ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ အိႏၵိယ-ျမန္မာနယ္စပ္ ဂိတ္မ်ား ပိတ္

(Zawgyi)⤵⤵⤵
မုံ႐ြာ၊မတ္-၁၀

ကို႐ိုနာဗိုင္းရပ္စ္ Covid 19 ေရာဂါပ်ံ႕ပြားမႈ တားဆီးႏိုင္ေရးအတြက္ အိႏၵိယ-ျမန္မာနယ္စပ္ဂိတ္ျဖစ္ေသာ တမူး- မိုးေရး နယ္စပ္ဂိတ္ အားလုံးကို ယေန႔နံနက္ပိုင္းက အိႏၵိယဘက္မွ စတင္ပိတ္လိုက္ၿပီျဖစ္သည္။

"မဏိပူရ္ျပည္နယ္ အစိုးရဘက္က ပိတ္တာပါ၊ဒီမွာေတာ့ ဗိုင္းရပ္စ္ တစ္စုံတစ္ရာ ေတြ႕လို႔မဟုတ္ဘူး "ဟု တမူးၿမိဳ႕မွ စစ္ကိုင္းတိုင္းေဒသႀကီးလႊတ္ေတာ္အမတ္ ဥိးျမင့္ႏိုင္ဦး ကေျပာသည္။

နယ္စပ္ဂိတ္မ်ား ပိတ္လိုက္ျခင္းေၾကာင့္ အိႏၵိယ ေဒသခံမ်ား လာေရာက္ဝယ္ယူမႈမ်ားေသာ တမူးၿမိဳ႕ နန္းဖာလုံ ေဈးတြင္ အေရာင္းအဝယ္မ်ား ရပ္ဆိုင္းသြားေၾကာင္းေဒသခံ ကုန္သည္မ်ားကေျပာသည္။

" ခုခ်ိန္ အိႏၵိယဘက္ ပို႔ေနတာေတာ့ ကြမ္းသီးပါ၊ နယ္စပ္ပိတ္ေတာ့ ဘာမွကို လုပ္မရေတာ့တာ၊ျပည္တြင္းေဈးကြက္ က အဲဒီေလာက္မရွိဘူး၊"ဟု တမူးနယ္စပ္ကုန္သြယ္ေရး ဥကၠဌ ဦးလွေမာင္ ကေျပာသည္။

နယ္စပ္ဂိတ္မ်ားအား မည္သည့္အခ်ိန္ထိ ပိတ္ထားမည္ကို မသိရေသးေၾကာင္း တိုင္းလဝက ၫြန္မႉး ဦးယဥ္ေထြး ကေျပာသည္။

Monywa Gazette
https://www.facebook.com/monywagazette
---------------
(Unicode)⤵⤵⤵

ကိုရိုနာဗိုင်းရပ်စ် ကြောင့် အိန္ဒိယ-မြန်မာနယ်စပ် ဂိတ်များ ပိတ်

မုံရွာဂေဇက်
မုံရွာ၊မတ်-၁၀

ကိုရိုနာဗိုင်းရပ်စ် Covid 19 ရောဂါပျံ့ပွားမှု တားဆီးနိုင်ရေးအတွက် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်ဖြစ်သော တမူး- မိုးရေး နယ်စပ်ဂိတ် အားလုံးကို ယနေ့နံနက်ပိုင်းက အိန္ဒိယဘက်မှ စတင်ပိတ်လိုက်ပြီဖြစ်သည်။

"မဏိပူရ်ပြည်နယ် အစိုးရဘက်က ပိတ်တာပါ၊ဒီမှာတော့ ဗိုင်းရပ်စ် တစ်စုံတစ်ရာ တွေ့လို့မဟုတ်ဘူး "ဟု တမူးမြို့မှ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အမတ် ဥိးမြင့်နိုင်ဦး ကပြောသည်။

နယ်စပ်ဂိတ်များ ပိတ်လိုက်ခြင်းကြောင့် အိန္ဒိယ ဒေသခံများ လာရောက်ဝယ်ယူမှုများသော တမူးမြို့ နန်းဖာလုံ ဈေးတွင် အရောင်းအဝယ်များ ရပ်ဆိုင်းသွားကြောင်းဒေသခံ ကုန်သည်များကပြောသည်။

" ခုချိန် အိန္ဒိယဘက် ပို့နေတာတော့ ကွမ်းသီးပါ၊ နယ်စပ်ပိတ်တော့ ဘာမှကို လုပ်မရတော့တာ၊ပြည်တွင်းဈေးကွက် က အဲဒီလောက်မရှိဘူး၊"ဟု တမူးနယ်စပ်ကုန်သွယ်ရေး ဥက္ကဌ ဦးလှမောင် ကပြောသည်။

နယ်စပ်ဂိတ်များအား မည်သည့်အချိန်ထိ ပိတ်ထားမည်ကို မသိရသေးကြောင်း တိုင်းလဝက ညွန်မှူး ဦးယဉ်ထွေး ကပြောသည်။

Monywa Gazette
https://www.facebook.com/monywagazette
ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ အိႏၵိယ-ျမန္မာနယ္စပ္ ဂိတ္မ်ား ပိတ္ ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ အိႏၵိယ-ျမန္မာနယ္စပ္ ဂိတ္မ်ား ပိတ္ Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.