ရခိုင္ျပည္နယ္ရွိ နယ္ေျမခံတန္းျမင့္ေလ့က်င့္ေရးေက်ာင္း တိုက္ခိုက္ခံရ

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕အဝင္ဆိုင္းဘုတ္အားေတြ႕ရစဥ္(အင္တာနက္)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ မတ္ ၂၃ ရက္ (ဆင္ဟြာ)

    ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ရွိ နယ္ေျမခံတန္းျမင့္ေလ့က်င့္ေရးေက်ာင္းသည္ ယေန႔ မတ္ ၂၃ ရက္ နံနက္ ၆နာရီခန႔္တြင္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပတ္ခတ္တိုက္ခိုက္ခံရၿပီး တပ္မေတာ္ႏွင့္ AA လက္နက္ကိုင္အဖြဲ႕တို႔အၾကား ထိေတြ႕မႈျဖစ္ပြားခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ေသာ သတင္းအရ သိရသည္။အဆိုပါ သင္တန္းေက်ာင္းအား ေနရာ ေလးေနရာမွေန၍  AA လက္နက္ကိုင္အဖြဲ႕မွ အင္အားသုံး တိုက္ခိုက္ရန္ ႀကိဳးစားခဲ့ေသာ္လည္း ေက်ာင္းဌာနခ်ဳပ္အေနႏွင့္ တပ္ပတ္လည္ခံစနစ္ျဖင့္ ျပန္လည္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ယင္း ႏွစ္ဘက္အျပန္အလွန္ တိုက္ခိုက္မႈေၾကာင့္ AA လက္နက္ကိုင္အဖြဲ႕မွ ထိခိုက္/က်ရႈံးမႈမ်ားရွိခဲ့ေၾကာင္း၊ အဆိုပါ ထိေတြ႕မႈေၾကာင့္ AA လက္နက္ကိုင္အဖြဲ႕သည္ အေလာင္းႏွင့္ လက္နက္အခ်ိဳ႕အား မယူေဆာင္ႏိုင္ဘဲ နံနက္ ၁၁ နာရီေက်ာ္တြင္ ဆုတ္ခြာခဲ့ေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ေသာ သတင္းတြင္ ေဖာ္ျပထားသည္။တပ္မေတာ္အေနျဖင့္ AA လက္နက္ကိုင္အဖြဲ႕အား ဆက္လက္ၿပီးနယ္ေျမရွင္းလင္းေရးမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
------------
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်ရှိ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်း တိုက်ခိုက်ခံရ

ရခိုင်ပြည်နယ် မင်းပြားမြို့အဝင်ဆိုင်းဘုတ်အားတွေ့ရစဉ်(အင်တာနက်)

    ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

    ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်းသည် ယနေ့ မတ် ၂၃ ရက် နံနက် ၆နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပတ်ခတ်တိုက်ခိုက်ခံရပြီး တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ သင်တန်းကျောင်းအား နေရာ လေးနေရာမှနေ၍  AA လက်နက်ကိုင်အဖွဲ့မှ အင်အားသုံး တိုက်ခိုက်ရန် ကြိုးစားခဲ့သော်လည်း ကျောင်းဌာနချုပ်အနေနှင့် တပ်ပတ်လည်ခံစနစ်ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း နှစ်ဘက်အပြန်အလှန် တိုက်ခိုက်မှုကြောင့် AA လက်နက်ကိုင်အဖွဲ့မှ ထိခိုက်/ကျရှုံးမှုများရှိခဲ့ကြောင်း၊ အဆိုပါ ထိတွေ့မှုကြောင့် AA လက်နက်ကိုင်အဖွဲ့သည် အလောင်းနှင့် လက်နက်အချို့အား မယူဆောင်နိုင်ဘဲ နံနက် ၁၁ နာရီကျော်တွင် ဆုတ်ခွာခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းတွင် ဖော်ပြထားသည်။တပ်မတော်အနေဖြင့် AA လက်နက်ကိုင်အဖွဲ့အား ဆက်လက်ပြီးနယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရခိုင္ျပည္နယ္ရွိ နယ္ေျမခံတန္းျမင့္ေလ့က်င့္ေရးေက်ာင္း တိုက္ခိုက္ခံရ ရခိုင္ျပည္နယ္ရွိ နယ္ေျမခံတန္းျမင့္ေလ့က်င့္ေရးေက်ာင္း တိုက္ခိုက္ခံရ Reviewed by THITHTOOLWIN on 00:21 Rating: 5
Powered by Blogger.