ထိုင္းက ျမန္မာေရႊ႕ေျပာင္း စာသင္ေက်ာင္းေတြလည္း ပိတ္ရ

ထိုင္းႏိုင္ငံမွာရွိတဲ့  ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ကေလးငယ္ေတြကို စာသင္ေပးေနတဲ့ ေက်ာင္း တေက်ာင္းက ကေလးငယ္မ်ား (မွတ္တမ္းဓာတ္ပံု - ဒီဇင္ဘာ ၂၇၊ ၂၀၀၅)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ေက်ာင္းေတြကို ပိတ္လိုက္ရာမွာ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ကေလးငယ္ေတြကို စာသင္ေပးေနတဲ့ ေက်ာင္းေတြလည္း ပိတ္ဖို႔ ထိုင္းပညာေရး၀န္ႀကီးဌာနက ညႊန္ၾကားထားပါတယ္။ ျမန္မာေရႊ႕ေျပာင္းစာသင္ေက်ာင္းေတြရဲ႕ အေျခအေနနဲ႔႔ ပတ္သက္လို႔ေတာ့ မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္မွာ Migrant Learning Center လို႔ ေခၚတဲ့ ေရႊ႕ေျပာင္းစာသင္ေက်ာင္းေပါင္း ၇၀ နီးပါးရွိရာမွာ မတ္လ ၁၈ ရက္ေန႔ကစျပီး ေက်ာင္းေတြ ပိတ္ဖို႔အတြက္ ထုိင္းပညာေရး၀န္ႀကီးဌာနရဲ႕ ညြန္ၾကားခ်က္နဲ႔ MECC လို႔ ေခၚတဲ့ Migrant Education Coordinating Center က အသိေပးခ်က္ ထုတ္ျပန္လို္က္တာပါ။

ဒါဟာ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္တားဆီးေရးအတြက္ စုိးရိမ္စရာအေျခအေနေတြ ရွိလာတာမို႔ လူစုလူေ၀းနဲ႔ ေက်ာင္းေတြ တက္တာမ်ိဳးေတြကုိ ခြင့္မျပဳေတာ့တာျဖစ္ပါတယ္။ Migrant Learning Center ေအာက္က ေရႊ႕ေျပာင္းစာသင္ေက်ာင္းေပါင္း ၇၀ နီးပါးမွာေ က်ာင္းတက္ေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း ၁၃,၀၀၀ ေက်ာ္ ရွိေနတာပါ။

အခုအခါမွာေတာ့ ထုိင္းပညာေရး၀န္ႀကီးဌာနရဲ႕ ညႊန္ၾကားခ်က္နဲ႔ ေက်ာင္းေတြကုိ မတ္လ ၁၈ရက္ကေန စတင္ပိတ္ဖို႔ ညႊန္ၾကားလာေၾကာင္း ျမန္မာေရႊ႕ေျပာင္းဆရာ၊ ဆရာမမ်ားအစည္းအရံုးရဲ ဒုဥကၠ႒ ေဒၚေရႊစင္၀င္းက ေျပာျပပါတယ္။

"MLC ေတြကေတာ့ ဒီေန႔ကေန စျပီး ပိတ္လိုက္ျပီး ျပန္ဖြင့္ရမယ့္ ရက္ကို ျပန္ျပီးေၾကျငာေပးမယ္ေျပာတယ္။ စာေမးပဲြ မျပီးေသးတဲ့ ေက်ာင္းေတြလည္း ရွိတယ္။ အဲဒီေက်ာင္းေတြကေတာ့ တတန္းလား၊ ၂တန္းလားအျပီး စာေမးပဲြေပါ့့။ ေနာက္တေန႔ ၆ တန္းလား၊ ၇ တန္းလား စာေမးပဲြလား အဲဒါကုိ တပတ္အတြင္း ျပတ္ေအာင္လုပ္ခိုင္းတယ္ ေျပာဆုိထားတယ္။"

စာသင္ေက်ာင္းတခ်ိဳ႕မွာ ေဘာ္ဒါေတြ ထားျပီး မိဘေတြက စက္ရံုေတြမွာ အလုပ္လုပ္လုပ္တာမို ့အတူေနလို႔ မရတဲ့ ေက်ာင္းသားေတြကုိ ေႏြရာသီေက်ာင္းပိတ္ရက္မွာလည္း လက္ခံေပးရတာ ရွိသလို တခ်ိဳ႕ကေတာ့ မိဘေတြနဲ႔အတူ ေနရပ္ျပန္ၾကတာေတြလည္း ရွိပါတယ္။

ဒီထဲမွာ မိဘမဲ့ကေလးေတြလည္း ရွိေနတာပါ။ ဒီေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ ပတ္သက္လုိ႔ ညႊန္ၾကားခ်က္ထားတာကိုလည္း ဆက္ေျပာျပပါတယ္။

"အေဆာင္ေန ကေလးေတြဆိုရင္ေတာ့ စာေမးပဲြျပီးရင္ေတာ့ ဒီတပတ္ထဲက၂ ရက္အတြင္း ျပန္ပို႔ခိုင္းတယ္။ တကယ္လုိ႔ မိဘ မရွိဘူးဆုိရင္ေတာ့ ေက်ာင္းမွာပဲ ေနရတယ္ဆုိရင္ေတာ့ ေတာ့ MECC ကုိ အေၾကာင္းၾကားခိုင္းတယ္။ ဒါက က်န္းမာေရးအတြက္ ေက်ာင္းရဲ႕ လံုျခံဳေရးအတြက္ သတင္းပုိခိုင္းပါတယ္။"

မၾကာခင္မွာ ၂၀၂၀ -၂၀၂၁ ပညာသင္ႏွစ္အတြက္ ေက်ာင္းသား၊ ေက်ာင္းသူေတြကုိ ျပန္လက္ခံဖို႔ရိွရာမွာ ဒီႏွစ္မွာေတာ့ ေက်ာင္းသားသစ္ လက္ခံရာမွာ စည္းမ်ဥ္းကန္႔သတ္ခ်က္ေတြ ပိုလာလိမ့္မယ္လို႔ ေဒၚေရႊစင္၀င္းက ေျပာပါတယ္။

"ေနာက္ႏွစ္အတြက္ ျပန္ဖြင့္ရမယ့္ ရက္ကုိေၾကျငာေပးမယ္။ ေက်ာင္းသားအသစ္အေဟာင္းလက္ခံရယ္ဆုိရင္ ေက်ာင္းေတြ လက္ခံရမယ့္ စည္းကမ္းေတြကို သူတုိ႔ ထုတ္ေျပာတယ္။ ေက်ာင္းသားေတြ ဘယ္ကလာသလဲ၊ သူတို႔အေနနဲ႔ ထုိင္းကိုေရာက္တာ ဘယ္ေလာက္ၾကာျပီလဲဆိုတာမ်ိဳး ျမန္မာျပည္ကဆိုရင္လည္း ျမန္မာျပည္မွာ ဒီေရာဂါနဲ႔ ပတ္သက္လို႔ ဘာေတြရွိခဲ့လဲ။ ဘာေတြ သိခဲ့လည္းဆုိတာမ်ိဳးေတြနဲ႔ ေက်ာင္းကို လက္ခံမယ္ဆုိရင္လည္း ၁၄ ရက္ေစာင့္ၾကည့္တာမ်ိဳးေတြ လုပ္မယ္။ အိမ္မွာပဲ ေပးထားမယ္ ျပီးမွ စာသင္ခန္းထဲေပး၀င္မယ္ဆုိတာမ်ိဳး အဲဒီလိုစတဲ့ သတင္းအခ်က္အလက္ေတြနဲ႔ ပတ္သက္လုိ႔ အစည္းအေ၀းျပန္ေခၚမယ္။ Follow Up လုပ္ဖို႔ေပါ့။

အခုအခါမွာေတာ့ ထုိင္းက်န္းမာေရး၀န္ႀကီးဌာနက ျမန္မာေရႊ႕ေျပာင္းစာသင္ေက်ာင္းေတြလိုက္နာရမယ့္ အေျခအေနေတြကို ျမန္မာေရႊ႕ေျပာင္းဆရာ၊ ဆရာမမ်ား အစည္းအရံုးအပါအ၀င္ ပညာေရးနဲ႔ ပတ္သက္တဲ့ အဖဲြ႔အစည္းေတြကို လိုက္လံေတြ႔ဆံုမႈေတြ လုပ္ေနပါတယ္။ အဲဒီမွာေတာ့ က်န္းမာေရးအတြက္ ေသခ်ာျပင္ဆင္မႈေတြ လုပ္ရမွာေတြကို လိုက္လံေဆြးေႏြးေနတာ ျဖစ္ပါတယ္။

[Unicode Version]

ထိုင်းက မြန်မာရွှေ့ပြောင်း စာသင်ကျောင်းတွေလည်း ပိတ်ရ

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးအတွက် ကျောင်းတွေကို ပိတ်လိုက်ရာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ကလေးငယ်တွေကို စာသင်ပေးနေတဲ့ ကျောင်းတွေလည်း ပိတ်ဖို့ ထိုင်းပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ Migrant Learning Center လို့ ခေါ်တဲ့ ရွှေ့ပြောင်းစာသင်ကျောင်းပေါင်း ၇၀ နီးပါးရှိရာမှာ မတ်လ ၁၈ ရက်နေ့ကစပြီး ကျောင်းတွေ ပိတ်ဖို့အတွက် ထိုင်းပညာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့ MECC လို့ ခေါ်တဲ့ Migrant Education Coordinating Center က အသိပေးချက် ထုတ်ပြန်လိုက်တာပါ။

ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် စိုးရိမ်စရာအခြေအနေတွေ ရှိလာတာမို႔ လူစုလူဝေးနဲ့ ကျောင်းတွေ တက်တာမျိုးတွေကို ခွင့်မပြုတော့တာဖြစ်ပါတယ်။ Migrant Learning Center အောက်က ရွှေ့ပြောင်းစာသင်ကျောင်းပေါင်း ၇၀ နီးပါးမှာေ ကျာင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၃,၀၀၀ ကျော် ရှိနေတာပါ။

အခုအခါမှာတော့ ထိုင်းပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ကျောင်းတွေကို မတ်လ ၁၈ရက်ကနေ စတင်ပိတ်ဖို့ ညွှန်ကြားလာကြောင်း မြန်မာရွှေ့ပြောင်းဆရာ၊ ဆရာမများအစည်းအရုံးရဲ ဒုဥက္ကဋ္ဌ ဒေါ်ရွှေစင်ဝင်းက ပြောပြပါတယ်။

"MLC တွေကတော့ ဒီနေ့ကနေ စပြီး ပိတ်လိုက်ပြီ ပြန်ဖွင့်ရမယ့် ရက်ကို ပြန်ပြီးကြေငြာပေးမယ်ပြောတယ်။ စာမေးပွဲ မပြီးသေးတဲ့ ကျောင်းတွေလည်း ရှိတယ်။ အဲဒီကျောင်းတွေကတော့ တတန်းလား၊ ၂တန်းလားအပြီး စာမေးပွဲပေါ့။ နောက်တနေ့ ၆ တန်းလား၊ ၇ တန်းလား စာမေးပွဲလား အဲဒါကို တပတ်အတွင်း ပြတ်အောင်လုပ်ခိုင်းတယ် ပြောဆိုထားတယ်။"

စာသင်ကျောင်းတချို့မှာ ဘော်ဒါတွေ ထားပြီး မိဘတွေက စက်ရုံတွေမှာ အလုပ်လုပ်လုပ်တာမို့အတူနေလို့ မရတဲ့ ကျောင်းသားတွေကို နွေရာသီကျောင်းပိတ်ရက်မှာလည်း လက်ခံပေးရတာ ရှိသလို တချို့ကတော့ မိဘတွေနဲ့အတူ နေရပ်ပြန်ကြတာတွေလည်း ရှိပါတယ်။

ဒီထဲမှာ မိဘမဲ့ကလေးတွေလည်း ရှိနေတာပါ။ ဒီကျောင်းသား၊ ကျောင်းသူတွေနဲ့ ပတ်သက်လို့ ညွှန်ကြားချက်ထားတာကိုလည်း ဆက်ပြောပြပါတယ်။

"အဆောင်နေ ကလေးတွေဆိုရင်တော့ စာမေးပွဲပြီးရင်တော့ ဒီတပတ်ထဲက၂ ရက်အတွင်း ပြန်ပို့ခိုင်းတယ်။ တကယ်လို့ မိဘ မရှိဘူးဆိုရင်တော့ ကျောင်းမှာပဲ နေရတယ်ဆိုရင်တော့ တော့ MECC ကို အကြောင်းကြားခိုင်းတယ်။ ဒါက ကျန်းမာရေးအတွက် ကျောင်းရဲ့ လုံခြုံရေးအတွက် သတင်းပိုခိုင်းပါတယ်။"

မကြာခင်မှာ ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူတွေကို ပြန်လက်ခံဖို့ရှိရာမှာ ဒီနှစ်မှာတော့ ကျောင်းသားသစ် လက်ခံရာမှာ စည်းမျဉ်းကန့်သတ်ချက်တွေ ပိုလာလိမ့်မယ်လို့ ဒေါ်ရွှေစင်ဝင်းက ပြောပါတယ်။

"နောက်နှစ်အတွက် ပြန်ဖွင့်ရမယ့် ရက်ကိုကြေငြာပေးမယ်။ ကျောင်းသားအသစ်အဟောင်းလက်ခံရယ်ဆိုရင် ကျောင်းတွေ လက်ခံရမယ့် စည်းကမ်းတွေကို သူတို့ ထုတ်ပြောတယ်။ ကျောင်းသားတွေ ဘယ်ကလာသလဲ၊ သူတို့အနေနဲ့ ထိုင်းကိုရောက်တာ ဘယ်လောက်ကြာပြီလဲဆိုတာမျိုး မြန်မာပြည်ကဆိုရင်လည်း မြန်မာပြည်မှာ ဒီရောဂါနဲ့ ပတ်သက်လို့ ဘာတွေရှိခဲ့လဲ။ ဘာတွေ သိခဲ့လည်းဆိုတာမျိုးတွေနဲ့ ကျောင်းကို လက်ခံမယ်ဆိုရင်လည်း ၁၄ ရက်စောင့်ကြည့်တာမျိုးတွေ လုပ်မယ်။ အိမ်မှာပဲ ပေးထားမယ် ပြီးမှ စာသင်ခန်းထဲပေးဝင်မယ်ဆိုတာမျိုး အဲဒီလိုစတဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ အစည်းအဝေးပြန်ခေါ်မယ်။ Follow Up လုပ်ဖို့ပေါ့။

အခုအခါမှာတော့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတွေလိုက်နာရမယ့် အခြေအနေတွေကို မြန်မာရွှေ့ပြောင်းဆရာ၊ ဆရာမများ အစည်းအရုံးအပါအဝင် ပညာရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို လိုက်လံတွေ့ဆုံမှုတွေ လုပ်နေပါတယ်။ အဲဒီမှာတော့ ကျန်းမာရေးအတွက် သေချာပြင်ဆင်မှုတွေ လုပ်ရမှာတွေကို လိုက်လံဆွေးနွေးနေတာ ဖြစ်ပါတယ်။

မေအးေအးမာ/VOA (Burmese)
https://burmese.voanews.com
ထိုင္းက ျမန္မာေရႊ႕ေျပာင္း စာသင္ေက်ာင္းေတြလည္း ပိတ္ရ ထိုင္းက ျမန္မာေရႊ႕ေျပာင္း စာသင္ေက်ာင္းေတြလည္း ပိတ္ရ Reviewed by THITHTOOLWIN on 01:10 Rating: 5
Powered by Blogger.