တာခ်ီလိတ္မွာ ၂ရက္အတြင္း ျမန္မာက်ပ္ေငြတန္ဖိုး ဆက္တိုက္ျမႇင့္တက္ေန

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ မတ္ ၆

ထိုင္းႏိုင္ငံနဲ႔ နယ္နမိတ္ခ်င္း ထိစပ္လ်က္ရွိတဲ့ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္မွာ
၂ရက္အတြင္း ျမန္မာက်ပ္ေငြတန္ဖိုး ဆက္တက္ျမႇင့္တက္ေနတယ္လို႔ ေငြလႊဲဝန္ေဆာင္မႈလုပ္ငန္းေတြထံမွ သိရပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၁ရက္က ျမန္မာက်ပ္ေငြတစ္သိန္းကို (က်ပ္ေပး ဘတ္ယူ)ဘတ္ ၂၂၁၀ခန႔္နဲ႔ (ဘတ္ေပး က်ပ္ယူ) ၂၂၅၀ဘတ္ခန႔္သာ ရွိခဲ့ရာမွ ဒီကေန႔မတ္လ ၆ရက္၊ ေန႔လည္ပိုင္းမွာ (က်ပ္ေပး ဘတ္ယူ) ဘတ္ ၂၃၅၀ခန႔္နဲ႔ (ဘတ္ေပး က်ပ္ယူ) ၂၄၀၀ဘတ္ခန႔္အထိ ျမႇင့္တက္လာခဲ့တာ ျဖစ္ေၾကာင္း သိရပါတယ္။

"ဒီလိုမျဖစ္တာက ေတာ္ေတာ္ေလး ၾကာၿပီ။ မေန႔ကတည္းက ဆက္တိုက္တက္လာတာ။ ရက္ပိုင္းအတြင္း ဘတ္၁၀၀ေက်ာ္ ကြာသြားၿပီ။ ၂၄၀၀အထိ တက္သြားတယ္။ ညေနပိုင္းမွာေတာ့ နည္းနည္းေလး ျပန္ဆင္းလာတယ္။ ႏွစ္ကူးကတည္းက တက္လာတာ။ တက္လာၿပီးေနာက္ပိုင္းမွာလည္း အေရာင္း အဝယ္က ေအးေနတယ္။ ေဒၚလာေဈးကေတာ့ စံခ်ိန္တင္က်သြားတယ္"လို႔ ေငြစင္သိုက္ က်ပ္-ဘတ္ ေငြလဲ ဝန္ေဆာင္မႈလုပ္ငန္းမွ ကိုသီလက ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၁ရက္မွ မတ္လ ၃ရက္ေန႔အထိ ျမန္မာက်ပ္ေငြတန္ဖိုးေျပာင္းလဲမႈက ၿငိမ္သက္ေနခဲ့ေပမယ့္ မတ္လ ၄ရက္ခန႔္မွ စတင္ၿပီး သိသိသာသာျမႇင့္တက္လာခဲ့ကာ ရက္ပိုင္းအတြင္း ျမန္မာက်ပ္ေငြတန္ဖိုးက ဘတ္၁၀၀ေက်ာ္ ကြာဟျခင္း မရွိတာဟာ ၁၅ႏွစ္ခန႔္ရွိၿပီျဖစ္တယ္လို႔လည္း ကိုသီလက ေျပာပါတယ္။

မတ္လ ၅ရက္မွာ ျမန္မာက်ပ္ေငြတစ္သိန္းကို (က်ပ္ေပး ဘတ္ယူ)ဘတ္ ၂၂၅၀ခန႔္နဲ႔ (ဘတ္ေပး က်ပ္ယူ) ၂၂၉၀ခန႔္ဘတ္ခန႔္ထိ အနည္းသာျမႇင့္တက္လာခဲ့ရာမွ ဒီကေန႔ေန႔လည္ပိုင္းမွာ (က်ပ္ေပး ဘတ္ယူ)ဘတ္ ၂၃၅၀ခန႔္နဲ႔ (ဘတ္ေပး က်ပ္ယူ) ၂၄၀၀ဘတ္ခန႔္အထိ ျမႇင့္တက္လာခဲ့တာလည္း ျဖစ္ပါတယ္။

က်ပ္ေငြတန္ဖိုးျမႇင့္တက္လာခဲ့ေပမယ့္ အေမရိကန္ေဒၚလာတန္ဖိုးေငြက မတ္လ ၄ရက္ခန႔္မွ စတင္က်ဆင္းလာခဲ့ၿပီး ၿပီးခဲ့တဲ့ မတ္လ၄ရက္က တစ္ေဒၚလာကို ၁၄၃၁က်ပ္အထိရွိခဲ့ရာမွ မတ္လ ၅ရက္၊ ညေနပိုင္းမွာ ၁၄၀၅က်ပ္၊ ဒီကေန႔မွာ ၁၃၈၂က်ပ္အထိ က်ဆင္းလာခဲ့ေၾကာင္းကိုလည္း သိရပါတယ္။

တာခ်ီလိတ္ၿမိဳ႕ဟာ နယ္စပ္ၿမိဳ႕တဲ့အတြက္ ေငြလႊဲဝန္ေဆာင္မႈလုပ္ငန္း‌လုပ္ကိုင္သူေတြလည္း ေပါမ်ားလ်က္ရွိၿပီး ဆိုင္ေပါင္း ၄၅ဆိုင္ေလာက္အထိ ရွိေနတာလည္း ျဖစ္ပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
တာချီလိတ်မှာ ၂ရက်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်မြှင့်တက်နေ

တောင်ကြီး၊ မတ် ၆

ထိုင်းနိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်လျက်ရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်မှာ
၂ရက်အတွင်း မြန်မာကျပ်ငွေတန်ဖိုး ဆက်တက်မြှင့်တက်နေတယ်လို့ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ရက်က မြန်မာကျပ်ငွေတစ်သိန်းကို (ကျပ်ပေး ဘတ်ယူ)ဘတ် ၂၂၁၀ခန့်နဲ့ (ဘတ်ပေး ကျပ်ယူ) ၂၂၅၀ဘတ်ခန့်သာ ရှိခဲ့ရာမှ ဒီကနေ့မတ်လ ၆ရက်၊ နေ့လည်ပိုင်းမှာ (ကျပ်ပေး ဘတ်ယူ) ဘတ် ၂၃၅၀ခန့်နဲ့ (ဘတ်ပေး ကျပ်ယူ) ၂၄၀၀ဘတ်ခန့်အထိ မြှင့်တက်လာခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

"ဒီလိုမဖြစ်တာက တော်တော်လေး ကြာပြီ။ မနေ့ကတည်းက ဆက်တိုက်တက်လာတာ။ ရက်ပိုင်းအတွင်း ဘတ်၁၀၀ကျော် ကွာသွားပြီ။ ၂၄၀၀အထိ တက်သွားတယ်။ ညနေပိုင်းမှာတော့ နည်းနည်းလေး ပြန်ဆင်းလာတယ်။ နှစ်ကူးကတည်းက တက်လာတာ။ တက်လာပြီးနောက်ပိုင်းမှာလည်း အရောင်း အဝယ်က အေးနေတယ်။ ဒေါ်လာဈေးကတော့ စံချိန်တင်ကျသွားတယ်"လို့ ငွေစင်သိုက် ကျပ်-ဘတ် ငွေလဲ ဝန်ဆောင်မှုလုပ်ငန်းမှ ကိုသီလက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ရက်မှ မတ်လ ၃ရက်နေ့အထိ မြန်မာကျပ်ငွေတန်ဖိုးပြောင်းလဲမှုက ငြိမ်သက်နေခဲ့ပေမယ့် မတ်လ ၄ရက်ခန့်မှ စတင်ပြီး သိသိသာသာမြှင့်တက်လာခဲ့ကာ ရက်ပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုးက ဘတ်၁၀၀ကျော် ကွာဟခြင်း မရှိတာဟာ ၁၅နှစ်ခန့်ရှိပြီဖြစ်တယ်လို့လည်း ကိုသီလက ပြောပါတယ်။

မတ်လ ၅ရက်မှာ မြန်မာကျပ်ငွေတစ်သိန်းကို (ကျပ်ပေး ဘတ်ယူ)ဘတ် ၂၂၅၀ခန့်နဲ့ (ဘတ်ပေး ကျပ်ယူ) ၂၂၉၀ခန့်ဘတ်ခန့်ထိ အနည်းသာမြှင့်တက်လာခဲ့ရာမှ ဒီကနေ့နေ့လည်ပိုင်းမှာ (ကျပ်ပေး ဘတ်ယူ)ဘတ် ၂၃၅၀ခန့်နဲ့ (ဘတ်ပေး ကျပ်ယူ) ၂၄၀၀ဘတ်ခန့်အထိ မြှင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ကျပ်ငွေတန်ဖိုးမြှင့်တက်လာခဲ့ပေမယ့် အမေရိကန်ဒေါ်လာတန်ဖိုးငွေက မတ်လ ၄ရက်ခန့်မှ စတင်ကျဆင်းလာခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ၄ရက်က တစ်ဒေါ်လာကို ၁၄၃၁ကျပ်အထိရှိခဲ့ရာမှ မတ်လ ၅ရက်၊ ညနေပိုင်းမှာ ၁၄၀၅ကျပ်၊ ဒီကနေ့မှာ ၁၃၈၂ကျပ်အထိ ကျဆင်းလာခဲ့ကြောင်းကိုလည်း သိရပါတယ်။

တာချီလိတ်မြို့ဟာ နယ်စပ်မြို့တဲ့အတွက် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း‌လုပ်ကိုင်သူတွေလည်း ပေါများလျက်ရှိပြီး ဆိုင်ပေါင်း ၄၅ဆိုင်လောက်အထိ ရှိနေတာလည်း ဖြစ်ပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာခ်ီလိတ္မွာ ၂ရက္အတြင္း ျမန္မာက်ပ္ေငြတန္ဖိုး ဆက္တိုက္ျမႇင့္တက္ေန တာခ်ီလိတ္မွာ ၂ရက္အတြင္း ျမန္မာက်ပ္ေငြတန္ဖိုး ဆက္တိုက္ျမႇင့္တက္ေန Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.