ထိုင္းႏိုင္ငံသို႔ အလည္အပတ္လာေရာက္မည့္ ျမန္မာႏိုင္ငံသားမ်ားသိသာႏိုင္ပါရန္ ေၾကညာခ်က္

(Zawgyi)⤵⤵⤵
၁။ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) သည္ CONVID-19 အား ကပ္ေရာဂါအျဖစ္ ၁၁-၃-၂၀၂၀ ရက္ေန႔တြင္ သတ္မွတ္ခဲ့ၿပီး ထိုင္းႏိုင္ငံအစိုးရအေနျဖင့္လည္း ၁-၃-၂၀၂၀ ရက္ေန႔မွအစျပဳ၍ ၂၀၁၅ခုႏွစ္ ကူးစက္ေရာဂါ အက္ဉပေဒအရ ထိုင္းႏိုင္ငံ၏ (၁၄) ခုေျမာက္ အႏၲရာယ္ရွိေသာ ကူးစက္ျမန္ေရာဂါအျဖစ္ သတ္မွတ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါသည္။

၂။ သို႔ျဖစ္ရာ ထိုင္းႏိုင္ငံအစိုးရအေနျဖင့္ ေရာဂါျပန႔္ႏွံ႔မႈ ထိန္းခ်ဳပ္ကာကြယ္ႏိုင္ေရး ေဆာင္႐ြက္ခ်က္မ်ားအျဖစ္ ျပည္ဝင္ခြင့္ႏွင့္ လူဝင္မႈႀကီးၾကပ္ေရးလုပ္ငန္းစဥ္မ်ားအား တင္းက်ပ္စြာ ေဆာင္႐ြက္လ်က္ရွိပါသည္။

၃။ ထိုင္းႏိုင္ငံသို႔ အျပည္ျပည္ဆိုင္ရာေလဆိပ္မ်ားမွတစ္ဆင့္ ဝင္ေရာက္မည့္ ႏိုင္ငံျခားသား မ်ား (ျမန္မာႏိုင္ငံသားမ်ားအပါအဝင္) သည္ ျပည္ဝင္ခြင့္ကိစၥရပ္မ်ား ေဆာင္႐ြက္ျခင္းမျပဳလုပ္မီ မိမိတို႔၏ လက္ကိုင္တယ္လီဖုန္းမ်ားတြင္ AOT Airports အမည္ရွိ မိုဘိုင္း APP ကို Download ရယူ၍ ထည့္သြင္းထားရန္ျဖစ္ေၾကာင္း၊ ယင္းေနာက္ မိမိ၏ အမည္၊ ႏိုင္ငံကူးလက္မွတ္အမွတ္၊ တယ္လီဖုန္းအမွတ္၊ အီးေမလ္လိပ္စာ၊ တည္းခိုမည့္လိပ္စာမ်ားအား ျဖည့္စြက္ရမည္ျဖစ္ၿပီး ယင္းသို႔ ျဖည့္စြက္မႈအား ေလဆိပ္ရွိ တာဝန္က် လူဝင္မႈႀကီးၾကပ္ေရးအရာရွိထံ တင္ျပရမည္ျဖစ္ေၾကာင္း၊ ယင္းအခ်က္အလက္မ်ားအား ေလဆိပ္သို႔ ေရာက္ရွိသည့္ေန႔ရက္မွ (၁၄) ရက္တိတိ သိုေလွာင္ သိမ္းဆည္းထားမည္ဟု ထုတ္ျပန္ထားရွိပါေၾကာင္းႏွင့္ အိမ္ရွင္အစိုးရ၏ ၫႊန္ၾကားခ်က္အား လိုက္နာ ေဆာင္႐ြက္ႏိုင္ပါရန္ အေၾကာင္းၾကားအပ္ပါသည္။

၄။ ခ်င္းမိုင္ၿမိဳ႕ အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ဆိုက္ေရာက္မည့္ သာမန္ႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္သူ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ အေရးေပၚအကူအညီ ေတာင္းခံရန္ လိုအပ္ပါက ဦးေဇာ္မ်ိဳးထက္၊ ေကာင္စစ္ဝန္/ ပထမအတြင္းဝန္၊ လက္ကိုင္တယ္လီဖုန္းအမွတ္ (+၆၆) ၀၆ ၃၆၆၅ ၃၉၅၅ ႏွင့္ ေဒၚျမသိဂႌ၊ သံအရာရွိ၊ လက္ကိုင္တယ္လီဖုန္းအမွတ္ (+၆၆) ၀၉၈ ၇၃၉ ၅၄၇၈ သို႔ ဆက္သြယ္အကူအညီေတာင္းခံႏိုင္ပါေၾကာင္း ေဖာ္ျပအပ္ပါသည္။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
--------------
(Unicode)⤵⤵⤵
ထိုင်းနိုင်ငံသို့ အလည်အပတ်လာရောက်မည့် မြန်မာနိုင်ငံသားများသိသာနိုင်ပါရန် ကြေညာချက်

၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် CONVID-19 အား ကပ်ရောဂါအဖြစ် ၁၁-၃-၂၀၂၀ ရက်နေ့တွင် သတ်မှတ်ခဲ့ပြီး ထိုင်းနိုင်ငံအစိုးရအနေဖြင့်လည်း ၁-၃-၂၀၂၀ ရက်နေ့မှအစပြု၍ ၂၀၁၅ခုနှစ် ကူးစက်ရောဂါ အက်ဉပဒေအရ ထိုင်းနိုင်ငံ၏ (၁၄) ခုမြောက် အန္တရာယ်ရှိသော ကူးစက်မြန်ရောဂါအဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။ သို့ဖြစ်ရာ ထိုင်းနိုင်ငံအစိုးရအနေဖြင့် ရောဂါပြန့်နှံ့မှု ထိန်းချုပ်ကာကွယ်နိုင်ရေး ဆောင်ရွက်ချက်များအဖြစ် ပြည်ဝင်ခွင့်နှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်များအား တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိပါသည်။

၃။ ထိုင်းနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှတစ်ဆင့် ဝင်ရောက်မည့် နိုင်ငံခြားသား များ (မြန်မာနိုင်ငံသားများအပါအဝင်) သည် ပြည်ဝင်ခွင့်ကိစ္စရပ်များ ဆောင်ရွက်ခြင်းမပြုလုပ်မီ မိမိတို့၏ လက်ကိုင်တယ်လီဖုန်းများတွင် AOT Airports အမည်ရှိ မိုဘိုင်း APP ကို Download ရယူ၍ ထည့်သွင်းထားရန်ဖြစ်ကြောင်း၊ ယင်းနောက် မိမိ၏ အမည်၊ နိုင်ငံကူးလက်မှတ်အမှတ်၊ တယ်လီဖုန်းအမှတ်၊ အီးမေလ်လိပ်စာ၊ တည်းခိုမည့်လိပ်စာများအား ဖြည့်စွက်ရမည်ဖြစ်ပြီး ယင်းသို့ ဖြည့်စွက်မှုအား လေဆိပ်ရှိ တာဝန်ကျ လူဝင်မှုကြီးကြပ်ရေးအရာရှိထံ တင်ပြရမည်ဖြစ်ကြောင်း၊ ယင်းအချက်အလက်များအား လေဆိပ်သို့ ရောက်ရှိသည့်နေ့ရက်မှ (၁၄) ရက်တိတိ သိုလှောင် သိမ်းဆည်းထားမည်ဟု ထုတ်ပြန်ထားရှိပါကြောင်းနှင့် အိမ်ရှင်အစိုးရ၏ ညွှန်ကြားချက်အား လိုက်နာ ဆောင်ရွက်နိုင်ပါရန် အကြောင်းကြားအပ်ပါသည်။

၄။ ချင်းမိုင်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည့် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ မြန်မာနိုင်ငံသားများအနေဖြင့် အရေးပေါ်အကူအညီ တောင်းခံရန် လိုအပ်ပါက ဦးဇော်မျိုးထက်၊ ကောင်စစ်ဝန်/ ပထမအတွင်းဝန်၊ လက်ကိုင်တယ်လီဖုန်းအမှတ် (+၆၆) ၀၆ ၃၆၆၅ ၃၉၅၅ နှင့် ဒေါ်မြသိင်္ဂီ၊ သံအရာရှိ၊ လက်ကိုင်တယ်လီဖုန်းအမှတ် (+၆၆) ၀၉၈ ၇၃၉ ၅၄၇၈ သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
ထိုင္းႏိုင္ငံသို႔ အလည္အပတ္လာေရာက္မည့္ ျမန္မာႏိုင္ငံသားမ်ားသိသာႏိုင္ပါရန္ ေၾကညာခ်က္ ထိုင္းႏိုင္ငံသို႔ အလည္အပတ္လာေရာက္မည့္ ျမန္မာႏိုင္ငံသားမ်ားသိသာႏိုင္ပါရန္ ေၾကညာခ်က္ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.