ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ထိန္းခ်ဳပ္ေရးေကာ္မတီ ဒုသမၼတ ဦးေဆာင္ဖြဲ႕စည္


(Zawgyi)⤵⤵⤵
■ ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚ တုံ႔ျပန္ေရး ေကာ္မတီကို ဒုတိယသမၼတ (၁) ဦးျမင့္ေဆြက ဦးေဆာင္ၿပီး ျပည္ထဲေရး၊ ကာကြယ္ေရးနဲ႔ ဝန္ႀကီးဌာနက အသီးသီးက ဝန္ႀကီးေတြနဲ႔ ေပါင္းစပ္ဖြဲ႕စည္းလိုက္ေၾကာင္း သမၼတ ဦးဝင္းျမင့္ အမိန႔္နဲ႔ ဒီေန႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ေကာ္မတီကို ဒုတိယ သမၼတ (၁) ဦးျမင့္ေဆြက ဥကၠ႒ တာဝန္ယူၿပီး ကာကြယ္ေရးဝန္ႀကီး၊ နယ္စပ္ေရးရာဝန္ႀကီး၊ သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီး၊ အလုပ္သမား၊ လူဝန္မူႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီး၊ ( ၾကည္း၊ေရ၊ေလ ) ညႇိဳႏႈိင္းကြပ္ကဲေရးမႉး ၊ ျပည္ထဲေရးဝန္ႀကီး စတဲ့ ဝန္ႀကီးဌာနေတြက တာဝန္ရွိသူေတြလည္း ပါဝင္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမႈဟာ တစ္မ်ိဳးသားလုံးနဲ႔ဆိုင္တဲ့ အမ်ိဳးသားေရးကိစၥျဖစ္တဲ့အတြက္ တပ္မေတာ္အေနနဲ႔ ကူညီေဆာင္႐ြက္ေပးႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားၿပီးျဖစ္တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက မတ္လ ၂၈ ရက္ေန႔က က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ေနသူေတြနဲ႔ အနီးကပ္ ထိေတြ႕ေနသူ အားလုံးကို ေရာဂါလကၡဏာျပတဲ့အထိ ေစာင့္မေနဘဲ စုံစမ္းရွာေဖြၿပီး အျမန္ဆုံး စစ္ေဆး ထိန္းခ်ဳပ္မူေတြလုပ္ဖို႔၊ ထိုင္းႏိုင္ငံနဲ႔ ျပည္ပႏိုင္ငံေတြက ျပန္လာသူအားလုံးကို ေနျပည္ေတာ္ေကာင္စီ၊ တိုင္းနဲ႔ ျပည္နယ္ အစိုးရေတြ ပူးေပါင္းၿပီး စနစ္တက် ေစာင့္ၾကည့္ကုသေရး ေဆာင္႐ြက္တဲ့အခ်ိန္မွာ ေရာဂါပိုး ကူးစက္သူေတြကို ေတြ႕ရွိရင္ သူတို႔နဲ႔ ထိေတြ႕သူေတြကို စုံစမ္းရွာေဖြၿပီး ေစာင့္ၾကည့္ကုသမူေတြ လုပ္ဖို႔ ေကာ္မတီရဲ႕ တာဝန္မွာ ပါရွိပါတယ္။

ေဒသတစ္ခုမွာ ေစာင့္ၾကည့္ကုသမူေတြ ျပဳလုပ္ဖို႔ လိုအပ္လာရင္ တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္ေဆာင္႐ြက္ဖို႔နဲ႔ အဲဒီလို ေဆာင္႐ြက္တဲ့ေနရာမွာ စားနပ္ရိကၡာ၊ က်န္းမာေရးေစာင့္ေရွာက္မူ၊ စိတ္ဓာတ္ေရးရာ ျမႇင့္တင္ေပးတဲ့ လုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔ ဌာနဆိုင္ရာ အဖြဲ႕အစည္းေတြ၊ ၾကက္ေျခနီအဖြဲ႕အစည္းေတြ၊ အရပ္ဘက္ အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ အခ်က္ေတြ ပါဝင္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမူကို အဆိုးဆုံးအေျခအေနအထိ ေမွ်ာ္ေတြးၿပီး လိုအပ္တဲ့ စားနပ္ရိကၡာ၊ ေဆးဝါး၊ ေဆးပစၥည္း ယာဥ္ေတြ၊ ေဒသအတြင္း ေစာင့္ၾကည့္ကုသေရးထားရွိႏိုင္မယ့္ ေနရာေတြ၊ ဆႏၵအေလ်ာက္ ကူညီေဆာင္႐ြက္ေပမယ့္ ပရဟိတ သမားေတြကို ႀကိဳတင္ျပင္ဆင္စုေဆာင္းထားရွိဖို႔ အခ်က္ေတြလည္း ပါဝင္ပါတယ္။

ကူးစက္ေရာဂါ ျပန႔္ပြားမူေၾကာင့္ မတည္မၿငိမ္ျဖစ္ႏိုင္တဲ့ ေဒသေတြမွာ ေစာင့္ၾကည့္ကုသမူေတြ လုပ္တဲ့အခါ ျပည္သူေတြ အတိအက် လိုက္နာေဆာင္႐ြက္ေစဖို႔ အစိုးရ ဌာနဆိုင္ရာ အဖြဲ႕ေတြနဲ႔ အရပ္ဖက္အဖြဲ႕ေတြ ပူးေပါင္းေဆာင္႐ြက္ဖို႔ ၫႊန္ၾကားထားပါတယ္။

တဆက္တည္းမွာပဲ ျပည္သူေတြ ေၾကာက္လန႔္ေအာင္ လူမူကြန္ရက္ ဆိုရွယ္မီဒီယာေတြနဲ႔ တျခားေနရာေတြမွာ သတင္းမွာျဖန႔္ေဝသူေတြကို ဖမ္းဆီးၿပီး တည္ဆဲဥပေဒနဲ႔ အေရးယူရဖို႔၊ ေဆးဝါး၊ ရိကၡာနဲ႔ လူသုံးကုန္ ပစၥည္းေတြကို အက်ိဳးအျမတ္အတြက္ ေဈးတင္ေရာင္းခ်သူေတြကို ရွာေဖြဖမ္းဆီး အေရးယူဖို႔ အခ်က္လည္း ပါဝင္ပါတယ္။

နယ္စပ္ဝင္ေပါက္ေတြနဲ႔ အျပည္ျပည္ဆိုင္ရာ ဝင္ေပါက္ေတြကေန တရားမဝင္ ဝင္ထြက္သြားလာမူမရွိေစေရး၊ လုံၿခဳံေရးနဲ႔ အဂတိလိုက္စာမူေတြ မရွိေစဖို႔ တိုင္ၾကားတဲ့ဌာနေတြ ဖြင့္လွစ္ဖို႔၊ စည္းကမ္းခ်ိဳးေဖာက္သူေတြကို အေရးယူဖို႔ စတဲ့ အခ်က္ေတြလည္းပါဝင္ပါတယ္။

ေကာ္မတီ အေနနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီက တာဝန္ေပးအပ္တဲ့ လုပ္ငန္းတာဝန္ေတြကိုလည္း ေဆာင္႐ြက္ဖို႔ ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက အတည္ျပဳထားတဲ့ လူနာေတြထဲက ရန္ကုန္၊ မဂၤလာေတာင္ၫႊန္႔ၿမိဳ႕နယ္က အမွတ္ ၅ လူနာဟာ ဒီေန႔က မနက္ပိုင္းက ေသဆုံးခဲ့ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္လ်က္အရ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာ ၅၁၅ ဦး ရွိပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူကလည္း ၁၄ ဦး ေတြ႕ရွိထားေၾကာင္း အစိုးရက ထုတ္ျပန္ထားပါတယ္။
-------------------------------------------------------
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ထိန်းချုပ်ရေးကော်မတီ ဒုသမ္မတ ဦးဆောင်ဖွဲ့စည်း
(Unicode)⤵⤵⤵
■ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေး ကော်မတီကို ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ဦးဆောင်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ ဝန်ကြီးဌာနက အသီးသီးက ဝန်ကြီးတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းလိုက်ကြောင်း သမ္မတ ဦးဝင်းမြင့် အမိန့်နဲ့ ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ကော်မတီကို ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ဥက္ကဋ္ဌ တာဝန်ယူပြီး ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး၊ အလုပ်သမား၊ လူဝန်မူကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး၊ ( ကြည်း၊ရေ၊လေ ) ညှိုနှိုင်းကွပ်ကဲရေးမှူး ၊ ပြည်ထဲရေးဝန်ကြီး စတဲ့ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေလည်း ပါဝင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုဟာ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အမျိုးသားရေးကိစ္စဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့ ကူညီဆောင်ရွက်ပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မတ်လ ၂၈ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်နေသူတွေနဲ့ အနီးကပ် ထိတွေ့နေသူ အားလုံးကို ရောဂါလက္ခဏာပြတဲ့အထိ စောင့်မနေဘဲ စုံစမ်းရှာဖွေပြီး အမြန်ဆုံး စစ်ဆေး ထိန်းချုပ်မူတွေလုပ်ဖို့၊ ထိုင်းနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေက ပြန်လာသူအားလုံးကို နေပြည်တော်ကောင်စီ၊ တိုင်းနဲ့ ပြည်နယ် အစိုးရတွေ ပူးပေါင်းပြီး စနစ်တကျ စောင့်ကြည့်ကုသရေး ဆောင်ရွက်တဲ့အချိန်မှာ ရောဂါပိုး ကူးစက်သူတွေကို တွေ့ရှိရင် သူတို့နဲ့ ထိတွေ့သူတွေကို စုံစမ်းရှာဖွေပြီး စောင့်ကြည့်ကုသမူတွေ လုပ်ဖို့ ကော်မတီရဲ့ တာဝန်မှာ ပါရှိပါတယ်။

ဒေသတစ်ခုမှာ စောင့်ကြည့်ကုသမူတွေ ပြုလုပ်ဖို့ လိုအပ်လာရင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဆောင်ရွက်ဖို့နဲ့ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မူ၊ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကြက်ခြေနီအဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အချက်တွေ ပါဝင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမူကို အဆိုးဆုံးအခြေအနေအထိ မျှော်တွေးပြီး လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ ဆေးပစ္စည်း ယာဉ်တွေ၊ ဒေသအတွင်း စောင့်ကြည့်ကုသရေးထားရှိနိုင်မယ့် နေရာတွေ၊ ဆန္ဒအလျောက် ကူညီဆောင်ရွက်ပေမယ့် ပရဟိတ သမားတွေကို ကြိုတင်ပြင်ဆင်စုဆောင်းထားရှိဖို့ အချက်တွေလည်း ပါဝင်ပါတယ်။

ကူးစက်ရောဂါ ပြန့်ပွားမူကြောင့် မတည်မငြိမ်ဖြစ်နိုင်တဲ့ ဒေသတွေမှာ စောင့်ကြည့်ကုသမူတွေ လုပ်တဲ့အခါ ပြည်သူတွေ အတိအကျ လိုက်နာဆောင်ရွက်စေဖို့ အစိုးရ ဌာနဆိုင်ရာ အဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

တဆက်တည်းမှာပဲ ပြည်သူတွေ ကြောက်လန့်အောင် လူမူကွန်ရက် ဆိုရှယ်မီဒီယာတွေနဲ့ တခြားနေရာတွေမှာ သတင်းမှာဖြန့်ဝေသူတွေကို ဖမ်းဆီးပြီး တည်ဆဲဥပဒေနဲ့ အရေးယူရဖို့၊ ဆေးဝါး၊ ရိက္ခာနဲ့ လူသုံးကုန် ပစ္စည်းတွေကို အကျိုးအမြတ်အတွက် ဈေးတင်ရောင်းချသူတွေကို ရှာဖွေဖမ်းဆီး အရေးယူဖို့ အချက်လည်း ပါဝင်ပါတယ်။

နယ်စပ်ဝင်ပေါက်တွေနဲ့ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ထွက်သွားလာမူမရှိစေရေး၊ လုံခြုံရေးနဲ့ အဂတိလိုက်စာမူတွေ မရှိစေဖို့ တိုင်ကြားတဲ့ဌာနတွေ ဖွင့်လှစ်ဖို့၊ စည်းကမ်းချိုးဖောက်သူတွေကို အရေးယူဖို့ စတဲ့ အချက်တွေလည်းပါဝင်ပါတယ်။

ကော်မတီ အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက တာဝန်ပေးအပ်တဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားတဲ့ လူနာတွေထဲက ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က အမှတ် ၅ လူနာဟာ ဒီနေ့က မနက်ပိုင်းက သေဆုံးခဲ့ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်လျက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၅၁၅ ဦး ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူကလည်း ၁၄ ဦး တွေ့ရှိထားကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ထိန္းခ်ဳပ္ေရးေကာ္မတီ ဒုသမၼတ ဦးေဆာင္ဖြဲ႕စည္  ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ထိန္းခ်ဳပ္ေရးေကာ္မတီ ဒုသမၼတ ဦးေဆာင္ဖြဲ႕စည္ Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.