သဃၤန္းကြၽန္းမွာ စုၿပဳံေနထိုင္တဲ့ တ႐ုတ္ႏိုင္ငံသား အမ်ားအျပားကို စစ္ေဆးေန

(Zawgyi)⤵⤵⤵

သဃၤန္းကြၽန္းၿမိဳ႕နယ္ ရန္ကုန္သစ္ရပ္ကြက္ကို ေရာက္ေနတဲ့ တ႐ုတ္ႏိုင္ငံသား ၁၀၀ ေက်ာ္ဟာ Fresh Wave Business Service ကုမၸဏီနဲ႔ One by One ကုမၸဏီေတြက ဝန္ထမ္းေတြ ျဖစ္ပါတယ္။

ႏိုင္ငံတြင္းကို တရားဝင္ ဝင္ေရာက္လာေပမယ့္ အိမ္ငွားရမ္းေနထိုင္ခြင့္ တင္မထားတဲ့ တ႐ုတ္ႏိုင္ငံသားေတြ အပါအဝင္ အိမ္ရွင္ကို ဥပေဒနဲ႔အညီ အေရးယူသြားမယ္လို႔ ဒီကေန႔ သက္ဆိုင္ရာ ဌာနဆိုင္ရာေတြရဲ႕ အစည္းအေဝး ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး ရန္ကုန္တိုင္းေဒသႀကီး လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဌာန ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ေၾကာင့္ လူစုလူေဝးေရွာင္ဖို႔ အာဏာပိုင္ေတြ တိုက္တြန္းထားခ်ိန္မွာ အခုလို လူအမ်ားအျပား စုၿပဳံၿပီး ေနထိုင္တဲ့ ျဖစ္ရပ္က အမ်ား စိတ္ဝင္စားစရာ ျဖစ္လာပါတယ္။

ကုမၸဏီေတြကို ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္႐ုံးမွာ တရားဝင္မွတ္ပုံတင္ထားတာ မရွိရင္ သူတို႔အားလုံးကို ကို႐ိုနာဗိုင္းရပ္စ္ေရာဂါနဲ႔ ပတ္သက္ၿပီး ၁၄ ရက္ေစာင့္မၾကည့္ဘဲ ျပည္ႏွင္ဒဏ္ေပးမွာ ျဖစ္တယ္လို႔ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက ေျပာပါတယ္။

အဲဒီတ႐ုတ္ႏိုင္ငံသား ၁၁၈ ေယာက္ဟာ ယူနန္ျပည္နယ္ကေန မတ္လ ၁၂ ရက္ေန႔နဲ႔ မတ္လ ၂၀ ရက္ေန႔အတြင္းမွာ နယ္စပ္ျဖတ္ ဝင္ေရာက္လာတာလို႔ ဦးေမာင္ေမာင္ဦးက ေျပာပါတယ္။

သူတို႔ လုပ္ကိုင္တဲ့ ကုမၸဏီ ႏွစ္ခုဟာ ကြန္ပ်ဴတာပ႐ိုဂရမ္ေရးဆြဲျခင္းနဲ႔ အြန္လိုင္းေဈးေရာင္း၊ ေဈးဝယ္တဲ့ လုပ္ငန္းေတြကို လုပ္ကိုင္ၾကတာျဖစ္တယ္။ စစ္ေဆးခ်ိန္မွာေတာ့ ႏွင္းဆီနီလမ္းအိမ္မွာ တ႐ုတ္ႏိုင္ငံသား ၆၄ ေယာက္နဲ႔ ပန္းဝါလမ္းမွာ ၅၄ ေယာက္ စစ္ေဆးေတြ႕ရွိခဲ့ၿပီး အိမ္ရွင္ ေဒၚႏုႏုေဆြက ကုမၸဏီကို ငွားရမ္းထားတာ ျဖစ္တယ္လို႔ ေျပာပါတယ္။

မေန႔က သြားေရာက္စစ္ေဆးခ်ိန္မွာ ပါဝင္ခဲ့တဲ့ သဃၤန္းကြၽန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ႐ႊလွဝင္းက အဲ့ဒီအိမ္မွာေနတဲ့ တ႐ုတ္ႏိုင္ငံသား အားလုံးဟာ ေနထိုင္ခြင့္ဗီဇာေတြ အားလုံးရွိတယ္လို႔ ဆိုပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မတ္လ ၂၀ ရက္ေန႔ ထုတ္ျပန္ခ်က္အရ ႏိုင္ငံ ၁၆ ႏိုင္ငံက လာတဲ့သူေတြကို ၁၄ ရက္ တင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကပ္ၾကည့္ရႈ႕သြားမွာျဖစ္ၿပီး သံတမန္ေတြကလြဲၿပီး က်န္တျခားသူေတြက သီးသန႔္ သတ္မွတ္ထားတဲ့ ေနရာေတြမွာ ေစာင့္ၾကည့္မႈခံယူရမွာ ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာ ခင္ခင္ႀကီးက ေျပာပါတယ္။

က်န္းမာေရး ဝန္ႀကီးဌာနက တင္းတင္းၾကပ္ၾကပ္ လုပ္ေဆာင္ဖို႔ၫႊန္ၾကားထားၿပီး မေန႔က စစ္ေဆးေတြ႕ရွိတဲ့ တ႐ုတ္ ႏိုင္ငံသားေတြကို သူတို႔ငွားေနတဲ့အိမ္ေတြမွာပဲ ၁၄ ရက္ၾကာ ေစာင့္ၾကည့္သြားမွာျဖစ္ပါတယ္။

ကို႐ိုနာကူးစက္ခံရမႈမ်ားေနတဲ့ ႏိုင္ငံေတြက လာသူေတြကို ေစာင့္ၾကည့္ဖို႔ အစိုးရက စီစဥ္ထားပါတယ္။

ရန္ကုန္တိုင္းမွာေတာ့  ေဝဘာဂီေဆး႐ုံ၊ ေတာင္ဥကၠလာ အမ်ိဳးသမီးနဲ႔ကေလးေဆး႐ုံ၊ လွည္းကူးၿမိဳ႕နယ္မွာရွိတဲ့ ကြင္းဆင္းသင္တန္းေက်ာင္းနဲ႔ သိမ္ျဖဴအားကစား႐ုံေတြမွာ ျပင္ဆင္ထားတာ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
သင်္ဃန်းကျွန်းမှာ စုပြုံနေထိုင်တဲ့ တရုတ်နိုင်ငံသား အများအပြားကို စစ်ဆေးနေ

သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်သစ်ရပ်ကွက်ကို ရောက်နေတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ဟာ Fresh Wave Business Service ကုမ္ပဏီနဲ့ One by One ကုမ္ပဏီတွေက ဝန်ထမ်းတွေ ဖြစ်ပါတယ်။

နိုင်ငံတွင်းကို တရားဝင် ဝင်ရောက်လာပေမယ့် အိမ်ငှားရမ်းနေထိုင်ခွင့် တင်မထားတဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် အိမ်ရှင်ကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဒီကနေ့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် လူစုလူဝေးရှောင်ဖို့ အာဏာပိုင်တွေ တိုက်တွန်းထားချိန်မှာ အခုလို လူအများအပြား စုပြုံပြီး နေထိုင်တဲ့ ဖြစ်ရပ်က အများ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

ကုမ္ပဏီတွေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးမှာ တရားဝင်မှတ်ပုံတင်ထားတာ မရှိရင် သူတို့အားလုံးကို ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး ၁၄ ရက်စောင့်မကြည့်ဘဲ ပြည်နှင်ဒဏ်ပေးမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။

အဲဒီတရုတ်နိုင်ငံသား ၁၁၈ ယောက်ဟာ ယူနန်ပြည်နယ်ကနေ မတ်လ ၁၂ ရက်နေ့နဲ့ မတ်လ ၂၀ ရက်နေ့အတွင်းမှာ နယ်စပ်ဖြတ် ဝင်ရောက်လာတာလို့ ဦးမောင်မောင်ဦးက ပြောပါတယ်။

သူတို့ လုပ်ကိုင်တဲ့ ကုမ္ပဏီ နှစ်ခုဟာ ကွန်ပျူတာပရိုဂရမ်ရေးဆွဲခြင်းနဲ့ အွန်လိုင်းဈေးရောင်း၊ ဈေးဝယ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ကြတာဖြစ်တယ်။ စစ်ဆေးချိန်မှာတော့ နှင်းဆီနီလမ်းအိမ်မှာ တရုတ်နိုင်ငံသား ၆၄ ယောက်နဲ့ ပန်းဝါလမ်းမှာ ၅၄ ယောက် စစ်ဆေးတွေ့ရှိခဲ့ပြီး အိမ်ရှင် ဒေါ်နုနုဆွေက ကုမ္ပဏီကို ငှားရမ်းထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

မနေ့က သွားရောက်စစ်ဆေးချိန်မှာ ပါဝင်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက အဲ့ဒီအိမ်မှာနေတဲ့ တရုတ်နိုင်ငံသား အားလုံးဟာ နေထိုင်ခွင့်ဗီဇာတွေ အားလုံးရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံ ၁၆ နိုင်ငံက လာတဲ့သူတွေကို ၁၄ ရက် တင်းတင်းကြပ်ကြပ် စောင့်ကြပ်ကြည့်ရှု့သွားမှာဖြစ်ပြီး သံတမန်တွေကလွဲပြီး ကျန်တခြားသူတွေက သီးသန့် သတ်မှတ်ထားတဲ့ နေရာတွေမှာ စောင့်ကြည့်မှုခံယူရမှာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက တင်းတင်းကြပ်ကြပ် လုပ်ဆောင်ဖို့ညွှန်ကြားထားပြီး မနေ့က စစ်ဆေးတွေ့ရှိတဲ့ တရုတ် နိုင်ငံသားတွေကို သူတို့ငှားနေတဲ့အိမ်တွေမှာပဲ ၁၄ ရက်ကြာ စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

ကိုရိုနာကူးစက်ခံရမှုများနေတဲ့ နိုင်ငံတွေက လာသူတွေကို စောင့်ကြည့်ဖို့ အစိုးရက စီစဉ်ထားပါတယ်။

ရန်ကုန်တိုင်းမှာတော့  ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာ အမျိုးသမီးနဲ့ကလေးဆေးရုံ၊ လှည်းကူးမြို့နယ်မှာရှိတဲ့ ကွင်းဆင်းသင်တန်းကျောင်းနဲ့ သိမ်ဖြူအားကစားရုံတွေမှာ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
သဃၤန္းကြၽန္းမွာ စုၿပဳံေနထိုင္တဲ့ တ႐ုတ္ႏိုင္ငံသား အမ်ားအျပားကို စစ္ေဆးေန သဃၤန္းကြၽန္းမွာ စုၿပဳံေနထိုင္တဲ့ တ႐ုတ္ႏိုင္ငံသား အမ်ားအျပားကို စစ္ေဆးေန Reviewed by THITHTOOLWIN on 01:10 Rating: 5
Powered by Blogger.