၄၃၆ ကို မျပင္ဖို႔ ႀကံ့ခိုင္ေရးနဲ႔ တပ္အမတ္မ်ား အျပင္းအထန္ ကန႔္ကြက္


(Zawgyi)⤵⤵⤵
အေျခခံဥပေဒ ပုဒ္မ ၄၃၆ ကို ျပင္ဆင္ဖို႔  ႀကိဳးစားရင္ စစ္ဘက္၊အရပ္ဘက္ ဆက္ဆံေရး ထိခိုက္သြားႏိုင္တယ္လို႔ တပ္မေတာ္နဲ႔ ႀကံ့ခိုင္ေရးပါတီ အမတ္ေတြက ဒီကေန႔ လႊတ္ေတာ္မွာ ေဆြးေႏြးၾကပါတယ္။

NLD ကိုယ္စားလွယ္ေတြနဲ႔ တိုင္းရင္းသား ကိုယ္စားလွယ္ေတြကေတာ့ ဒီပုဒ္မ ျပင္ဆင္ႏိုင္မွသာ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို တည္ေဆာက္ႏိုင္မွာျဖစ္ေၾကာင္း ေထာက္ခံေဆြးေႏြးၾကပါတယ္။

NLD နဲ႔ တိုင္းရင္းသားပါတီက ကိုယ္စားလွယ္ေတြက အေျခခံဥပေဒျပင္ဆင္ေရးမွာ အဓိကက်တဲ့ ပုဒ္မျဖစ္တဲ့ ပုဒ္မ ၄၃၆ (က) နဲ႔ (ခ)ကို ျပင္ဆင္ေရးမွာ တပ္မေတာ္ရဲ႕မဲကို ဖယ္ထုတ္ၿပီး ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ သုံးပုံႏွစ္ပုံ ေက်ာ္ရဲ႕မဲနဲ႔ ျပင္ဆင္ဖို႔ လႊတ္ေတာ္ကို တင္ျပထားတာပါ။

တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္ကေတာ့ ဒီလိုႀကိဳးစားရင္ စစ္ဘက္၊ အရပ္ဘက္ ဆက္ဆံေရး ထိခိုက္သြားႏိုင္တယ္၊ ၄၃၆ နဲ႔ပတ္သက္ရင္ တပ္ရဲ႕မဲကို ဖယ္ထုတ္လို႔ မျဖစ္ႏိုင္ဘူးလို႔ ေျပာပါတယ္။

"ေ႐ြးေကာက္ခံကိုယ္စားလွယ္ သုံးပုံႏွစ္ပုံနဲ႔ ျပင္မယ္ဆိုတာ လက္ရွိအေနအထားအရ အဆင္ေျပမယ္ မထင္ဘူး၊ ဒါေၾကာင့္မို႔ က်ေတာ္တို႔ တပ္မေတာ္က ေတာက္ေလွ်ာက္ပါေနတာျဖစ္တယ္၊ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ လြတ္လပ္ေရး ႀကိဳးပမ္းမႈမွာေရာ တည္ေဆာက္ေရးမွာေရာပါေနတာျဖစ္တယ္ အဲလိုပါေနတာကေန ဒီလိုတပ္မေတာ္သား ေတြကို ႐ုတ္တရက္ ေလ်ာ့ခ်ဖို႔၊ ထြက္သြားဖို႔ တပ္မေတာ္ပါဝင္မႈကို ေလ်ာ့ခ်ဖို႔လုပ္မယ္ဆိုရင္ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ေတြရဲ႕ သုံးပုံႏွစ္ပုံနဲ႔ ျပင္မယ္ဆိုတာက သိပ္မျဖစ္ႏိုင္ဘူး၊ လက္ရွိ NLD ကႏိုင္ထားတဲ့ လူဦးေရနဲ႔ အေရအတြက္နဲ႔ဆိုရင္ေတာ့ ဒါ တစ္ပါတီကေန ႏိုင္ထားတဲ့ ကိုယ္စားလွယ္ေတြနဲ႔ ျပင္လို႔ရမယ့္အေနအထား ျဖစ္ေတာ့ ျပည္သူအားလုံး အစုအဖြဲ႕အားလုံးကို ကိုယ္စားျပဳမွာလည္း မဟုတ္ဘူး၊ ဒါေၾကာင့္မို႔ မူလအတိုင္းပဲ ၇၅ ရာခိုင္ႏႈန္းေက်ာ္နဲ႔ ျပင္ဖို႔ထားတာျဖစ္ပါတယ္"

ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးကလည္း အေျခခံဥပေဒကို အလြယ္တကူ ျပင္လို႔ရရင္ အလြယ္ပ်က္စီးႏိုင္တာေၾကာင့္ ျပင္သင့္တဲ့အခ်ိန္မွာမွ ျပင္ႏိုင္ေအာင္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ဆႏၵမဲကို ထည့္ထားတာျဖစ္တယ္လို႔ ေျပာပါတယ္။

"ဖြဲ႕စည္းပုံအေျခခံဥပေဒက လြယ္လြယ္ျပင္လို႔ရရင္ လြယ္လြယ္ပ်က္မွာပဲ၊ ေနာက္ႏိုင္ငံေရးပါတီေတြဆိုတာ အမ်ိဳးသားေရးယုံၾကည္ခ်က္ ခံယူခ်က္ ဘယ္ေလာက္ရွိလဲဆိုတာကိုလည္း ၾကည့္ဖို႔လိုတယ္၊ တက္လာတဲ့ အစိုးရတိုင္း တက္လာတဲ့ ႏိုင္ငံေရးပါတီတိုင္းက အဲဒီလိုျပင္ေနရင္ ႏိုင္ငံေတာ္ရဲ႕ မူဝါဒက မတည္ၿငိမ္ဘူး ျဖစ္မွာပဲ၊ ႏိုင္ငံေတာ္မူဝါဒ မတည္ၿငိမ္ရင္ က်န္တာေတြလည္း အားလုံးတည္ၿငိမ္မွာ မဟုတ္ဘူး၊ ဒါဆိုရင္ ႏိုင္ငံတကာကလည္း တိုင္းျပည္အေပၚ အထင္ျမင္ေသးမွာပဲ၊ ဒါေၾကာင့္မို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္သင့္ျပင္ထိုက္တဲ့ အခ်ိန္မွာျပင္လို႔ရေအာင္ ၇၅ ရာခိုင္ႏႈန္းအေပါင္းတစ္ကို ထည့္ထားတာ ဒါကိုျပင္ဖို႔ ေလာေလာဆယ္ေတာ့ မႀကိဳးစားသင့္ေသးဘူးလို႔ ျမင္တယ္"

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ဂန႔္ေဂါမဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚယဥ္မင္းလႈိင္ကေတာ့ ျပည္သူေ႐ြးေကာက္တင္ေျမႇာက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ဆႏၵမဲနဲ႔သာ ေဆာင္႐ြက္ခြင့္ရေအာင္ ဒီပုဒ္မကို ျပင္ဆင္ခ်င္ၾကတာလို႔ ေျပာပါတယ္။

"NLD အေနနဲ႔ ၄၃၆ ကို ျပင္ခ်င္တာက NLD အတြက္လို႔ သူမ်ားေတြ ယိုးစြပ္ေနေပမယ့္ ဒါမဟုတ္ပါဘူး၊ တိုင္းျပည္ရဲ႕အနာဂတ္အတြက္ ျပင္ခ်င္တာပါ၊ ဥပမာ တစ္ခုေျပာရရင္ ၁၀၀ မွာ ၇၅ က်ပ္ပဲ ေပးထားၿပီးေတာ့ ၇၅ က်ပ္ေက်ာ္မွ ဒါကို ျပန္ၿပီးေတာ့ လက္ခံမယ္ ဆိုတာမ်ိဳးျဖစ္ေနတယ္၊ ဒါေၾကာင့္မို႔ ၂၅ ရာခိုင္ႏႈန္း ေ႐ြးေကာက္ခံမဟုတ္တဲ့ အမတ္ေတြက ထိုင္ေနၿပီးေတာ့ ဒါဒီမိုကေရစီကို သြားေနတယ္ဆိုတာကိုက လမ္းေၾကာင္းလြဲေနတဲ့ အေျခခံဥပေဒျဖစ္ေနတယ္၊ ဒီမိုကေရစီရဲ႕ အႏွစ္သာရက လႊတ္ေတာ္ပါပဲ၊ လႊတ္ေတာ္ရဲ႕ အႏွစ္သာရက ေ႐ြးေကာက္ခံပဲ၊ ျပည္သူက ေ႐ြးေကာက္တင္ေျမႇာက္လိုက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ကသာ လႊတ္ေတာ္ထဲမွာ ထိုင္ခြင့္ရွိပါတယ္"

ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP က  ဦးလမာေနာ္ေအာင္က ပုဒ္မ ၄၃၆ ကို ျပင္ဆင္ႏိုင္မွာသာ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ကို အေျခခံတဲ့ ျပည္ေထာင္စုကို တည္ေဆာက္ႏိုင္မယ္လို႔ ေဆြးေႏြးပါတယ္။

"ပုဒ္မ ၄၃၆ ရဲ႕ မူလျပဌာန္းခ်က္သည္ ဖြဲ႕စည္းပုံျပင္ဆင္ရန္ ပထမအဆင့္ျဖစ္ေသာ လႊတ္ေတာ္တြင္ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္မ်ားအားလုံး သေဘာထား ကြဲလြဲမူမရွိ သေဘာတူရင္ေတာင္မွ ျပင္ဆင္လို႔ မရဘဲ ၇၅ % ေက်ာ္မွ ျပင္ဆင္ႏိုင္မည္ျဖစ္တဲ့အတြက္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား သေဘာတူမွ ျပင္ဆင္လို႔ရမွာျဖစ္ပါတယ္။ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕ သေဘာတူညီမႈ မရရွိပါက ျပင္ဆင္ရန္လုံးဝမျဖစ္ႏိုင္ေသာ ျပဌာန္းခ်က္ျဖစ္ေနပါတယ္။ ဒါေၾကာင့္ဖြဲ႕စည္းပုံျပင္ဆင္ေရး ပုဒ္မ ၄၃၆ ကို ျပင္ဆင္ႏိုင္မွ ေရွ႕ေလွ်ာက္သြားမယ့္ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ကို အေျခခံေသာ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုႀကီးကို တည္ေဆာက္ႏိုင္မွာျဖစ္လို႔ ေထာက္ခံေဆြးေႏြးပါတယ္"

တပ္မေတာ္သား ကိုယ္စားလွယ္ေတြဟာ ေ႐ြးေကာက္ပြဲဝင္စရာ မလိုဘဲ လႊတ္ေတာ္ထဲကို ေရာက္လာၾကတာပါ။

အေျခခံဥပေဒျပင္ဆင္ေရး ေဆြးေႏြးရာမွာ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲနဲ႔ ပတ္သက္ၿပီး ေ႐ြးေကာက္ခံ လႊတ္ေတာ္ ကိုယ္စားလွယ္၊ မဲေပးခြင့္ရသူနဲ႔ မဲလာေပးသူဆိုတဲ့ စကားလုံးေတြကလည္း အျငင္းပြားစရာ ျဖစ္ေနပါတယ္။

ပုဒ္မ ၄၃၆ ( က ) မွာ မူလျပဌာန္းခ်က္အရ  လႊတ္ေတာ္ကိုယ္စားလွယ္အားလုံးရဲ႕ ၇၅ ရာခိုင္ႏႈန္းေက်ာ္က ျပင္ဆင္ဖို႔ သေဘာတူၿပီးေနာက္ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲ က်င္းပၿပီး ဆႏၵမဲေပးပိုင္ခြင့္ရွိသူ အားလုံးရဲ႕ ထက္ဝက္ေက်ာ္မဲနဲ႔ ျပင္ဆင္ဖို႔ ျဖစ္ပါတယ္။

NLD ဦးေဆာင္တဲ့ ၄၅ ဦးပူးေပါင္းေကာ္မတီကေတာ့ ပုဒ္မ ၄၃၆ နဲ႔ သက္ဆိုင္တဲ့ ပုဒ္မေတြကို ျပင္ဆင္လိုရင္ ေ႐ြးေကာက္တင္ေျမႇာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ အားလုံးရဲ႕ သုံးပုံ ႏွစ္ပုံေက်ာ္က သေဘာတူၿပီးရင္ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲ က်င္းပၿပီး ဆႏၵမဲေပးသူအားလုံးရဲ႕ ထက္ဝက္ေက်ာ္ဆႏၵမဲနဲ႔ ျပင္ဆင္ဖို႔ တင္ျပထားပါတယ္။

လာမယ့္ မတ္လ ၁၀ ရက္ေန႔မွာ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး မူၾကမ္းေတြကို လွ်ိဳ႕ဝွက္ဆႏၵမဲေပးၿပီး လႊတ္ေတာ္ရဲ႕ အဆုံးအျဖတ္ခံယူမယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ဒီေန႔ ေၾကညာပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း ၁၂ ပုဒ္မ ၄၃၆ ( က ) နဲ႔ သက္ဆိုင္တဲ့ ပုဒ္မေပါင္း ၅၅ ခုရွိၿပီး အဲဒီ ပုဒ္မေတြကို မဲေပးဖို႔ အပိုင္း ေလးပိုင္း သတ္မွတ္ထားပါတယ္။

ပုဒ္မ ၄၃၆ ( ခ) နဲ႔ဆိုင္တဲ့ ပုဒ္မေပါင္း ၈၀ ရွိၿပီး အပိုင္း ငါးပိုင္းခြဲလိုက္တဲ့အတြက္ ဆႏၵမဲ ငါးႀကိမ္ ေပးရမွာျဖစ္ ပါတယ္။ ဒါေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးခ်င္းအေနနဲ႔ လွ်ိဳ႕ဝွက္ဆႏၵမဲ ကိုးႀကိမ္ထြက္ၿပီး ေပးရမွာပါ။ ဆႏၵမဲေပးတဲ့ လက္မွတ္ေတြကို ႀကီးၾကပ္စစ္ေဆးဖို႔ ပါတီအသီးသီးက လႊတ္ေတာ္အမတ္ ၃၂ ဦးကို ေ႐ြးခ်ယ္ထား တယ္လို႔ နာယကက ေျပာပါတယ္။

ဒီေန႔ ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ေဆြးေႏြးတဲ့ ေျခာက္ရက္တာ ကာလအတြင္း လႊတ္ေတာ္ကိုယ္စားလွယ္ ၁၂၄ ဦး ေဆြးေႏြးခဲ့ၿပီးျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
၄၃၆ ကို မပြင်ဖို့ ကြံ့ခိုင်ရေးနဲ့ တပ်အမတ်များ အပြင်းအထန် ကန့်ကွက်

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့  ကြိုးစားရင် စစ်ဘက်၊အရပ်ဘက် ဆက်ဆံရေး ထိခိုက်သွားနိုင်တယ်လို့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ အမတ်တွေက ဒီကနေ့ လွှတ်တော်မှာ ဆွေးနွေးကြပါတယ်။

NLD ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ ဒီပုဒ်မ ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်နိုင်မှာဖြစ်ကြောင်း ထောက်ခံဆွေးနွေးကြပါတယ်။

NLD နဲ့ တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေက အခြေခံဥပဒေပြင်ဆင်ရေးမှာ အဓိကကျတဲ့ ပုဒ်မဖြစ်တဲ့ ပုဒ်မ ၄၃၆ (က) နဲ့ (ခ)ကို ပြင်ဆင်ရေးမှာ တပ်မတော်ရဲ့မဲကို ဖယ်ထုတ်ပြီး ရွေးကောက်ခံ ကိုယ်စားလှယ် သုံးပုံနှစ်ပုံ ကျော်ရဲ့မဲနဲ့ ပြင်ဆင်ဖို့ လွှတ်တော်ကို တင်ပြထားတာပါ။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ကတော့ ဒီလိုကြိုးစားရင် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး ထိခိုက်သွားနိုင်တယ်၊ ၄၃၆ နဲ့ပတ်သက်ရင် တပ်ရဲ့မဲကို ဖယ်ထုတ်လို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

"ရွေးကောက်ခံကိုယ်စားလှယ် သုံးပုံနှစ်ပုံနဲ့ ပြင်မယ်ဆိုတာ လက်ရှိအနေအထားအရ အဆင်ပြေမယ် မထင်ဘူး၊ ဒါကြောင့်မို့ ကျတော်တို့ တပ်မတော်က တောက်လျှောက်ပါနေတာဖြစ်တယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာရော တည်ဆောက်ရေးမှာရောပါနေတာဖြစ်တယ် အဲလိုပါနေတာကနေ ဒီလိုတပ်မတော်သား တွေကို ရုတ်တရက် လျော့ချဖို့၊ ထွက်သွားဖို့ တပ်မတော်ပါဝင်မှုကို လျော့ချဖို့လုပ်မယ်ဆိုရင် ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ သုံးပုံနှစ်ပုံနဲ့ ပြင်မယ်ဆိုတာက သိပ်မဖြစ်နိုင်ဘူး၊ လက်ရှိ NLD ကနိုင်ထားတဲ့ လူဦးရေနဲ့ အရေအတွက်နဲ့ဆိုရင်တော့ ဒါ တစ်ပါတီကနေ နိုင်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ပြင်လို့ရမယ့်အနေအထား ဖြစ်တော့ ပြည်သူအားလုံး အစုအဖွဲ့အားလုံးကို ကိုယ်စားပြုမှာလည်း မဟုတ်ဘူး၊ ဒါကြောင့်မို့ မူလအတိုင်းပဲ ၇၅ ရာခိုင်နှုန်းကျော်နဲ့ ပြင်ဖို့ထားတာဖြစ်ပါတယ်"

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကလည်း အခြေခံဥပဒေကို အလွယ်တကူ ပြင်လို့ရရင် အလွယ်ပျက်စီးနိုင်တာကြောင့် ပြင်သင့်တဲ့အချိန်မှာမှ ပြင်နိုင်အောင် ၇၅ ရာခိုင်နှုန်းကျော် ဆန္ဒမဲကို ထည့်ထားတာဖြစ်တယ်လို့ ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေက လွယ်လွယ်ပြင်လို့ရရင် လွယ်လွယ်ပျက်မှာပဲ၊ နောက်နိုင်ငံရေးပါတီတွေဆိုတာ အမျိုးသားရေးယုံကြည်ချက် ခံယူချက် ဘယ်လောက်ရှိလဲဆိုတာကိုလည်း ကြည့်ဖို့လိုတယ်၊ တက်လာတဲ့ အစိုးရတိုင်း တက်လာတဲ့ နိုင်ငံရေးပါတီတိုင်းက အဲဒီလိုပြင်နေရင် နိုင်ငံတော်ရဲ့ မူဝါဒက မတည်ငြိမ်ဘူး ဖြစ်မှာပဲ၊ နိုင်ငံတော်မူဝါဒ မတည်ငြိမ်ရင် ကျန်တာတွေလည်း အားလုံးတည်ငြိမ်မှာ မဟုတ်ဘူး၊ ဒါဆိုရင် နိုင်ငံတကာကလည်း တိုင်းပြည်အပေါ် အထင်မြင်သေးမှာပဲ၊ ဒါကြောင့်မို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သင့်ပြင်ထိုက်တဲ့ အချိန်မှာပြင်လို့ရအောင် ၇၅ ရာခိုင်နှုန်းအပေါင်းတစ်ကို ထည့်ထားတာ ဒါကိုပြင်ဖို့ လောလောဆယ်တော့ မကြိုးစားသင့်သေးဘူးလို့ မြင်တယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဂန့်ဂေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်ကတော့ ပြည်သူရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲနဲ့သာ ဆောင်ရွက်ခွင့်ရအောင် ဒီပုဒ်မကို ပြင်ဆင်ချင်ကြတာလို့ ပြောပါတယ်။

"NLD အနေနဲ့ ၄၃၆ ကို ပြင်ချင်တာက NLD အတွက်လို့ သူများတွေ ယိုးစွပ်နေပေမယ့် ဒါမဟုတ်ပါဘူး၊ တိုင်းပြည်ရဲ့အနာဂတ်အတွက် ပြင်ချင်တာပါ၊ ဥပမာ တစ်ခုပြောရရင် ၁၀၀ မှာ ၇၅ ကျပ်ပဲ ပေးထားပြီးတော့ ၇၅ ကျပ်ကျော်မှ ဒါကို ပြန်ပြီးတော့ လက်ခံမယ် ဆိုတာမျိုးဖြစ်နေတယ်၊ ဒါကြောင့်မို့ ၂၅ ရာခိုင်နှုန်း ရွေးကောက်ခံမဟုတ်တဲ့ အမတ်တွေက ထိုင်နေပြီးတော့ ဒါဒီမိုကရေစီကို သွားနေတယ်ဆိုတာကိုက လမ်းကြောင်းလွဲနေတဲ့ အခြေခံဥပဒေဖြစ်နေတယ်၊ ဒီမိုကရေစီရဲ့ အနှစ်သာရက လွှတ်တော်ပါပဲ၊ လွှတ်တော်ရဲ့ အနှစ်သာရက ရွေးကောက်ခံပဲ၊ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကသာ လွှတ်တော်ထဲမှာ ထိုင်ခွင့်ရှိပါတယ်"

ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က  ဦးလမာနော်အောင်က ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်မှာသာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်လို့ ဆွေးနွေးပါတယ်။

"ပုဒ်မ ၄၃၆ ရဲ့ မူလပြဌာန်းချက်သည် ဖွဲ့စည်းပုံပြင်ဆင်ရန် ပထမအဆင့်ဖြစ်သော လွှတ်တော်တွင် ရွေးကောက်ခံ ကိုယ်စားလှယ်များအားလုံး သဘောထား ကွဲလွဲမူမရှိ သဘောတူရင်တောင်မှ ပြင်ဆင်လို့ မရဘဲ ၇၅ % ကျော်မှ ပြင်ဆင်နိုင်မည်ဖြစ်တဲ့အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ သဘောတူမှ ပြင်ဆင်လို့ရမှာဖြစ်ပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များရဲ့ သဘောတူညီမှု မရရှိပါက ပြင်ဆင်ရန်လုံးဝမဖြစ်နိုင်သော ပြဌာန်းချက်ဖြစ်နေပါတယ်။ ဒါကြောင့်ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်မှ ရှေ့လျှောက်သွားမယ့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာဖြစ်လို့ ထောက်ခံဆွေးနွေးပါတယ်"

တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲဝင်စရာ မလိုဘဲ လွှတ်တော်ထဲကို ရောက်လာကြတာပါ။

အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးရာမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်၊ မဲပေးခွင့်ရသူနဲ့ မဲလာပေးသူဆိုတဲ့ စကားလုံးတွေကလည်း အငြင်းပွားစရာ ဖြစ်နေပါတယ်။

ပုဒ်မ ၄၃၆ ( က ) မှာ မူလပြဌာန်းချက်အရ  လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်မဲနဲ့ ပြင်ဆင်ဖို့ ဖြစ်ပါတယ်။

NLD ဦးဆောင်တဲ့ ၄၅ ဦးပူးပေါင်းကော်မတီကတော့ ပုဒ်မ ၄၃၆ နဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေကို ပြင်ဆင်လိုရင် ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ သုံးပုံ နှစ်ပုံကျော်က သဘောတူပြီးရင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ဆန္ဒမဲပေးသူအားလုံးရဲ့ ထက်ဝက်ကျော်ဆန္ဒမဲနဲ့ ပြင်ဆင်ဖို့ တင်ပြထားပါတယ်။

လာမယ့် မတ်လ ၁၀ ရက်နေ့မှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မူကြမ်းတွေကို လျှို့ဝှက်ဆန္ဒမဲပေးပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ခံယူမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဒီနေ့ ကြေညာပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ ( က ) နဲ့ သက်ဆိုင်တဲ့ ပုဒ်မပေါင်း ၅၅ ခုရှိပြီး အဲဒီ ပုဒ်မတွေကို မဲပေးဖို့ အပိုင်း လေးပိုင်း သတ်မှတ်ထားပါတယ်။

ပုဒ်မ ၄၃၆ ( ခ) နဲ့ဆိုင်တဲ့ ပုဒ်မပေါင်း ၈၀ ရှိပြီး အပိုင်း ငါးပိုင်းခွဲလိုက်တဲ့အတွက် ဆန္ဒမဲ ငါးကြိမ် ပေးရမှာဖြစ် ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေနဲ့ လျှို့ဝှက်ဆန္ဒမဲ ကိုးကြိမ်ထွက်ပြီး ပေးရမှာပါ။ ဆန္ဒမဲပေးတဲ့ လက်မှတ်တွေကို ကြီးကြပ်စစ်ဆေးဖို့ ပါတီအသီးသီးက လွှတ်တော်အမတ် ၃၂ ဦးကို ရွေးချယ်ထား တယ်လို့ နာယကက ပြောပါတယ်။

ဒီနေ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးတဲ့ ခြောက်ရက်တာ ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၂၄ ဦး ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
၄၃၆ ကို မျပင္ဖို႔ ႀကံ့ခိုင္ေရးနဲ႔ တပ္အမတ္မ်ား အျပင္းအထန္ ကန႔္ကြက္ ၄၃၆ ကို မျပင္ဖို႔ ႀကံ့ခိုင္ေရးနဲ႔ တပ္အမတ္မ်ား အျပင္းအထန္ ကန႔္ကြက္ Reviewed by THITHTOOLWIN on 00:51 Rating: 5
Powered by Blogger.