တကမၻာလံုး အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ အေရအတြက္ ၂ ဆတိုး


(Zawgyi / Unicode)

လြန္ခဲ့တဲ့ ၂၅ ႏွစ္က ကုလသမဂၢရဲ႕ ၄ ႀကိမ္ေျမာက္ ကမၻာ့အမ်ဳိးသမီး ညီလာခံကို တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမဳိ႕မွာ စတင္က်င္းပခဲ့ၿပီးခ်ိန္ကစလို႔ ကမၻာေပၚမွာ အမ်ဳိးသမီး လႊတ္ေတာ္အမတ္ဦးေရ ႏွစ္ဆေက်ာ္ တုိးတက္လာခဲ့တယ္လို႔ ကမၻာ့ပါလီမန္မ်ား သမဂၢ (IPU) က ေျပာၾကားလုိက္ပါတယ္။

၁၉၉၅ ခုႏွစ္တုန္းက အမ်ဳိးသမီးပါလီမန္အမတ္ အမ်ားဆုံးႏိုင္ငံေတြကေတာ့ ဆြီဒင္နဲ႔ စကင္ဒီေနးဗီးယားႏိုင္ငံေတြ ျဖစ္ခဲ့ေပမယ့္ အခုႏွစ္ေတြထဲမွာေတာ့ ရဝမ္ဒါႏိုင္ငံမွာ အမ်ဳိးသမီးအမတ္ ၆၀ ရာခုိင္ႏႈန္းေက်ာ္ ရွိလာၿပီး က်ဴးဘား၊ ဘိုလီးဗီးယားနဲ႔ UAE ေခၚ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု ႏုိင္ငံတုိ႔ဟာ ထိပ္ဆုံးေရာက္လာၾကတယ္လုိ႔ ဆုိပါတယ္။

IPU အေထြေထြအတြင္းေရးမွဴး Martin Chungong က လႊတ္ေတာ္အမတ္ အေရအတြက္ကို က်ား/မ ခြဲတမ္းစနစ္ သတ္မွတ္ထားတဲ့ ႏိုင္ငံေတြမွာ အမ်ဳိးသမီးအမတ္ အေရအတြက္ ပိုတုိးလာတာ ေတြ႔ရတယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ Metoo လုပ္ရွားမႈေၾကာင့္လည္း အမ်ဳိးသမီးမ်ားရဲ႕ ႏိုင္ငံေရး ကိုယ္စားျပဳမႈဟာ ပိုမိုက်ယ္ျပန္႔လာတယ္လို႔ ေျပာပါတယ္။

ဒီလႈပ္ရွားမႈဟာ လိင္ခြဲျခားမႈ၊ လိင္ပိုင္းဆုိင္ရာ ေႏွာင့္ယွက္မႈ၊ အၾကမ္းဖက္မႈတို႔ကို ရင္ဆုိင္ခဲ့တဲ့ လႈပ္ရွားမႈ ျဖစ္ပါတယ္။

------------------------------

(Unicode)

တကမ္ဘာလုံး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၂ ဆတိုး

လွန်ခဲ့တဲ့ ၂၅ နှစ်က ကုလသမဂ္ဂရဲ့ ၄ ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး ညီလာခံကို တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ စတင်ကျင်းပခဲ့ပြီးချိန်ကစလို့ ကမ္ဘာပေါ်မှာ အမျိုးသမီး လွှတ်တော်အမတ်ဦးရေ နှစ်ဆကျော် တိုးတက်လာခဲ့တယ်လို့ ကမ္ဘာ့ပါလီမန်များ သမဂ္ဂ (IPU) က ပြောကြားလိုက်ပါတယ်။

၁၉၉၅ ခုနှစ်တုန်းက အမျိုးသမီးပါလီမန်အမတ် အများဆုံးနိုင်ငံတွေကတော့ ဆွီဒင်နဲ့ စကင်ဒီနေးဗီးယားနိုင်ငံတွေ ဖြစ်ခဲ့ပေမယ့် အခုနှစ်တွေထဲမှာတော့ ရဝမ်ဒါနိုင်ငံမှာ အမျိုးသမီးအမတ် ၆၀ ရာခိုင်နှုန်းကျော် ရှိလာပြီး ကျူးဘား၊ ဘိုလီးဗီးယားနဲ့ UAE ခေါ် အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံတို့ဟာ ထိပ်ဆုံးရောက်လာကြတယ်လို့ ဆိုပါတယ်။

IPU အထွေထွေအတွင်းရေးမှူး Martin Chungong က လွှတ်တော်အမတ် အရေအတွက်ကို ကျား/မ ခွဲတမ်းစနစ် သတ်မှတ်ထားတဲ့ နိုင်ငံတွေမှာ အမျိုးသမီးအမတ် အရေအတွက် ပိုတိုးလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Metoo လုပ်ရှားမှုကြောင့်လည်း အမျိုးသမီးများရဲ့ နိုင်ငံရေး ကိုယ်စားပြုမှုဟာ ပိုမိုကျယ်ပြန့်လာတယ်လို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုဟာ လိင်ခွဲခြားမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ အကြမ်းဖက်မှုတို့ကို ရင်ဆိုင်ခဲ့တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
တကမၻာလံုး အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ အေရအတြက္ ၂ ဆတိုး တကမၻာလံုး အမ်ိဳးသမီး လႊတ္ေတာ္ကိုယ္စားလွယ္ အေရအတြက္ ၂ ဆတိုး Reviewed by THITHTOOLWIN on 01:11 Rating: 5
Powered by Blogger.