
(Zawgyi)⤵⤵⤵



(Xinhua)
-------------
(Unicode)⤵⤵⤵
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အင်းမြေပြိုကျပိမိ၍ ၂ ဦး သေဆုံး၊ ၂ ဦး စိုးရိမ် ဒဏ်ရာရ

သပိတ်ကျင်းမြို့အဝင်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

    ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

    မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အင်းမြေပြိုကျပိမိ၍ လူ၂ ဦး သေဆုံးပြီး ၂ ဦး စိုးရိမ်ဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က မတ် ၂၃ ရက်တွင် ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၂ ရက် ၀၆း၀၀ နာရီ  အချိန် သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန့်ကျေးရွာ၊ ဒေသဖွံဖြိုးရေးကုမ္ပဏီ၊ လုပ်ကွက်အမှတ် (TPK-202)ရှိ အကျယ် ၄ ပေ၊ အနက် ၂၀၀ ပေခန့် အင်းအတွင်း၌ အင်းလုပ်သားများဖြစ်သော ရွှေစိုးအောင်(၂၆)နှစ်နှင့် လှမျိုးအောင်(၂၄)နှစ်အပါအဝင် အမျိုးသား ၄ ဦးမှ ရွှေဖြုန်း ဆင်းတူးစဉ် အင်းမြေပြိုကျပိမိခဲ့ကြောင်း သိရသည်။ရွှေစိုးအောင် နှင့် အမျိုးသား တစ်ဦးသည် ဦးခေါင်းပေါက်ပြဲ/ ခြေကျိုးဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့ကြောင်း၊  လှမျိုးအောင်နှင့် နောက်အမျိုးသားတစ်ဦးတွင်  ဦးခေါင်းနောက်စေ့ပေါက်ပြဲ/ ဝဲမျက်လုံး/လက်/ခြေဖူး ရောင်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အင်းမြေပြိုကျပိမိ၍ ၂ ဦး သေဆုံး၊ ၂ ဦး စိုးရိမ် ဒဏ်ရာရ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အင်းမြေပြိုကျပိမိ၍ ၂ ဦး သေဆုံး၊ ၂ ဦး စိုးရိမ် ဒဏ်ရာရ Reviewed by THITHTOOLWIN on 00:19 Rating: 5
Powered by Blogger.