ဝူဟန္ေရာက္ ျမန္မာအလုပ္သမားတစ္ရာေက်ာ္ကို တ႐ုတ္ရဲကူညီထား

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားရာ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွာရွိေနတဲ့ ျမန္မာအလုပ္သမား တစ္ရာေက်ာ္ကို တ႐ုတ္အာဏာပိုင္ေတြက ေခၚယူထားၿပီး တည္းခိုခန္းတစ္ခုမွာ စုစည္းထားပါတယ္။

ဝူဟန္ၿမိဳ႕ဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ အမ်ားဆုံးၿမိဳ႕ျဖစ္သလို၊ ေသဆုံးမႈႏႈန္းလည္းမ်ားပါတယ္။ ဒါေၾကာင့္ တ႐ုတ္အာဏာပိုင္ေတြက ဝူဟန္ၿမိဳ႕ကို တျခားၿမိဳ႕ေတြနဲ႔ အဆတ္ျဖတ္ထားပါတယ္။ အဲဒီမွာပိတ္မိေနတဲ့ ျမန္မာ အလုပ္သမားေတြရဲ႕ ေနရပ္ျပန္ေရးက မေရရာတဲ့အေျခအေနပါ။ 

အဲဒီတည္းခိုခန္းမွာရွိေနတဲ့ ျမန္မာလုပ္သားေတြနဲ႔ RFA က ဒီကေန႔ အဆက္အသြယ္ရပါတယ္။ အဲဒီတည္းခိုခန္း မွာရွိေနတဲ့ ရွမ္းျပည္နယ္က ကိုထြန္းထြန္းႏိုင္က စည္ကားေနတဲ့  ဝူဟန္ၿမိဳ႕ဟာ ဗိုင္းရပ္စ္ေၾကာင့္ ႐ုတ္တရက္ တိတ္ဆိတ္သြားၿပီး၊ လူေတြ အျပင္မထြက္ၾကေတာ့ဘူးလို႔ ေျပာပါတယ္။

ကခ်င္အမ်ိဳးသမီး မဒန္ဒင္း ကလည္း  တ႐ုတ္အာဏာပိုင္ေတြကေတာ့ ျမန္မာအလုပ္သမားေတြကို ဖမ္းဆီး ထိန္းသိမ္းတာမဟုတ္ဘဲ၊ ေရာဂါကူးစက္မခံရေအာင္ ခဏသီးျခားေခၚယူထားတာလို႔ ရွင္းျပေၾကာင္း သူက ေျပာပါတယ္။

တ႐ုတ္အာဏာပိုင္ေတြက တစ္ရက္တစ္ႀကိမ္ ကိုယ္အပူခ်ိန္တိုင္း  ကိရိယာေတြနဲ႔ လာတိုင္းတယ္လို႔  မဒန္ဒင္းက ဆက္ရွင္းျပပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့အိမ္ေတြကိုဆိုရင္ အစားအေသာက္ပို႔တာကအစ တ႐ုတ္က်န္းမာေရးဝန္ထမ္းေတြ က စက္႐ုပ္ေတြ အသုံးျပဳတာရွိတယ္လို႔ ကိုေက်ာ္ေက်ာ္က ေျပာပါတယ္။

ျမန္မာအလုပ္သမားေတြကို ထားရွိတဲ့ တည္းခိုခန္းက ဟူေဘးျပည္နယ္ ဝူဟန္ၿမိဳ႕ငယ္ေလးတစ္ခုမွာပါ။ တ႐ုတ္စာ မတတ္တဲ့အတြက္ ဘယ္ၿမိဳ႕ဆိုတာကို ေကာင္းေကာင္းရွင္းမျပႏိုင္ၾကပါဘူး။ ျမန္မာနဲ႔တ႐ုတ္ႏွစ္ႏိုင္ငံ အလုပ္သမား ကိစၥ တရားဝင္လက္မွတ္ေရးထိုးထားတာမရွိပါဘူး။ ဒါေၾကာင့္ တ႐ုတ္မွာအလုပ္လုပ္တဲ့ ျမန္မာအမ်ားစုက တရား မဝင္လုပ္သားအျဖစ္ သတ္မွတ္ခံရပါတယ္။

တ႐ုတ္ႏိုင္ငံဆိုင္ရာ  ျမန္မာသံ႐ုံးကေတာ့ အလုပ္သမားေတြ ေနရပ္ျပန္ႏိုင္ေရးအတြက္ အခ်က္အလက္ေတြစုစည္း ၿပီး တ႐ုတ္အာဏာပိုင္ေတြကို အကူအညီေတာင္းခံၾကဖို႔ လႈံ႕ေဆာ္ထားပါတယ္။ မတ္လ ၂ ရက္ေန႔အထိ ျမန္မာ ႏိုင္ငံသို႔  ၁၅၄ ဦး ျပန္ပို႔ႏိုင္ခဲ့ၿပီျဖစ္တယ္လို႔ သံ႐ုံးက ထုတ္ျပန္ထားပါတယ္။

ကမာၻ႔ကပ္ေရာဂါအျဖစ္ ေၾကညာထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္တစ္ႏိုင္ငံတည္းမွာ ေသဆုံး သူ ၃၁၀၀ ေက်ာ္ ရွိေနပါၿပီ။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ဝူဟန်ရောက် မြန်မာအလုပ်သမားတစ်ရာကျော်ကို တရုတ်ရဲကူညီထား

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာရှိနေတဲ့ မြန်မာအလုပ်သမား တစ်ရာကျော်ကို တရုတ်အာဏာပိုင်တွေက ခေါ်ယူထားပြီး တည်းခိုခန်းတစ်ခုမှာ စုစည်းထားပါတယ်။

ဝူဟန်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံးမြို့ဖြစ်သလို၊ သေဆုံးမှုနှုန်းလည်းများပါတယ်။ ဒါကြောင့် တရုတ်အာဏာပိုင်တွေက ဝူဟန်မြို့ကို တခြားမြို့တွေနဲ့ အဆတ်ဖြတ်ထားပါတယ်။ အဲဒီမှာပိတ်မိနေတဲ့ မြန်မာ အလုပ်သမားတွေရဲ့ နေရပ်ပြန်ရေးက မရေရာတဲ့အခြေအနေပါ။ 

အဲဒီတည်းခိုခန်းမှာရှိနေတဲ့ မြန်မာလုပ်သားတွေနဲ့ RFA က ဒီကနေ့ အဆက်အသွယ်ရပါတယ်။ အဲဒီတည်းခိုခန်း မှာရှိနေတဲ့ ရှမ်းပြည်နယ်က ကိုထွန်းထွန်းနိုင်က စည်ကားနေတဲ့  ဝူဟန်မြို့ဟာ ဗိုင်းရပ်စ်ကြောင့် ရုတ်တရက် တိတ်ဆိတ်သွားပြီး၊ လူတွေ အပြင်မထွက်ကြတော့ဘူးလို့ ပြောပါတယ်။

ကချင်အမျိုးသမီး မဒန်ဒင်း ကလည်း  တရုတ်အာဏာပိုင်တွေကတော့ မြန်မာအလုပ်သမားတွေကို ဖမ်းဆီး ထိန်းသိမ်းတာမဟုတ်ဘဲ၊ ရောဂါကူးစက်မခံရအောင် ခဏသီးခြားခေါ်ယူထားတာလို့ ရှင်းပြကြောင်း သူက ပြောပါတယ်။

တရုတ်အာဏာပိုင်တွေက တစ်ရက်တစ်ကြိမ် ကိုယ်အပူချိန်တိုင်း  ကိရိယာတွေနဲ့ လာတိုင်းတယ်လို့  မဒန်ဒင်းက ဆက်ရှင်းပြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အိမ်တွေကိုဆိုရင် အစားအသောက်ပို့တာကအစ တရုတ်ကျန်းမာရေးဝန်ထမ်းတွေ က စက်ရုပ်တွေ အသုံးပြုတာရှိတယ်လို့ ကိုကျော်ကျော်က ပြောပါတယ်။

မြန်မာအလုပ်သမားတွေကို ထားရှိတဲ့ တည်းခိုခန်းက ဟူဘေးပြည်နယ် ဝူဟန်မြို့ငယ်လေးတစ်ခုမှာပါ။ တရုတ်စာ မတတ်တဲ့အတွက် ဘယ်မြို့ဆိုတာကို ကောင်းကောင်းရှင်းမပြနိုင်ကြပါဘူး။ မြန်မာနဲ့တရုတ်နှစ်နိုင်ငံ အလုပ်သမား ကိစ္စ တရားဝင်လက်မှတ်ရေးထိုးထားတာမရှိပါဘူး။ ဒါကြောင့် တရုတ်မှာအလုပ်လုပ်တဲ့ မြန်မာအများစုက တရား မဝင်လုပ်သားအဖြစ် သတ်မှတ်ခံရပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ  မြန်မာသံရုံးကတော့ အလုပ်သမားတွေ နေရပ်ပြန်နိုင်ရေးအတွက် အချက်အလက်တွေစုစည်း ပြီး တရုတ်အာဏာပိုင်တွေကို အကူအညီတောင်းခံကြဖို့ လှုံ့ဆော်ထားပါတယ်။ မတ်လ ၂ ရက်နေ့အထိ မြန်မာ နိုင်ငံသို့  ၁၅၄ ဦး ပြန်ပို့နိုင်ခဲ့ပြီဖြစ်တယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တစ်နိုင်ငံတည်းမှာ သေဆုံး သူ ၃၁၀၀ ကျော် ရှိနေပါပြီ။

RFA Burmese
https://www.rfa.org
ဝူဟန္ေရာက္ ျမန္မာအလုပ္သမားတစ္ရာေက်ာ္ကို တ႐ုတ္ရဲကူညီထား ဝူဟန္ေရာက္ ျမန္မာအလုပ္သမားတစ္ရာေက်ာ္ကို တ႐ုတ္ရဲကူညီထား Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.