ထိုင္းႏိုင္ငံမွအလိုရွိတရားခံ တ႐ုတ္ႏိုင္ငံသား ၂ ဦးကို က်ိဳင္းတုံမွာ ဖမ္းဆီးရမိ

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ မတ္ ၄

ထိုင္းႏိုင္ငံမွအလိုရွိတရားခံ တ႐ုတ္ႏိုင္ငံသား ၂ ဦးကို ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတုံၿမိဳ႕နယ္
ရွိ လူဝင္မႈႀကီးၾကပ္ေရးဌာန၊ ဒုတိယျပည္နယ္ဦးစီးမႈး႐ုံး(က်ိဳင္းတုံ)မွာ ဒီကေန႔မတ္လ ၄ရက္၊ ေန႔လည္ပိုင္းအခ်ိန္က ဖမ္းဆီးထားၿပီျဖစ္တယ္လို႔ သိရပါတယ္။

အခုဖမ္းဆီးရမိသူႏွစ္ဦးက ထိုင္းႏိုင္ငံ၊ ကမ္ဖဲဖစ္ၿမိဳ႕အနီးရွိ ပင္းျမစ္ထဲမွာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ ၁၂ရက္က ေမ်ာပါလာတဲ့ခရီးေဆာင္အိတ္အတြင္း ပါလာတဲ့အသတ္ခံထားရတဲ့အေလာင္းနဲ႔ပါတ္သက္ၿပီး ဖမ္းဝရမ္းထုတ္ထားသူ အလိုရွိတရားခံတ႐ုတ္ႏိုင္ငံသား ၄ ဦးမွ ေနာက္ထပ္က်န္ရွိ ၂ ဦးလည္း ျဖစ္ပါတယ္။

အဲဒီတရားခံႏွစ္ဦးမွာ ပတ္စ္ပို႔အမွတ္ EH - 9050054 ကိုင္ေဆာင္သူ Mr.Hu Zhang Xiong (၂၃) ႏွစ္ ၊ ပတ္စ္ပို႔အမွတ္ E-5730438 Mr.Xiao XiangYu (၂၆) ႏွစ္တို႔ျဖစ္ၿပီး မတ္လ ၃ ရက္ေန႔က Air KBZ ေလေၾကာင္းလိုင္းနဲ႔ တာခ်ီလိတ္ေလဆိပ္သို႔ဆင္းသက္ခဲ့ကာ က်ိဳင္းတုံၿမိဳ႕သို႔သြားေရာက္လည္ပတ္‌ေၾကာင္း၊ ဒုျပည္နယ္လဝကမႉး႐ုံးသို႔ ဒီကေန႔မတ္လ ၄ ရက္ေန႔က သြားေရာက္သတင္းပို႔ေနတဲ့အခ်ိန္မွာ တာခ်ီလိတ္ေလဆိပ္ တာဝန္က်လဝကအရာရွိမွ ခရီးသည္အမည္စာရင္း ေရးသြင္းခဲ့ရာ ၎တို႔ရဲ႕အမည္ေတြကို လူမႈကြန္ယက္သတင္းစာမ်က္ႏွာမွာ အလိုရွိတရားခံေတြျဖစ္ေနေၾကာင္း တိုက္ဆိုင္စစ္ေဆးမိရာမွ က်ိဳင္းတုံၿမိဳ႕မရဲစခန္းကို အခ်ိန္မီဆက္လက္သတင္းပို႔ခဲ့တဲ့အတြက္ ထိန္းသိမ္းဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။


ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁၂ရက္က ထိုင္းႏိုင္ငံ၊ ကမ္ဖဲဖစ္ၿမိဳ႕နယ္မွာ မစၥတာ ဝမ္က်ဳံး၊ အသက္(၃၀)ႏွစ္ကို စီးပြားေရးၿပိဳင္ဘက္ျဖစ္သူ တ႐ုတ္ႏိုင္ငံသား ၄ ဦးမွ ပူးေပါင္းႀကံစည္သတ္ျဖတ္ၿပီး အေလာင္းေဖ်ာက္ရန္အတြက္ ခရီးေဆာင္အိပ္အတြင္းထိုးထည့္ကာ ဇစ္ပိတ္ျပ ျမစ္ထဲေမွ်ာခဲ့ရာမွ ကမ္းစပ္မွာ တင္ေနတဲ့အတြက္ ႐ြာသားေတြေတြ႕ရွိခဲ့ၿပီး သက္ဆိုင္ရာသို႔အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။

အဲဒီလိုအေၾကာင္းခဲ့ရာ ရဲတပ္ဖြဲ႕မွေျခရာခံစုံစမ္းခဲ့ၿပီး ဆက္စပ္တရားခံ ၄ ဦးက အိမ္နီးခ်င္းျမန္မာနယ္စပ္ဘက္ျဖစ္တဲ့ ျမဝတီၿမိဳ႕သို႔ထြက္ေျပးသြားေၾကာင္း စုံစမ္းစစ္ေဆးသိရွိရတဲ့အတြက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕နဲ႔ ပူးေပါင္းကာ တရားခံမ်ားအားဖမ္းဆီးရမိေရးအတြက္‌ ေဆာင္႐ြက္ခဲ့ေၾကာင္း၊ မတ္လ ၃ ရက္ေန႔က ေငြေဆာင္မွာ (၂) ဦးဖမ္းဆီးရမိခဲ့ၿပီးျဖစ္ေၾကာင္းနဲ႔ လိုအပ္သလိုဆက္လက္အေရးယူေဆာင္႐ြက္ႏိုင္ေရးအတြက္ စစ္ေဆးမႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။

Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
ထိုင်းနိုင်ငံမှအလိုရှိတရားခံ တရုတ်နိုင်ငံသား ၂ ဦးကို ကျိုင်းတုံမှာ ဖမ်းဆီးရမိ

တောင်ကြီး၊ မတ် ၄

ထိုင်းနိုင်ငံမှအလိုရှိတရားခံ တရုတ်နိုင်ငံသား ၂ ဦးကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် ရှိ လူဝင်မှုကြီးကြပ်ရေးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှုးရုံး(ကျိုင်းတုံ)မှာ ဒီကနေ့မတ်လ ၄ရက်၊ နေ့လည်ပိုင်းအချိန်က ဖမ်းဆီးထားပြီဖြစ်တယ်လို့ သိရပါတယ်။

အခုဖမ်းဆီးရမိသူနှစ်ဦးက ထိုင်းနိုင်ငံ၊ ကမ်ဖဲဖစ်မြို့အနီးရှိ ပင်းမြစ်ထဲမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ရက်က မျောပါလာတဲ့ခရီးဆောင်အိတ်အတွင်း ပါလာတဲ့အသတ်ခံထားရတဲ့အလောင်းနဲ့ပါတ်သက်ပြီး ဖမ်းဝရမ်းထုတ်ထားသူ အလိုရှိတရားခံတရုတ်နိုင်ငံသား ၄ ဦးမှ နောက်ထပ်ကျန်ရှိ ၂ ဦးလည်း ဖြစ်ပါတယ်။

အဲဒီတရားခံနှစ်ဦးမှာ ပတ်စ်ပို့အမှတ် EH - 9050054 ကိုင်ဆောင်သူ Mr.Hu Zhang Xiong (၂၃) နှစ် ၊ ပတ်စ်ပို့အမှတ် E-5730438 Mr.Xiao XiangYu (၂၆) နှစ်တို့ဖြစ်ပြီး မတ်လ ၃ ရက်နေ့က Air KBZ လေကြောင်းလိုင်းနဲ့ တာချီလိတ်လေဆိပ်သို့ဆင်းသက်ခဲ့ကာ ကျိုင်းတုံမြို့သို့သွားရောက်လည်ပတ်‌ကြောင်း၊ ဒုပြည်နယ်လဝကမှူးရုံးသို့ ဒီကနေ့မတ်လ ၄ ရက်နေ့က သွားရောက်သတင်းပို့နေတဲ့အချိန်မှာ တာချီလိတ်လေဆိပ် တာဝန်ကျလဝကအရာရှိမှ ခရီးသည်အမည်စာရင်း ရေးသွင်းခဲ့ရာ ၎င်းတို့ရဲ့အမည်တွေကို လူမှုကွန်ယက်သတင်းစာမျက်နှာမှာ အလိုရှိတရားခံတွေဖြစ်နေကြောင်း တိုက်ဆိုင်စစ်ဆေးမိရာမှ ကျိုင်းတုံမြို့မရဲစခန်းကို အချိန်မီဆက်လက်သတင်းပို့ခဲ့တဲ့အတွက် ထိန်းသိမ်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ရက်က ထိုင်းနိုင်ငံ၊ ကမ်ဖဲဖစ်မြို့နယ်မှာ မစ္စတာ ဝမ်ကျုံး၊ အသက်(၃၀)နှစ်ကို စီးပွားရေးပြိုင်ဘက်ဖြစ်သူ တရုတ်နိုင်ငံသား ၄ ဦးမှ ပူးပေါင်းကြံစည်သတ်ဖြတ်ပြီး အလောင်းဖျောက်ရန်အတွက် ခရီးဆောင်အိပ်အတွင်းထိုးထည့်ကာ ဇစ်ပိတ်ပြ မြစ်ထဲမျှောခဲ့ရာမှ ကမ်းစပ်မှာ တင်နေတဲ့အတွက် ရွာသားတွေတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ကြောင်း သိရသည်။

အဲဒီလိုအကြောင်းခဲ့ရာ ရဲတပ်ဖွဲ့မှခြေရာခံစုံစမ်းခဲ့ပြီး ဆက်စပ်တရားခံ ၄ ဦးက အိမ်နီးချင်းမြန်မာနယ်စပ်ဘက်ဖြစ်တဲ့ မြဝတီမြို့သို့ထွက်ပြေးသွားကြောင်း စုံစမ်းစစ်ဆေးသိရှိရတဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ တရားခံများအားဖမ်းဆီးရမိရေးအတွက်‌ ဆောင်ရွက်ခဲ့ကြောင်း၊ မတ်လ ၃ ရက်နေ့က ငွေဆောင်မှာ (၂) ဦးဖမ်းဆီးရမိခဲ့ပြီးဖြစ်ကြောင်းနဲ့ လိုအပ်သလိုဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ထိုင္းႏိုင္ငံမွအလိုရွိတရားခံ တ႐ုတ္ႏိုင္ငံသား ၂ ဦးကို က်ိဳင္းတုံမွာ ဖမ္းဆီးရမိ ထိုင္းႏိုင္ငံမွအလိုရွိတရားခံ တ႐ုတ္ႏိုင္ငံသား ၂ ဦးကို က်ိဳင္းတုံမွာ ဖမ္းဆီးရမိ Reviewed by THITHTOOLWIN on 00:46 Rating: 5
Powered by Blogger.