စကၤာပူ ကို သဲတင္ပို႔လ္ို႔ လယ္သမားေတြ စိုက္ပ်ိဳးေျမဆံုး႐ံႈး

သံလြင္ျမစ္ထဲက သဲေတြကုိ စုပ္ယူေနတဲ့ StarHigh ကုမၸဏီက သဲစုပ္သေဘာၤ (စက္တင္ဘာလ ၁၉ ရက္ေန႔ ၂၀၁၉)
(Zawgyi/Unicode)

ျမန္မာႏုိင္ငံ၊ သံလြင္ျမစ္ထဲက သဲေတြကုိ အကန္႔အသတ္မရွိ တူးယူေနတာေၾကာင့္ ေဒသခံေတြရဲ႕ ေျမႏုကၽြန္းေတြ ဆုံးရႈံးတဲ့အတြက္ လယ္သမားေတြဘ၀ရပ္တည္ေရး အခက္ႀကံဳေနၾကရပါတယ္။ စင္ကာပူအေျခစုိက္ StarHigh ကုမၸဏီအေနနဲ႔ သံလြင္ျမစ္ထဲက သဲေတြကုိ အကန္႔အသတ္ မရွိ တူးယူဖုိ႔ ျမန္မာအစုိးရက ခြင့္ျပဳထားတာေၾကာင့္ ဒီသဲေတြကုိ စင္ကာပူကုိ တင္သြင္းေနတာပါ။ ဒီအေၾကာင္း ရုိက္တာသတင္းကုိ အေျခခံၿပီး ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။


မြန္ျပည္နယ္၊ ေခ်ာင္းဆုံၿမိဳ႕နယ္အတြင္း အခုခ်ိန္မွာ ေရေတြလြမ္းသြားၿပီး တခ်ိန္က သီးႏွံအထြက္ေကာင္း တဲ့ သူ႔လယ္ကြင္းေတြရွိခဲ့တဲ့ ကၽြန္းေနရာကုိ အသက္ ၅၁ ႏွစ္အရြယ္ လယ္သမား ဦးသန္းေဇာ္ဦးက သံလြင္ျမစ္ထဲကေန လက္ညိဳးထုိး ျပသခဲ့ပါတယ္။

“ဒီလယ္ေျမေတြေပါ့ စၿပိဳတယ္ဆိုရင္ ဒီလိုမ်ိဳး နည္းနည္းေလး နဲ႔ ၿပိဳသြားတယ္။ ေနာက္အရင္းေရာက္သြားေတာ့ အကြင္းလိုက္လို ပ်က္က်တာေပါ့။”

တခ်ိန္က ဦးသန္းေဇာ္ဦး ပုိင္ခဲ့တဲ့ ဒီေနရာက လယ္ ၂၄ ဧကဟာလည္း လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း တျဖည္းျဖည္း ေပ်ာက္ကြယ္သြားတာေၾကာင့္ စုိက္ပ်ဳိးေရးမလုပ္ႏုိင္ေတာ့ဘဲ အေႂကြးေတြလည္း ပိလာေနပါတယ္။

ဦးသန္းေဇာ္ဦးနဲ႔ ဘ၀တူ လယ္သမားေတြဟာ ဘ၀ရွင္သန္ေနထုိင္ႏုိင္ေရးအတြက္ ကၽြန္းတခုေပၚမွာ က်န္ေနေသးတဲ့ လယ္ေျမေလး အနည္းငယ္နဲ႔ဘဲ စုိက္ပ်ဳိး လုပ္ကုိင္ စားေသာက္ေနၾကရတာပါ။ ဒါေပမယ့္လည္း သူတုိ႔ရဲ႕၀င္ေငြက အရင္းေတာင္ မကာမိသေလာက္ပါဘဲ။

ေမာ္လၿမိဳင္ၿမိဳ႕နဲ႔ မလွမ္းမကမ္းမွာရွိတဲ့ ေခ်ာင္းဆုံၿမိဳ႕နယ္အတြင္းက လယ္သမားေတြကေတာ့ သူတုိ႔ရဲ႕လယ္ေျမေတြ အခုလုိ ဆုံးရႈံးသြားရတာဟာ စင္ကာပူႏုိင္ငံမွာ မွတ္ပုံတင္ထားတဲ့ StarHigh ကုမၸဏီက သူတုိ႔ေဒသမွာ သဲေတြတူးယူၿပီး စင္ကာပူကုိ တင္သြင္းေနတဲ့အတြက္ျဖစ္တယ္လုိ႔ အျပစ္တင္ ေျပာဆုိေနၾကပါတယ္။

“ဟိုမွာျမင္ေနရတာက သဲစုပ္တဲ့ သေဘၤာေပါ့ ။ အနားသြားရင္ေတာ့ အၾကီးႀကီးပဲ အခုေတာ့ ေတာ္ေတာ္ေလး လွမ္းေသးတယ္။ သူက ေန႔ဘက္က်ရင္ ဘာမွ မလုပ္ဘူး ေက်ာက္ခ်ၿပီးေတာ့ ေနတယ္။ မိုးခ်ဳပ္ရင္ေတာ့ လယ္ေျမေတြနားက ျမစ္ေတြမွာ သဲလာစုပ္တယ္။”

StarHigh ကုမၸဏီဟာ ၂၀၁၃ ခုႏွစ္ကစလုိ႔ ဒီေဒသမွာရွိတဲ့ သံလြင္ျမစ္ထဲကေန သဲတန္ခ်ိန္ ေထာင္ေပါင္းမ်ားကုိ စုပ္ယူေနခဲ့တာလုိ႔ ဒီေဒသကုိ ကုိယ္စားျပဳတဲ့ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒၚၾကည္ၾကည္ျမက ေျပာပါတယ္။ ဒါေၾကာင့္ ေဒသခံလယ္သမားေတြအတြက္ အစားထုိး အသက္ေမြး၀မ္းေၾကာင္းႏုိင္မယ့္ နည္းလမ္းတခုကုိ အစုိးရက ဖန္တီးေပးသင့္တယ္လုိ႔ ေဒၚၾကည္ၾကည္ျမက ေျပာပါတယ္။

“သူတို႔အတြက္ေတာ့ အစားထုိးတဲ့ ပံုစံမ်ိဳးေလးေတြ လုပ္ေပးမွပဲ အဆင္ေျပမယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ က်မတို႔ကလည္း ကိုယ္စားလွယ္ေတြဆိုေတာ့ က်မတို႔မွာလည္း ေဘာပင္နဲ႔ စာရြက္ပဲ ရွိတာေလ။ က်မတို႔က ျပည္သူ႔အသံကို ေအာ္ေပးရံုပဲ ရမွာ ။ လုပ္ေပးရမွာက အစိုးရ တာ၀န္ဆိုေတာ့ လယ္သမားေတြအတြက္ေတာ့ က်မ ေတာ္ေတာ္ေလး ရင္ေလးမိပါတယ္။”

၂၀၁၈ ခုႏွစ္နဲ႔ ၂၀၁၉ ခုႏွစ္အၾကား StarHigh ကုမၸဏီက သဲတန္ခ်ိန္ အနည္းဆုံး တသိန္းခြဲေလာက္ စုပ္ယူသြားခဲ့တယ္လုိ႔ ေဒၚၾကည္ၾကည္ျမက ေျပာပါတယ္။ ဒါေပမယ့္ အခုႏွစ္မွာ ဘယ္ေလာက္စုပ္ယူၿပီးၿပီဆုိတာေတာ့ မသိရေသးဘူးလုိ႔ ဆုိပါတယ္။ StarHigh ကုမၸဏီကေတာ့ သူတုိ႔အေနနဲ႔ ေဒသခံအစုိးရရဲ႕ ခြင့္ျပဳခ်က္နဲ႔ သဲေတြကုိ တရား၀င္စုပ္ယူေနတာျဖစ္ေၾကာင္းနဲ႔ လယ္သမားေတြ စြပ္စြဲေနသလုိ မဟုတ္ေၾကာင္း ေျပာပါတယ္။ သူတုိ႔ကုိ ခြင့္ျပဳထားတဲ့လုိင္စင္အရ သဲဘယ္ေလာက္ စုပ္ယူႏုိင္တယ္ဆုိတဲ့ ကန္႔သတ္ခ်က္လည္း မပါဘူးလုိ႔ ဆုိပါတယ္။

သံလြင္ျမစ္ထဲက သဲေတြကုိ အခုလုိ စုပ္ယူေနတဲ့အတြက္ သဘာ၀ပတ္၀န္းက်င္ကုိ ထိခုိက္မႈနည္းတဲ့အျပင္ ထုံးစံအရလည္း ျမစ္ထဲမွာ ေသာင္ထြန္းမွာစုိးတဲ့အတြက္ သဲေတြကုိ မတင္စုပ္ယူရတာမ်ဳိးေတာင္ရွိေၾကာင္း ျမန္မာ တာ၀န္ရွိသူေတြက ေျပာပါတယ္။ ဒါေပမယ့္ လယ္သမားေတြကေတာ့ သူတုိ႔လယ္ေျမေတြ ဆုံးရႈံးသြားတဲ့အတြက္ နစ္နာေၾကး ရလုိေၾကာင္း ေျပာဆုိေနၾကၿပီး ပုိမုိတင္းၾကပ္တဲ့ စည္းကမ္း ဥပေဒေတြ ခ်မွတ္ ျပဌာန္းေပးဖုိ႔ လုိလားေနၾကတာပါ။

“အဲဒီေတာ့ အနာဂတ္က မေရရာဘူး။ ဒါကို အစိုးရအေနနဲ႔ ဆိုပါစို႔ က်ေနာ္တုိ႔ ငါးကန္တူးႏိုင္ေအာင္ ခြင့္ျပဳခ်က္ေတြ ၊ ငါးကန္တူးဖို႔ ရင္းႏွီးျမွဳပ္ႏွံဖို႔အတြက္ အရင္းအႏွီးေတြ အဲလိုရမယ္ဆိုရင္ေတာ့ အဲဒါေလးေတြကိုေတာ့ က်ေနာ္တို႔ ေမွ်ာ္လင့္တာရွိပါတယ္။ အဲဒါေလးေတြဆိုရင္ေတာ့ က်ေနာ္တို႔ အနာဂတ္ေလးေတြ ဆက္သြားလို႔ရဦးမွာေပါ့။”

StarHigh ကုမၸဏီက သံလြင္ျမစ္ထဲ သဲေတြလာတူးယူေနတဲ့အတြက္ ဦးသန္းေဇာ္ဦးလုိဘဲ မူလက လယ္ဧက ၆၀ ေက်ာ္ ပုိင္ဆုိင္ခဲ့ရာက အခုခ်ိန္မွာ ၆ ဧကေလာက္သာ ပုိင္ဆုိင္ေတာ့တဲ့သူ ေနာက္တဦးကေတာ့ အသက္ ၄၈ ႏွစ္အရြယ္ လယ္သမား ဦးျမင့္စန္းပါ။

“က်ေနာ္တို႔ လယ္ေတြက ဟိုႏွစ္တုန္းက အဲဒီအေ၀းႀကီးေလာက္ရွိတယ္ေပ့ါေနာ္ ။ သဲသေဘၤာလာၿပီးေတာ့ တေျဖးေျဖးနဲ႔ ၿပိဳက်ကုန္ေတာ့ အခုဆိုရင္ ေရျပင္ပဲ ရွိေတာ့တယ္ေပါ့ေနာ္။”

သူ႔အေနနဲ႔ အခုခ်ိန္မွာ အစုိးရထံကခ်ည္းထားတဲ့ အမေတာ္ေၾကးေငြေတြကုိ ျပန္ဆပ္ႏုိင္ဖုိ႔ အခက္အခဲ ရွိေနတယ္လုိ႔လည္း ဦးျမင့္စန္းက ေျပာပါတယ္။

“အစိုးရ ပိုက္ဆံက သိန္း ၃၀၊ ၄၀ ေလာက္ ဆပ္ရမွာေပါ့။ စာအုပ္ ၂ ခုဆိုေတာ့ ၃၀ ေက်ာ္ေလာက္ေတာ့ ဆပ္ရမယ္။ အခု ဆပ္ဖို႔လည္း တျပားမွ မရွိဘူး ဖမ္းရင္လည္း ဖမ္း၊ ဖမ္းလည္း မတတ္ႏိုင္ေတာ့ဘူးေပါ့ေနာ္ ။ ဒီလိုပဲ က်ေနာ္တုိ႔ စဥ္းစားတယ္ ။ ခါတိုင္းႏွစ္ဆိုရင္ အေၾကြးေတြဆပ္ဖို႔အတြက္ ရွိတဲ့ဟာေတြ ေရာင္းတယ္ ကၽြဲေတြ၊ ႏြားေတြ ေရာင္းၿပီးဆပ္ ဒီအခ်ိန္ဆိုရင္ ၿပီးသြားၿပီေပါ့။ ဒီႏွစ္က တျပားမွ မဆပ္ရေသးတာ ။ မဆပ္ရေသးတဲ့အတြက္ ဘယ္လိုလုပ္ရမလဲ မသိတဲ့အတြက္ေၾကာင့္ ဖမ္းရင္လည္း ဖမ္းေတာ့ ဆိုတဲ့ စိတ္နဲ႔ပဲ ေနလိုက္ၿပီ။”

ျမစ္ေခ်င္းေတြထဲက သဲေတြကုိ တူးယူျခင္းက သဘာ၀ေဂဟစံနစ္ကုိ ပ်က္ဆီးေစတဲ့အျပင္ ျမစ္ကမ္းပါးေတြ ၿပိဳက်တာ၊ ေရးႀကီးၿပီး မုိးေခါင္ေရရွားတဲ့ပမာဏ ပုိမုိျပင္းထန္တာေတြ ျဖစ္ေစတယ္လုိ႔ သိပၸံပညာရွင္ေတြ ေျပာေၾကာင္း ကုလသမဂၢ သဘာ၀ပတ္၀န္းက်င္ အစီအစဥ္က ၂၀၁၉ ခုႏွစ္မွာ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ဥတုရာသီေျပာင္းလဲလာမႈေၾကာင့္ ျမစ္ေရေတြလွ်ံတာ၊ ႏႈန္းေျမေတြတင္လာတာေတြရဲ႕ အက်ဳိးဆက္ေတြေၾကာင့္ သံလြင္ျမစ္ကမ္းပါးေတြ ၿပိဳက်တာ အခုမွ ျဖစ္လာတဲ့ ျဖစ္စဥ္အသစ္တခု မဟုတ္ပါဘူးလုိ႔ သံလြင္ျမစ္အေၾကာင္း သုေတသနျပဳထားတဲ့ ၾသစေတးလ်ႏုိင္ငံ၊ Melbourne တကၠသုိလ္က Vanessa Lamb ကလည္း ေျပာပါတယ္။

၂၀၁၈ ခုႏွစ္ တႏွစ္ထဲမွာတင္ သံလြင္ျမစ္ထဲက ေဒၚလာ ၆ သန္းတန္တဲ့ သဲတန္ခ်ိန္ တသန္း စင္ကာပူကုိ တင္ပုိ႔ခဲ့တယ္လုိ႔ ကုလသမဂၢက ေနာက္ဆုံးျပဳစုထားတဲ့ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ မေလးရွားႏုိင္ငံက သူပုိင္ ျမစ္၊ ေခ်ာင္းေတြထဲက သဲတူးယူမႈကုိ တားျမစ္ ပိတ္ပင္လုိက္တဲ့အတြက္ သံလြင္ျမစ္ထဲက ထုတ္ယူတဲ့ ပမာဏဟာ အဆမတန္ တုိးမ်ားလာႏုိင္တယ္လုိ႔ ျမန္မာအစုိးရက ေျပာပါတယ္။ သဲေတြကုိ စင္ကာပူတႏုိင္ငံထဲသာ မကဘဲ တရုတ္နဲ႔ အိႏၵိယႏုိင္ငံေတြကုိလည္း တင္ပုိ႔ ေရာင္းခ်ေနေၾကာင္း StarHigh ကုမၸဏီက ေျပာပါတယ္ ။


(Unicode)

စင်္ကာပူ ကို သဲတင်ပို့လို့ လယ်သမားတွေ စိုက်ပျိုးမြေဆုံးရှုံး

မြန်မာနိုင်ငံ၊ သံလွင်မြစ်ထဲက သဲတွေကို အကန့်အသတ်မရှိ တူးယူနေတာကြောင့် ဒေသခံတွေရဲ့ မြေနုကျွန်းတွေ ဆုံးရှုံးတဲ့အတွက် လယ်သမားတွေဘဝရပ်တည်ရေး အခက်ကြုံနေကြရပါတယ်။ စင်ကာပူအခြေစိုက် StarHigh ကုမ္ပဏီအနေနဲ့ သံလွင်မြစ်ထဲက သဲတွေကို အကန့်အသတ်မရှိ တူးယူဖို့ မြန်မာအစိုးရက ခွင့်ပြုထားတာကြောင့် ဒီသဲတွေကို စင်ကာပူကို တင်သွင်းနေတာပါ။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း အခုချိန်မှာ ရေတွေလွမ်းသွားပြီး တချိန်က သီးနှံအထွက်ကောင်း တဲ့ သူ့လယ်ကွင်းတွေရှိခဲ့တဲ့ ကျွန်းနေရာကို အသက် ၅၁ နှစ်အရွယ် လယ်သမား ဦးသန်းဇော်ဦးက သံလွင်မြစ်ထဲကနေ လက်ညိုးထိုး ပြသခဲ့ပါတယ်။

“ဒီလယ်မြေတွေပေါ့ စပြိုတယ်ဆိုရင် ဒီလိုမျိုး နည်းနည်းလေး နဲ့ ပြိုသွားတယ်။ နောက်အရင်းရောက်သွားတော့ အကွင်းလိုက်လို ပျက်ကျတာပေါ့။”

တချိန်က ဦးသန်းဇော်ဦး ပိုင်ခဲ့တဲ့ ဒီနေရာက လယ် ၂၄ ဧကဟာလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တဖြည်းဖြည်း ပျောက်ကွယ်သွားတာကြောင့် စိုက်ပျိုးရေးမလုပ်နိုင်တော့ဘဲ အကြွေးတွေလည်း ပိလာနေပါတယ်။

ဦးသန်းဇော်ဦးနဲ့ ဘဝတူ လယ်သမားတွေဟာ ဘဝရှင်သန်နေထိုင်နိုင်ရေးအတွက် ကျွန်းတခုပေါ်မှာ ကျန်နေသေးတဲ့ လယ်မြေလေး အနည်းငယ်နဲ့ဘဲ စိုက်ပျိုး လုပ်ကိုင် စားသောက်နေကြရတာပါ။ ဒါပေမယ့်လည်း သူတို့ရဲ့ဝင်ငွေက အရင်းတောင် မကာမိသလောက်ပါဘဲ။

မော်လမြိုင်မြို့နဲ့မလှမ်းမကမ်းမှာရှိတဲ့ ချောင်းဆုံမြို့နယ်အတွင်းက လယ်သမားတွေကတော့ သူတို့ရဲ့လယ်မြေတွေ အခုလို ဆုံးရှုံးသွားရတာဟာ စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ StarHigh ကုမ္ပဏီက သူတို့ဒေသမှာ သဲတွေတူးယူပြီး စင်ကာပူကို တင်သွင်းနေတဲ့အတွက်ဖြစ်တယ်လို့ အပြစ်တင် ပြောဆိုနေကြပါတယ်။

“ဟိုမှာမြင်နေရတာက သဲစုပ်တဲ့ သင်္ဘောပေါ့ ။ အနားသွားရင်တော့ အကြီးကြီးပဲ အခုတော့ တော်တော်လေး လှမ်းသေးတယ်။ သူက နေ့ဘက်ကျရင် ဘာမှ မလုပ်ဘူး ကျောက်ချပြီးတော့ နေတယ်။ မိုးချုပ်ရင်တော့ လယ်မြေတွေနားက မြစ်တွေမှာ သဲလာစုပ်တယ်။”

StarHigh ကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်ကစလို့ ဒီဒေသမှာရှိတဲ့ သံလွင်မြစ်ထဲကနေ သဲတန်ချိန် ထောင်ပေါင်းများကို စုပ်ယူနေခဲ့တာလို့ ဒီဒေသကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ကြည်ကြည်မြက ပြောပါတယ်။ ဒါကြောင့် ဒေသခံလယ်သမားတွေအတွက် အစားထိုး အသက်မွေးဝမ်းကြောင်းနိုင်မယ့် နည်းလမ်းတခုကို အစိုးရက ဖန်တီးပေးသင့်တယ်လို့ ဒေါ်ကြည်ကြည်မြက ပြောပါတယ်။

“သူတို့အတွက်တော့ အစားထိုးတဲ့ ပုံစံမျိုးလေးတွေ လုပ်ပေးမှပဲ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျမတို့ကလည်း ကိုယ်စားလှယ်တွေဆိုတော့ ကျမတို့မှာလည်း ဘောပင်နဲ့ စာရွက်ပဲ ရှိတာလေ။ ကျမတို့က ပြည်သူ့အသံကို အော်ပေးရုံပဲ ရမှာ ။ လုပ်ပေးရမှာက အစိုးရ တာဝန်ဆိုတော့ လယ်သမားတွေအတွက်တော့ ကျမ တော်တော်လေး ရင်လေးမိပါတယ်။”

၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အကြား StarHigh ကုမ္ပဏီက သဲတန်ချိန် အနည်းဆုံး တသိန်းခွဲလောက် စုပ်ယူသွားခဲ့တယ်လို့ ဒေါ်ကြည်ကြည်မြက ပြောပါတယ်။ ဒါပေမယ့် အခုနှစ်မှာ ဘယ်လောက်စုပ်ယူပြီးပြီဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ StarHigh ကုမ္ပဏီကတော့ သူတို့အနေနဲ့ ဒေသခံအစိုးရရဲ့ ခွင့်ပြုချက်နဲ့ သဲတွေကို တရားဝင်စုပ်ယူနေတာဖြစ်ကြောင်းနဲ့ လယ်သမားတွေ စွပ်စွဲနေသလို မဟုတ်ကြောင်း ပြောပါတယ်။ သူတို့ကို ခွင့်ပြုထားတဲ့လိုင်စင်အရ သဲဘယ်လောက် စုပ်ယူနိုင်တယ်ဆိုတဲ့ ကန့်သတ်ချက်လည်း မပါဘူးလို့ ဆိုပါတယ်။

သံလွင်မြစ်ထဲက သဲတွေကို အခုလို စုပ်ယူနေတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းတဲ့အပြင် ထုံးစံအရလည်း မြစ်ထဲမှာ သောင်ထွန်းမှာစိုးတဲ့အတွက် သဲတွေကို မတင်စုပ်ယူရတာမျိုးတောင်ရှိကြောင်း မြန်မာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် လယ်သမားတွေကတော့ သူတို့လယ်မြေတွေ ဆုံးရှုံးသွားတဲ့အတွက် နစ်နာကြေး ရလိုကြောင်း ပြောဆိုနေကြပြီး ပိုမိုတင်းကြပ်တဲ့ စည်းကမ်း ဥပဒေတွေ ချမှတ် ပြဌာန်းပေးဖို့ လိုလားနေကြတာပါ။

“အဲဒီတော့ အနာဂတ်က မရေရာဘူး။ ဒါကို အစိုးရအနေနဲ့ ဆိုပါစို့ ကျနော်တို့ ငါးကန်တူးနိုင်အောင် ခွင့်ပြုချက်တွေ ၊ ငါးကန်တူးဖို့ ရင်းနှီးမြှုပ်နှံဖို့အတွက် အရင်းအနှီးတွေ အဲလိုရမယ်ဆိုရင်တော့ အဲဒါလေးတွေကိုတော့ ကျနော်တို့ မျှော်လင့်တာရှိပါတယ်။ အဲဒါလေးတွေဆိုရင်တော့ ကျနော်တို့ အနာဂတ်လေးတွေ ဆက်သွားလို့ရဦးမှာပေါ့။”

StarHigh ကုမ္ပဏီက သံလွင်မြစ်ထဲ သဲတွေလာတူးယူနေတဲ့အတွက် ဦးသန်းဇော်ဦးလိုဘဲ မူလက လယ်ဧက ၆၀ ကျော် ပိုင်ဆိုင်ခဲ့ရာက အခုချိန်မှာ ၆ ဧကလောက်သာ ပိုင်ဆိုင်တော့တဲ့သူ နောက်တဦးကတော့ အသက် ၄၈ နှစ်အရွယ် လယ်သမား ဦးမြင့်စန်းပါ။

“ကျနော်တို့ လယ်တွေက ဟိုနှစ်တုန်းက အဲဒီအဝေးကြီးလောက်ရှိတယ်ပေ့ါနော် ။ သဲသင်္ဘောလာပြီးတော့ တဖြေးဖြေးနဲ့ ပြိုကျကုန်တော့ အခုဆိုရင် ရေပြင်ပဲ ရှိတော့တယ်ပေါ့နော်။”

သူ့အနေနဲ့ အခုချိန်မှာ အစိုးရထံကချည်းထားတဲ့ အမတော်ကြေးငွေတွေကို ပြန်ဆပ်နိုင်ဖို့ အခက်အခဲ ရှိနေတယ်လို့လည်း ဦးမြင့်စန်းက ပြောပါတယ်။

“အစိုးရ ပိုက်ဆံက သိန်း ၃၀၊ ၄၀ လောက် ဆပ်ရမှာပေါ့။ စာအုပ် ၂ ခုဆိုတော့ ၃၀ ကျော်လောက်တော့ ဆပ်ရမယ်။ အခု ဆပ်ဖို့လည်း တပြားမှ မရှိဘူး ဖမ်းရင်လည်း ဖမ်း၊ ဖမ်းလည်း မတတ်နိုင်တော့ဘူးပေါ့နော် ။ ဒီလိုပဲ ကျနော်တို့ စဉ်းစားတယ် ခါတိုင်းနှစ်ဆိုရင် အကြွေးတွေဆပ်ဖို့အတွက် ရှိတဲ့ဟာတွေ ရောင်းတယ် ကျွဲတွေ၊ နွားတွေ ရောင်းပြီးဆပ် ဒီအချိန်ဆိုရင် ပြီးသွားပြီပေါ့။ ဒီနှစ်က တပြားမှ မဆပ်ရသေးတာ ။ မဆပ်ရသေးတဲ့အတွက် ဘယ်လိုလုပ်ရမလဲ မသိတဲ့အတွက်ကြောင့် ဖမ်းရင်လည်း ဖမ်းတော့ ဆိုတဲ့ စိတ်နဲ့ပဲ နေလိုက်ပြီ။”

မြစ်ချေင်းတွေထဲက သဲတွေကို တူးယူခြင်းက သဘာဝဂေဟစံနစ်ကို ပျက်ဆီးစေတဲ့အပြင် မြစ်ကမ်းပါးတွေ ပြိုကျတာ၊ ရေးကြီးပြီး မိုးခေါင်ရေရှားတဲ့ပမာဏ ပိုမိုပြင်းထန်တာတွေ ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေ ပြောကြောင်း ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် အစီအစဉ်က ၂၀၁၉ ခုနှစ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဥတုရာသီပြောင်းလဲလာမှုကြောင့် မြစ်ရေတွေလျှံတာ၊ နှုန်းမြေတွေတင်လာတာတွေရဲ့ အကျိုးဆက်တွေကြောင့် သံလွင်မြစ်ကမ်းပါးတွေ ပြိုကျတာ အခုမှ ဖြစ်လာတဲ့ ဖြစ်စဉ်အသစ်တခု မဟုတ်ပါဘူးလို့ သံလွင်မြစ်အကြောင်း သုတေသနပြုထားတဲ့ သြစတေးလျနိုင်ငံ၊ Melbourne တက္ကသိုလ်က Vanessa Lamb ကလည်း ပြောပါတယ်။

၂၀၁၈ ခုနှစ် တနှစ်ထဲမှာတင် သံလွင်မြစ်ထဲက ဒေါ်လာ ၆ သန်းတန်တဲ့ သဲတန်ချိန် တသန်း စင်ကာပူကို တင်ပို့ခဲ့တယ်လို့ ကုလသမဂ္ဂက နောက်ဆုံးပြုစုထားတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် မလေးရှားနိုင်ငံက သူပိုင် မြစ်၊ ချောင်းတွေထဲက သဲတူးယူမှုကို တားမြစ် ပိတ်ပင်လိုက်တဲ့အတွက် သံလွင်မြစ်ထဲက ထုတ်ယူတဲ့ပမာဏဟာ အဆမတန် တိုးများလာနိုင်တယ်လို့ မြန်မာအစိုးရက ပြောပါတယ်။ သဲတွေကို စင်ကာပူတနိုင်ငံထဲသာ မကဘဲ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကိုလည်း တင်ပို့ ရောင်းချနေကြောင်း StarHigh ကုမ္ပဏီက ပြောပါတယ် ။

ကိုေဇာ္ဝင္းလႈိင္/VOA (Burmese)
https://burmese.voanews.com
စကၤာပူ ကို သဲတင္ပို႔လ္ို႔ လယ္သမားေတြ စိုက္ပ်ိဳးေျမဆံုး႐ံႈး စကၤာပူ ကို သဲတင္ပို႔လ္ို႔ လယ္သမားေတြ စိုက္ပ်ိဳးေျမဆံုး႐ံႈး Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.