ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာ ႏွစ္ဦး ထပ္မံေတြ႕ရွိ

(Zawgyi)⤵⤵⤵
ရန္ကုန္၊ မတ္ ၅

လက္ရွိ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါနဲ႔ ပတ္သက္ၿပီး သံသရရွိလူနာ ႏွစ္ဦး ထပ္မံေတြ႕ရွိခဲ့ရတယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာေဒၚခင္ခင္ႀကီးက ေျပာပါတယ္။

၎လူနာ ႏွစ္ဦးအနက္ တစ္ဦးမွာ မႏၲေလးတိုင္းေဒသႀကီး မဟာေအာင္ေျမၿမိဳ႕နယ္မွာ ေနထိုင္တဲ့ အသက္ (၆၈) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး၊ သူမဟာ လြန္ခဲ့ေသာ ၁၄ ရက္အတြင္း ေရာဂါျဖစ္ပြားရာ ေဒသမ်ားသို႔ ခရီးသြားခဲ့ျခင္း မရွိခဲ့ေပမယ့္ ျပင္းထန္အသက္ရႈလမ္းေၾကာင္းဆိုင္ရာ လကၡဏာေတြနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ သံသယလကၡဏာမ်ား ေတြ႕ရွိခဲ့ရတဲ့အတြက္ ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ၿပီး သီးျခားထားရွိကာ ကုသမႈ ေပးေနတာ ျဖစ္ပါတယ္။


က်န္တစ္ဦးကေတာ့ ရန္ကုန္တ္ိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္မွာ ေနထိုင္တဲ့ အသက္ (၃၂) ႏွစ္အ႐ြယ္ အမ်ိဳး သမီးျဖစ္ၿပီး၊ ၎မွာ (၂.၃.၂၀၂၀) ရက္ေန႔က ထိုင္းႏိုင္ငံကေန ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာၿပီး ေခ်ာင္း ဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေမာပမ္းျခင္း စတဲ့လကၡဏာမ်ား ခံစားခဲ့ရတဲ့အတြက္ ပုဂၢလိက ေဆးခန္းေတြမွာ လာေရာက္ျပသရာကေန (၄.၃.၂၀၂၀) မွာ ေဝဘာဂီအထူးကုေဆး႐ုံမွာ ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ၿပီး သီးျခားထားရွိကုသမႈ ေပးေနတယ္လု႔ိ ဆိုပါတယ္။

" ကြၽန္မတို႔ အေနနဲ႔ WHO နဲ႔ အနီးကပ္ပူးေပါင္း လုပ္ေဆာင္ေနသလို USTDC နဲ႔လည္း နည္းပညာပိုင္းဆိုင္ရာ ေတြ ပူးေပါင္းေဆာင္႐ြက္ေနတယ္။ အာဆီယံ EOC Network နဲ႔လည္း ပူးေပါင္းေဆာင္႐ြက္ေနပါတယ္" လို႔ က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

ယခင္က ကို႐ိုနာဗိုင္းရပ္စ္ေရာဂါနဲ႔ ပတ္သက္ၿပီး သံသရရွိလူနာအျဖစ္ ေစာင့္ၾကည့္ေနရတဲ့ ကန္ေတာ္နဒီေဆး ႐ုံမွ အသက္ (၂၄) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊ ေဝဘာဂီေဆး႐ုံမွ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံသား အသက္ (၃၈) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊ အသက္ (၂၈) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ေဆး႐ုံမွအသက္ (၂၆) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးနဲ႔ အသက္ (၂၉) ႏွစ္အ႐ြယ္ရွိ ၎ရဲ႕ အမ်ိဳးသမီျဖစ္သူ စုစု ေပါင္း (၅) ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုး မေတြ႕ရွိရဘူးလို႔ သိရပါတယ္။

က်န္ရွိေနတဲ့ ေစာင့္ၾကည့္လူနာေတြရဲ႕ ဓာတ္ခြဲခန္း အေျဖေတြကိုလည္း ထပ္မံရရွိပါက အခ်ိန္နဲ႔ တစ္ေျပးညီ ထုတ္ျပန္ေပးသြားမယ္လို႔ သိရပါတယ္။

လတ္တေလာမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါအတြက္ အသုံးျပဳဖို႔အတြက္ အေရးေပၚရန္ပုံေင က်ပ္သိန္း သံုးေထာင္ ခန္႔ လ်ာထားသလို၊ မတ္လ (၃) ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ ဗဟိုအဆင့္ ကာကြယ္ကုသ ထိန္းခ်ဳပ္ေရး ဗဟိုေကာ္မ တီ အစည္ေဝးရဲ႕ ဆံုးျဖတ္ခ်က္အရ လိုအပ္ပါက ႏိုင္ငံေတာ္ အေရးေပၚ အေျခအေနမွာ အသုံးျပဳဖို႔လ်ာထားတဲ့ ရန္ပုံေငြထဲကေနလည္း အသုံးျပဳခြင့္ ေပးသြားမယ္လို႔ သိရပါတယ္။

မွဴးသခင္
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ နှစ်ဦး ထပ်မံတွေ့ရှိ
ရန်ကုန်၊ မတ် ၅

လက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး သံသရရှိလူနာ နှစ်ဦး ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဒေါ်ခင်ခင်ကြီးက ပြောပါတယ်။

၎င်းလူနာ နှစ်ဦးအနက် တစ်ဦးမှာ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှာ နေထိုင်တဲ့ အသက် (၆၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ သူမဟာ လွန်ခဲ့သော ၁၄ ရက်အတွင်း ရောဂါဖြစ်ပွားရာ ဒေသများသို့ ခရီးသွားခဲ့ခြင်း မရှိခဲ့ပေမယ့် ပြင်းထန်အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာများ တွေ့ရှိခဲ့ရတဲ့အတွက် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး သီးခြားထားရှိကာ ကုသမှု ပေးနေတာ ဖြစ်ပါတယ်။

ကျန်တစ်ဦးကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်တဲ့ အသက် (၃၂) နှစ်အရွယ် အမျိုး သမီးဖြစ်ပြီး၊ ၎င်းမှာ (၂.၃.၂၀၂၀) ရက်နေ့က ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ချောင်း ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ မောပမ်းခြင်း စတဲ့လက္ခဏာများ ခံစားခဲ့ရတဲ့အတွက် ပုဂ္ဂလိက ဆေးခန်းတွေမှာ လာရောက်ပြသရာကနေ (၄.၃.၂၀၂၀) မှာ ဝေဘာဂီအထူးကုဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး သီးခြားထားရှိကုသမှု ပေးနေတယ်လု့ိ ဆိုပါတယ်။

" ကျွန်မတို့ အနေနဲ့ WHO နဲ့ အနီးကပ်ပူးပေါင်း လုပ်ဆောင်နေသလို USTDC နဲ့လည်း နည်းပညာပိုင်းဆိုင်ရာ တွေ ပူးပေါင်းဆောင်ရွက်နေတယ်။ အာဆီယံ EOC Network နဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်" လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ယခင်က ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး သံသရရှိလူနာအဖြစ် စောင့်ကြည့်နေရတဲ့ ကန်တော်နဒီဆေး ရုံမှ အသက် (၂၄) နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဝေဘာဂီဆေးရုံမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသား အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၂၈) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ကျောက်ပန်းတောင်းမြို့နယ် ဆေးရုံမှအသက် (၂၆) နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် (၂၉) နှစ်အရွယ်ရှိ ၎င်းရဲ့ အမျိုးသမီဖြစ်သူ စုစု ပေါင်း (၅) ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး မတွေ့ရှိရဘူးလို့ သိရပါတယ်။

ကျန်ရှိနေတဲ့ စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲခန်း အဖြေတွေကိုလည်း ထပ်မံရရှိပါက အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။

လတ်တလောမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါအတွက် အသုံးပြုဖို့အတွက် အရေးပေါ်ရန်ပုံငေ ကျပ်သိန်း သုံးထောင် ခန့် လျာထားသလို၊ မတ်လ (၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဗဟိုအဆင့် ကာကွယ်ကုသ ထိန်းချုပ်ရေး ဗဟိုကော်မ တီ အစည်ဝေးရဲ့ ဆုံးဖြတ်ချက်အရ လိုအပ်ပါက နိုင်ငံတော် အရေးပေါ် အခြေအနေမှာ အသုံးပြုဖို့လျာထားတဲ့ ရန်ပုံငွေထဲကနေလည်း အသုံးပြုခွင့် ပေးသွားမယ်လို့ သိရပါတယ်။

မှူးသခင်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာ ႏွစ္ဦး ထပ္မံေတြ႕ရွိ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာ ႏွစ္ဦး ထပ္မံေတြ႕ရွိ Reviewed by THITHTOOLWIN on 20:23 Rating: 5
Powered by Blogger.