ရန္ကုန္၊ မႏၲေလးအပါအဝင္ ၿမိဳ႕အခ်ိဳ႕မွာ ကိုဗစ္-၁၉ ေၾကာင့္ အခမဲ့ သယ္ယူပို႔ေဆာင္ေပးတဲ့ အဖြဲ႕ေတြ ေပၚေပါက္လာ

မတ္ ၂၃ ရက္ညပိုင္းက ရန္ကုန္ၿမိဳ႕မွာ အလုအယက္ေဈးဝယ္တာေတြရွိခဲ့
(Zawgyi)⤵⤵⤵

ျမန္မာႏိုင္ငံမွာ ကိုဗစ္ -၁၉ ဂယက္ေၾကာင့္ ၿမိဳ႕ႀကီးေတြမွာ အလုအယက္ေဈးဝယ္ယူတာေတြ ရွိလာၿပီးတဲ့ ေနာက္မွာေတာ့ ရန္ကုန္၊ မႏၲေလး၊ ကေလးနဲ႔ မုံ႐ြာစတဲ့ၿမိဳ႕ႀကီးေတြမွာ ေနအိမ္အျပင္မထြက္လိုသူေတြ အတြက္ ဝယ္ယူလိုတဲ့ပစၥည္းေတြကို လိုက္လံဝယ္ယူ ေပးၿပီး ပို႔ေဆာင္ခ အခမဲ့နဲ႔ အိမ္အေရာက္ပို႔ေပးတဲ့ ပရဟိတအဖြဲ႕ေတြ ေပၚေပါက္လာပါတယ္။

ဒီလိုဝယ္ယူေပးတဲ့အဖြဲ႕ေတြဟာ ေနအိမ္ျပင္ပထြက္ဖို႔ အခက္အခဲရွိသူေတြအတြက္ မီးဖိုေခ်ာင္အတြက္ လိုအပ္တဲ့ စားနပ္ရိကၡာေတြ၊ အစားအေသာက္ေတြ က်န္းမာေရးအတြက္လိုအပ္တဲ့ေဆးဝါး စတဲ့ ကုန္ပစၥည္း ေတြကို ကနဦးမွာ ေငြေၾကးစိုက္ထားၿပီး သြားေရာက္ဝယ္ယူ ေပးကာ အိမ္ေရာက္မွ ဝယ္ယူတဲ့ပစၥည္းဖိုးသာ ရွင္းေပးမွာျဖစ္ၿပီး ပို႔ေဆာင္ခ အခမဲ့နဲ႔ ကူညီေဆာင္႐ြက္ေပးတာျဖစ္ပါတယ္။

' ' ဒီေန႔မနက္ကစၿပီး ဖုန္းဆက္တာ အကူညီေတာင္းတာေတြ ေတာ္ေတာ္လည္းရွိလာၿပီ။ အမ်ားစုကေတာ့ ဆန္တို႔ mask တို႔ ေဆးဝါးေတြဝယ္ေပးဖို႔ ဖုန္းဆက္လာၾကတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ေတာ့ ဒီေရာဂါ အေျခအေနအရ ဘယ္လိုလူကိုမဆို ကြၽန္ေတာ္တို႔အဖြဲ႕ေတြရွိတဲ့ ၿမိဳ႕နယ္ေတြကိုေတာ့ ကူညီေပးသြားမယ္။ အကန႔္အသတ္မရွိဘူး''လို႔ ရန္ကုန္ၿမိဳ႕ မွာအခမဲ့ သယ္ယူပို႔ေဆာင္ေပးတာကို လုပ္ေဆာင္ေပးေနတဲ့ လူ႐ႊင္ေတာ္ပရဟိတအဖြဲ႕ရဲ႕ ေခါင္းေဆာင္ ကိုမ်ိဳးထိုက္က ဘီဘီစီကို မတ္ ၂၅ ရက္မနက္ပိုင္းကေျပာပါတယ္။
 ရန္ကုန္ၿမိဳ႕တြင္း ၿမိဳ႕နယ္ ၉ ခုမွာ ကူညီေပးေနတဲ့ လူ႐ႊင္ေတာ္ပရဟိတအဖြဲ႕
လူ႐ႊင္ေတာ္ပရဟိတမ်ားအဖြဲ႕က လတ္တေလာမွာ ရန္ကုန္ၿမိဳ႕က စမ္းေခ်ာင္း၊ ၊ၾကည့္ျမင္တိုင္၊ လႈိင္၊ ကမာ႐ြတ္၊ အင္းစိန္ ၊ေျမာက္ဥကၠလာ၊ေတာင္ဒဂုံ ၊ေျမာက္ဒဂုံ၊ ေတာင္ဥကၠလာ စတဲ့ၿမိဳ႕နယ္ ၉ခုမွာ မတ္ ၂၅ ရက္ေန႔ကစတင္ကူညီေပးေနၿပီး လႈိင္သာယာၿမိဳ႕နယ္တြင္းမွာလည္း ထပ္မံကူညီေပးသြားဖို႔စီစဥ္ေနတယ္လို႔ သိရပါတယ္။

ရန္ကုန္ၿမိဳ႕နည္းတူ စစ္ကိုင္းေဒသႀကီး၊ကေလးၿမိဳ႕မွာလည္း အခုလို အခမဲ့ကူညီပို႔ေဆာင္ေပးတဲ့ လူငယ္အဖြဲ႕ အခ်ိဳ႕ရွိလာပါတယ္။

ကေလးၿမိဳ႕ဟာ ျမန္မာႏိုင္ငံမွာ ပထမဆုံးပိုးေတြ႕လူနာအျဖစ္ ေၾကညာခဲ့သူ ၂ဦးထဲက အေမရိကန္ႏိုင္ငံက လာသူ အမ်ိဳးသားဟာ ကေလးၿမိဳ႕ကို ၂ရက္ခန႔္လာေရာက္လည္ပတ္သြားလာတာလည္းရွိခဲ့တာေၾကာင့္ ၿမိဳ႕ခံေတြၾကား စိုး႐ြံ႕ ထိတ္လန႔္မႈ ေတြရွိေနတယ္လို႔ ကေလးၿမိဳ႕ခံ အခ်ိဳ႕ကေျပာပါတယ္။

'' တီးတိန္က ပိုးေတြ႕လူနာက ေ႐ႊဆိုင္ကိုသြားၾကည့္တာလည္းရွိတယ္။ ပရီဝယ္ဒင္အတြက္ ဓာတ္ပုံ႐ိုက္တာ တို႔ သြားတာေတြလည္းရွိေတာ့ ၿမိဳ႕ခံေတြက ေတာ္ေတာ္ေလး စိတ္ပူၾကတယ္။ မေန႔ကေတာ့ ၿမိဳ႕ေပၚမွာ အလုအယက္ ေဈးတိုးဝယ္တာေတြလည္းရွိတယ္။ ဒီလို panic buying ေတြမျဖစ္ေအာင္ ေရာဂါကူးစက္ မႈကို ကာကြယ္ၿပီးသားလည္းျဖစ္မယ္ဆိုၿပီး အခုလို ကူညီေပးျဖစ္တာပါ''လို႔ ကေလးၿမိဳ႕ခံလူငယ္တစ္ဦး ျဖစ္တဲ့ ကိုစိုးထိုက္သူကဘီဘီစီကိုေျပာျပပါတယ္။

ၿမိဳ႕ေပၚက ေဈးဆိုင္အခ်ိဳ႕လည္းပိတ္ထားတာေၾကာင့္ စတင္ကူညီေပးတဲ့ ဒီကေန႔ မတ္ ၂၅ ရက္မနက္ပိုင္း မွာေတာ့ ဝယ္မရတဲ့ေဆးဝါးအခ်ိဳ႕ ဝယ္ေပးဖို႔ အကူညီေတာင္းတာေတြရွိခဲ့တယ္လို႔ လည္း ကိုစိုးထိုက္သူကေျပာျပပါတယ္။

ဒီလိုအိမ္အေရာက္ အခမဲ့ ကူညီဝယ္ယူေပးတဲ့ေနရာမွာလည္း

'' အလြန္အကြၽံဝယ္တာမ်ိဳးလည္းမျဖစ္ေအာင္ ဆန္ဆိုလည္း တစ္အိတ္လုံးႀကီးဝယ္ေပးမွာမဟုတ္ဘူး။ လိုအပ္သေလာက္ပဲ။ အိတ္လိုက္ထက္ လိုအပ္သေလာက္ပဲ ဝယ္ေပးမွာျဖစ္ပါတယ္။''လို႔ ကိုစိုးထိုက္သူက ေျပာျပပါတယ္။

က်န္းမာေရးနဲ႔အားကစား ဝန္ႀကီးဌာနက ျမန္မာႏိုင္ငံမွာ မတ္ ၂၅ ရက္ေန႔မနက္ပိုင္းအထိ တရားဝင္ထုတ္ ျပန္ေၾကညာခ်က္ေတြအရ ကိုဗစ္ -၁၉ ပိုးေတြ႕လူနာ ၃ဦးရွိလာၿပီျဖစ္ၿပီး ၃ဦးစလုံးဟာ ျပည္ပႏိုင္ငံေတြက ျပန္လည္ဝင္ေရာက္လာသူေတြျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အချို့မှာ ကိုဗစ်-၁၉ ကြောင့် အခမဲ့ သယ်ယူပို့ဆောင်ပေးတဲ့ အဖွဲ့တွေ ပေါ်ပေါက်လာ

ဓာတ်ပုံ မူပိုင် Phyo Hein Kyaw
Image caption မတ် ၂၃ ရက်ညပိုင်းက ရန်ကုန်မြို့မှာ အလုအယက်ဈေးဝယ်တာတွေရှိခဲ့

မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ဂယက်ကြောင့် မြို့ကြီးတွေမှာ အလုအယက်ဈေးဝယ်ယူတာတွေ ရှိလာပြီးတဲ့ နောက်မှာတော့ ရန်ကုန်၊ မန္တလေး၊ ကလေးနဲ့ မုံရွာစတဲ့မြို့ကြီးတွေမှာ နေအိမ်အပြင်မထွက်လိုသူတွေ အတွက် ဝယ်ယူလိုတဲ့ပစ္စည်းတွေကို လိုက်လံဝယ်ယူ ပေးပြီး ပို့ဆောင်ခ အခမဲ့နဲ့ အိမ်အရောက်ပို့ပေးတဲ့ ပရဟိတအဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။

ဒီလိုဝယ်ယူပေးတဲ့အဖွဲ့တွေဟာ နေအိမ်ပြင်ပထွက်ဖို့ အခက်အခဲရှိသူတွေအတွက် မီးဖိုချောင်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ၊ အစားအသောက်တွေ ကျန်းမာရေးအတွက်လိုအပ်တဲ့ဆေးဝါး စတဲ့ ကုန်ပစ္စည်း တွေကို ကနဦးမှာ ငွေကြေးစိုက်ထားပြီး သွားရောက်ဝယ်ယူ ပေးကာ အိမ်ရောက်မှ ဝယ်ယူတဲ့ပစ္စည်းဖိုးသာ ရှင်းပေးမှာဖြစ်ပြီး ပို့ဆောင်ခ အခမဲ့နဲ့ ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်။

' ' ဒီနေ့မနက်ကစပြီး ဖုန်းဆက်တာ အကူညီတောင်းတာတွေ တော်တော်လည်းရှိလာပြီ။ အများစုကတော့ ဆန်တို့ mask တို့ ဆေးဝါးတွေဝယ်ပေးဖို့ ဖုန်းဆက်လာကြတယ်။ ကျွန်တော်တို့အနေနဲ့တော့ ဒီရောဂါ အခြေအနေအရ ဘယ်လိုလူကိုမဆို ကျွန်တော်တို့အဖွဲ့တွေရှိတဲ့ မြို့နယ်တွေကိုတော့ ကူညီပေးသွားမယ်။ အကန့်အသတ်မရှိဘူး''လို့ ရန်ကုန်မြို့ မှာအခမဲ့ သယ်ယူပို့ဆောင်ပေးတာကို လုပ်ဆောင်ပေးနေတဲ့ လူရွှင်တော်ပရဟိတအဖွဲ့ရဲ့ ခေါင်းဆောင် ကိုမျိုးထိုက်က ဘီဘီစီကို မတ် ၂၅ ရက်မနက်ပိုင်းကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Poe Lay'facebook
Image caption ရန်ကုန်မြို့တွင်း မြို့နယ် ၉ ခုမှာ ကူညီပေးနေတဲ့ လူရွှင်တော်ပရဟိတအဖွဲ့

လူရွှင်တော်ပရဟိတများအဖွဲ့က လတ်တလောမှာ ရန်ကုန်မြို့က စမ်းချောင်း၊ ၊ကြည့်မြင်တိုင်၊ လှိုင်၊ ကမာရွတ်၊ အင်းစိန် ၊မြောက်ဥက္ကလာ၊တောင်ဒဂုံ ၊မြောက်ဒဂုံ၊ တောင်ဥက္ကလာ စတဲ့မြို့နယ် ၉ခုမှာ မတ် ၂၅ ရက်နေ့ကစတင်ကူညီပေးနေပြီး လှိုင်သာယာမြို့နယ်တွင်းမှာလည်း ထပ်မံကူညီပေးသွားဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့နည်းတူ စစ်ကိုင်းဒေသကြီး၊ကလေးမြို့မှာလည်း အခုလို အခမဲ့ကူညီပို့ဆောင်ပေးတဲ့ လူငယ်အဖွဲ့ အချို့ရှိလာပါတယ်။

ကလေးမြို့ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးပိုးတွေ့လူနာအဖြစ် ကြေညာခဲ့သူ ၂ဦးထဲက အမေရိကန်နိုင်ငံက လာသူ အမျိုးသားဟာ ကလေးမြို့ကို ၂ရက်ခန့်လာရောက်လည်ပတ်သွားလာတာလည်းရှိခဲ့တာကြောင့် မြို့ခံတွေကြား စိုးရွံ့ ထိတ်လန့်မှု တွေရှိနေတယ်လို့ ကလေးမြို့ခံ အချို့ကပြောပါတယ်။

'' တီးတိန်က ပိုးတွေ့လူနာက ရွှေဆိုင်ကိုသွားကြည့်တာလည်းရှိတယ်။ ပရီဝယ်ဒင်အတွက် ဓာတ်ပုံရိုက်တာ တို့ သွားတာတွေလည်းရှိတော့ မြို့ခံတွေက တော်တော်လေး စိတ်ပူကြတယ်။ မနေ့ကတော့ မြို့ပေါ်မှာ အလုအယက် ဈေးတိုးဝယ်တာတွေလည်းရှိတယ်။ ဒီလို panic buying တွေမဖြစ်အောင် ရောဂါကူးစက် မှုကို ကာကွယ်ပြီးသားလည်းဖြစ်မယ်ဆိုပြီး အခုလို ကူညီပေးဖြစ်တာပါ''လို့ ကလေးမြို့ခံလူငယ်တစ်ဦး ဖြစ်တဲ့ ကိုစိုးထိုက်သူကဘီဘီစီကိုပြောပြပါတယ်။

မြို့ပေါ်က ဈေးဆိုင်အချို့လည်းပိတ်ထားတာကြောင့် စတင်ကူညီပေးတဲ့ ဒီကနေ့ မတ် ၂၅ ရက်မနက်ပိုင်း မှာတော့ ဝယ်မရတဲ့ဆေးဝါးအချို့ ဝယ်ပေးဖို့ အကူညီတောင်းတာတွေရှိခဲ့တယ်လို့ လည်း ကိုစိုးထိုက်သူကပြောပြပါတယ်။

ဒီလိုအိမ်အရောက် အခမဲ့ ကူညီဝယ်ယူပေးတဲ့နေရာမှာလည်း

'' အလွန်အကျွံဝယ်တာမျိုးလည်းမဖြစ်အောင် ဆန်ဆိုလည်း တစ်အိတ်လုံးကြီးဝယ်ပေးမှာမဟုတ်ဘူး။ လိုအပ်သလောက်ပဲ။ အိတ်လိုက်ထက် လိုအပ်သလောက်ပဲ ဝယ်ပေးမှာဖြစ်ပါတယ်။''လို့ ကိုစိုးထိုက်သူက ပြောပြပါတယ်။

ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ မတ် ၂၅ ရက်နေ့မနက်ပိုင်းအထိ တရားဝင်ထုတ် ပြန်ကြေညာချက်တွေအရ ကိုဗစ် -၁၉ ပိုးတွေ့လူနာ ၃ဦးရှိလာပြီဖြစ်ပြီး ၃ဦးစလုံးဟာ ပြည်ပနိုင်ငံတွေက ပြန်လည်ဝင်ရောက်လာသူတွေဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ရန္ကုန္၊ မႏၲေလးအပါအဝင္ ၿမိဳ႕အခ်ိဳ႕မွာ ကိုဗစ္-၁၉ ေၾကာင့္ အခမဲ့ သယ္ယူပို႔ေဆာင္ေပးတဲ့ အဖြဲ႕ေတြ ေပၚေပါက္လာ ရန္ကုန္၊ မႏၲေလးအပါအဝင္ ၿမိဳ႕အခ်ိဳ႕မွာ ကိုဗစ္-၁၉ ေၾကာင့္ အခမဲ့ သယ္ယူပို႔ေဆာင္ေပးတဲ့ အဖြဲ႕ေတြ ေပၚေပါက္လာ Reviewed by THITHTOOLWIN on 02:27 Rating: 5
Powered by Blogger.