က်ပ္ သန္းေပါင္း ၄ ေသာင္းဖိုး မူးယစ္ေဆးေတြ မူဆယ္ျပည္သူ႔စစ္ေတြနဲ႔ ဆက္စပ္မႈ႐ွိႏိုင္

က်ပ္ သန္းေပါင္း ၄ ေသာင္းဖိုး မူးယစ္ေဆးေတြ ပိုင္ရွင္မဲ့ ဖမ္းမိ ( ဓာတ္ပုံ-တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး)
(Zawgyi/Unicode)

ရွမ္းျပည္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ထဲမွာ ဒီသီတင္းပတ္အတြင္း သိမ္းဆည္းရမိ ခဲ့တဲ့ မူးယစ္ေဆးဝါးေတြနဲ႔ မူးယစ္ေဆးထုတ္လုပ္ရာမွာ သုံးတဲ့ဆက္စပ္ ပစၥည္းေတြဟာ ကာလ တန္ဖိုးအားျဖင့္ က်ပ္ေငြ ၃၈ ဘီလီယံ ေက်ာ္ တန္ေၾကာင္းနဲ႔ ဒီ မူးယစ္ေဆးေတြကို ပိုင္ရွင္မဲ့ဖမ္းမိတာ ျဖစ္တဲ့အတြက္ ဆက္လက္ စုံစမ္း စစ္ေဆးေနတယ္လို႔ တပ္မေတာ္ ေျပာခြင့္ရက ေျပာပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ေမခက ေပးပို႔ထားပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးေက်း႐ြာအနီးမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၈ ရက္ ကေန မတ္လ ၁ ရက္ ေန႔ အတြင္း က်ပ္ေငြ ၃၈ ဘီလီယံ ေက်ာ္ တန္ေၾကးရွိတဲ့ မူးယစ္ေဆးဝါးနဲ႔ မူးယစ္ေဆးထုတ္လုပ္ ရာမွာ အသုံးျပဳတဲ့ ပစၥည္းေတြ ဖမ္းဆီး ရမိ ခဲ့တယ္လို႔ တပ္မေတာ္ သတင္း မွန္ျပန္ၾကားေရးအဖြဲ႕ ေျပာခြင့္ရ ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းက VOA ကို ေျပာပါတယ္။

“ က်ေနာ္တို႔ ၃ ရက္ပါ။ ၂၈၊ ၂၉၊ ၁ ရက္ေန႔ ၃ ရက္ေန႔ေတြမွာ ဖမ္းဆီး ရမိခဲ့တာ ျဖစ္ပါတယ္။ စုစုေပါင္း တန္ဖိုးက ၃၈ ဘီလီယ ံရွိပါတယ္။ မူးယစ္ေဆး ဆက္စပ္ပစၥည္းေတြရယ္၊ ထုတ္လုပ္တာမွာ သုံးတဲ့ ပစၥည္းေတြရယ္ေပါ့။”

စိတ္ႂကြေဆးေတြနဲ႔အတူ မူးယစ္ေဆးဝါး ခ်က္လုပ္ရာမွာ အသုံးျပဳတဲ့ ဂက္စ္ မီးဖိုေတြ၊ ဓာတု ေဆးရည္ ေတြနဲ႔ ၊ ေဆးျပား႐ိုက္ထုတ္တဲ့ စက္ေတြ အျပင္ သယ္ယူပို႔ေဆာင္ေရးယာဥ္ေတြ ကိုပါ သိမ္းဆည္း ရမိခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ေဖေဖာ္ဝါရီ ၂၉ ရက္မွာလည္း ရွမ္းျပည္နယ္အေရွ႕ မိုင္းပန္ၿမိဳ႕နယ္ တာဆန္းတံတား ပူးေပါင္း စစ္ေဆးေရး ဂိတ္ မွာလည္း က်ပ္သိန္း (၆၀၃၀) တန္ဖိုးရွိတဲ့ မူးယစ္ေဆးေတြ မိခဲ့တယ္လို႔ ေျပာ ပါတယ္။ ဒါေပမယ့္ ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးဝါး ေတြဟာ ပိုင္ရွင္မဲ့ေတြ ျဖစ္ေနတာပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ရွမ္းျပည္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္အတြင္း လႈပ္ရွားေနတဲ့ ျပည္သူ႔စစ္ တပ္ဖြဲ႕ ေတြကို သူတို႔ ရဲ႕ ဌာေနျပန္ၾကဖို႔ တပ္မေတာ္ ဘက္က အေၾကာင္းၾကားၿပီး မၾကာခင္မွာပဲ အခုလို မူးယစ္ေဆးေတြ အလုံးအရင္းနဲ႔ ဖမ္းမိခဲ့တာျဖစ္ပါတယ္။

မူဆယ္ၿမိဳ႕နယ္ အတြင္း လႈပ္ရွားေနတဲ့ ျပည္သူ႔စစ္ေတြကို ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔ မွာ တပ္မေတာ္က အစည္းအေဝး ေခၚယူခဲ့ၿပီး ျပည္သူ႔စစ္ တပ္ဖြဲ႕ ေတြ ဌာေနျပန္ဖို႔ ေျပာဆိုခဲ့တာပါ။ အဲဒီထဲမွာ အခု မူးယစ္ေဆးေတြ အမ်ားအျပားမိတဲ့ ေကာင္းခါး႐ြာ နားမွာ လႈပ္ရွားေနတဲ့ ေကာင္းခါးျပည္သူ႔စစ္၊ မုံးေပၚျပည္သူ႔စစ္နဲ႔ ၿမိဳ႕မ ျပည္သူ႔စစ္တပ္ဖြဲ႕ တို႔ ပါဝင္ေနပါတယ္။

ဒါေၾကာင့္ အခုလို မူးယစ္ေဆးေတြ ဖမ္းဆီးရမိတာဟာ ျပည္သူစစ္ေတြရဲ႕ လႈပ္ရွားမႈကို ကန႔္သတ္လိုက္တာနဲ႔ ပတ္သက္ၿပီး ဆက္စပ္မႈရွိမရွိ VOA က ေမး ျမန္းရာမွာေတာ့ ဗိုလ္မႈးခ်ဳပ္ေဇာ္မင္းထြန္းက အခုလို ေျဖၾကားပါတယ္။

“ ဒါကေတာ့ က်ေနာ္တို႔ တပ္အပ္ စြပ္စြဲဖို႔ ကေတာ့ ခက္ပါတယ္။ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ လက္နက္ကိုင္ အဖြဲ႕ေတြလည္းျဖစ္၊ နယ္စပ္မွာေနတဲ့ အဖြဲ႕ေတြ ဆိုေတာ့ ဆက္စက္မႈ ရွိႏိုင္တယ္ လို႔ဘဲ ေျပာလို႔ရမွာေပါ့လို႔ ေျပာရမွာေပါ့။”

လက္ရွိမွာ မူဆယ္မွာလႈပ္ရွားေနတဲ့ ျပည္သူ႔စစ္ေတြကို တပ္မေတာ္ဘက္က ခ်ေပးထားတဲ့ ေနရာ ျပန္သြားဖို႔၊ ၿမိဳ႕မျပည္သူ႔စစ္ ကလြဲၿပီး က်န္ျပည္သူ႔စစ္ေတြ သူတို႔ရဲ႕တပ္ျပင္ပကို လက္နက္ ခဲယမ္းေတြ ကိုင္ေဆာင္သြားျခင္း မျပဳဖို႔ တပ္မေတာ္ဘက္က ေျပာဆိုထားတာပါ။

မူဆယ္ၿမိဳ႕နယ္ အတြင္းမွာ ျပည္သူ႔စစ္ တပ္ဖြဲ႕ ၁၀ ဖြဲ႕ ထက္မနည္း ရွိေနတဲ့ အျပင္ သူတို႔ဟာ စီးပြားေရး လုပ္ကိုင္ၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

လက္ရွိ မူဆယ္ၿမိဳ႕နယ္တြင္း မူးယစ္ေဆး အမ်ားအျပား ဖမ္းဆီး ရမိတာနဲ႔ ၿမိဳ႕နယ္တြင္းမွာ လႈပ္ရွား ေနတဲ့ ျပည္သူ႔စစ္ အခ်ိဳ႕ကို ဌာေနျပန္ ဖို႔ တပ္မေတာ္ဘက္က ၫႊန္ၾကား တာေတြနဲ႔ ပတ္သက္ၿပီး မူဆယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းေက်ာ္သိန္းက ႀကိဳဆိုလိုက္ ပါတယ္။

“ခုလို ေတာ္ေတာ္မ်ားမ်ား ဖမ္းမိတဲ့အတြက္ က်ေနာ္တို႔ ဝမ္းသာတယ္။ ႀကိဳဆိုတယ္။ က်ေနာ္တို႔ လူငယ္ေတြ ဆီကိုေရာက္လာမယ့္ မူယစ္ေဆးေတြ ေတာ္ေတာ္ေလးနည္းသြား တယ္ လို႔ ယူဆတယ္။ ဒါက ေကာင္းတဲ့လုပ္ငန္းေတြပါ။ ေနာက္ၿပီးေတာ့ ျပည္သူ႔ စစ္ေတြနဲ႔ပတ္သက္ၿပီး ဌာေနျပန္ဖို႔ ဆိုတာကလည္း က်ေနာ္တုိ႔လည္း ၾကားတယ္။ ဒါေပမယ့္ တခုရွိတာကေတာ့ ၾကားတယ္ဆိုတာ ညႊန္ၾကားခ်က္ အတိအက် ထုတ္တာကေတာ့ က်ေနာ္တုိ႔ သက္ေသျပလို႔ မရဘူးဗ်ာ ဆိုေတာ့ျပည္သူစစ္ ေတြက က်ေနာ္တို႔ ေဒသမွာ ျပည္သူ႕စစ္ေတြ မ်ားတဲ့အတြက္ေၾကာင့္ တခုခု တစံုတခုခု ျပည္သူေတြနဲ႔ ျဖစ္ရင္ ဘယ္ျပည္သူ႔စစ္ဆိုတာ ေျပာရခက္တယ္။ လိုက္ရခက္တယ္။ ဆိုေတာ့ ျပည္သူစစ္ကို ဌာေနျပန္ခိုင္းတဲ့အတြက္ေၾကာင့္ က်ေနာ္တုိ႔ ေဒသမွာရွိတဲ့ ျပည္သူေတြကလည္း ၀မ္းသာတယ္ဗ်ာ။”

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္း ဘိန္းစိုက္ပ်ိဳးထုတ္လုပ္မႈ ၁၁ ရာခိုင္ႏႈန္း က်ဆင္း သြားတယ္လို႔ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈႏွိမ္ႏွင္းေရး ဆိုင္ရာ ကုလသမဂၢ႐ုံး (UNODC) က ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားၿပီး လက္နက္ကိုင္စစ္ပြဲေတြ ရွိေနတဲ့ ရွမ္း၊ ခ်င္းနဲ႔ ကယားျပည္နယ္ေတြမွာေတာ့ သိသိသာသာ က်ဆင္းသြားတယ္လို႔ ဆိုပါတယ္။

အခုလို ဘိန္းစိုက္ပ်ိဳးမႈ က်ဆင္းေနေပမယ့္ ေဒသတြင္းမွာ စိတ္ႂကြ ေဆးျပားေတြ ဖမ္းဆီးရမိမႈ တိုးလာေနတဲ့ အတြက္ ေဒသခံေတြက စိုးရိမ္ေနၾကပါတယ္။

........

ကျပ် သန်းပေါင်း ၄ သောင်းဖိုး မူးယစ်ဆေးတွေ မူဆယ်ပြည်သူ့စစ်တွေနဲ့ ဆက်စပ်မှုရှိနိုင်

(Unicode)

ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ ဒီသီတင်းပတ်အတွင်း သိမ်းဆည်းရမိ ခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးထုတ်လုပ်ရာမှာ သုံးတဲ့ဆက်စပ် ပစ္စည်းတွေဟာ ကာလ တန်ဖိုးအားဖြင့် ကျပ်ငွေ ၃၈ ဘီလီယံ ကျော် တန်ကြောင်းနဲ့ ဒီ မူးယစ်ဆေးတွေကို ပိုင်ရှင်မဲ့ဖမ်းမိတာ ဖြစ်တဲ့အတွက် ဆက်လက် စုံစမ်း စစ်ဆေးနေတယ်လို့ တပ်မတော် ပြောခွင့်ရက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မေခက ပေးပို့ထားပါတယ်။

ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက် ကနေ မတ်လ ၁ ရက် နေ့ အတွင်း ကျပ်ငွေ ၃၈ ဘီလီယံ ကျော် တန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးထုတ်လုပ် ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ဖမ်းဆီး ရမိ ခဲ့တယ်လို့ တပ်မတော် သတင်း မှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက VOA ကို ပြောပါတယ်။

“ ကျနော်တို့ ၃ ရက်ပါ။ ၂၈၊ ၂၉၊ ၁ ရက်နေ့ ၃ ရက်နေ့တွေမှာ ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း တန်ဖိုးက ၃၈ ဘီလီယ ံရှိပါတယ်။ မူးယစ်ဆေး ဆက်စပ်ပစ္စည်းတွေရယ်၊ ထုတ်လုပ်တာမှာ သုံးတဲ့ ပစ္စည်းတွေရယ်ပေါ့။”

စိတ်ကြွဆေးတွေနဲ့အတူ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဂက်စ် မီးဖိုတွေ၊ ဓာတု ဆေးရည် တွေနဲ့ ၊ ဆေးပြားရိုက်ထုတ်တဲ့ စက်တွေ အပြင် သယ်ယူပို့ဆောင်ရေးယာဉ်တွေ ကိုပါ သိမ်းဆည်း ရမိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၉ ရက်မှာလည်း ရှမ်းပြည်နယ်အရှေ့ မိုင်းပန်မြို့နယ် တာဆန်းတံတား ပူးပေါင်း စစ်ဆေးရေး ဂိတ် မှာလည်း ကျပ်သိန်း (၆၀၃၀) တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ မိခဲ့တယ်လို့ ပြော ပါတယ်။ ဒါပေမယ့် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး တွေဟာ ပိုင်ရှင်မဲ့တွေ ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့ ပြည်သူ့စစ် တပ်ဖွဲ့ တွေကို သူတို့ ရဲ့ ဌာနေပြန်ကြဖို့ တပ်မတော် ဘက်က အကြောင်းကြားပြီး မကြာခင်မှာပဲ အခုလို မူးယစ်ဆေးတွေ အလုံးအရင်းနဲ့ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

မူဆယ်မြို့နယ် အတွင်း လှုပ်ရှားနေတဲ့ ပြည်သူ့စစ်တွေကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ မှာ တပ်မတော်က အစည်းအဝေး ခေါ်ယူခဲ့ပြီး ပြည်သူ့စစ် တပ်ဖွဲ့ တွေ ဌာနေပြန်ဖို့ ပြောဆိုခဲ့တာပါ။ အဲဒီထဲမှာ အခု မူးယစ်ဆေးတွေ အများအပြားမိတဲ့ ကောင်းခါးရွာ နားမှာ လှုပ်ရှားနေတဲ့ ကောင်းခါးပြည်သူ့စစ်၊ မုံးပေါ်ပြည်သူ့စစ်နဲ့ မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ တို့ ပါဝင်နေပါတယ်။

ဒါကြောင့် အခုလို မူးယစ်ဆေးတွေ ဖမ်းဆီးရမိတာဟာ ပြည်သူစစ်တွေရဲ့ လှုပ်ရှားမှုကို ကန့်သတ်လိုက်တာနဲ့ ပတ်သက်ပြီး ဆက်စပ်မှုရှိမရှိ VOA က မေး မြန်းရာမှာတော့ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက အခုလို ဖြေကြားပါတယ်။

“ ဒါကတော့ ကျနော်တို့ တပ်အပ် စွပ်စွဲဖို့ ကတော့ ခက်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ လက်နက်ကိုင် အဖွဲ့တွေလည်းဖြစ်၊ နယ်စပ်မှာနေတဲ့ အဖွဲ့တွေ ဆိုတော့ ဆက်စက်မှု ရှိနိုင်တယ် လို့ဘဲ ပြောလို့ရမှာပေါ့လို့ ပြောရမှာပေါ့။”

လက်ရှိမှာ မူဆယ်မှာလှုပ်ရှားနေတဲ့ ပြည်သူ့စစ်တွေကို တပ်မတော်ဘက်က ချပေးထားတဲ့ နေရာ ပြန်သွားဖို့၊ မြို့မပြည်သူ့စစ် ကလွဲပြီး ကျန်ပြည်သူ့စစ်တွေ သူတို့ရဲ့တပ်ပြင်ပကို လက်နက် ခဲယမ်းတွေ ကိုင်ဆောင်သွားခြင်း မပြုဖို့ တပ်မတော်ဘက်က ပြောဆိုထားတာပါ။

မူဆယ်မြို့နယ် အတွင်းမှာ ပြည်သူ့စစ် တပ်ဖွဲ့ ၁၀ ဖွဲ့ ထက်မနည်း ရှိနေတဲ့ အပြင် သူတို့ဟာ စီးပွားရေး လုပ်ကိုင်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မူဆယ်မြို့နယ်တွင်း မူးယစ်ဆေး အများအပြား ဖမ်းဆီး ရမိတာနဲ့ မြို့နယ်တွင်းမှာ လှုပ်ရှား နေတဲ့ ပြည်သူ့စစ် အချို့ကို ဌာနေပြန် ဖို့ တပ်မတော်ဘက်က ညွှန်ကြား တာတွေနဲ့ ပတ်သက်ပြီး မူဆယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သိန်းက ကြိုဆိုလိုက် ပါတယ်။

“ခုလို တော်တော်များများ ဖမ်းမိတဲ့အတွက် ကျနော်တို့ ဝမ်းသာတယ်။ ကြိုဆိုတယ်။ ကျနော်တို့ လူငယ်တွေ ဆီကိုရောက်လာမယ့် မူယစ်ဆေးတွေ တော်တော်လေးနည်းသွား တယ် လို့ ယူဆတယ်။ ဒါက ကောင်းတဲ့လုပ်ငန်းတွေပါ။ နောက်ပြီးတော့ ပြည်သူ့ စစ်တွေနဲ့ပတ်သက်ပြီး ဌာနေပြန်ဖို့ ဆိုတာကလည်း ကျနော်တို့လည်း ကြားတယ်။ ဒါပေမယ့် တခုရှိတာကတော့ ကြားတယ်ဆိုတာ ညွှန်ကြားချက် အတိအကျ ထုတ်တာကတော့ ကျနော်တို့ သက်သေပြလို့ မရဘူးဗျာ ဆိုတော့ပြည်သူစစ် တွေက ကျနော်တို့ ဒေသမှာ ပြည်သူ့စစ်တွေ များတဲ့အတွက်ကြောင့် တခုခု တစုံတခုခု ပြည်သူတွေနဲ့ ဖြစ်ရင် ဘယ်ပြည်သူ့စစ်ဆိုတာ ပြောရခက်တယ်။ လိုက်ရခက်တယ်။ ဆိုတော့ ပြည်သူစစ်ကို ဌာနေပြန်ခိုင်းတဲ့အတွက်ကြောင့် ကျနော်တို့ ဒေသမှာရှိတဲ့ ပြည်သူတွေကလည်း ဝမ်းသာတယ်ဗျာ။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ၁၁ ရာခိုင်နှုန်း ကျဆင်း သွားတယ်လို့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နှင်းရေး ဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပြီး လက်နက်ကိုင်စစ်ပွဲတွေ ရှိနေတဲ့ ရှမ်း၊ ချင်းနဲ့ ကယားပြည်နယ်တွေမှာတော့ သိသိသာသာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

အခုလို ဘိန်းစိုက်ပျိုးမှု ကျဆင်းနေပေမယ့် ဒေသတွင်းမှာ စိတ်ကြွ ဆေးပြားတွေ ဖမ်းဆီးရမိမှု တိုးလာနေတဲ့ အတွက် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ေမခ / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
က်ပ္ သန္းေပါင္း ၄ ေသာင္းဖိုး မူးယစ္ေဆးေတြ မူဆယ္ျပည္သူ႔စစ္ေတြနဲ႔ ဆက္စပ္မႈ႐ွိႏိုင္ က်ပ္ သန္းေပါင္း ၄ ေသာင္းဖိုး မူးယစ္ေဆးေတြ မူဆယ္ျပည္သူ႔စစ္ေတြနဲ႔ ဆက္စပ္မႈ႐ွိႏိုင္ Reviewed by THITHTOOLWIN on 11:04 Rating: 5
Powered by Blogger.