တပ္ခ်ဳပ္နဲ႔ သြားေတြ႕တဲ့ ရခိုင္ဝန္ႀကီးကို ပါတီက စစ္ဖို႔ရွိေန

 ရက္ပိုင္းအတြင္း စိစစ္ အေရးယူဖို႔ စီစဥ္ေနတယ္လို႔ ရခိုင္အမ်ိဳးသားပါတီကေန သိရ
(Zawgyi)⤵⤵⤵
ရခိုင္အမ်ိဳးသားပါတီ ANP ခြင့္ျပဳခ်က္ မယူဘဲ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ သြားေရာက္ ေတြ႕ဆုံခဲ့တဲ့ ရန္ကုန္တိုင္း ရခိုင္တိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးေဇာ္ေအးေမာင္ကို ၁၅ ရက္အတြင္း အေရးယူဖို႔ စီစဥ္ေန တယ္လို႔ ရခိုင္အမ်ိဳးသားပါတီက ဘီဘီစီကို ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး ရခိုင္ တိုင္းရင္းသားေရးရာဝန္ႀကီး ဦးေဇာ္ေအးေမာင္ဟာ စစ္ေတြက ရပ္မိ ရပ္ဖေတြကို ဦးေဆာင္ၿပီး ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔က ေနျပည္ေတာ္မွာ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အပါအဝင္ တပ္မေတာ္ အရာရွိႀကီးေတြနဲ႔ ေတြ႕ဆုံခဲ့တာပါ။

ခုလို ေတြ႕ဆုံတဲ့ အေပၚ ဝန္ႀကီးဦးေဇာ္ေအးေမာင္ကို ရခိုင္အမ်ိဳးသားပါတီ ဗဟိုက ေခၚယူ စစ္ေဆးသြားမယ္လို႔ ဆိုပါတယ္။

"ဒီလို ေခၚယူစစ္ေဆးရတာဟာ ပါတီရဲ႕ စည္းကမ္းျဖစ္တဲ့ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီရဲ႕ ခြင့္ျပဳခ်က္မ ရဘဲ ဘယ္အဖြဲ႕အစည္းကိုမွ မေတြ႕ရဘူး ဆိုတဲ့စည္းကမ္း ကိုမလိုက္နာလို႔ပါ၊ ကာကြယ္ဦးစီးခ်ဳပ္ကို ေတြ႕လို႔ရယ္ မဟုတ္ပါဘူး"လို႔ ပါတီရဲ႕ ႏိုင္ငံေရးမူဝါဒေရးရာ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းေအာင္ေက်ာ္က ဘီဘီစီ ကိုေျပာပါတယ္။

ရခိုင္ တိုင္းရင္းသားေရးရာဝန္ႀကီး ဦးေဇာ္ေအးေမာင္ကေတာ့ စစ္ေတြၿမိဳ႕က ရပ္မိရပ္ဖေတြနဲ႔ စစ္ေတြၿမိဳ႕မွာ တည္ေဆာက္ေနတဲ့ သာသနာ အာဇာနည္ အရွင္ စျႏၵမဏိဆရာေတာ္ ႐ုပ္တု ဗိမာန္ေတာ္ ေျမေနရာ အခ်ိဳ႕ဟာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က လႉဒါန္းထားတာမို႔ အဲဒီ ေျမကိစၥနဲ႔ သြားေရာက္ ေတြ႕ဆုံခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီလို ေတြ႕ဆုံခဲ့တာနဲ႔ ပတ္သက္လို႔ ပါတီက စိစစ္အေရးယူမယ့္အေပၚ ဝန္ႀကီး ဦးေဇာ္ေအးေမာင္က ခံယူသြားမယ္လို႔ ေျပာပါတယ္။

အဲဒီေန႔က ရခိုင္ဝန္ႀကီး ဦးေဇာ္ေအးေမာင္ဦးေဆာင္တဲ့ ကိုယ္စားလွယ္ အဖြဲ႕ဟာ ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရးနဲ႔ လူမႈဘဝ ဖြံ႕ၿဖိဳးေရး၊ ေဒသၿငိမ္းခ်မ္းေရး စတဲ့ လိုအပ္တဲ့ ကိစၥရပ္ေတြကို တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကတယ္လို႔ လည္း ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္တဲ့ သတင္းမွာ ေဖာ္ျပခဲ့ပါတယ္ ။

ရခိုင္ တိုင္းရင္းသားေရးရာဝန္ႀကီး ဦးေဇာ္ေအးေမာင္ဟာ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွာ အစိုးရ ႏွစ္ဆက္တိုင္ ရခိုင္ တိုင္းရင္းသားေရးရာဝန္ႀကီးအျဖစ္ တာဝန္ ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။

သူဟာ ရခိုင္အမ်ိဳးသားပါတီ ANP မွာ ဗဟို အလုပ္အမႈေဆာင္အဖြဲ႕ဝင္ တစ္ဦး ျဖစ္သလို ရန္ကုန္တိုင္း ဥကၠ႒လည္း ျဖစ္ပါတယ္။

ပါတီက ဆုံးျဖတ္တဲ့အတိုင္း ခံယူဖို႔ အသင့္ပါပဲလို႔ ဦးေဇာ္ေအးေမာင္က ဘီဘီစီကိုေျပာပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
တပ်ချုပ်နဲ့ သွားတွေ့တဲ့ ရခိုင်ဝန်ကြီးကို ပါတီက စစ်ဖို့ရှိနေ

ဓာတ်ပုံ မူပိုင် U Zaw Aye Mg FB
Image caption ရက်ပိုင်းအတွင်း စိစစ် အရေးယူဖို့ စီစဉ်နေတယ်လို့ ရခိုင်အမျိုးသားပါတီကနေ သိရ

ရခိုင်အမျိုးသားပါတီ ANP ခွင့်ပြုချက် မယူဘဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ကို ၁၅ ရက်အတွင်း အရေးယူဖို့ စီစဉ်နေ တယ်လို့ ရခိုင်အမျိုးသားပါတီက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ဟာ စစ်တွေက ရပ်မိ ရပ်ဖတွေကို ဦးဆောင်ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် အရာရှိကြီးတွေနဲ့ တွေ့ဆုံခဲ့တာပါ။

ခုလို တွေ့ဆုံတဲ့ အပေါ် ဝန်ကြီးဦးဇော်အေးမောင်ကို ရခိုင်အမျိုးသားပါတီ ဗဟိုက ခေါ်ယူ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

"ဒီလို ခေါ်ယူစစ်ဆေးရတာဟာ ပါတီရဲ့ စည်းကမ်းဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ ခွင့်ပြုချက်မ ရဘဲ ဘယ်အဖွဲ့အစည်းကိုမှ မတွေ့ရဘူး ဆိုတဲ့စည်းကမ်း ကိုမလိုက်နာလို့ပါ၊ ကာကွယ်ဦးစီးချုပ်ကို တွေ့လို့ရယ် မဟုတ်ပါဘူး"လို့ ပါတီရဲ့ နိုင်ငံရေးမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ဘီဘီစီ ကိုပြောပါတယ်။

ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကတော့ စစ်တွေမြို့က ရပ်မိရပ်ဖတွေနဲ့ စစ်တွေမြို့မှာ တည်ဆောက်နေတဲ့ သာသနာ အာဇာနည် အရှင် စန္ဒြမဏိဆရာတော် ရုပ်တု ဗိမာန်တော် မြေနေရာ အချို့ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လှူဒါန်းထားတာမို့ အဲဒီ မြေကိစ္စနဲ့ သွားရောက် တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ပါတီက စိစစ်အရေးယူမယ့်အပေါ် ဝန်ကြီး ဦးဇော်အေးမောင်က ခံယူသွားမယ်လို့ ပြောပါတယ်။

အဲဒီနေ့က ရခိုင်ဝန်ကြီး ဦးဇော်အေးမောင်ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးရေး၊ ဒေသငြိမ်းချမ်းရေး စတဲ့ လိုအပ်တဲ့ ကိစ္စရပ်တွေကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ လည်း ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြခဲ့ပါတယ် ။

ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ အစိုးရ နှစ်ဆက်တိုင် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ ရခိုင်အမျိုးသားပါတီ ANP မှာ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦး ဖြစ်သလို ရန်ကုန်တိုင်း ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ပါတီက ဆုံးဖြတ်တဲ့အတိုင်း ခံယူဖို့ အသင့်ပါပဲလို့ ဦးဇော်အေးမောင်က ဘီဘီစီကိုပြောပါတယ်။

BBC Burmese
https://www.bbc.com
တပ္ခ်ဳပ္နဲ႔ သြားေတြ႕တဲ့ ရခိုင္ဝန္ႀကီးကို ပါတီက စစ္ဖို႔ရွိေန တပ္ခ်ဳပ္နဲ႔ သြားေတြ႕တဲ့ ရခိုင္ဝန္ႀကီးကို ပါတီက စစ္ဖို႔ရွိေန Reviewed by THITHTOOLWIN on 02:37 Rating: 5
Powered by Blogger.