ရန္ကုန္ေဈးေတြမွာ ကို႐ိုနာကာကြယ္ေရး လုပ္ေဆာင္

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကာကြယ္ေရးအတြက္ အသိပညာေပးလႈပ္ရွားမႈနဲ႔ ေဆးဖ်န္းတာေတြကို ဒီေန႔ ရန္ကုန္ၿမိဳ႕ ပုဇြန္ေတာင္ေဈးမွာ ဒီေန႔ေဆာင္႐ြက္ခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး အသိပညာေပး လႈပ္ရွားမႈနဲ႔ ေဆးဖ်န္းတာေတြကို ပုဇြန္ေတာင္ၿမိဳ႕နယ္ စည္ပင္ သာယာေရး ေကာ္မတီနဲ႔ We Love Yangon အဖြဲ႕တို႔ပူးေပါင္းၿပီး ရန္ကုန္ၿမိဳ႕က ပုဇြန္ေတာင္ေဈးမွာ ဒီေန႔ စၿပီးေဆာင္႐ြက္ခဲ့တာပါ။

မနက္ပိုင္းမွာေတာ့ ေဈးကိုလာတဲ့သူေတြကို လက္ေဆးႏိုင္ဖို႔ လက္ေဆးစင္ေတြ ထားရွိေပးတာ၊ လက္သန႔္ေဆး ေတြ ေဝတာ၊ အသိပညာေပး စာ႐ြက္ေတြေဝတာ အပါအဝင္ အသိပညာေပး ေျပာဆိုတာေတြကို ေဆာင္႐ြက္ခဲ့ ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပိုးသတ္ေဆးဖ်န္းတဲ့ လုပ္ငန္းစဥ္ကို လုပ္ေဆာင္တာျဖစ္တယ္လို႔ ပုဇြန္ေတာင္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ဦးျမင့္ျမတ္သူက ေျပာပါတယ္။

ပုဇြန္ေတာင္ေဈးမွာ လစဥ္ ႏွစ္ႀကိမ္ကေန သုံးႀကိမ္ေဆးဖ်န္းေနတာျဖစ္ၿပီး မနက္ကေန ညေနအထိ ေဈးဆိုင္ေတြ ရွိေနေသးတဲ့အတြက္ ကလိုရင္းဖ်န္းဖို႔ အဆင္မေျပဘူးလို႔ ပုဇြန္ေတာင္ေဈး တာဝန္ခံ ဦးမင္းေအာင္က ေျပာပါ တယ္။

ပိုးသတ္ေဆးဖ်န္းတဲ့အေပၚ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာ ခင္ခင္ႀကီးက အခုလို ေျပာပါတယ္။

ေဈးမွာ အသိပညာေပးလုပ္ငန္းကို We Love Yangon အဖြဲ႕နဲ႔အတူ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ေဈးမ်ားဌာနက ပူးေပါင္းေဆာင္႐ြက္ေနတာျဖစ္ပါတယ္။

လာမယ့္ မတ္လ ၂၅ ရက္ေန႔မွာလည္း ကို႐ိုနာဗိုင္းရပ္စ္ အသိပညာေပး လုပ္ငန္းေတြကို အဖြဲ႕ ေလးဖြဲ႕ခြဲၿပီး ေဆာင္႐ြက္ဖို႔ရွိေၾကာင္း We Love Yangon အဖြဲ႕မွာ ႐ုံးအဖြဲ႕မႉး တာဝန္ထမ္းေဆာင္ေနတဲ့ ကိုေက်ာ္ေက်ာ္သန႔္က ေျပာပါတယ္။

We Love Yangon အဖြဲ႕ကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီဝင္ စာေရးဆရာမ ေဒၚသန္းျမင့္ေအာင္ က ဦးေဆာင္ဖြဲ႕စည္းထားတာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ခံေတြ၊ ပရဟိတအဖြဲ႕ေတြနဲ႔ ဖြဲ႕စည္းထားပါတယ္။ ဒီအဖြဲ႕က ေစတနာရွင္ အလႉရွင္ေတြထည့္ဝင္လႉဒါန္းေငြေတြနဲ႔ အသိပညာေပး လုပ္ငန္းေတြကို ေဆာင္႐ြက္ေနတာပါ။

ရန္ကုန္ၿမိဳ႕ပတ္ ရထားေတြကိုလည္း ဒီေန႔ ပိုးသတ္ေဆးဖ်န္းခဲ့တာ ေတြ႕ရပါတယ္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ကေန စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ခံရသူ ျမန္မာႏိုင္ငံမွာ တစ္ေယာက္မွ မရွိေသးေပမယ့္ ေစာင့္ၾကည့္လူနာေတြကေတာ့ ရွိေနပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ရန်ကုန်ဈေးတွေမှာ ကိုရိုနာကာကွယ်ရေး လုပ်ဆောင်

ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးအတွက် အသိပညာပေးလှုပ်ရှားမှုနဲ့ ဆေးဖျန်းတာတွေကို ဒီနေ့ ရန်ကုန်မြို့ ပုဇွန်တောင်ဈေးမှာ ဒီနေ့ဆောင်ရွက်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုနဲ့ ဆေးဖျန်းတာတွေကို ပုဇွန်တောင်မြို့နယ် စည်ပင် သာယာရေး ကော်မတီနဲ့ We Love Yangon အဖွဲ့တို့ပူးပေါင်းပြီး ရန်ကုန်မြို့က ပုဇွန်တောင်ဈေးမှာ ဒီနေ့ စပြီးဆောင်ရွက်ခဲ့တာပါ။

မနက်ပိုင်းမှာတော့ ဈေးကိုလာတဲ့သူတွေကို လက်ဆေးနိုင်ဖို့ လက်ဆေးစင်တွေ ထားရှိပေးတာ၊ လက်သန့်ဆေး တွေ ဝေတာ၊ အသိပညာပေး စာရွက်တွေဝေတာ အပါအဝင် အသိပညာပေး ပြောဆိုတာတွေကို ဆောင်ရွက်ခဲ့ ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိုးသတ်ဆေးဖျန်းတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်တာဖြစ်တယ်လို့ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်မြတ်သူက ပြောပါတယ်။

ပုဇွန်တောင်ဈေးမှာ လစဉ် နှစ်ကြိမ်ကနေ သုံးကြိမ်ဆေးဖျန်းနေတာဖြစ်ပြီး မနက်ကနေ ညနေအထိ ဈေးဆိုင်တွေ ရှိနေသေးတဲ့အတွက် ကလိုရင်းဖျန်းဖို့ အဆင်မပြေဘူးလို့ ပုဇွန်တောင်ဈေး တာဝန်ခံ ဦးမင်းအောင်က ပြောပါ တယ်။

ပိုးသတ်ဆေးဖျန်းတဲ့အပေါ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက အခုလို ပြောပါတယ်။

ဈေးမှာ အသိပညာပေးလုပ်ငန်းကို We Love Yangon အဖွဲ့နဲ့အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနက ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

လာမယ့် မတ်လ ၂၅ ရက်နေ့မှာလည်း ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လုပ်ငန်းတွေကို အဖွဲ့ လေးဖွဲ့ခွဲပြီး ဆောင်ရွက်ဖို့ရှိကြောင်း We Love Yangon အဖွဲ့မှာ ရုံးအဖွဲ့မှူး တာဝန်ထမ်းဆောင်နေတဲ့ ကိုကျော်ကျော်သန့်က ပြောပါတယ်။

We Love Yangon အဖွဲ့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် က ဦးဆောင်ဖွဲ့စည်းထားတာဖြစ်ပြီး ရန်ကုန်မြို့ခံတွေ၊ ပရဟိတအဖွဲ့တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့က စေတနာရှင် အလှူရှင်တွေထည့်ဝင်လှူဒါန်းငွေတွေနဲ့ အသိပညာပေး လုပ်ငန်းတွေကို ဆောင်ရွက်နေတာပါ။

ရန်ကုန်မြို့ပတ် ရထားတွေကိုလည်း ဒီနေ့ ပိုးသတ်ဆေးဖျန်းခဲ့တာ တွေ့ရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်ကနေ စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ တစ်ယောက်မှ မရှိသေးပေမယ့် စောင့်ကြည့်လူနာတွေကတော့ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ရန္ကုန္ေဈးေတြမွာ ကို႐ိုနာကာကြယ္ေရး လုပ္ေဆာင္ ရန္ကုန္ေဈးေတြမွာ ကို႐ိုနာကာကြယ္ေရး လုပ္ေဆာင္ Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.