လႈိင္သာယာ ေ႐ႊလင္ပန္းစက္မႈဇုန္ က အထည္ခ်ဳပ္ လုပ္ငန္းရွင္ ထြက္ေျပး

အထည္ခ်ဳပ္စက္႐ုံက အလုပ္သမားအမ်ားစုဟာ အမ်ိဳးသမီးေတြျဖစ္ပါတယ္
(Zawgyi)⤵⤵⤵
ရန္ကုန္တိုင္းေဒသႀကီး လႈိင္သာယာ ေ႐ႊလင္ပန္းစက္မႈဇုန္ Su Xing အထည္ခ်ဳပ္စက္႐ုံက လုပ္ငန္းရွင္ဟာ အလုပ္သမား ၃၂၀ နီးပါးကို လစာမေပးဘဲ မတ္လ ၅ ရက္ေန႔က ထြက္ေျပးတိမ္းေရွာင္သြားတယ္လို႔ အထည္ခ်ဳပ္ အလုပ္သမားမ်ား သမဂၢအဖြဲ႕ခ်ဳပ္ရဲ႕ ယာယီတာဝန္ခံ မမိုးစႏၵာျမင့္ ကဘီဘီစီကိုေျပာပါတယ္။

အဲ့ဒီစက္႐ုံလုပ္ငန္းရွင္ဟာ တ႐ုတ္ႏိုင္ငံသားျဖစ္ၿပီးေတာ့ ျမန္မာႏိုင္ငံ ကေန ထြက္ခြာသြားျခင္းရွိမရွိ စိစစ္ေပးႏိုင္ဖို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ၊အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လူဝင္မႈႀကီးၾကပ္ေရးအပါအဝင္၊ သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြကို အေၾကာင္းၾကားထားတယ္လို႔ သူကေျပာပါတယ္။

"လစာထုတ္တဲ့ မတ္လ ၅ ရက္ေန႔မွာ သူေဌးက ေျပးသြားတယ္ဆိုတာ သိရတယ္။ အလုပ္သမား အဖြဲ႕အစည္းေတြ က လာေရာက္ေျဖရွင္းေပး တာမ်ိဳးလည္း ရွိပါတယ္။စက္႐ုံကပစၥည္းေတြ ခ်ိတ္ပိတ္ထားၿပီးေတာ့ အလုပ္သမား ဦးစီးဌာနမွာ ေသာ့ကိုသိမ္းထားတယ္ " လို႔ စက္႐ုံအလုပ္သမား တစ္ဦး ကေျပာပါတယ္။

စက္႐ုံက စက္ခ်ဳပ္ပစၥည္းေတြနဲ႔ အျခားဆက္စပ္ ပစၥည္းေတြကို ေလလံတင္ေရာင္းခ်ၿပီး အလုပ္သမား ေတြကို လစာေပးဖို႔လုပ္ေနတယ္လို႔ မမိုးစႏၵာျမင့္ကေျပာပါတယ္။

အလုပ္သမားေတြကို ႀကိဳတင္အသိမေပးဘဲ ထြက္ေျပးတာ ေတြမ်ားလာပါတယ္

ဒုတိယေျမာက္စက္႐ုံ

အခုလို စက္႐ုံပိုင္ရွင္ထြက္ေျပးတာ အခုရက္ပိုင္းအတြင္းဒုတိယေျမာက္ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၄ ရက္ေန႔ က လည္း Royal Myanmar Apollo စက္႐ုံ ကပိုင္ရွင္တ႐ုတ္ႏိုင္ငံ သားထြက္ေျပးသြားလို႔ အလုပ္သမား၅၀၀ နီးပါးလစာမရခဲ့ပါဘူး။

Royal Myanmar Apollo စက္႐ုံပိုင္ရွင္ ဟာ လစာထုတ္မေပးခင္ တစ္ရက္ မတ္လ ၄ ရက္ေန႔မွာ ထြက္ေျပးသြားတာျဖစ္သလို Su Xing အထည္ခ်ဳပ္စက္႐ုံပိုင္ရွင္ ကလည္းမတ္လ ၅ရက္ေန႔မွာ ထြက္ေျပးသြားတာျဖစ္ပါတယ္။

Su Xing အထည္ခ်ဳပ္စက္႐ုံပိုင္ရွင္ဟာ အလုပ္သမားေတြကလစာ ေပးရမယ့္ပမာဏ ဟာ အေျခခံလစာ ဟာ သိန္း ခုႏွစ္ရာ ဝန္းက်င္ေလာက္ရွိၿပီး၊ အလုပ္ရပ္စဲရင္ ႀကိဳတင္မေျပာတဲ့ အတြက္ ေပးရမယ့္ ပမာဏ၊ ႏို႔တစ္ေၾကးပါ တြက္ရင္သိန္းေထာင္ေက်ာ္ႏိုင္တယ္လို႔ အထည္ခ်ဳပ္ အလုပ္သမားမ်ား သမဂၢအဖြဲ႕ခ်ဳပ္ရဲ႕ ယာယီတာဝန္ခံ မမိုးစႏၵာျမင့္ကေျပာပါတယ္။

သူတို႔ေတြကိုမွီခိုေနရတဲ့ မိသားစုင္ဝင္ေတြအမ်ားႀကီးရွိပါတယ္။

အထည္ခ်ဳပ္စက္ေတြကို ေလလံ ပစ္မယ္

စက္႐ုံမွာက်န္ခဲ့တဲ့ အထည္ခ်ဳပ္စက္ေတြကို ေလလံ ပစ္ဖို႔ အတြက္မတ္လ ၉ ရက္ေန႔ မွာ စတင္ျပင္ဆင္ေနၿပီးေတာ့ အလုပ္သမားေတြအတြက္ဘယ္ေလာက္ရႏိုင္မယ္ဆိုတာ မသိေရေသးေၾကာင္းလည္း မမိုးစႏၵာျမင့္ကေျပာပါတယ္။

ဒီစက္႐ုံဟာ တစ္ဆင့္ခံ စက္႐ုံျဖစ္လို႔ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ကုန္ၾကမ္းျပတ္လပ္တာ မဟုတ္ဘဲ လုပ္ငန္းမလုပ္ကိုင္ႏိုင္ေတာ့လို႔ ထြက္ေျပးသြားတာ ျဖစ္ႏိုင္တယ္လို႔ အလုပ္သမားအေရးလႈပ္ရွားသူေတြက ဘီဘီစီကိုေျပာပါတယ္။

စက္႐ုံပိုင္ ပစၥည္းေတြကို ေရာင္းခ်ၿပီးရင္ လည္းအလုပ္သမားေတြရဲ႕လစာ ကို အကုန္ေပးႏိုင္မလာ ဆိုတာကို လည္းသူတို႔အေနနဲ႔ တိတိက်က် မေျပာႏိုင္ဘူးလို႔လည္းေျပာပါတယ္။

ကုန္ၾကမ္းရွားပါးၿပီး ေျမငွားရမ္းခေစ်းႀကီးတာအပါအဝင္ အရႈံးေပၚတာေၾကာင့္ ရန္ကုန္အေျခစိုက္ လက္ခစားစက္႐ုံ ၁၃ ႐ုံပိတ္သိမ္းရန္ ျပင္ဆင္ေနတယ္လို႔ ရန္ကုန္တိုင္းအစိုးရ အရာရွိမ်ားကို ကိုးကားၿပီး အလုပ္သမားေခါင္းေဆာင္ ေတြက မတ္ ၅ ရက္ ေန႔ကေျပာထားပါတယ္။
ရန္ကုန္တိုင္း‌ေဒသႀကီးအစိုးရအဖြဲ႕ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးေဒၚမိုးမိုးစုၾကည္ နဲ႔တိုင္ရီစက္႐ုံလုပ္သားမ်ား

လႈမႈဖူလုံေရး က ဘယ္လိုေဆာင္႐ႊက္ေပးမလဲ

အလုပ္သမားတြကို လစာမေပးဘဲ ထြက္ေျပးခဲ့မႈေတြအတြက္ အလုပ္သမားဝန္ႀကီးဌာန ကလႈမႈဖူလုံေရးဦးစီးဌာန ကိုလည္းတိုင္ထားၿပီးေတာ့ အလုပ္သမားေတြနစ္နာမူအတြက္ ဘယ္လိုေဆာင္႐ႊက္ေပးမလဲ ဆိုတာကို ေဆြးေႏြးေနတယ္လို႔လည္း အလုပ္သမားေခါင္းေဆာင္တြကေျပာပါတယ္။

အခုလိုမ်ိဳးဥပေဒမဲ့ စက္႐ုံပိတ္မႈ ေတြအပါအဝင္ အစိုးရတရားဝင္သတ္မွတ္ထားတဲ့ ရင္းႏွီးျမဳပ္ႏွံသူေတြလိုက္နာရမယ့္စည္းကမ္းေတြကို မလိုက္နာတဲ့ စက္႐ုံေတြကိုေတာ့ ေစာင့္ၾကည့္သြားမယ္လို႔ အလုပ္သမားသမဂၢမ်ား ပူးေပါင္းေဆာင္႐ြက္ေရး ေကာ္မတီက မတ္လ ၈ ရက္ေန႔ က ေျပာပါတယ္။

ျမန္မာႏိုင္ငံက ကိုရီးယားစက္႐ုံ ၅၀ ေလာက္လည္း ကုန္ၾကမ္း ျပတ္လို႔ စက္႐ုံေတြ မၾကာမီ ပိတ္ဖို ရွိေနတယ္လို႔သတင္းရၿပီးေတာ့ စက္႐ုံေတြ ပိတ္တာကို ဥပေဒနဲ႔အညီ ပိတ္ဖို႔နဲ႔ အလုပ္သမားေတြရဲ႕ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြကို စဥ္းစားဖို႔ကိုလည္း အလုပ္သမားအေရး လူပ္ရွားတဲ့ အစုအဖြဲ႕ ၁၂ ဖြဲ႕ စုေပါင္းထားတဲ့ အလုပ္သမားသမဂၢမ်ား ပူးေပါင္းေဆာင္႐ြက္ေရး ေကာ္မတီက ေတာင္းဆိုထားပါတယ္။

BBC Burmese
https://www.bbc.com
-----------------
(Unicode)⤵⤵⤵
လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန် က အထည်ချုပ် လုပ်ငန်းရှင် ထွက်ပြေး

ဓာတ်ပုံ မူပိုင် Getty Images
Image caption အထည်ချုပ်စက်ရုံက အလုပ်သမားအများစုဟာ အမျိုးသမီးတွေဖြစ်ပါတယ်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန် Su Xing အထည်ချုပ်စက်ရုံက လုပ်ငန်းရှင်ဟာ အလုပ်သမား ၃၂၀ နီးပါးကို လစာမပေးဘဲ မတ်လ ၅ ရက်နေ့က ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်ရဲ့ ယာယီတာဝန်ခံ မမိုးစန္ဒာမြင့် ကဘီဘီစီကိုပြောပါတယ်။

အဲ့ဒီစက်ရုံလုပ်ငန်းရှင်ဟာ တရုတ်နိုင်ငံသားဖြစ်ပြီးတော့ မြန်မာနိုင်ငံ ကနေ ထွက်ခွာသွားခြင်းရှိမရှိ စိစစ်ပေးနိုင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးအပါအဝင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အကြောင်းကြားထားတယ်လို့ သူကပြောပါတယ်။

"လစာထုတ်တဲ့ မတ်လ ၅ ရက်နေ့မှာ သူဌေးက ပြေးသွားတယ်ဆိုတာ သိရတယ်။ အလုပ်သမား အဖွဲ့အစည်းတွေ က လာရောက်ဖြေရှင်းပေး တာမျိုးလည်း ရှိပါတယ်။စက်ရုံကပစ္စည်းတွေ ချိတ်ပိတ်ထားပြီးတော့ အလုပ်သမား ဦးစီးဌာနမှာ သော့ကိုသိမ်းထားတယ် " လို့ စက်ရုံအလုပ်သမား တစ်ဦး ကပြောပါတယ်။

စက်ရုံက စက်ချုပ်ပစ္စည်းတွေနဲ့ အခြားဆက်စပ် ပစ္စည်းတွေကို လေလံတင်ရောင်းချပြီး အလုပ်သမား တွေကို လစာပေးဖို့လုပ်နေတယ်လို့ မမိုးစန္ဒာမြင့်ကပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အလုပ်သမားတွေကို ကြိုတင်အသိမပေးဘဲ ထွက်ပြေးတာ တွေများလာပါတယ်
ဒုတိယမြောက်စက်ရုံ

အခုလို စက်ရုံပိုင်ရှင်ထွက်ပြေးတာ အခုရက်ပိုင်းအတွင်းဒုတိယမြောက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ က လည်း Royal Myanmar Apollo စက်ရုံ ကပိုင်ရှင်တရုတ်နိုင်ငံ သားထွက်ပြေးသွားလို့ အလုပ်သမား၅၀၀ နီးပါးလစာမရခဲ့ပါဘူး။

Royal Myanmar Apollo စက်ရုံပိုင်ရှင် ဟာ လစာထုတ်မပေးခင် တစ်ရက် မတ်လ ၄ ရက်နေ့မှာ ထွက်ပြေးသွားတာဖြစ်သလို Su Xing အထည်ချုပ်စက်ရုံပိုင်ရှင် ကလည်းမတ်လ ၅ရက်နေ့မှာ ထွက်ပြေးသွားတာဖြစ်ပါတယ်။

Su Xing အထည်ချုပ်စက်ရုံပိုင်ရှင်ဟာ အလုပ်သမားတွေကလစာ ပေးရမယ့်ပမာဏ ဟာ အခြေခံလစာ ဟာ သိန်း ခုနှစ်ရာ ဝန်းကျင်လောက်ရှိပြီး၊ အလုပ်ရပ်စဲရင် ကြိုတင်မပြောတဲ့ အတွက် ပေးရမယ့် ပမာဏ၊ နို့တစ်ကြေးပါ တွက်ရင်သိန်းထောင်ကျော်နိုင်တယ်လို့ အထည်ချုပ် အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ်ရဲ့ ယာယီတာဝန်ခံ မမိုးစန္ဒာမြင့်ကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption သူတို့တွေကိုမှီခိုနေရတဲ့ မိသားစုင်ဝင်တွေအများကြီးရှိပါတယ်။
အထည်ချုပ်စက်တွေကို လေလံ ပစ်မယ်

စက်ရုံမှာကျန်ခဲ့တဲ့ အထည်ချုပ်စက်တွေကို လေလံ ပစ်ဖို့ အတွက်မတ်လ ၉ ရက်နေ့ မှာ စတင်ပြင်ဆင်နေပြီးတော့ အလုပ်သမားတွေအတွက်ဘယ်လောက်ရနိုင်မယ်ဆိုတာ မသိရေသေးကြောင်းလည်း မမိုးစန္ဒာမြင့်ကပြောပါတယ်။

ဒီစက်ရုံဟာ တစ်ဆင့်ခံ စက်ရုံဖြစ်လို့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်တာ မဟုတ်ဘဲ လုပ်ငန်းမလုပ်ကိုင်နိုင်တော့လို့ ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဘီဘီစီကိုပြောပါတယ်။

စက်ရုံပိုင် ပစ္စည်းတွေကို ရောင်းချပြီးရင် လည်းအလုပ်သမားတွေရဲ့လစာ ကို အကုန်ပေးနိုင်မလာ ဆိုတာကို လည်းသူတို့အနေနဲ့ တိတိကျကျ မပြောနိုင်ဘူးလို့လည်းပြောပါတယ်။

ကုန်ကြမ်းရှားပါးပြီး မြေငှားရမ်းခဈေးကြီးတာအပါအဝင် အရှုံးပေါ်တာကြောင့် ရန်ကုန်အခြေစိုက် လက်ခစားစက်ရုံ ၁၃ ရုံပိတ်သိမ်းရန် ပြင်ဆင်နေတယ်လို့ ရန်ကုန်တိုင်းအစိုးရ အရာရှိများကို ကိုးကားပြီး အလုပ်သမားခေါင်းဆောင် တွေက မတ် ၅ ရက် နေ့ကပြောထားပါတယ်။
ဓာတ်ပုံ မူပိုင် MPA
Image caption ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဒေါ်မိုးမိုးစုကြည် နဲ့တိုင်ရီစက်ရုံလုပ်သားများ
လှုမှုဖူလုံရေး က ဘယ်လိုဆောင်ရွှက်ပေးမလဲ

အလုပ်သမားတွကို လစာမပေးဘဲ ထွက်ပြေးခဲ့မှုတွေအတွက် အလုပ်သမားဝန်ကြီးဌာန ကလှုမှုဖူလုံရေးဦးစီးဌာန ကိုလည်းတိုင်ထားပြီးတော့ အလုပ်သမားတွေနစ်နာမူအတွက် ဘယ်လိုဆောင်ရွှက်ပေးမလဲ ဆိုတာကို ဆွေးနွေးနေတယ်လို့လည်း အလုပ်သမားခေါင်းဆောင်တွကပြောပါတယ်။

အခုလိုမျိုးဥပဒေမဲ့ စက်ရုံပိတ်မှု တွေအပါအဝင် အစိုးရတရားဝင်သတ်မှတ်ထားတဲ့ ရင်းနှီးမြုပ်နှံသူတွေလိုက်နာရမယ့်စည်းကမ်းတွေကို မလိုက်နာတဲ့ စက်ရုံတွေကိုတော့ စောင့်ကြည့်သွားမယ်လို့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက မတ်လ ၈ ရက်နေ့ က ပြောပါတယ်။

မြန်မာနိုင်ငံက ကိုရီးယားစက်ရုံ ၅၀ လောက်လည်း ကုန်ကြမ်း ပြတ်လို့ စက်ရုံတွေ မကြာမီ ပိတ်ဖို ရှိနေတယ်လို့သတင်းရပြီးတော့ စက်ရုံတွေ ပိတ်တာကို ဥပဒေနဲ့အညီ ပိတ်ဖို့နဲ့ အလုပ်သမားတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို စဉ်းစားဖို့ကိုလည်း အလုပ်သမားအရေး လူပ်ရှားတဲ့ အစုအဖွဲ့ ၁၂ ဖွဲ့ စုပေါင်းထားတဲ့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက တောင်းဆိုထားပါတယ်။

BBC Burmese
https://www.bbc.com
လႈိင္သာယာ ေ႐ႊလင္ပန္းစက္မႈဇုန္ က အထည္ခ်ဳပ္ လုပ္ငန္းရွင္ ထြက္ေျပး လႈိင္သာယာ ေ႐ႊလင္ပန္းစက္မႈဇုန္ က အထည္ခ်ဳပ္ လုပ္ငန္းရွင္ ထြက္ေျပး Reviewed by THITHTOOLWIN on 02:23 Rating: 5
Powered by Blogger.