အေမရိကန္ လႊတ္ေတာ္ အမတ္တစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိ

အေမရိကန္ ႏိုင္ငံ ဝါရွင္တန္ဒီစီရွိ လႊတ္ေတာ္ အေဆာက္အအုံအား ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ဝါရွင္တန္ ၊ မတ္ ၁၉ ရက္(ဆင္ဟြာ)

    အေမရိကန္ ႏိုင္ငံ ရီပတ္ဘလီကန္ပါတီမွ အထက္လႊတ္ေတာ္ အမတ္ Mario Diaz-Balart သည္ ၎အေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့သည္ဟု မတ္ ၁၈ ရက္တြင္ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ယင္းမွာ ဗိုင္းရပ္စ္ကူးစက္ခံရေသာ ပထမဆုံး အေမရိကန္လႊတ္ေတာ္ အမတ္တစ္ဦး ျဖစ္လာခဲ့ေၾကာင္း သိရသည္။

Mario သည္ တျခားသူမ်ားအား ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈမျဖစ္ေပၚေစရန္  မတ္ ၁၃ ရက္မွ စတင္ကာ ဝါရွင္တန္ဒီစီၿမိဳ႕ရွိ ၎ေနအိမ္၌ တစ္ကိုယ္တည္းသီးျခား(self-quarantine) ျပဳလုပ္ေနထိုင္ခဲ့ေၾကာင္း ၊ မတ္ ၁၄ ရက္ ညေနပိုင္းတြင္ ေခါင္းကိုက္ျခင္း ႏွင့္ ကိုယ္ပူျခင္းအပါအဝင္ ေရာဂါလကၡဏာမ်ား ခံစားခဲ့ရေၾကာင္း ၎၏ ႐ုံးအဖြဲ႕က ထုတ္ျပန္ေသာ ေၾကညာခ်က္တစ္ေစာင္တြင္ ေဖာ္ျပထားသည္။

“ ကြၽန္ေတာ္ အမ်ားႀကီးပိုေနေကာင္းလာၿပီဆိုတဲ့အေၾကာင္းကို အားလုံးကို အသိေပးခ်င္ပါတယ္” ဟု Mario Diaz-Balart က ၎၏တြစ္တာလူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ေရးသားခဲ့သည္။မတ္ ၁၄ ရက္ အေစာပိုင္းက ျပဳလုပ္ေသာ ကို႐ိုနာဗိုင္းရပ္စ္ တုံ႔ျပန္ေျဖရွင္းေရး ဥပေဒၾကမ္းတစ္ခုအား မဲေပးၿပီးေနာက္ လႊတ္ေတာ္မွ ထြက္ခြာလာစဥ္ သိပ္မၾကာမီမွာပင္ ဖေလာ္ရီဒါျပည္နယ္ လႊတ္ေတာ္အမတ္ Mario Diaz-Balart သည္ ေရာဂါလကၡဏာမ်ား စတင္ခံစားခဲ့ရျခင္းျဖစ္ေၾကာင္း Politico သတင္းဌာနက သတင္းေဖာ္ျပခဲ့သည္။ဂြၽန္ေဟာ့ပ္ကင္း တကၠသိုလ္၏ ေနာက္ဆုံးထုတ္ျပန္ခ်က္အရ အေမရိကန္ ႏိုင္ငံ၌ လတ္တေလာတြင္ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါျဖင့္ ဆက္စပ္၍ ေသဆုံးသူ ၁၄၅ ဦးႏွင့္ ေရာဂါ ျဖစ္ပြားမႈ အတည္ျပဳလူနာ ၉,၀၇၇ ဦးေက်ာ္ ရွိေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
အမေရိကန် လွှတ်တော် အမတ်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ

အမေရိကန် နိုင်ငံ ဝါရှင်တန်ဒီစီရှိ လွှတ်တော် အဆောက်အအုံအား တွေ့ရစဉ်(ဆင်ဟွာ)
 
ဝါရှင်တန် ၊ မတ် ၁၉ ရက်(ဆင်ဟွာ)

    အမေရိကန် နိုင်ငံ ရီပတ်ဘလီကန်ပါတီမှ အထက်လွှတ်တော် အမတ် Mario Diaz-Balart သည် ၎င်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု မတ် ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသော ပထမဆုံး အမေရိကန်လွှတ်တော် အမတ်တစ်ဦး ဖြစ်လာခဲ့ကြောင်း သိရသည်။

Mario သည် တခြားသူများအား ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရန်  မတ် ၁၃ ရက်မှ စတင်ကာ ဝါရှင်တန်ဒီစီမြို့ရှိ ၎င်းနေအိမ်၌ တစ်ကိုယ်တည်းသီးခြား(self-quarantine) ပြုလုပ်နေထိုင်ခဲ့ကြောင်း ၊ မတ် ၁၄ ရက် ညနေပိုင်းတွင် ခေါင်းကိုက်ခြင်း နှင့် ကိုယ်ပူခြင်းအပါအဝင် ရောဂါလက္ခဏာများ ခံစားခဲ့ရကြောင်း ၎င်း၏ ရုံးအဖွဲ့က ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

“ ကျွန်တော် အများကြီးပိုနေကောင်းလာပြီဆိုတဲ့အကြောင်းကို အားလုံးကို အသိပေးချင်ပါတယ်” ဟု Mario Diaz-Balart က ၎င်း၏တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။မတ် ၁၄ ရက် အစောပိုင်းက ပြုလုပ်သော ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ဖြေရှင်းရေး ဥပဒေကြမ်းတစ်ခုအား မဲပေးပြီးနောက် လွှတ်တော်မှ ထွက်ခွာလာစဉ် သိပ်မကြာမီမှာပင် ဖလော်ရီဒါပြည်နယ် လွှတ်တော်အမတ် Mario Diaz-Balart သည် ရောဂါလက္ခဏာများ စတင်ခံစားခဲ့ရခြင်းဖြစ်ကြောင်း Politico သတင်းဌာနက သတင်းဖော်ပြခဲ့သည်။ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်၏ နောက်ဆုံးထုတ်ပြန်ချက်အရ အမေရိကန် နိုင်ငံ၌ လတ်တလောတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြင့် ဆက်စပ်၍ သေဆုံးသူ ၁၄၅ ဦးနှင့် ရောဂါ ဖြစ်ပွားမှု အတည်ပြုလူနာ ၉,၀၇၇ ဦးကျော် ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အေမရိကန္ လႊတ္ေတာ္ အမတ္တစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိ အေမရိကန္ လႊတ္ေတာ္ အမတ္တစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိ Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.