္မွဝင္ေရာက္ တိုက္မိသျဖင့္ ယာဥ္ေမာင္း ေနလင္းႏွင့္ ယာဥ္ေပၚပါ ဦးႏွင္းေအာင္ တို႔တြင္ ဒဏ္ရာမ်ားရရွိခဲ့ၿပီး၊ ဦးေက်ာ္ေသာင္းမွာ ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဝက္လက္ၿမိဳ႕မရဲစခန္းက အမႈဖြင့္ အေရးယူေဆာင္႐ြက္ေနေၾကာင္း သိရသည္။

မိုးေသာက္(ေ႐ႊဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
--------------
(Unicode)⤵⤵⤵
ဝက်လက်မြို့နယ်၌ ရပ်ထားသည့်ခြောက်ဘီးယာဉ်ကို နောက်မှဝင်တိုက်မိ၍ လူတစ်ဦးသေဆုံး

ဝက်လက် မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် မတ် ၁၉ ရက် နံနက်ပိုင်းက ရပ်ထားသည့်ခြောက်ဘီးယာဉ်ကို ဘီတာဆလွန်း ယာဉ်ကနောက်မှ ဝင်တိုက်မိ၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၉ ရက် နံနက် ၁ နာရီ ၅ မိနစ်ခန့်က ရွှေဘို -မန္တလေးသွားကားလမ်းအတိုင်း မြောက်မှတောင်သို့ အမှတ် (၁) ရပ်ကွက်၊ ရတနာရပ်၊ ဝက်လက်မြို့နေ ယာဉ်မောင်း နေလင်း (၅၄ နှစ်) မောင်းနှင်ပြီး၊ ယာဉ်ပေါ်တွင် ဦးကျော်သောင်း၊ ဦးနှင်းအောင် တို့လိုက်ပါလာသော အဖြူရောင် ဘီတာဆလွန်းယာဉ်မှာ ဝက်လက်မြို့နယ် စိုင်နိုင်လေးကျေးရွာ ပြည်တော်အေးဘုရားအနီး၊ လမ်း၏ ယာဘက်ခြမ်းတွင် ပျက်၍ပြင်ရန် မီးစုံဖွင့်ပြီး ရပ်ထားသော ခြောက်ဘီးယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက် တိုက်မိသဖြင့် ယာဉ်မောင်း နေလင်းနှင့် ယာဉ်ပေါ်ပါ ဦးနှင်းအောင် တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး၊ ဦးကျော်သောင်းမှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝက်လက်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

မိုးသောက်(ရွှေဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဝက္လက္ၿမိဳ႕နယ္၌ ရပ္ထားသည့္ေျခာက္ဘီးယာဥ္ကို ေနာက္မွဝင္တိုက္မိ၍ လူတစ္ဦးေသဆုံး ဝက္လက္ၿမိဳ႕နယ္၌ ရပ္ထားသည့္ေျခာက္ဘီးယာဥ္ကို ေနာက္မွဝင္တိုက္မိ၍ လူတစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.