လင္ႏွင့္မယားစကားမ်ားရန္ျဖစ္သည္ကို သြားေရာက္ဖ်န္ေျဖသည့္ အုပ္ခ်ဳပ္ေရးမႉး ဓားခုတ္ခံရေသဆုံး/ တရားခံ ထြက္ေျပး လြတ္ေျမာက္ေန

(Zawgyi)⤵⤵⤵
က်ိဳက္ထို မတ္ ၁၈

မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ က်ိဳက္ပိေက်း႐ြာတြင္ လင္ႏွင့္မယား စကားမ်ားရန္ျဖစ္သည္ကို သြားေရာက္ဖ်န္ေျဖသည့္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ဓါးခုတ္ခံရ၍ ေသဆုံးသြားခဲ့ေၾကာင္း က်ိဳက္ထိုၿမိဳ႕မရဲစခန္းမွ သိရသည္။

ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးဦးခင္အုန္း(ခ)ဦးေကာက္ခ်ိတ္သည္ မတ္ ၁၇ ရက္နံနက္ ၁ နာရီ မတ္ ၁၆ ရက္ညသန္းေခါင္ေက်ာ္)အခ်ိန္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးႀကီးမွာ ဇနီးေဒၚခ်ိဳႏွင့္အတူေနအိမ္၌ ရွိေနစဥ္ တစ္႐ြာတည္းေန ဦးသန္းလႈိင္ ေရာက္ရွိလာခဲ့သည္၊၊ ဦးသိန္းလႈိင္ က သူ၏ ေနအိမ္တြင္ကိုေအးခ်မ္းႏွင့္ မေအးသႏၲာတို႔ လင္မယား စကားမ်ား ရန္ျဖစ္ေနၾက၍ လာေရာက္ရွင္းေပးပါရန္ ေျပာသျဖင့္ အုပ္ခ်ဳပ္ေရးမႉး မွ လိုက္သြားခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးႀကီးအိမ္သို႔ ရာအိမ္မႉး ဦးေဇာ္မ်ိဳးေထြး ၏ ဇႏွီး ေရာက္လာခဲ့ျပန္ရာ ကြၽန္မ အမ်ိဳးသား လည္း အုပ္ႀကီးႏွင့္လိုက္ပါသြားေၾကာင္း၊ဘာျဖစ္လည္း ဆိုသည္မွာကြၽန္မလည္းမသိ ေၾကာင္း၊သို႔ႏွင့္ေက်း႐ြာ အုပ္ခ်ဳပ္ေရး မႉး၏ ဇနီးျဖစ္သူ ႏွင့္ ရာအိမ္မႉး ဇနီးျဖစ္သူတို႔ပါအတူလိုက္သြား ေၾကာင္း၊အခင္းျဖစ္ ေနရာေရာက္ရွိၾကည့္ရွၾကစဥ္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ႀကီးဦးခင္အုန္း(ခ)ဦးေကာက္ခ်ိတ္မွာ ဓါးဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကိုေတြ႕ရွိရေၾကာင္း၊ ဇနီးျဖစ္သူေဒၚခ်ိဳမွလူသတ္တရားခံမ်ားကိုေဖာ္ထုတ္အေရးယူေပးရန္ တိုင္တန္းခဲ့ေသာ အမႈျဖစ္ေၾကာင္း ၊ သို႔ျဖစ္၍ က်ိဳက္ထိုၿမိဳ႕မရဲစခန္း သို႔ တိုင္တန္းခ်က္ အားစခန္းရဲတပ္ဖြဲ႕မွတ္တမ္းမ်ားအရ သိရသည္။

မ်ိဳးမင္းသိန္း(မရမ္းကုန္း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
--------------
(Unicode)⤵⤵⤵
လင်နှင့်မယားစကားများရန်ဖြစ်သည်ကို သွားရောက်ဖျန်ဖြေသည့် အုပ်ချုပ်ရေးမှူး ဓားခုတ်ခံရသေဆုံး/ တရားခံ ထွက်ပြေး လွတ်မြောက်နေ

ကျိုက်ထို မတ် ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို ကျိုက်ပိကျေးရွာတွင် လင်နှင့်မယား စကားများရန်ဖြစ်သည်ကို သွားရောက်ဖျန်ဖြေသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး ဓါးခုတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်အုန်း(ခ)ဦးကောက်ချိတ်သည် မတ် ၁၇ ရက်နံနက် ၁ နာရီ မတ် ၁၆ ရက်ညသန်းခေါင်ကျော်)အချိန် ကျေးရွာ အုပ်ချုပ်ရေးမှူးကြီးမှာဇနီးဒေါ်ချိုနှင့်အတူနေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ ဦးသန်းလှိုင် ရောက်ရှိလာခဲ့သည်၊၊

 ဦးသိန်းလှိုင် က သူ၏ နေအိမ်တွင်ကိုအေးချမ်းနှင့် မအေးသန္တာတို့ လင်မယား စကားများ ရန်ဖြစ်နေကြ၍ လာရောက်ရှင်းပေးပါရန် ပြောသဖြင့် အုပ်ချုပ်ရေးမှူး မှ လိုက်သွားခဲ့ကြောင်းသိရသည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးကြီးအိမ်သို့ ရာအိမ်မှူး ဦးဇော်မျိုးထွေး ၏ ဇနှီး ရောက်လာခဲ့ပြန်ရာ ကျွန်မ အမျိုးသား လည်း အုပ်ကြီးနှင့်လိုက်ပါသွားကြောင်း၊ဘာဖြစ်လည်း ဆိုသည်မှာကျွန်မလည်းမသိ ကြောင်း၊သို့နှင့်ကျေးရွာ အုပ်ချုပ်ရေး မှူး၏ ဇနီးဖြစ်သူ နှင့် ရာအိမ်မှူး ဇနီးဖြစ်သူတို့ပါအတူလိုက်သွား ကြောင်း၊အခင်းဖြစ် နေရာရောက်ရှိကြည့်ရှကြစဉ် ကျေးရွာ အုပ်ချုပ်ရေးမှူး ကြီးဦးခင်အုန်း(ခ)ဦးကောက်ချိတ်မှာ ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း၊ ဇနီးဖြစ်သူဒေါ်ချိုမှလူသတ်တရားခံများကိုဖော်ထုတ်အရေးယူပေးရန်တိုင်တန်းခဲ့သောအမှုဖြစ်ကြောင်း ၊သို့ဖြစ်၍ ကျိုက်ထိုမြို့မရဲစခန်း သို့ တိုင်တန်းချက် အားစခန်းရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

မျိုးမင်းသိန်း(မရမ်းကုန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လင္ႏွင့္မယားစကားမ်ားရန္ျဖစ္သည္ကို သြားေရာက္ဖ်န္ေျဖသည့္ အုပ္ခ်ဳပ္ေရးမႉး ဓားခုတ္ခံရေသဆုံး/ တရားခံ ထြက္ေျပး လြတ္ေျမာက္ေန လင္ႏွင့္မယားစကားမ်ားရန္ျဖစ္သည္ကို သြားေရာက္ဖ်န္ေျဖသည့္ အုပ္ခ်ဳပ္ေရးမႉး ဓားခုတ္ခံရေသဆုံး/ တရားခံ ထြက္ေျပး လြတ္ေျမာက္ေန Reviewed by THITHTOOLWIN on 00:52 Rating: 5
Powered by Blogger.