ထိုင္းနယ္စပ္ကေန ျပန္ဝင္ဖို႔ႀကိဳးစားတဲ့ ျမန္မာႏုိင္ငံသားေတြ အဖမ္းခံရ

ေနရပ္ျပန္ဖို႔ႀကိဳးစားေနၾကေသာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ားကို ထိုင္း-ျမန္မာနယ္စပ္တြင္ ေတြ႔ရ (သတင္းဓာတ္ပံု - မတ္ ၂၅၊ ၂၀၂၀)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံမွာ COVID-19 ကပ္ေရာဂါေၾကာင့္ အေရးေပၚအေျခအေနစတင္ခ်ိန္မွာပဲ ထိုင္းကေန ျမန္မာႏိုင္ငံထဲ တရားမ၀င္နယ္စပ္လမ္းကေန ၀င္ေရာက္ဖို႔ ႀကိဳးစားတဲ့ ျမန္မာႏို္င္ငံသား ၈၀ ထက္မနည္းကို ထိုင္းအာဏာပိုင္ေတြက ဖမ္းဆီးအေရးယူတဲ့ သတင္းကို တင္ဆက္ေပးပါမယ္။ ထိုင္းအေျခစိုက္သတင္းေထာက္ မေအးေအးမာ သတင္းေပးပို႔ထားတာပါ။

ထိုင္းနိုင္ငံမွာ အေရးေပၚအေျခအေနကာလ စတင္တ့ဲေန႔ ဒီေန႔ မနက္ပိုင္းမွာပဲ ထုိင္းျမန္မာနယ္စပ္တာ့ခ္ခရိုင္ ထ ဆိုင္လု၀နယ္ေျမ အမွတ္ ၇ ေက်းရြာ အုပ္စုနဲ႔ အမွတ္ (၃) ေက်းရြာအုပ္စုနယ္ေျမေတြကေန ျမန္မာႏို္င္ငံထဲ တရားမ၀င္နယ္စပ္လမ္းေတြကေန ၀င္ေရာက္ဖို႔ ႀကိဳးစားတဲ့ ျမန္မာႏိုင္ငံသား ၈၀ ထက္မနည္းကို ထိုင္းအာဏာပိုင္ေတြက ဖမ္းဆီးခဲ့ပါတယ္။

ထိုိင္းအထူးတပ္ဖဲြ ့တပ္ရင္း (၄) နဲ႔ နယ္ျခားေစာင့္တပ္ေတြက ေစာင့္ၾကည့္ေနခ်ိန္ အမ်ိဳးသား ၄၄ ေယာက္၊ အမ်ိဳးသမီး ၂၃ ေယာက္အုပ္စုတစု၊ ေနာက္အုပ္စု က အမ်ိဳးသား ၉ ေယာက္၊ အမ်ိဳးသမိီး ၅ေယာက္ ျဖစ္ျပီး အားလံုးက ဘန္ေကာက္ကေန ဆင္းလာၾကတဲ့ ျမန္မာႏိုင္ငံသားေတြျဖစ္တယ္လို႔ ထိုင္းအာဏာပုိင္ေတြက ဆုိပါတယ္။

ထိုင္းႏိုင္ငံမွာ အေရးေပၚကာလအျဖစ္ သတ္မွတ္ေၾကညာထားတာေၾကာင့္ တည္ဆဲဥပေဒနဲ႔ အေရးယူမယ္လို႔ သိရတဲ့အေၾကာင္း မဲေဆာက္ျမိဳ႕ေရာင္ျခည္ဦး အလုပ္သမားအဖဲြ႔ရဲ႕တာ၀န္ခံတဦးျဖစ္တဲ့ ဦးမုိးေက်ာ္က ေျပာပါတယ္

"ဒီေန႔ မနက္ပိုင္းမွာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေနရပ္ရင္းေဒသျပန္ဖို႔ ေရႊ႕ေျပာင္းအလုပ္သမား ၈၀ ေက်ာ္ဟာ သူတို႔နည္း၊ သူတို႔ဟန္နဲ႔ေတာလမ္းကေန ျမန္မာျပည္ေနရပ္ရင္းကုိ ျပန္ဖို႔ ႀကိဳးစားႀကတဲ့အတြက္ ေဒသခံအာဏာပုိင္ေတြက ဖမ္းဆီးျပီး အေရးယူတာခံရတယ္။ တည္ဆဲဥပေဒနဲ႔ အေရးယူမယ္လို႔ေတာ့ သိရပါတယ္။"

ထိုင္းနဲ႔ ျမန္မာႏွစ္ဘက္လံုးက မတ္လ၂၆ ရက္ေန႔က စတင္ျပီး မဲေဆာက္ ျမ၀တီတံတား (၂) ကိုပဲ ပိတ္ဖို႔ စီစဥ္ေဆာင္ရြက္ထားေပမဲ့ ဘန္ေကာက္က ဆင္းလာတဲ့ လက္က်န္အလုပ္သမားေတြ က်န္ေနေသးတာေႀကာင့္ ႏွစ္ဘက္ညိွႏိႈင္းမႈေတြလုပ္ျပိီး ဒီေန႔မွာလည္း အလုပ္သမားေတြကို ထပ္ျပီး ၀င္ခြင့္ေပးခဲ့ရတယ္လုိ႔ ျမ၀တီခရိုအုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ေျပာျပပါတယ္။

"လက္က်န္ေလး က်န္ေနတာေပါ့။ ပံုမွန္ကေတာ့ ဒီေန ့တံတားကေတာ့ ပိတ္ထားပါပဲ။
ဒီေန႔ေရာ မေန႔ကေတာ့ တေန႔ ကေကာတံတားက ပိတ္ထားတယ္။ ပရိုမိုးရွင္းအေနနဲ႔ တံတားကို ဖြင့္ေပးထားရတာ၊ ပရိုမိုးရွင္းဆုိတာလည္း ဘယ္ေလာက္အထိ ဖြင့္မယ္ဆုိလိုတာမဟုတ္ဘူး။ အေျခအေနနဲ႔ အခ်ိန္အခါအရ လုပ္ေပးရတာ ဒီေန႔ မနက္ပိုင္း ၀င္လာတဲ့ ေဒတာအခ်က္အလက္အရ ၁,၄၀၀ ေလာက္ေတာ့ရွိတယ္။ ၁၂နာရီ ေဒတာအရ ဒီထက္ေတာ့ မပိုဘူးေပါ့။ ပိုမယ္ဆိုရင္လည္း ၁၀၀၊ ၂၀၀ ေလာက္ပဲရွိမယ္။"

ထိုင္းႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ျဖစ္ပြားျပီးတဲ့ေနာက္ စက္ရံုတခ်ိဳ႕ ကုန္ၾကမ္းမရလို႔ ပိတ္သိမ္းလိုက္ရတာေတြျဖစ္ၿပီး အလုပ္ျပဳတ္ရတဲ့ ျမန္မာအလုပ္သမားေတြနဲ႔ ေနထိုင္အလုပ္လုပ္ခြင့္သက္တမ္းကုန္ခါနီးမို႔ ေနရပ္ျပန္ေနႀကတဲ့ အလုပ္သမားေတြဟာ ဒီရက္ပုိင္းေတြမွာေသာင္းနဲ႔ခ်ီ ရိွေနတာျဖစ္ပါတယ္။

လာမယ့္ မတ္ ၃၁ ရက္ေန႔ အလုပ္လုပ္ခြင့္သက္တမ္းကုန္ဆံုးမယ့္ ျမန္မာ၊ ကေမၻာဒီယားနဲ႔ ေလာႏိုင္ငံက အလုပ္သမားေတြအေနနဲ႔ ဒဏ္ေၾကးေပးေဆာင္စရာမလိုဘဲနဲ႔ ဇြန္လ ၃၀ ရက္ေန႔အထိ ဆက္ၿပီး ေနထိုု္င္ အလုပ္လုပ္ခြင့္ျပဳတယ္ဆိုတာကို ထိုင္းအစိုးရက မတ္လ ၂၄ ရက္ေန႔က ဆံုးျဖတ္လိုက္ပါတယ္။ ဒါေၾကာင့္ ေနထိုင္အလုပ္လုပ္ခြင့္သက္တမ္းကုန္မယ့္ ျမန္မာ အလုပ္သမားေတြအေနနဲ႔ ဇြန္လ ၃၀ ရက္ေန႔အထိ လက္မွတ္ေဟာင္းနဲ႔ ထိုင္းႏိုင္ငံတြင္း အလုပ္လုပ္ကိုင္ခြင့္ေတြ ရိွဦးမွာပါ။


[Unicode Version]

ထိုင်းနယ်စပ်ကနေ ပြန်ဝင်ဖို့ကြိုးစားတဲ့ မြန်မာနိုင်ငံသားတွေ အဖမ်းခံရ

ထိုင်းနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် အရေးပေါ်အခြေအနေစတင်ချိန်မှာပဲ ထိုင်းကနေ မြန်မာနိုင်ငံထဲ တရားမဝင်နယ်စပ်လမ်းကနေ ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၈၀ ထက်မနည်းကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးအရေးယူတဲ့ သတင်းကို တင်ဆက်ပေးပါမယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားတာပါ။

ထိုင်းနိုင်ငံမှာ အရေးပေါ်အခြေအနေကာလ စတင်တဲ့နေ့ ဒီနေ့ မနက်ပိုင်းမှာပဲ ထိုင်းမြန်မာနယ်စပ်တာ့ခ်ခရိုင် ထ ဆိုင်လုဝနယ်မြေ အမှတ် ၇ ကျေးရွာ အုပ်စုနဲ့ အမှတ် (၃) ကျေးရွာအုပ်စုနယ်မြေတွေကနေ မြန်မာနိုင်ငံထဲ တရားမဝင်နယ်စပ်လမ်းတွေကနေ ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၈၀ ထက်မနည်းကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းအထူးတပ်ဖွဲ့တပ်ရင်း (၄) နဲ့ နယ်ခြားစောင့်တပ်တွေက စောင့်ကြည့်နေချိန် အမျိုးသား ၄၄ ယောက်၊ အမျိုးသမီး ၂၃ ယောက်အုပ်စုတစု၊ နောက်အုပ်စု က အမျိုးသား ၉ ယောက်၊ အမျိုးသမီး ၅ယောက် ဖြစ်ပြီး အားလုံးက ဘန်ကောက်ကနေ ဆင်းလာကြတဲ့ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အရေးပေါ်ကာလအဖြစ် သတ်မှတ်ကြေညာထားတာကြောင့် တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ သိရတဲ့အကြောင်း မဲဆောက်မြို့ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ရဲ့တာဝန်ခံတဦးဖြစ်တဲ့ ဦးမိုးကျော်က ပြောပါတယ်

"ဒီနေ့ မနက်ပိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ နေရပ်ရင်းဒေသပြန်ဖို့ ရွှေ့ပြောင်းအလုပ်သမား ၈၀ ကျော်ဟာ သူတို့နည်း၊ သူတို့ဟန်နဲ့တောလမ်းကနေ မြန်မာပြည်နေရပ်ရင်းကို ပြန်ဖို့ ကြိုးစားကြတဲ့အတွက် ဒေသခံအာဏာပိုင်တွေက ဖမ်းဆီးပြီး အရေးယူတာခံရတယ်။ တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့တော့ သိရပါတယ်။"

ထိုင်းနဲ့ မြန်မာနှစ်ဘက်လုံးက မတ်လ၂၆ ရက်နေ့က စတင်ပြီး မဲဆောက် မြဝတီတံတား (၂) ကိုပဲ ပိတ်ဖို့ စီစဉ်ဆောင်ရွက်ထားပေမဲ့ ဘန်ကောက်က ဆင်းလာတဲ့ လက်ကျန်အလုပ်သမားတွေ ကျန်နေသေးတာကြောင့် နှစ်ဘက်ညှိနှိုင်းမှုတွေလုပ်ပြီး ဒီနေ့မှာလည်း အလုပ်သမားတွေကို ထပ်ပြီး ဝင်ခွင့်ပေးခဲ့ရတယ်လို့ မြဝတီခရိုအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပြပါတယ်။

"လက်ကျန်လေး ကျန်နေတာပေါ့။ ပုံမှန်ကတော့ ဒီနေ့တံတားကတော့ ပိတ်ထားပါပဲ။
ဒီနေ့ရော မနေ့ကတော့ တနေ့ ကကောတံတားက ပိတ်ထားတယ်။ ပရိုမိုးရှင်းအနေနဲ့ တံတားကို ဖွင့်ပေးထားရတာ၊ ပရိုမိုးရှင်းဆိုတာလည်း ဘယ်လောက်အထိ ဖွင့်မယ်ဆိုလိုတာမဟုတ်ဘူး။ အခြေအနေနဲ့ အချိန်အခါအရ လုပ်ပေးရတာ ဒီနေ့ မနက်ပိုင်း ဝင်လာတဲ့ ဒေတာအချက်အလက်အရ ၁,၄၀၀ လောက်တော့ရှိတယ်။ ၁၂နာရီ ဒေတာအရ ဒီထက်တော့ မပိုဘူးပေါ့။ ပိုမယ်ဆိုရင်လည်း ၁၀၀၊ ၂၀၀ လောက်ပဲရှိမယ်။"

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပြီးတဲ့နောက် စက်ရုံတချို့ ကုန်ကြမ်းမရလို့ ပိတ်သိမ်းလိုက်ရတာတွေဖြစ်ပြီး အလုပ်ပြုတ်ရတဲ့ မြန်မာအလုပ်သမားတွေနဲ့ နေထိုင်အလုပ်လုပ်ခွင့်သက်တမ်းကုန်ခါနီးမို့ နေရပ်ပြန်နေကြတဲ့ အလုပ်သမားတွေဟာ ဒီရက်ပိုင်းတွေမှာသောင်းနဲ့ချီ ရှိနေတာဖြစ်ပါတယ်။

လာမယ့် မတ် ၃၁ ရက်နေ့ အလုပ်လုပ်ခွင့်သက်တမ်းကုန်ဆုံးမယ့် မြန်မာ၊ ကမ္ဘောဒီယားနဲ့ လောနိုင်ငံက အလုပ်သမားတွေအနေနဲ့ ဒဏ်ကြေးပေးဆောင်စရာမလိုဘဲနဲ့ ဇွန်လ ၃၀ ရက်နေ့အထိ ဆက်ပြီး နေထိုင် အလုပ်လုပ်ခွင့်ပြုတယ်ဆိုတာကို ထိုင်းအစိုးရက မတ်လ ၂၄ ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် နေထိုင်အလုပ်လုပ်ခွင့်သက်တမ်းကုန်မယ့် မြန်မာ အလုပ်သမားတွေအနေနဲ့ ဇွန်လ ၃၀ ရက်နေ့အထိ လက်မှတ်ဟောင်းနဲ့ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်ခွင့်တွေ ရှိဦးမှာပါ။

မေအးေအးမာ/VOA (Burmese)
https://burmese.voanews.com
ထိုင္းနယ္စပ္ကေန ျပန္ဝင္ဖို႔ႀကိဳးစားတဲ့ ျမန္မာႏုိင္ငံသားေတြ အဖမ္းခံရ ထိုင္းနယ္စပ္ကေန ျပန္ဝင္ဖို႔ႀကိဳးစားတဲ့ ျမန္မာႏုိင္ငံသားေတြ အဖမ္းခံရ Reviewed by THITHTOOLWIN on 22:16 Rating: 5
Powered by Blogger.