ဒီပဲယင္းအေရးအခင္းကိစၥ ေဒၚေအာင္ဆန္းစုၾကည္ မေျပာ

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ၂၀၂၀၊ မတ္ ၁၁ ရက္ေန႔ စစ္ကိုင္းတိုင္း ေ႐ႊဘိုခ႐ိုင္ ဒီပဲယင္းၿမိဳ႕မွာ က်င္းပတဲ့ လူထုေတြ႕ဆုံပြဲမွာ ေတြ႕ရစဥ္
ဓာတ္ပုံ - ေခမဏီဝင္း/ RFA
(Zawgyi)⤵⤵⤵
ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီပဲယင္းၿမိဳ႕မွာ ဒီေန႔လူထုနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ေတြ႕ဆုံပြဲမွာ လြန္ခဲ့တဲ့ ၁၇ ႏွစ္ေလာက္ကျဖစ္ခဲ့တဲ့ ဒီပဲယင္းအေရးအခင္းကိစၥကို ထည့္သြင္းေျပာဆိုခဲ့တာ မရွိပါဘူး။

ဒီေနရာမွာ အုပ္စုလိုက္ လုပ္ႀကံတိုက္ခိုက္တဲ့အတြက္ အသက္လုေျပးခဲ့ရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီပဲယင္းတိုက္ခိုက္မႈအၿပီး ၁၇ ႏွစ္ခန႔္အၾကာမွာ ႏိုင္ငံ့အႀကီးအကဲ တစ္ေယာက္အေနနဲ႔ လုံၿခဳံေရးအျပည့္အဝနဲ႔ ျပန္ေရာက္ရွိလာတာျဖစ္ပါတယ္။

ဒါေပမဲ့ ဒီလိုျပန္ေရာက္လာၿပီး ေဒသခံေတြနဲ႔ ေတြ႕ဆုံပြဲလုပ္တဲ့ အခ်ိန္မွာ ဒီပဲယင္းတိုက္ခိုက္မႈနဲ႔ပတ္သက္လို႔ တစ္စုံတစ္ရာ ထည့္သြင္းေျပာၾကားခဲ့တာ မရွိတဲ့အတြက္ မခ်င့္မရဲျဖစ္ၾကတာလည္းရွိပါတယ္။

၂၀၀၃ ခုႏွစ္ ေမလ ၃၀ ရက္ေန႔က စည္း႐ုံးေရးခရီးသြားၾကတဲ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ကားတန္းကို အဲဒီေခတ္က အာဏာပိုင္ေတြ ေက်ာေထာက္ေနာက္ခံေပး ထားတဲ့ လူအုပ္ႀကီးက ဝိုင္းဝန္း တိုက္ခိုက္ခဲ့ၾကတာပါ။

ဒီတိုက္ခိုက္မႈႀကီးဟာ ဒီပဲယင္းၿမိဳ႕ ၾကည္႐ြာအနီးမွာ ျဖစ္ပြားခဲ့တာပါ။ လူေပါင္းမ်ားစြာ ေသေၾကပ်က္စီးခဲ့ရၿပီး ကမာၻမွာေရာ ျမန္မာမွာပါ အျဖစ္ဆိုးတစ္ခုအျဖစ္ မွတ္တမ္းဝင္ခဲ့တဲ့ ျဖစ္စဥ္တစ္ခုလည္းျဖစ္ပါတယ္။ အဲဒီအခ်ိန္က ေဒၚေအာင္ဆန္းစုၾကည္ကို ျမင္ဖူးခ်င္ၾကတဲ့အတြက္ ခရီးစဥ္ေနာက္ကို လိုက္ပါလာၾကတဲ့ ေက်ာင္းသူ ေက်ာင္းသားေတြ၊ ေဒသခံေတြ အမ်ားအျပား အသက္ဆုံးရႈံးခဲ့ၾကရတယ္။ ဘဝေတြပ်က္ခဲ့ၾကရပါတယ္။

အခု ၁၇ ႏွစ္ၾကာတဲ့အခ်ိန္အထိ ဒီအျဖစ္အပ်က္ကို အမွတ္ရ ေနၾကတဲ့ေဒသခံေတြလည္း ဒီေန႔ပြဲမွာ တက္ေရာက္လာၾကပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ အခုလို လာေရာက္တာဟာ ၿမိဳ႕ရဲ႕ ဂုဏ္သိကၡာကို ျပန္ဆယ္ႏိုင္တာျဖစ္ေၾကာင္း ဒီေန႔ေတြ႕ဆုံပြဲကို တက္ေရာက္လာတဲ့ မခင္ေဆြဦးက ေျပာပါတယ္။

“လာမယ္ဆိုေတာ့ ႀကိဳဆိုၾကမယ္ေပါ့၊ ႐ိုး႐ိုးဆႏၵျပမဲ့သူေတြေလာက္ပဲ လာၾကမယ္ထင္ထားတာ၊ ျဖစ္ၿပီဆိုေတာ့ ဒီၿမိဳကလူေတြက မထြက္ၾကရဘူး၊ မသိၾကဘူး၊ ဒီလိုေတြျဖစ္လာေတာ့ ဒီပဲယင္းၿမိဳ႕သူေတြျဖစ္တယ္ ေျပာတယ္။ တကယ္ေတာ့ တစ္ဘက္ကသူေတြနဲ႔ျဖစ္သြားၾကတာပါ။ ဒီပဲယင္းကသူေတြ မပါဘူး၊ ျဖစ္တဲ့အခါ တအားကို ယူႀကဳံမရျဖစ္ရပါတယ္။ အခုေတာ့ လာမယ္ၾကားလို႔ ဝမ္းသာရပါတယ္။ ၿမိဳ႕ရဲ႕ ဂုဏ္သိကၡာကို ဆယ္ႏိုင္ၿပီလို႔ ယူဆပါတယ္။”

ေတြ႕ဆုံပြဲကို တက္ေရာက္လာတဲ့ ဦးတိုးလွကလည္း ဒီပဲရင္း အေရးအခင္းမွာ သူ႔အေနနဲ႔လည္း ဆုံးရႈံးမႈေတြရွိခဲ့ေၾကာင္း ေျပာပါတယ္။

“အဲဒီအခ်ိန္တုန္းက အေမစု လာမယ္ဆိုေတာ့ စက္ေတြက ကြၽန္ေတာ့စက္ေတြနဲ႔ စကားေျပာမယ္ေပါ့၊ တကယ္ေတာ့ မေျပာလိုက္ရပါဘူး၊ စကားမေျပာရတဲ့အျပင္ စက္ေတြလည္း အကုန္သိမ္းခံလိုက္ရတာေပါ့၊ ခံစားခဲ့ရတာေပါ့”

ဒီပဲယင္းတိုက္ခိုက္မႈအေၾကာင္း လူသိရွင္ၾကား တစ္စုံတစ္ရာ ထုတ္ေဖာ္ေျပာၾကားမႈ မရွိေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အနီးကပ္အသိုင္းဝိုင္းမွာေတာ့ သတိတရ ျပန္ေျပာႏိုင္တယ္လို႔ ယူဆခ်က္လည္း ရွိပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို ဦးတည္ၿပီး ဒီပဲယင္းအေရးအခင္းကို ျပန္လည္မေျပာဆိုတာကို လက္ခံႏိုင္ေပမယ့္ အတိတ္ကာလက လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရသူေတြကို ျပန္လည္ကုစားတဲ့ လုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔လိုေၾကာင္း ႏိုင္ငံေရး အက်ဥ္းသားေဟာင္းမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႕  AAPP ရန္ကုန္႐ုံးတာဝန္ခံ ဦးေအာင္မ်ိဳးေက်ာ္က ေျပာပါတယ္။

အမ်ားျပည္သူကိုေျပာတဲ့ မိန႔္ခြန္းမွာေတာ့ သူ႔အေနနဲ႔ ဒီပဲယင္းကို ျပန္လာရတာ အက်ိဳးရွိတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

“ဒီပဲယင္းကိုလာရတာ အမ်ားႀကီးအက်ိဳးရွိတယ္ဆိုတာ ျပည္သူေတြရဲ႕ စိုးရိမ္ခ်က္ေတြ၊ ေမွ်ာ္လင့္ခ်က္ေတြ၊ ျပႆနာေတြကိုလည္း သိရတယ္။ တစ္ခ်ိန္တည္းမွာပဲ ျပည္သူေတြရဲ႕ အားနည္းခ်က္ေတြကိုလည္း ျမင္ရပါတယ္”

ဒီရက္ပိုင္းမွာ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ျပည္သူလူထုေတြ႕ဆုံပြဲေတြကို ခပ္စိပ္စိပ္လုပ္ေဆာင္ေနပါတယ္။ ဒါဟာ ၂ဝ၂ဝ ေ႐ြးေကာက္ပြဲအတြက္ ေျခလွမ္းလွမ္းေနတာလို႔ ေဝဖန္မႈေတြရွိသလို ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမွာကို ကမာၻ႔ေခါင္းေဆာင္ေတြအၾကား စိုးရိမ္ေနၾကခ်ိန္မွာ အခုလိုပြဲေတြ ဆက္တိုက္လုပ္ေနလို႔ ေဝဖန္မႈေတြလည္းရွိေနပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ဒီပဲယင်းအရေးအခင်းကိစ္စ ဒေါ်အောင်ဆန်းစုကြည် မပြော

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၀၊ မတ် ၁၁ ရက်နေ့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့မှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ်
ဓာတ်ပုံ - ခေမဏီဝင်း/ RFA

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပဲယင်းမြို့မှာ ဒီနေ့လူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်ကဖြစ်ခဲ့တဲ့ ဒီပဲယင်းအရေးအခင်းကိစ္စကို ထည့်သွင်းပြောဆိုခဲ့တာ မရှိပါဘူး။

ဒီနေရာမှာ အုပ်စုလိုက် လုပ်ကြံတိုက်ခိုက်တဲ့အတွက် အသက်လုပြေးခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပဲယင်းတိုက်ခိုက်မှုအပြီး ၁၇ နှစ်ခန့်အကြာမှာ နိုင်ငံ့အကြီးအကဲ တစ်ယောက်အနေနဲ့ လုံခြုံရေးအပြည့်အဝနဲ့ ပြန်ရောက်ရှိလာတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုပြန်ရောက်လာပြီး ဒေသခံတွေနဲ့ တွေ့ဆုံပွဲလုပ်တဲ့ အချိန်မှာ ဒီပဲယင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ထည့်သွင်းပြောကြားခဲ့တာ မရှိတဲ့အတွက် မချင့်မရဲဖြစ်ကြတာလည်းရှိပါတယ်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စည်းရုံးရေးခရီးသွားကြတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကားတန်းကို အဲဒီခေတ်က အာဏာပိုင်တွေ ကျောထောက်နောက်ခံပေး ထားတဲ့ လူအုပ်ကြီးက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြတာပါ။

ဒီတိုက်ခိုက်မှုကြီးဟာ ဒီပဲယင်းမြို့ ကြည်ရွာအနီးမှာ ဖြစ်ပွားခဲ့တာပါ။ လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီး ကမ္ဘာမှာရော မြန်မာမှာပါ အဖြစ်ဆိုးတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ကို မြင်ဖူးချင်ကြတဲ့အတွက် ခရီးစဉ်နောက်ကို လိုက်ပါလာကြတဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ဒေသခံတွေ အများအပြား အသက်ဆုံးရှုံးခဲ့ကြရတယ်။ ဘဝတွေပျက်ခဲ့ကြရပါတယ်။

အခု ၁၇ နှစ်ကြာတဲ့အချိန်အထိ ဒီအဖြစ်အပျက်ကို အမှတ်ရ နေကြတဲ့ဒေသခံတွေလည်း ဒီနေ့ပွဲမှာ တက်ရောက်လာကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခုလို လာရောက်တာဟာ မြို့ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်တာဖြစ်ကြောင်း ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ မခင်ဆွေဦးက ပြောပါတယ်။

“လာမယ်ဆိုတော့ ကြိုဆိုကြမယ်ပေါ့၊ ရိုးရိုးဆန္ဒပြမဲ့သူတွေလောက်ပဲ လာကြမယ်ထင်ထားတာ၊ ဖြစ်ပြီဆိုတော့ ဒီမြိုကလူတွေက မထွက်ကြရဘူး၊ မသိကြဘူး၊ ဒီလိုတွေဖြစ်လာတော့ ဒီပဲယင်းမြို့သူတွေဖြစ်တယ် ပြောတယ်။ တကယ်တော့ တစ်ဘက်ကသူတွေနဲ့ဖြစ်သွားကြတာပါ။ ဒီပဲယင်းကသူတွေ မပါဘူး၊ ဖြစ်တဲ့အခါ တအားကို ယူကြုံမရဖြစ်ရပါတယ်။ အခုတော့ လာမယ်ကြားလို့ ဝမ်းသာရပါတယ်။ မြို့ရဲ့ ဂုဏ်သိက္ခာကို ဆယ်နိုင်ပြီလို့ ယူဆပါတယ်။”

တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ဦးတိုးလှကလည်း ဒီပဲရင်း အရေးအခင်းမှာ သူ့အနေနဲ့လည်း ဆုံးရှုံးမှုတွေရှိခဲ့ကြောင်း ပြောပါတယ်။

“အဲဒီအချိန်တုန်းက အမေစု လာမယ်ဆိုတော့ စက်တွေက ကျွန်တော့စက်တွေနဲ့ စကားပြောမယ်ပေါ့၊ တကယ်တော့ မပြောလိုက်ရပါဘူး၊ စကားမပြောရတဲ့အပြင် စက်တွေလည်း အကုန်သိမ်းခံလိုက်ရတာပေါ့၊ ခံစားခဲ့ရတာပေါ့”

ဒီပဲယင်းတိုက်ခိုက်မှုအကြောင်း လူသိရှင်ကြား တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားမှု မရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်အသိုင်းဝိုင်းမှာတော့ သတိတရ ပြန်ပြောနိုင်တယ်လို့ ယူဆချက်လည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး ဒီပဲယင်းအရေးအခင်းကို ပြန်လည်မပြောဆိုတာကို လက်ခံနိုင်ပေမယ့် အတိတ်ကာလက လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေကို ပြန်လည်ကုစားတဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့လိုကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအဖွဲ့  AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောပါတယ်။

အများပြည်သူကိုပြောတဲ့ မိန့်ခွန်းမှာတော့ သူ့အနေနဲ့ ဒီပဲယင်းကို ပြန်လာရတာ အကျိုးရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒီပဲယင်းကိုလာရတာ အများကြီးအကျိုးရှိတယ်ဆိုတာ ပြည်သူတွေရဲ့ စိုးရိမ်ချက်တွေ၊ မျှော်လင့်ချက်တွေ၊ ပြဿနာတွေကိုလည်း သိရတယ်။ တစ်ချိန်တည်းမှာပဲ ပြည်သူတွေရဲ့ အားနည်းချက်တွေကိုလည်း မြင်ရပါတယ်”

ဒီရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူလူထုတွေ့ဆုံပွဲတွေကို ခပ်စိပ်စိပ်လုပ်ဆောင်နေပါတယ်။ ဒါဟာ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ခြေလှမ်းလှမ်းနေတာလို့ ဝေဖန်မှုတွေရှိသလို ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှာကို ကမ္ဘာ့ခေါင်းဆောင်တွေအကြား စိုးရိမ်နေကြချိန်မှာ အခုလိုပွဲတွေ ဆက်တိုက်လုပ်နေလို့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ဒီပဲယင္းအေရးအခင္းကိစၥ ေဒၚေအာင္ဆန္းစုၾကည္ မေျပာ ဒီပဲယင္းအေရးအခင္းကိစၥ ေဒၚေအာင္ဆန္းစုၾကည္ မေျပာ Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.