က်း႐ြာ ျပန္မည့္ စစ္ေရွာင္မ်ား တပ္မေတာ္မွ ဟန႔္တား

(Zawgyi)⤵⤵⤵
မတလ္ ၅ ရက္ ၂၀၂၀

သွ်မ္းျပည္ေတာင္ပိုင္း မိုင္းကိုင္ ၿမိဳ႕နယ္ ဟမ္းငိုင္းေက်း႐ြာအုပ္စု ဘုန္းႀကီးေက်ာင္းေရာက္ စစ္ေဘးေရွာင္မ်ားသည္ မိမိေနရပ္သို႔အေျခအေနို ျပန္ၾကည့္ရန္ အတြက္ သြားစဥ္ တပ္မေတာ္မွ ဟန႔္တားခဲ့ရေၾကာင္း သတင္းရရွိသည္။

ယမန္ေန႔က ကုန္းေညာင္ ဖာဆား ေက်း႐ြာရွိ စစ္ေရွာင္ အမ်ိဳးသားမ်ား ႏွင့္ မိုင္းကိုင္မွ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ေက်း႐ြာသို႔ အေျခအေနျပန္ၾကည့္ရန္အသြားလမ္းခရီးတြင္ အစိုးရ စစ္သားမ်ား၏ ဟန႔္တား မႈကို ခံခဲ့ရသျဖင့္ ေက်း႐ြာထဲ မေရာက္ခဲ့ေၾကာင္း မိုင္းကိုင္ၿမိဳ႕နယ္ အမွတ္(၁) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းပန္ က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ မေန႔က က်ေနာ္တို႔ ကုန္းေညာင္ဖာဆား ေက်း႐ြာ အသြား ဖာေပါင္ ေက်း႐ြာမွာ ဟန႔္တားခံရတယ္။ ဖာေပါင္ ႐ြာ ထိပ္အေရာက္ အစိုးရ စစ္သားက ဆက္ေပးမသြားတာ။ လုံၿခဳံေရး အရ ေပးမသြားတာလို႔ေျပာတယ္” ဟု စိုင္းပန္ က ဆိုသည္။

ကုန္းေညာင္ဖာဆားေက်း႐ြာအတြင္း အစိုးရ တပ္မေတာ္ မွ စစ္သားမ်ားသည္ ႐ြာသားမ်ား စစ္ေဘးေရွာင္ေနစဥ္ ေနအိမ္၊ ေဈးဆိုင္မ်ားရွိ အစားအစာမ်ား ကို ဝင္ေရာက္ ယူငင္ျခင္း၊ ဖ်က္ဆီးျခင္း ျပဳလုပ္ေၾကာင္း၊ ေက်း႐ြာ အတြင္း လက္နက္ႀကီးမ်ားပစ္ခတ္ခဲ့ၾကေၾကာင္း ၊ အဆိုပါအေျခအေနမ်ားကို သြားေရာက္ ၾကည့္ရႈရန္ ႏွင့္ ႐ြာတြင္ က်န္ရွိသည့္ ဝက္မ်ား၊ ႏြားမ်ားကို အစားေကြၽးရန္ သြားၾကျခင္းျဖစ္ ေၾကာင္း စိုင္းပန္ က ေျပာသည္။

“ ေဒသခံေတြ အိမ္၊ ဆိုင္ေတြ ပစၥည္းယူတာေတြ အိမ္ေဖာက္တာေတြကို က်ေနာ္တို႔ၾကည့္ရႈဖို႔သြားတာ။ ေနာက္ ေဒသခံေတြက က်န္ခဲ့တဲ့ ဝက္ေတြ ႏြားေတြကို အစာေကြၽးဖို႔ို႔ပါ။ စစ္တပ္က ေပးမသြားလို႔ ျပန္လွည့္လာရတယ္” ဟု စိုင္းပန္ က ေျပာသည္။

မိုင္းကိုင္ၿမိဳ႕နယ္ ဟမ္းငိုင္းေက်း႐ြာ အုပ္စု အတြင္း RCSS/SSA ႏွင့္ အစိုးရ တပ္မေတာ္သည္ ေဖေဖာ္ဝါရီ ၂၇ ရက္မွ စတင္ကာ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ယေန႔ခ်ိန္ထိ စစ္ေရး တင္းမာမႈမ်ားရွိေနေၾကာင္း သိရသည္။

အဆိုပါ တိုက္ပြဲေၾကာင့္ မိုင္းကိုင္ၿမိဳ႕နယ္ ဟမ္းငိုင္းေက်း႐ြာအုပ္စု အတြင္းရွိ ဘုန္းႀကီးေက်ာင္းတြင္ စစ္ေရွာင္ ၅၀၀ ေက်ာ္ ရွိသည္။

ထိုစစ္ေရွာင္မ်ားသည္ ရက္ အနည္းငယ္ ၾကာ စစ္ေရွာင္ေနရသျဖင့္ မိမိေနရပ္ကို ျပန္လိုေၾကာင္း၊ တိုက္ပြဲ အျမန္ရပ္ေစလိုေၾကာင္း ကုန္းေညာင္ ဖာဆာ ေက်း႐ြာ မွ စိုင္းက်ိန္ က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ က်ေနာ္တို႔ မျပန္ရဲေသးဘူး။ ဟိုရက္ေတြက က်ေနာ္တို႔႐ြာသားေတြ ကိုယ့္ဘာသာ ကိုယ္ ဝက္၊ႏြားအစာသြားေကြၽးေတာ့ စစ္သားေတြ ေသနတ္နဲ႔ ပစ္တယ္။ တခ်ိဳ႕ ဆို ဖမ္းခံရတယ္။ မေန႔က လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔သြားတာ ႐ြာထဲ ေပးမဝင္ဘူး” ဟု စိုင္းက်ိန္ က ဆိုသည္။

စစ္ေရွာင္မ်ားသည္ မိမိေနရပ္ ကို ျပန္ကာ လုပ္ငန္းခြင္မ်ား ျပန္လည္ လုပ္ခ်င္ၾကေၾကာင္း၊ လက္ရွိမွာ ဘုန္းႀကီးေက်ာင္းတြင္စုေပါင္းေနထိုင္ရသျဖင့္ အဆင္မေျပေၾကာင္းလည္း စိုင္းက်ိန္က ဆက္လက္ေျပာသည္။

“ ေနရပ္ျပန္ ကိုယ့္အလုပ္ပဲ ကိုယ္လုပ္ခ်င္တယ္။ ဒီမွာက လူေတြလည္းမ်ား။ အဆင္မေျပဘူး” ဟု စိုင္းက်ိန္ က ဆိုသည္။

လြန္ခဲ့သည့္ ၂ ရက္ အတြင္း အစိုးရ စစ္ေၾကာင္းမွ စစ္သားမ်ားသည္ စစ္ေရွာင္ေနအိမ္ မ်ားကို ဝင္ေရာက္ေမႊေႏွာက္ ရွာေဖြၾကေၾကာင္း၊ လက္ရွိ အခ်ိန္ထိ စစ္ေၾကာင္းမ်ားသည္ ေက်း႐ြာ အတြင္း တပ္စခန္းခ်ကာ လႈပ္ရွားေနေၾကာင္း သိရသည္။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
------------
(Unicode)⤵⤵⤵
ကျးရွာ ပြန်မည့် စစ်ရှောင်များ တပ်မတော်မှ ဟန့်တား

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

မတလ် ၅ ရက် ၂၀၂၀

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင် မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု ဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များသည် မိမိနေရပ်သို့အခြေအနေို ပြန်ကြည့်ရန် အတွက် သွားစဉ် တပ်မတော်မှ ဟန့်တားခဲ့ရကြောင်း သတင်းရရှိသည်။

ယမန်နေ့က ကုန်းညောင် ဖာဆား ကျေးရွာရှိ စစ်ရှောင် အမျိုးသားများ နှင့် မိုင်းကိုင်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ကျေးရွာသို့ အခြေအနေပြန်ကြည့်ရန်အသွားလမ်းခရီးတွင် အစိုးရ စစ်သားများ၏ ဟန့်တား မှုကို ခံခဲ့ရသဖြင့် ကျေးရွာထဲ မရောက်ခဲ့ကြောင်း မိုင်းကိုင်မြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းပန် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မနေ့က ကျနော်တို့ ကုန်းညောင်ဖာဆား ကျေးရွာ အသွား ဖာပေါင် ကျေးရွာမှာ ဟန့်တားခံရတယ်။ ဖာပေါင် ရွာ ထိပ်အရောက် အစိုးရ စစ်သားက ဆက်ပေးမသွားတာ။ လုံခြုံရေး အရ ပေးမသွားတာလို့ပြောတယ်” ဟု စိုင်းပန် က ဆိုသည်။

ကုန်းညောင်ဖာဆားကျေးရွာအတွင်း အစိုးရ တပ်မတော် မှ စစ်သားများသည် ရွာသားများ စစ်ဘေးရှောင်နေစဉ် နေအိမ်၊ ဈေးဆိုင်များရှိ အစားအစာများ ကို ဝင်ရောက် ယူငင်ခြင်း၊ ဖျက်ဆီးခြင်း ပြုလုပ်ကြောင်း၊ ကျေးရွာ အတွင်း လက်နက်ကြီးများပစ်ခတ်ခဲ့ကြကြောင်း ၊ အဆိုပါအခြေအနေများကို သွားရောက် ကြည့်ရှုရန် နှင့် ရွာတွင် ကျန်ရှိသည့် ဝက်များ၊ နွားများကို အစားကျွေးရန် သွားကြခြင်းဖြစ် ကြောင်း စိုင်းပန် က ပြောသည်။

“ ဒေသခံတွေ အိမ်၊ ဆိုင်တွေ ပစ္စည်းယူတာတွေ အိမ်ဖောက်တာတွေကို ကျနော်တို့ကြည့်ရှုဖို့သွားတာ။ နောက် ဒေသခံတွေက ကျန်ခဲ့တဲ့ ဝက်တွေ နွားတွေကို အစာကျွေးဖို့ို့ပါ။ စစ်တပ်က ပေးမသွားလို့ ပြန်လှည့်လာရတယ်” ဟု စိုင်းပန် က ပြောသည်။

မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်း RCSS/SSA နှင့် အစိုးရ တပ်မတော်သည် ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ချိန်ထိ စစ်ရေး တင်းမာမှုများရှိနေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု အတွင်းရှိ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၅၀၀ ကျော် ရှိသည်။

ထိုစစ်ရှောင်များသည် ရက် အနည်းငယ် ကြာ စစ်ရှောင်နေရသဖြင့် မိမိနေရပ်ကို ပြန်လိုကြောင်း၊ တိုက်ပွဲ အမြန်ရပ်စေလိုကြောင်း ကုန်းညောင် ဖာဆာ ကျေးရွာ မှ စိုင်းကျိန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ကျနော်တို့ မပြန်ရဲသေးဘူး။ ဟိုရက်တွေက ကျနော်တို့ရွာသားတွေ ကိုယ့်ဘာသာ ကိုယ် ဝက်၊နွားအစာသွားကျွေးတော့ စစ်သားတွေ သေနတ်နဲ့ ပစ်တယ်။ တချို့ ဆို ဖမ်းခံရတယ်။ မနေ့က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့သွားတာ ရွာထဲ ပေးမဝင်ဘူး” ဟု စိုင်းကျိန် က ဆိုသည်။

စစ်ရှောင်များသည် မိမိနေရပ် ကို ပြန်ကာ လုပ်ငန်းခွင်များ ပြန်လည် လုပ်ချင်ကြကြောင်း၊ လက်ရှိမှာ ဘုန်းကြီးကျောင်းတွင်စုပေါင်းနေထိုင်ရသဖြင့် အဆင်မပြေကြောင်းလည်း စိုင်းကျိန်က ဆက်လက်ပြောသည်။

“ နေရပ်ပြန် ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ချင်တယ်။ ဒီမှာက လူတွေလည်းများ။ အဆင်မပြေဘူး” ဟု စိုင်းကျိန် က ဆိုသည်။

လွန်ခဲ့သည့် ၂ ရက် အတွင်း အစိုးရ စစ်ကြောင်းမှ စစ်သားများသည် စစ်ရှောင်နေအိမ် များကို ဝင်ရောက်မွှေနှောက် ရှာဖွေကြကြောင်း၊ လက်ရှိ အချိန်ထိ စစ်ကြောင်းများသည် ကျေးရွာ အတွင်း တပ်စခန်းချကာ လှုပ်ရှားနေကြောင်း သိရသည်။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
က်း႐ြာ ျပန္မည့္ စစ္ေရွာင္မ်ား တပ္မေတာ္မွ ဟန႔္တား က်း႐ြာ ျပန္မည့္ စစ္ေရွာင္မ်ား တပ္မေတာ္မွ ဟန႔္တား Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.