ရက္ ၉၀ ေနထိုင္႐ုံနဲ႔ မဲေပးခြင့္ေပးတဲ့ အစီအစဥ္ကို ေဝဖန္ကန႔္ကြက္ေန

(Zawgyi)⤵⤵⤵

ေဒသတစ္ခုမွာ ရက္ေပါင္း ၉၀ ေနထိုင္႐ုံနဲ႔ မဲေပးခြင့္ရမယ့္ အစီအစဥ္ေၾကာင့္ ေဒသခံပါတီေတြ နစ္နာႏိုင္တယ္ဆိုၿပီး တိုင္းရင္းသားပါတီတခ်ိဳ႕နဲ႔ ကခ်င္ျပည္နယ္ ျပည္သူအမ်ားအျပားက ကန႔္ကြက္ၾကပါတယ္။

ေနရာသစ္မွာ ရက္ေပါင္း ၉၀ ၾကာ ေနထိုင္လာသူတခ်ိဳ႕ကေတာ့ ဒီအစီအစဥ္ေၾကာင့္ အေျပာင္းအလဲ ႀကီးႀကီးမားမား ျဖစ္လာမယ္လို႔ မယူဆၾကပါဘူး။

ရက္ေပါင္း ၉၀ ေနထိုင္႐ုံနဲ႔ ကိုယ္ေရာက္ေနတဲ့ေဒသမွာ မဲေပးခြင့္ရရွိတယ္ဆိုတဲ့ နည္းဥပေဒၾကမ္းဟာ လာမယ့္ ေ႐ြးေကာက္ပြဲမွာ ေဒသခံပါတီေတြရဲ႕ အခြင့္အေရးေတြ ဆုံးရႈံးႏိုင္လို႔ ပယ္ဖ်က္သင့္တယ္လို႔ ျမစ္ႀကီးနားၿမိဳ႕ ေဒသခံ ေဒၚနန္းဇိန္းထန္ထုက ေျပာပါတယ္။

ဒီဥပေဒၾကမ္းဟာ တိုင္းရင္းသားပါတီေတြအတြက္ပဲ ထိခိုက္ႏိုင္တာ မဟုတ္သလို တသီးပုဂၢလ ဝင္ၿပိဳင္မယ့္ သူေတြနဲ႔ တိုင္းရင္းသားေဒသေတြမွာ ဝင္ၿပိဳင္မယ့္ ပါတီႀကီးေတြအတြက္ပါ ထိခိုက္လာႏိုင္တယ္လို႔ ႀကံ့ခိုင္ေရးပါတီ ေျပာခြင့္ရ ဦးခ်န္ထန္ခင္က ေျပာပါတယ္။

မူလျပဌာန္းထားတဲ့ ေ႐ြးေကာက္ပြဲဆိုင္ရာ နည္းဥပေဒ -၁၀(က) မွာ၊ ေ႐ႊ႕ေျပာင္းသြားလာ ေနထိုင္သူေတြအေနနဲ႔ ကိုယ္ေရာက္ေနတဲ့ေဒသမွာ အနည္းဆုံး ရက္ေပါင္း ၁၈၀ ထက္မနည္း ေနထိုင္မွသာ မဲေပးခြင့္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

အဲဒီျပဌာန္းခ်က္ကို ရက္ေပါင္း ၉၀ လို႔ ျပင္ဆင္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳထားတာပါ။

အခုလို ႏိုင္ငံေရးသမားတခ်ိဳ႕နဲ႔ ေဒသခံေတြက စိုးရိမ္ၿပီး ကန႔္ကြက္ၾကေပမယ့္လည္း ဝိုင္းေမာ္ၿမိဳ႕နယ္ ငွက္ေပ်ာၿခံမွာ လာေရာက္လုပ္ကိုင္ေနတဲ့ ကိုမင္းမင္း ကေတာ့ ေ႐ြးေကာက္ပြဲကာလမွာ စစ္ကိုင္းတိုင္းကိုျပန္ၿပီး ေနရပ္ရင္းက လႊတ္ေတာ္အမတ္ေလာင္းေတြကိုသာ ေ႐ြးခ်ယ္မဲေပးမယ္လို႔ ေျပာပါတယ္။

ေ႐ြ႕ေျပာင္းအလုပ္သမားေတြ ေရာက္ေနတဲ့ေနရာမွာ  မဲေပးဖို႔အခြင့္အေရးရွိတယ္ဆိုရင္ေတာင္ မဲ႐ုံကိုသြားဖို႔ ခက္ခဲေနတတ္တယ္လို႔ အခက္အခဲရွိတယ္လို႔လည္း  ငွက္ေပ်ာၿခံမွာ အလုပ္လုပ္ေနတဲ့ စစ္ကိုင္းတိုင္း ေက်းလက္ေဒသတခုက ေဒၚမ်ိဳးမ်ိဳးက ေျပာပါတယ္။

ကခ်င္ျပည္နယ္ ဝိုင္းေမာ္၊ ဖားကန႔္၊ ခ်ီေဖြ၊ တႏိုင္း အစရွိတဲ့ ၿမိဳ႕နယ္ေတြမွာ ျမန္မာျပည္အႏွံ႔က ေ႐ႊ႕ေျပာင္းအလုပ္သမား  ႏွစ္သိန္းခန႔္ ရွိေနပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ရက် ၉၀ နေထိုင်ရုံနဲ့ မဲပေးခွင့်ပေးတဲ့ အစီအစဉ်ကို ဝေဖန်ကန့်ကွက်နေ

ဒေသတစ်ခုမှာ ရက်ပေါင်း ၉၀ နေထိုင်ရုံနဲ့ မဲပေးခွင့်ရမယ့် အစီအစဉ်ကြောင့် ဒေသခံပါတီတွေ နစ်နာနိုင်တယ်ဆိုပြီး တိုင်းရင်းသားပါတီတချို့နဲ့ ကချင်ပြည်နယ် ပြည်သူအများအပြားက ကန့်ကွက်ကြပါတယ်။

နေရာသစ်မှာ ရက်ပေါင်း ၉၀ ကြာ နေထိုင်လာသူတချို့ကတော့ ဒီအစီအစဉ်ကြောင့် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာမယ်လို့ မယူဆကြပါဘူး။

ရက်ပေါင်း ၉၀ နေထိုင်ရုံနဲ့ ကိုယ်ရောက်နေတဲ့ဒေသမှာ မဲပေးခွင့်ရရှိတယ်ဆိုတဲ့ နည်းဥပဒေကြမ်းဟာ လာမယ့် ရွေးကောက်ပွဲမှာ ဒေသခံပါတီတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနိုင်လို့ ပယ်ဖျက်သင့်တယ်လို့ မြစ်ကြီးနားမြို့ ဒေသခံ ဒေါ်နန်းဇိန်းထန်ထုက ပြောပါတယ်။

ဒီဥပဒေကြမ်းဟာ တိုင်းရင်းသားပါတီတွေအတွက်ပဲ ထိခိုက်နိုင်တာ မဟုတ်သလို တသီးပုဂ္ဂလ ဝင်ပြိုင်မယ့် သူတွေနဲ့ တိုင်းရင်းသားဒေသတွေမှာ ဝင်ပြိုင်မယ့် ပါတီကြီးတွေအတွက်ပါ ထိခိုက်လာနိုင်တယ်လို့ ကြံ့ခိုင်ရေးပါတီ ပြောခွင့်ရ ဦးချန်ထန်ခင်က ပြောပါတယ်။

မူလပြဌာန်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ -၁၀(က) မှာ၊ ရွှေ့ပြောင်းသွားလာ နေထိုင်သူတွေအနေနဲ့ ကိုယ်ရောက်နေတဲ့ဒေသမှာ အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်မှသာ မဲပေးခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီပြဌာန်းချက်ကို ရက်ပေါင်း ၉၀ လို့ ပြင်ဆင်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာပါ။

အခုလို နိုင်ငံရေးသမားတချို့နဲ့ ဒေသခံတွေက စိုးရိမ်ပြီး ကန့်ကွက်ကြပေမယ့်လည်း ဝိုင်းမော်မြို့နယ် ငှက်ပျောခြံမှာ လာရောက်လုပ်ကိုင်နေတဲ့ ကိုမင်းမင်း ကတော့ ရွေးကောက်ပွဲကာလမှာ စစ်ကိုင်းတိုင်းကိုပြန်ပြီး နေရပ်ရင်းက လွှတ်တော်အမတ်လောင်းတွေကိုသာ ရွေးချယ်မဲပေးမယ်လို့ ပြောပါတယ်။

ရွေ့ပြောင်းအလုပ်သမားတွေ ရောက်နေတဲ့နေရာမှာ  မဲပေးဖို့အခွင့်အရေးရှိတယ်ဆိုရင်တောင် မဲရုံကိုသွားဖို့ ခက်ခဲနေတတ်တယ်လို့ အခက်အခဲရှိတယ်လို့လည်း  ငှက်ပျောခြံမှာ အလုပ်လုပ်နေတဲ့ စစ်ကိုင်းတိုင်း ကျေးလက်ဒေသတခုက ဒေါ်မျိုးမျိုးက ပြောပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်၊ ဖားကန့်၊ ချီဖွေ၊ တနိုင်း အစရှိတဲ့ မြို့နယ်တွေမှာ မြန်မာပြည်အနှံ့က ရွှေ့ပြောင်းအလုပ်သမား  နှစ်သိန်းခန့် ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ရက္ ၉၀ ေနထိုင္႐ုံနဲ႔ မဲေပးခြင့္ေပးတဲ့ အစီအစဥ္ကို ေဝဖန္ကန႔္ကြက္ေန ရက္ ၉၀ ေနထိုင္႐ုံနဲ႔ မဲေပးခြင့္ေပးတဲ့ အစီအစဥ္ကို ေဝဖန္ကန႔္ကြက္ေန Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.