ကို႐ိုနာေၾကာင့္ နယ္စပ္ဂိတ္ေတြ ပိတ္ဖို႔ ကခ်င္အဖြဲ႕ေတြ ေတာင္းဆို

(Zawgyi)⤵⤵⤵

တ႐ုတ္ႏိုင္ငံကေန စတင္ျဖစ္ပြားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးကို ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ တ႐ုတ္နယ္စပ္ ဂိတ္ေတြကို ပိတ္ေပးဖို႔ ေဒသခံေတြနဲ႔ အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြက အစိုးရကို ဒီကေန႔ သတင္းစာရွင္းလင္းပြဲ လုပ္ၿပီး ေတာင္းဆိုလိုက္ၾကပါတယ္။

ကခ်င္ျပည္နယ္က တ႐ုတ္နယ္စပ္ဂိတ္ေတြျဖစ္တဲ့ ကန္ပိုင္တည္၊ လြယ္ဂ်ယ္၊ ပန္ဝါဂိတ္ေတြကို ပိတ္ေပးဖို႔ အရပ္ဘက္လူ႔အဖြဲ႕အစည္း ၃၄ ဖြဲ႕နဲ႔ ဝိုင္းေမာ္ၿမိဳ႕နယ္ ေက်း႐ြာ ရွစ္႐ြာက ေဒသခံ ၃၀၀ ေက်ာ္တို႔ လက္မွတ္ထိုးၿပီး ႏိုင္ငံေတာ္သမၼတထံ အိတ္ဖြင့္ေပးစာေပးပို႔လိုက္ၾကပါတယ္။

ဒီကေန႔ မတ္လ ၂၆ ရက္ေန႔မနက္ပိုင္းမွာ ျမစ္ႀကီးနားၿမိဳ႕ UCF ေက်ာင္းဝင္းထဲမွာ သတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီး အစိုးရကို ေတာင္းဆိုလိုက္တာပါ။

တ႐ုတ္ႏိုင္ငံသားေတြကေန ေရာဂါပိုးေတြ ပါလာႏိုင္တဲ့အတြက္ အဲဒီဂိတ္ေတြကို ပိတ္ေစခ်င္တယ္လို႔ အစိမ္းေရာင္ အလင္းတန္းမ်ားအဆင္း အစီအစဥ္မန္ေနဂ်ာ ဦးဘရန္ေအာင္က ေျပာပါတယ္။

နယ္စပ္ဂိတ္ေတြက ညအခ်ိန္တရားမဝင္ ဝင္ထြက္သြားလာေနတဲ့ ကုန္တင္ကားႀကီးေတြကို ထိေရာက္စြာအေရး ယူေပးဖို႔၊ တ႐ုတ္ဌက္ေပ်ာၿခံလုပ္ငန္းေတြမွာ တရားမဝင္လုပ္ေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြကို က်န္းမာေရးစစ္ေဆး ေပးဖို႔နဲ႔ တရားမဝင္ေနထိုင္သူေတြကို စီစစ္အေရးယူေပးဖို႔ ေတာင္းဆိုထားပါတယ္။

တ႐ုတ္ငွက္ေပ်ာကားေတြနဲ႔ ဝင္ထြက္သြားလာေနရာမွာ ေရာဂါပိုးျပန႔္ပြားမွာကို ေဒသခံေတြက စိုးရိမ္ေနၾကတယ္ လို႔ ဝိုင္းေမာ္ၿမိဳ႕ ဝါးေရွာင္ဆရာေတာ္ အရွင္ဝိဇယက မိန႔္ပါတယ္။

နယ္စပ္ဂိတ္ေတြပိတ္ေပးဖို႔နဲ႔ အစိုးရရဲ႕ ကပ္ေရာဂါျပင္ဆင္ျခင္း လုပ္ငန္းအစီအစဥ္ေတြကို ပြင့္လင္းျမင္သာစြာ ခ်ျပဖို႔၊ ေရာဂါတားဆီးရာမွာလိုအပ္တဲ့ လူအင္အား ေဆးဝါးနည္းပညာ စက္ပစၥည္းေတြကို ျပင္ဆင္ထားမႈအေျခ အေနေတြကို ျပည္သူလူထုကို အခ်ိန္နဲ႔တေျပးညီခ်ျပဖို႔၊ အရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ လက္တြဲၿပီး အရွိန္အဟုန္ လုပ္ေဆာင္ဖို႔နဲ႔ ျပည္ပကဝင္လာတဲ့ ျမန္မာႏိုင္ငံသားေတြကို ေစာင့္ၾကည့္ေလ့လာတဲ့ကာလသတ္မွတ္ၿပီး စနစ္တက်ေစာင့္ၾကည့္ေလ့လာဖို႔ကိုလည္း ႏိုင္ငံေတာ္သမၼတထံ အိတ္ဖြင့္ေပးစာေပးပို႔ ေတာင္းဆိုထားပါတယ္။

တ႐ုတ္နယ္စပ္ဂိတ္ေတြကိုေတာ့ ေရာဂါပိုးစတင္ျဖစ္ပြားၿပီး နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းေတြ ထိခိုက္ေနေပ မယ့္လည္း ႏွစ္ဖက္အစိုးရေတြက တရားဝင္ပိတ္တာ ခုခ်ိန္ထိမရွိေသးပါဘူး။

ျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးနဲ႔အလုပ္သမားဝန္ႀကီးဌာန ဝန္ႀကီးဦးေဇာ္ဝင္းကေတာ့ ျပည္ေထာင္စုက နယ္စပ္ဂိတ္ေတြကို ပိတ္ဖို႔ ၫႊန္ၾကားစာ မေရာက္ေသးတဲ့အတြက္ မပိတ္ေသးတာလို႔ ေျပာပါတယ္။

ကခ်င္ျပည္နယ္မွာ ကို႐ိုနာေရာဂါ သံသယလူနာအျဖစ္ ေစာင့္ၾကည့္ စစ္ေဆးခဲ့သူ ႏွစ္ဦးရွိခဲ့ေပမယ့္ ေရာဂါေတြ႕ရွိတာမရွိေသးပါဘူး။

အိမ္နီးခ်င္း ထိုင္းနဲ႔ အိႏၵိယနယ္စပ္ဂိတ္ေတြတခ်ိဳ႕ကို မၾကာေသးခင္ရက္ပိုင္းက ပိတ္ထားလိုက္ၿပီး ထိုင္းႏိုင္ငံမွာ သြားအလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားအမ်ားစုတို႔ ျမဝတီနဲ႔ တာခ်ီလိတ္ မယ္ဆိုင္နယ္စပ္ဂိတ္ကေန ဝင္ေရာက္ လာေနရာမွာ တပတ္အတြင္း သုံးေသာင္းေက်ာ္ရွိေနၿပီျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ကိုရိုနာကြောင့် နယ်စပ်ဂိတ်တွေ ပိတ်ဖို့ ကချင်အဖွဲ့တွေ တောင်းဆို


တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် တရုတ်နယ်စပ် ဂိတ်တွေကို ပိတ်ပေးဖို့ ဒေသခံတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အစိုးရကို ဒီကနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး တောင်းဆိုလိုက်ကြပါတယ်။

ကချင်ပြည်နယ်က တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကန်ပိုင်တည်၊ လွယ်ဂျယ်၊ ပန်ဝါဂိတ်တွေကို ပိတ်ပေးဖို့ အရပ်ဘက်လူ့အဖွဲ့အစည်း ၃၄ ဖွဲ့နဲ့ ဝိုင်းမော်မြို့နယ် ကျေးရွာ ရှစ်ရွာက ဒေသခံ ၃၀၀ ကျော်တို့ လက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့လိုက်ကြပါတယ်။

ဒီကနေ့ မတ်လ ၂၆ ရက်နေ့မနက်ပိုင်းမှာ မြစ်ကြီးနားမြို့ UCF ကျောင်းဝင်းထဲမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အစိုးရကို တောင်းဆိုလိုက်တာပါ။

တရုတ်နိုင်ငံသားတွေကနေ ရောဂါပိုးတွေ ပါလာနိုင်တဲ့အတွက် အဲဒီဂိတ်တွေကို ပိတ်စေချင်တယ်လို့ အစိမ်းရောင် အလင်းတန်းများအဆင်း အစီအစဉ်မန်နေဂျာ ဦးဘရန်အောင်က ပြောပါတယ်။

နယ်စပ်ဂိတ်တွေက ညအချိန်တရားမဝင် ဝင်ထွက်သွားလာနေတဲ့ ကုန်တင်ကားကြီးတွေကို ထိရောက်စွာအရေး ယူပေးဖို့၊ တရုတ်ဌက်ပျောခြံလုပ်ငန်းတွေမှာ တရားမဝင်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို ကျန်းမာရေးစစ်ဆေး ပေးဖို့နဲ့ တရားမဝင်နေထိုင်သူတွေကို စီစစ်အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

တရုတ်ငှက်ပျောကားတွေနဲ့ ဝင်ထွက်သွားလာနေရာမှာ ရောဂါပိုးပြန့်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြတယ် လို့ ဝိုင်းမော်မြို့ ဝါးရှောင်ဆရာတော် အရှင်ဝိဇယက မိန့်ပါတယ်။

နယ်စပ်ဂိတ်တွေပိတ်ပေးဖို့နဲ့ အစိုးရရဲ့ ကပ်ရောဂါပြင်ဆင်ခြင်း လုပ်ငန်းအစီအစဉ်တွေကို ပွင့်လင်းမြင်သာစွာ ချပြဖို့၊ ရောဂါတားဆီးရာမှာလိုအပ်တဲ့ လူအင်အား ဆေးဝါးနည်းပညာ စက်ပစ္စည်းတွေကို ပြင်ဆင်ထားမှုအခြေ အနေတွေကို ပြည်သူလူထုကို အချိန်နဲ့တပြေးညီချပြဖို့၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အရှိန်အဟုန် လုပ်ဆောင်ဖို့နဲ့ ပြည်ပကဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို စောင့်ကြည့်လေ့လာတဲ့ကာလသတ်မှတ်ပြီး စနစ်တကျစောင့်ကြည့်လေ့လာဖို့ကိုလည်း နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုထားပါတယ်။

တရုတ်နယ်စပ်ဂိတ်တွေကိုတော့ ရောဂါပိုးစတင်ဖြစ်ပွားပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ထိခိုက်နေပေ မယ့်လည်း နှစ်ဖက်အစိုးရတွေက တရားဝင်ပိတ်တာ ခုချိန်ထိမရှိသေးပါဘူး။

ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးဦးဇော်ဝင်းကတော့ ပြည်ထောင်စုက နယ်စပ်ဂိတ်တွေကို ပိတ်ဖို့ ညွှန်ကြားစာ မရောက်သေးတဲ့အတွက် မပိတ်သေးတာလို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ ကိုရိုနာရောဂါ သံသယလူနာအဖြစ် စောင့်ကြည့် စစ်ဆေးခဲ့သူ နှစ်ဦးရှိခဲ့ပေမယ့် ရောဂါတွေ့ရှိတာမရှိသေးပါဘူး။

အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယနယ်စပ်ဂိတ်တွေတချို့ကို မကြာသေးခင်ရက်ပိုင်းက ပိတ်ထားလိုက်ပြီး ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားအများစုတို့ မြဝတီနဲ့ တာချီလိတ် မယ်ဆိုင်နယ်စပ်ဂိတ်ကနေ ဝင်ရောက် လာနေရာမှာ တပတ်အတွင်း သုံးသောင်းကျော်ရှိနေပြီဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာေၾကာင့္ နယ္စပ္ဂိတ္ေတြ ပိတ္ဖို႔ ကခ်င္အဖြဲ႕ေတြ ေတာင္းဆို ကို႐ိုနာေၾကာင့္ နယ္စပ္ဂိတ္ေတြ ပိတ္ဖို႔ ကခ်င္အဖြဲ႕ေတြ ေတာင္းဆို Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.