ကမာၻ႔ကပ္ေဘးက်ေနခ်ိန္ ေျမာက္ကိုရီးယား ဒံုးပစ္လႊတ္

KCNA သတင္းဌာနက ထုတ္ျပန္ခဲ့သည့္ ေျမာက္ကုိရီးယားေခါင္းေဆာင္ Kim Jong Un ႏွင့္ တာဝန္ရွိသူမ်ား လက္နက္ပစ္ခတ္မႈ ၾကည့္႐ႈေနသည့္ ျမင္ကြင္း။ (မတ္ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

တာတိုပစ္ဒုံးက်ည္ေတြလို႔ ယူဆရတဲ့ ဒုုံးက်ည္ ၂ စင္းကိုု ေျမာက္ကိုရီးယားႏုိင္ငံက ပစ္ခတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ဒီကေန႔မွာ ေျပာလိုက္ပါတယ္။

Pyongan ေဒသေျမာက္ပိုင္းကေန ပစ္လိုက္တဲ့ အဲဒီဒုံးက်ည္ေတြဟာ ေျမာက္ကိုရီးယား အေရွ႕ဘက္ကမ္းလြန္ ပင္လယ္ထဲ မက်ခင္ ကီလိုမီတာ ၄၁၀ အကြာအေ၀းေလာက္ ေရာက္ခဲ့တယ္လို႔လည္း ေတာင္ကိုရီးယားက ခန္႔မွန္းပါတယ္။

ေတာင္ကိုုရီးယား ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားအဖြဲ႔ရဲ႕ ေၾကညာခ်က္မွာေတာ့ ဒီလုုပ္ရပ္ကုိ ခ်က္ခ်င္းရပ္ဖိုု႔ ေျမာက္ကိုုရီးယားႏုိင္ငံကို ေတာင္းဆိုုထားသလို အထူးသျဖင့္ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ တကမၻာလုုံး အခက္အခဲေတြ ရင္ဆိုင္ေနရတဲ့အခ်ိန္မွာ ဒီလုပ္ရပ္က လုံး၀ မသင့္ေတာ္တ့ဲလုပ္ရပ္ ျဖစ္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

ကိုရီးယားႏုိင္ငံမွာ တပ္စြဲထားတဲ့ အေမရိကန္တပ္ဖြဲ႔ ေျပာခြင့္ရ ဗုိလ္မွဴး Lee Peters ကလည္း ေျမာက္ကိုရီးယားက အေရွ ႔ဘက္ပင္လယ္ျပင္ထဲကို ဒီကေန႔မနက္ပုုိင္းမွာ ဒုံးက်ည္ပစ္လႊတ္ခဲ့တာကို သိရွိေၾကာင္းနဲ႔ အေျခအေန အရပ္ရပ္ကိုု အနီးကပ္ ေစာင့္ၾကည့္ေနၿပီး ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ မဟာမိတ္ေတြနဲ႔ အနီးကပ္ တုိင္ပင္ေနပါတယ္လို႔လည္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ေျမာက္ကိုရီးယားႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔ႏုိင္ေျခ ရွိေနေပမယ့္လည္း ဒီလအတြင္း တာတိုပစ္ဒုံးက်ည္ေတြ ၃ ႀကိမ္ စမ္းသပ္ပစ္လႊတ္ခဲ့ပါတယ္။

ေျမာက္ကိုရီးယားကေတာ့ သူ႔ႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ပိုး ကူးစက္ခံထားရသူ မရွိဘူးလိုု႔ ေျပာဆိုထားပါတယ္။

ကမၻာတ၀ွမ္း ပိုးကူးစက္ပ်ံ႕ႏွံ႔မႈ တရွိန္ထိုးတက္လာေနတဲ့ ကာလမွာေတာင္ ေျမာက္ကိုရီးယားမွာ အေျခအေနေတြ ပုံမွန္လိုု ျဖစ္ေနပါတယ္။

ဒီလထဲမွာပဲ ေျမာက္ကိုရီးယား အေျမာက္တပ္ရဲ႕ စစ္ေရးေလ့က်င့္မႈ အေတာ္မ်ားမ်ားကိုု ေခါင္းေဆာင္ Kim Jong Un တက္ေရာက္ၾကည့္႐ႈခဲ့ပါေသးတယ္။

ေျမာက္ကိုရီးယား အစိုးရက ထုတ္ျပန္တဲ့ ဓာတ္ပုံထဲမွာေတာ့ ေခါင္းေဆာင္ Kim Jong Un ကလြဲရင္ သူ႔ေဘးက ထိပ္တန္းတာ၀န္ရွိသူေတြ ႏွာေခါင္းစည္းေတြ တပ္ထားတာကို ေတြ႔ရပါတယ္။


-------------------------------

(Unicode)

ကမ္ဘာ့ကပ်ဘေးကျနေချိန် မြောက်ကိုရီးယား ဒုံးပစ်လွှတ်

တာတိုပစ်ဒုံးကျည်တွေလို့ ယူဆရတဲ့ ဒုံးကျည် ၂ စင်းကို မြောက်ကိုရီးယားနိုင်ငံက ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။

Pyongan ဒေသမြောက်ပိုင်းကနေ ပစ်လိုက်တဲ့ အဲဒီဒုံးကျည်တွေဟာ မြောက်ကိုရီးယား အရှေ့ဘက်ကမ်းလွန် ပင်လယ်ထဲ မကျခင် ကီလိုမီတာ ၄၁၀ အကွာအဝေးလောက် ရောက်ခဲ့တယ်လို့လည်း တောင်ကိုရီးယားက ခန့်မှန်းပါတယ်။

    မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်ပြန်ပြီ သတင်း ဖတ်ရှုနိုင်ပါတယ်။

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ကြေညာချက်မှာတော့ ဒီလုပ်ရပ်ကို ချက်ချင်းရပ်ဖို့ မြောက်ကိုရီးယားနိုင်ငံကို တောင်းဆိုထားသလို အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံး အခက်အခဲတွေ ရင်ဆိုင်နေရတဲ့အချိန်မှာ ဒီလုပ်ရပ်က လုံး၀ မသင့်တော်တဲ့လုပ်ရပ် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ကိုရီးယားနိုင်ငံမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး Lee Peters ကလည်း မြောက်ကိုရီးယားက အရှေ့ဘက်ပင်လယ်ပြင်ထဲကို ဒီကနေ့မနက်ပိုင်းမှာ ဒုံးကျည်ပစ်လွှတ်ခဲ့တာကို သိရှိကြောင်းနဲ့ အခြေအနေ အရပ်ရပ်ကို အနီးကပ် စောင့်ကြည့်နေပြီး တောင်ကိုရီးယားနဲ့ ဂျပန် မဟာမိတ်တွေနဲ့ အနီးကပ် တိုင်ပင်နေပါတယ်လို့လည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နိုင်ခြေ ရှိနေပေမယ့်လည်း ဒီလအတွင်း တာတိုပစ်ဒုံးကျည်တွေ ၃ ကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။

    Coronavirus ပြဿနာ မြောက်ကိုရီးယားကို ကန် ကူညီရန် အသင့် သတင်း ဖတ်ရှုနိုင်ပါတယ်။

မြောက်ကိုရီးယားကတော့ သူ့နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ မရှိဘူးလို့ ပြောဆိုထားပါတယ်။

ကမ္ဘာတဝှမ်း ပိုးကူးစက်ပျံ့နှံ့မှု တရှိန်ထိုးတက်လာနေတဲ့ ကာလမှာတောင် မြောက်ကိုရီးယားမှာ အခြေအနေတွေ ပုံမှန်လို ဖြစ်နေပါတယ်။

ဒီလထဲမှာပဲ မြောက်ကိုရီးယား အမြောက်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှု အတော်များများကို ခေါင်းဆောင် Kim Jong Un တက်ရောက်ကြည့်ရှုခဲ့ပါသေးတယ်။

မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်တဲ့ ဓာတ်ပုံထဲမှာတော့ ခေါင်းဆောင် Kim Jong Un ကလွဲရင် သူ့ဘေးက ထိပ်တန်းတာဝန်ရှိသူတွေ နှာခေါင်းစည်းတွေ တပ်ထားတာကို တွေ့ရပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကမာၻ႔ကပ္ေဘးက်ေနခ်ိန္ ေျမာက္ကိုရီးယား ဒံုးပစ္လႊတ္ ကမာၻ႔ကပ္ေဘးက်ေနခ်ိန္ ေျမာက္ကိုရီးယား ဒံုးပစ္လႊတ္ Reviewed by THITHTOOLWIN on 22:17 Rating: 5
Powered by Blogger.