ကမာၻတလႊား ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္သူ ၃ သိန္းေက်ာ္ၿပီ

ဆားဘီးယားတြင္ ကုိ႐ိုနာဗုိင္းရပ္စ္ အႏၱရာယ္မွ ကာကြယ္ႏုိင္ေရး ကူညီရန္ ေရာက္ရွိလာသည့္ တ႐ုတ္က်န္းမာေရးဝန္ထမ္းမ်ား။ (မတ္ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 လို႔ေခၚတဲ့ ကို႐ုိနာဗုိင္းရပ္စ္ ကမာၻ႔ကပ္ေရာဂါဟာ ကမာၻတ၀ွမ္းကို အလွ်င္အျမန္ ကူးစက္လာေနၿပီး အခုဆုိရင္ ကမာၻတ၀ွမ္းမွာ ေရာဂါကူးစက္ေနသူ ၃ သိန္းေက်ာ္သြားၿပီး ေသဆုံးသူအေရအတြက္ဟာ ၁ ေသာင္း ၃ ေထာင္ေက်ာ္ ရွိလာေနၿပီလို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) က ေျပာလိုက္ပါတယ္။ ဆြစ္ဇာလန္ႏုိင္ငံ ဂ်နီဗာၿမိဳ႕ကေန Lisa Schlein သတင္းေပးပို႔ထားတာကို ကုိရန္ႏုိင္က တင္ျပေပးထားပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ပိုး ကူးစက္မႈေတြဟာ အရင္ထက္ကို ပိုၿပီးေတာ့ အလွ်င္အျမန္ ကူးစက္လာေနတယ္လို႔ ကမာၻ႔က်န္းမာေရး တာ၀န္ရွိသူေတြက ေျပာလိုက္ပါတယ္။ ကမာၻတ၀ွမ္းမွာ ေရာဂါကူးစက္သူ ပထမ ၁ သိန္းျပည့္ဖို႔အတြက္ ၃ လေလာက္ ၾကာခဲ့ေပမယ့္ ေနာက္ထပ္ ၂ သိန္း ထပ္ကူးစက္ဖို႔အတြက္ သီတင္း ၂ ပတ္ေလာက္ပဲ ၾကာျမင့္ခဲ့တယ္လို႔ က်န္းမာေရး တာ၀န္ရွိသူေတြက ေျပာပါတယ္။

ဒီ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ေရာဂါဆုိးႀကီးကို လုံး၀ရပ္တန္႔သြားေအာင္ မထိန္းခ်ဳပ္ႏုိင္ခင္မွာ ဒီေရာဂါပိုးက အေတာ္ေလးကို ဆက္ၿပီး ကူးစက္ေနဦးမွာျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ခ်ဳပ္ (WHO) အႀကီးအကဲ Tedros Adhanom Ghebreyesus က စိတ္မေကာင္းစြာ ေျပာၾကားလိုက္ပါတယ္။

တခ်ိန္တည္းမွာပဲ ကို႐ုိနာဗုိင္းရပ္စ္ စတင္ကူးစက္မႈေတြ ျဖစ္ေပၚခဲ့တဲ့ တ႐ုတ္ႏုိင္ငံ ၀ူဟန္ၿမိဳ႕မွာေတာ့ ၾကာသပေတးေန႔က ေရာဂါေနာက္ထပ္ကူးစက္သူ တေယာက္မွ မရွိခဲ့ပါဘူး။

ဒါဟာ ဒီေရာဂါ စတင္ျဖစ္ခ်ိန္ကစၿပီး ပထမဆုံးအႀကိမ္အျဖစ္ ၀ူဟန္ၿမိဳ႕မွာ ေနာက္ထပ္ေရာဂါကူးစက္သူ တေယာက္မွမရွိတာ ျဖစ္ပါတယ္။ ဒါကို ၾကည့္ျခင္းအားျဖင့္ အလြန္ကို ဆုိးရြားတဲ့ အေျခအေနေတြကိုေတာင္ ျပန္ၿပီး ေျပာင္းပစ္ႏုိင္တယ္လို႔ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာပါတယ္။

“က်ေနာ္တုိ႔အေနနဲ႔ သတိထားရမွာ ျဖစ္ပါတယ္။ အေျခအေနကို ျပန္ေျပာင္းပစ္ႏုိင္ပါတယ္။ ဒီဗုိင္းရပ္စ္ပိုးကို တြန္းလွန္ထိန္းခ်ဳပ္ႏုိင္ခဲ့တဲ့ ၿမိဳ႕ေတြ၊ ႏုိင္ငံေတြရဲ႕ အေတြ႔အႀကဳံေတြက က်န္တဲ့တကမာၻလုံးကို ေမွ်ာ္လင့္ခ်က္ေတြနဲ႔ သတိၱခြန္အားေတြ ျဖစ္ေစပါတယ္။ ေန႔စဥ္ေန႔တုိင္း ဒီဗုိင္းရပ္စ္ပိုးနဲ႔ ပတ္သက္ၿပီးေတာ့ ဒီေရာဂါ ဘာေၾကာင့္ျဖစ္ေစတယ္ဆုိုတာနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တုိ႔ ပိုၿပီး သိလာေနပါတယ္။”

ဒီေရာဂါပိုးနဲ႔ပတ္သက္ၿပီး ေလ့လာသိရွိခဲ့တဲ့အထဲက တခုကေတာ့ ဒီေရာဂါပိုးဟာ လူငယ္ေတြကိုလည္း ကူးစက္ႏုိင္တာျဖစ္တယ္လို႔ သူကေျပာပါတယ္။ ႏုိင္ငံအေတာ္မ်ားမ်ားက ရရွိတဲ့ အခ်က္အလက္ေတြအရ ကို႐ုိနာဗုိင္းရပ္စ္ပိုး ကူးစက္မႈက အသက္အရြယ္ႀကီးရင့္တဲ့ လူႀကီးပိုင္းေတြမွာ အျဖစ္မ်ားတယ္ ဆုိေပမယ့္ အသက္ ၅၀ ေအာက္ေတြမွာလည္း အေတာ္ေလးကို အျဖစ္မ်ားၿပီး ေဆး႐ုံတက္ ကုသရတဲ့အထိပါ လိုအပ္တယ္ဆုိတာကို ေတြ႔ရွိရတယ္လို႔ WHO အႀကီးအကဲက ေျပာပါတယ္။

“ဒီေန႔လူငယ္ေတြကို က်ေနာ္ေျပာခ်င္တာတခု ရွိပါတယ္။ အဲဒါကေတာ့ ခင္ဗ်ားတုိ႔ေတြလည္း ေရာဂါကူးစက္ႏုိင္ပါတယ္။ ဒီ ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ခင္ဗ်ားတုိ႔ ေဆး႐ုံကို သီတင္းပတ္ေတြနဲ႔ခ်ီ တက္ရႏုိင္သလို ဒီဗုိင္းရပ္စ္ေၾကာင့္လည္း ေသသြားႏုိင္ပါတယ္။ ခင္ဗ်ားတုိ႔အေနနဲ႔ ေနမေကာင္းမျဖစ္ရင္ေတာင္ ခင္ဗ်ားတုိ႔သြားတဲ့ေနရာေတြက တျခားတေယာက္ေယာက္အတြက္ ေရာဂါကူးစက္တာေတြျဖစ္ၿပီး အသက္ဆုံး႐ႈံးႏုိင္တဲ့အထိပါ ျဖစ္လာႏုိင္ပါတယ္။”

COVID-19 ကပ္ေရာဂါႀကီးကို တုိက္ဖ်က္ႏွိမ္နင္းႏုိင္ဖုိ႔က အားလုံး တစုတစည္းတည္း စည္းလုံညီညြတ္မႈရွိဖုိ႔က အဓိကအခ်က္ျဖစ္တယ္လို႔ မစၥတာ Tedros က ေျပာပါတယ္။ လူႀကီးေတြနဲ႔ လူငယ္ေတြၾကား စည္းလုံးညီညြတ္ဖို႔လိုသလို ႏုိင္ငံေတြၾကားမွာလည္း စည္းလုံးညီညြတ္မႈ ရွိဖို႔လိုအပ္ေၾကာင္း၊ အဲဒီလိုဆုိရင္ အခုလို အႏၱရာယ္ႀကီးမားတဲ့ ဗုိင္းရပ္စ္ပိုး ကူးစက္တာေတြကို ေနာက္ဆုံးမွာ ရပ္တန္႔ႏွိမ္နင္းသြားႏုိင္မွာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဒါေပမယ့္ အဲဒီလိုလုပ္ႏုိင္ဖို႔အတြက္ဆုိရင္ ႀကိဳးပမ္းအားထုတ္မႈေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြ အႀကီးအက်ယ္လုပ္ဖို႔ လိုအပ္သလို ႏုိင္ငံေရးအရ ဆႏၵရွိဖို႔နဲ႔ သႏၷိ႒ာန္ခုိင္မာဖို႔ လိုအပ္တယ္လို႔လည္း WHO ဥကၠ႒က ေျပာၾကားလိုက္ပါတယ္။


---------------------------------

(Unicode)

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃ သိန်းကျော်ပြီ

COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဟာ ကမ္ဘာတဝှမ်းကို အလျှင်အမြန် ကူးစက်လာနေပြီး အခုဆိုရင် ကမ္ဘာတဝှမ်းမှာ ရောဂါကူးစက်နေသူ ၃သိန်းကျော်သွားပြီး သေဆုံးသူအရေအတွက်ဟာ ၁ သောင်း ၃ ထောင်ကျော် ရှိလာနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ပြောလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ Lisa Schlein သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေဟာ အရင်ထက်ကို ပိုပြီးတော့ အလျှင်အမြန် ကူးစက်လာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေး တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ကမ္ဘာတဝှမ်းမှာ ရောဂါကူးစက်သူ ပထမ ၁ သိန်းပြည့်ဖို့အတွက် ၃ လလောက် ကြာခဲ့ပေမယ့် နောက်ထပ် ၂ သိန်း ထပ်ကူးစက်ဖို့အတွက် သီတင်း ၂ ပတ်လောက်ပဲ ကြာမြင့်ခဲ့တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဆိုးကြီးကို လုံးဝရပ်တန့်သွားအောင် မထိန်းချုပ်နိုင်ခင်မှာ ဒီရောဂါပိုးက အတော်လေးကို ဆက်ပြီး ကူးစက်နေဦးမှာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အကြီးအကဲ Tedros Adhanom Ghebreyesus က စိတ်မကောင်းစွာ ပြောကြားလိုက်ပါတယ်။

တချိန်တည်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာတော့ ကြာသပတေးနေ့က ရောဂါနောက်ထပ်ကူးစက်သူ တယောက်မှ မရှိခဲ့ပါဘူး။

ဒါဟာ ဒီရောဂါ စတင်ဖြစ်ချိန်ကစပြီး ပထမဆုံးအကြိမ်အဖြစ် ဝူဟန်မြို့မှာ နောက်ထပ်ရောဂါကူးစက်သူ တယောက်မှမရှိတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အလွန်ကို ဆိုးရွားတဲ့ အခြေအနေတွေကိုတောင် ပြန်ပြီး ပြောင်းပစ်နိုင်တယ်လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။

“ကျနော်တို့အနေနဲ့ သတိထားရမှာ ဖြစ်ပါတယ်။ အခြေအနေကို ပြန်ပြောင်းပစ်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးကို တွန်းလှန်ထိန်းချုပ်နိုင်ခဲ့တဲ့ မြို့တွေ၊ နိုင်ငံတွေရဲ့ အတွေ့အကြုံတွေက ကျန်တဲ့တကမ္ဘာလုံးကို မျှော်လင့်ချက်တွေနဲ့ သတ္တိခွန်အားတွေ ဖြစ်စေပါတယ်။ နေ့စဉ်နေ့တိုင်း ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီးတော့ ဒီရောဂါ ဘာကြောင့်ဖြစ်စေတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပိုပြီး သိလာနေပါတယ်။”

ဒီရောဂါပိုးနဲ့ပတ်သက်ပြီး လေ့လာသိရှိခဲ့တဲ့အထဲက တခုကတော့ ဒီရောဂါပိုးဟာ လူငယ်တွေကိုလည်း ကူးစက်နိုင်တာဖြစ်တယ်လို့ သူကပြောပါတယ်။ နိုင်ငံအတော်များများက ရရှိတဲ့ အချက်အလက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုက အသက်အရွယ်ကြီးရင့်တဲ့ လူကြီးပိုင်းတွေမှာ အဖြစ်များတယ် ဆိုပေမယ့် အသက် ၅၀ အောက်တွေမှာလည်း အတော်လေးကို အဖြစ်များပြီး ဆေးရုံတက် ကုသရတဲ့အထိပါ လိုအပ်တယ်ဆိုတာကို တွေ့ရှိရတယ်လို့ WHO အကြီးအကဲက ပြောပါတယ်။

“ဒီနေ့လူငယ်တွေကို ကျနော်ပြောချင်တာတခု ရှိပါတယ်။ အဲဒါကတော့ ခင်ဗျားတို့တွေလည်း ရောဂါကူးစက်နိုင်ပါတယ်။ ဒီ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခင်ဗျားတို့ ဆေးရုံကို သီတင်းပတ်တွေနဲ့ချီ တက်ရနိုင်သလို ဒီဗိုင်းရပ်စ်ကြောင့်လည်း သေသွားနိုင်ပါတယ်။ ခင်ဗျားတို့အနေနဲ့ နေမကောင်းမဖြစ်ရင်တောင် ခင်ဗျားတို့သွားတဲ့နေရာတွေက တခြားတယောက်ယောက်အတွက် ရောဂါကူးစက်တာတွေဖြစ်ပြီး အသက်ဆုံးရှုံးနိုင်တဲ့အထိပါ ဖြစ်လာနိုင်ပါတယ်။”

    နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမရှိရင် Covid-19 ကြောင့် လူသန်းချီ သေဆုံးနိုင် သတင်း ဖတ်ရှုနိုင်ပါတယ်။

COVID-19 ကပ်ရောဂါကြီးကို တိုက်ဖျက်နှိမ်နင်းနိုင်ဖို့က အားလုံး တစုတစည်းတည်း စည်းလုံညီညွတ်မှုရှိဖို့က အဓိကအချက်ဖြစ်တယ်လို့ မစ္စတာ Tedros က ပြောပါတယ်။ လူကြီးတွေနဲ့ လူငယ်တွေကြား စည်းလုံးညီညွတ်ဖို့လိုသလို နိုင်ငံတွေကြားမှာလည်း စည်းလုံးညီညွတ်မှု ရှိဖို့လိုအပ်ကြောင်း၊ အဲဒီလိုဆိုရင် အခုလို အန္တရာယ်ကြီးမားတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်တာတွေကို နောက်ဆုံးမှာ ရပ်တန့်နှိမ်နင်းသွားနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အဲဒီလိုလုပ်နိုင်ဖို့အတွက်ဆိုရင် ကြိုးပမ်းအားထုတ်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အကြီးအကျယ်လုပ်ဖို့ လိုအပ်သလို နိုင်ငံရေးအရ ဆန္ဒရှိဖို့နဲ့ သန္နိဋ္ဌာန်ခိုင်မာဖို့ လိုအပ်တယ်လို့လည်း WHO ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

ရန္ႏိုင္/VOA (Burmese)
https://burmese.voanews.com
ကမာၻတလႊား ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္သူ ၃ သိန္းေက်ာ္ၿပီ ကမာၻတလႊား ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္သူ ၃ သိန္းေက်ာ္ၿပီ Reviewed by THITHTOOLWIN on 01:32 Rating: 5
Powered by Blogger.