တ႐ုတ္ႏိုင္ငံမွ ကူညီေထာက္ပံ့ေပးသည့္ ေရာဂါကာကြယ္ေရး အေထာက္အပံ့ပစၥည္းမ်ား အီတလီႏိုင္ငံ တူးရင္းၿမိဳ႕သို႔ လွ်င္ျမန္စြာ ေရာက္ရွိ

တ႐ုတ္ႏိုင္ငံမွ ေပးအပ္လႉဒါန္းသည့္ ေဆးဘက္သုံး ေရာဂါ ကာကြယ္ေရး အေထာက္အပံ့ပစၥည္းမ်ားအား ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ေရာမ၊ မတ္ ၁၅ ရက္(ဆင္ဟြာ)

    အီတလီႏိုင္ငံႏွင့္ အီတလီရွိ တ႐ုတ္အမ်ိဳးသားမ်ား၏ ပူးေပါင္းေဆာင္႐ြက္မႈျဖင့္ တ႐ုတ္ႏိုင္ငံ က်ဲ႕က်န္းျပည္နယ္တြင္ စုေဆာင္းရရွိတဲ့ ၂၆.၄ တန္ ရွိ ေရာဂါကာကြယ္ေရး အေထာက္အပံ့ပစၥည္းမ်ားသည္ မတ္ ၁၃ ရက္တြင္ အီတလီႏိုင္ငံေျမာက္ပိုင္း တူးရင္းၿမိဳ႕ကို ေရာက္ရွိခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။ယင္းအေထာက္အပံ့ပစၥည္းမ်ားကို လႊဲေျပာင္းအပ္ႏွံေရးကိစၥ ညႇိႏႈိင္းရန္အတြက္ မီလန္ၿမိဳ႕အေျခစိုက္ တ႐ုတ္ႏိုင္ငံ ေကာင္စစ္ဝန္ခ်ဳပ္ စုန႔္႐ႊယ္ဖုန္းက တူးရင္းၿမိဳ႕သို႔ မတ္ ၁၄ ရက္ က သြားေရာက္ခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံ၌ COVID-19 ေရာဂါျဖစ္ပြားသည့္အခါတြင္ အီတလီႏိုင္ငံ နယ္ပယ္အသီးသီးက လက္ကမ္းကူညီမႈမ်ားျပဳလုပ္ခဲ့သလို အီတလီရွိ တ႐ုတ္အမ်ိဳးသားမ်ားကလည္း နည္းလမ္း အသြယ္သြယ္ျဖင့္ ဇာတိဌာေန၏ ေရာဂါတိုက္ဖ်က္ေရးအတြက္ ကူညီပံ့ပိုးေဆာင္႐ြက္ခဲ့ၾကသည္။ ယခုကာလမ်ားတြင္ COVID-19ေရာဂါသည္ အီတလီတြင္ လွ်င္ျမန္စြာ ျပန႔္ႏွံ႔လ်က္ရွိရာ ေဆးကုသေရး အကာအကြယ္ပစၥည္းမ်ားအေရးတႀကီးလိုအပ္ေနၿပီး ဘက္ေပါင္းစုံမွ အကူအညီမ်ားကို အထူးလိုအပ္လ်က္ရွိသည္။ တ႐ုတ္ႏိုင္ငံ အစိုးရ၊ လူမႈအသိုက္အဝန္း၊ ကုမၸဏီလုပ္ငန္းႏွင့္ အီတလီရွိ တ႐ုတ္အမ်ိဳးသားမ်ားသည္ အခက္အခဲမ်ားကို ေျဖရွင္းေက်ာ္လႊားရင္း အီတလီႏိုင္ငံအား ကူညီေထာက္ပံ့အားေပးလ်က္ရွိသည္။
တ႐ုတ္ႏိုင္ငံမွ ေပးအပ္လႉဒါန္းသည့္ ေဆးဘက္သုံး ေရာဂါ ကာကြယ္ေရး အေထာက္အပံ့ပစၥည္းမ်ားအား ေတြ႕ရစဥ္ (ဆင္ဟြာ)

အဆိုပါ ေထာက္ပံ့ေရးပစၥည္းမ်ား စုစည္း ပို႔ေဆာင္ႏိုင္ရန္ က်ဲ႕က်န္းျပည္နယ္ ေဆြခ်င္းထ်န္ခ႐ိုင္ႏွင့္ ဝင္းက်ိဳးလုခ်န္ေဒသ၊ ဝင္ခ်န္ခ႐ိုင္ စသည့္ ေဒသမ်ား၊က်ဲ႕က်န္းျပည္နယ္ ကုသိုလ္ျဖစ္အသင္းခ်ဳပ္ႏွင့္ ပင္လယ္ရပ္ျခားတ႐ုတ္အမ်ိဳးသားအဖြဲ႕စသည့္ လူမႈအဖြဲ႕အစည္းအသီးသီးက တက္တက္ႂကြႂကြ ရက္ဆက္ ႀကိဳးပမ္းပါဝင္ေဆာင္႐ြက္ခဲ့ ၾကျခင္းျဖစ္သည္။ အီတလီႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံသံ႐ုံးကလည္း ပို႔ေဆာင္လာသည့္ပစၥည္းမ်ားကို လႊဲေျပာင္းလက္ခံရန္ ျပင္ဆင္ေဆာင္႐ြက္ခဲ့ရာ သက္ဆိုင္ရာႏွင့္ညႇိႏႈိင္းကာ ပထမဆုံးပို႔ေဆာင္လာသည့္ ေထာက္ပံ့ေရးပစၥည္းမ်ားကို ကပ္ေရာဂါအေျခအေန အဆိုးဝါးဆုံးႏွင့္ လိုအပ္ခ်က္အမ်ားဆုံးျဖစ္သည့္ အီတလီႏိုင္ငံ ေျမာက္ပိုင္းေဒသကို ပို႔ေဆာင္ရန္ အတည္ျပဳခဲ့သည္။
တ႐ုတ္ႏိုင္ငံမွ ေပးအပ္လႉဒါန္းသည့္ ေဆးဘက္သုံး ေရာဂါ ကာကြယ္ေရး အေထာက္အပံ့ပစၥည္းမ်ားအား ေတြ႕ရစဥ္ (ဆင္ဟြာ)

ယခုပို႔ေဆာင္လာသည့္ ေထာက္ပံ့ေရးပစၥည္းအခ်ိဳ႕ကို အီတလီႏိုင္ငံ Piemonte ေဒသႏွင့္ အီတလီ ၾကက္ေျခနီအသင္းအား ေပးအပ္လႉဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။မီလန္ၿမိဳ႕အေျခစိုက္ တ႐ုတ္ႏိုင္ငံ ေကာင္စစ္ဝန္ခ်ဳပ္ စုန႔္႐ႊယ္ဖုန္းက “ဒါဟာ တ႐ုတ္-အီတလီ ႏွစ္ႏိုင္ငံ စိတ္ခ်င္းဆက္ႏြယ္ လက္တြဲၾကတဲ့ ကံၾကမၼာတူအက်ိဳးတူအသိုက္အဝန္းဆက္ဆံေရးပါ။ ႏွစ္ႏိုင္ငံအတူ ေရွ႕ဆက္အျပန္အလွန္ကူညီ႐ိုင္းပင္းရင္း အခက္အခဲမ်ားကို အတူေက်ာ္လႊားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ တ႐ုတ္ႏိုင္ငံအေနနဲ႔ အီတလီႏိုင္ငံရဲ႕ လိုအပ္ခ်က္အရ အစြမ္းကုန္ တတ္စြမ္းသေလာက္ ကူညီေဆာင္႐ြက္သြားမွာျဖစ္ၿပီး ေရာဂါတိုက္ဖ်က္ေရးအေတြ႕အႀကဳံေတြ မွ်ေဝသြားပါ့မယ္။အားလုံးလည္း အတူ ႀကိဳးပမ္းမႈေၾကာင့္ ကပ္ေရာဂါႀကီး လုံးဝထိန္းခ်ဳပ္ႏိုင္မွာပါ။  ”ဟု ေျပာၾကားခဲ့သည္။

Piemonte ေဒသ က်န္းမာေရးအရာရွိ အႀကီးအကဲ အီခါဒီကလည္း အေရးႀကဳံလွ်င္ မိတ္ေဆြစစ္ မိတ္ေဆြမွန္ကို ႀကဳံေတြ႕ရေၾကာင္း ၊ အခက္အခဲႀကဳံခိုက္တြင္ ေႏြးေထြးစြာလက္ကမ္းေဖးမသည့္ တ႐ုတ္ႏိုင္ငံအား ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားခဲ့သည္။ ကပ္ေရာဂါၿပီးဆုံးသြားပါက Piemonte ေဒသဆိုင္ရာအႀကီးအကဲႏွင့္အတူ တ႐ုတ္ႏိုင္ငံ က်ဲ႕က်န္းသို႔ သြားေရာက္ကာ ေက်းဇူးတင္စကား ေျပာၾကားႏိုင္ရန္ ေမွ်ာ္လင့္ေၾကာင္း ၎က ဆိုသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးသည့် ရောဂါကာကွယ်ရေး အထောက်အပံ့ပစ္စည်းများ အီတလီနိုင်ငံ တူးရင်းမြို့သို့ လျှင်မြန်စွာ ရောက်ရှိ

တရုတ်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ဆေးဘက်သုံး ရောဂါ ကာကွယ်ရေး အထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

    ရောမ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

    အီတလီနိုင်ငံနှင့် အီတလီရှိ တရုတ်အမျိုးသားများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်တွင် စုဆောင်းရရှိတဲ့ ၂၆.၄ တန် ရှိ ရောဂါကာကွယ်ရေး အထောက်အပံ့ပစ္စည်းများသည် မတ် ၁၃ ရက်တွင် အီတလီနိုင်ငံမြောက်ပိုင်း တူးရင်းမြို့ကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ယင်းအထောက်အပံ့ပစ္စည်းများကို လွှဲပြောင်းအပ်နှံရေးကိစ္စ ညှိနှိုင်းရန်အတွက် မီလန်မြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် စုန့်ရွှယ်ဖုန်းက တူးရင်းမြို့သို့ မတ် ၁၄ ရက် က သွားရောက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသည့်အခါတွင် အီတလီနိုင်ငံ နယ်ပယ်အသီးသီးက လက်ကမ်းကူညီမှုများပြုလုပ်ခဲ့သလို အီတလီရှိ တရုတ်အမျိုးသားများကလည်း နည်းလမ်း အသွယ်သွယ်ဖြင့် ဇာတိဌာနေ၏ ရောဂါတိုက်ဖျက်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ခဲ့ကြသည်။ ယခုကာလများတွင် COVID-19ရောဂါသည် အီတလီတွင် လျှင်မြန်စွာ ပြန့်နှံ့လျက်ရှိရာ ဆေးကုသရေး အကာအကွယ်ပစ္စည်းများအရေးတကြီးလိုအပ်နေပြီး ဘက်ပေါင်းစုံမှ အကူအညီများကို အထူးလိုအပ်လျက်ရှိသည်။ တရုတ်နိုင်ငံ အစိုးရ၊ လူမှုအသိုက်အဝန်း၊ ကုမ္ပဏီလုပ်ငန်းနှင့် အီတလီရှိ တရုတ်အမျိုးသားများသည် အခက်အခဲများကို ဖြေရှင်းကျော်လွှားရင်း အီတလီနိုင်ငံအား ကူညီထောက်ပံ့အားပေးလျက်ရှိသည်။

တရုတ်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ဆေးဘက်သုံး ရောဂါ ကာကွယ်ရေး အထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများ စုစည်း ပို့ဆောင်နိုင်ရန် ကျဲ့ကျန်းပြည်နယ် ဆွေချင်းထျန်ခရိုင်နှင့် ဝင်းကျိုးလုချန်ဒေသ၊ ဝင်ချန်ခရိုင် စသည့် ဒေသများ၊ကျဲ့ကျန်းပြည်နယ် ကုသိုလ်ဖြစ်အသင်းချုပ်နှင့် ပင်လယ်ရပ်ခြားတရုတ်အမျိုးသားအဖွဲ့စသည့် လူမှုအဖွဲ့အစည်းအသီးသီးက တက်တက်ကြွကြွ ရက်ဆက် ကြိုးပမ်းပါဝင်ဆောင်ရွက်ခဲ့ ကြခြင်းဖြစ်သည်။ အီတလီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးကလည်း ပို့ဆောင်လာသည့်ပစ္စည်းများကို လွှဲပြောင်းလက်ခံရန် ပြင်ဆင်ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာနှင့်ညှိနှိုင်းကာ ပထမဆုံးပို့ဆောင်လာသည့် ထောက်ပံ့ရေးပစ္စည်းများကို ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံးနှင့် လိုအပ်ချက်အများဆုံးဖြစ်သည့် အီတလီနိုင်ငံ မြောက်ပိုင်းဒေသကို ပို့ဆောင်ရန် အတည်ပြုခဲ့သည်။

တရုတ်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ဆေးဘက်သုံး ရောဂါ ကာကွယ်ရေး အထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ယခုပို့ဆောင်လာသည့် ထောက်ပံ့ရေးပစ္စည်းအချို့ကို အီတလီနိုင်ငံ Piemonte ဒေသနှင့် အီတလီ ကြက်ခြေနီအသင်းအား ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။မီလန်မြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် စုန့်ရွှယ်ဖုန်းက “ဒါဟာ တရုတ်-အီတလီ နှစ်နိုင်ငံ စိတ်ချင်းဆက်နွယ် လက်တွဲကြတဲ့ ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းဆက်ဆံရေးပါ။ နှစ်နိုင်ငံအတူ ရှေ့ဆက်အပြန်အလှန်ကူညီရိုင်းပင်းရင်း အခက်အခဲများကို အတူကျော်လွှားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အီတလီနိုင်ငံရဲ့ လိုအပ်ချက်အရ အစွမ်းကုန် တတ်စွမ်းသလောက် ကူညီဆောင်ရွက်သွားမှာဖြစ်ပြီး ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံတွေ မျှဝေသွားပါ့မယ်။အားလုံးလည်း အတူ ကြိုးပမ်းမှုကြောင့် ကပ်ရောဂါကြီး လုံးဝထိန်းချုပ်နိုင်မှာပါ။  ”ဟု ပြောကြားခဲ့သည်။

Piemonte ဒေသ ကျန်းမာရေးအရာရှိ အကြီးအကဲ အီခါဒီကလည်း အရေးကြုံလျှင် မိတ်ဆွေစစ် မိတ်ဆွေမှန်ကို ကြုံတွေ့ရကြောင်း ၊ အခက်အခဲကြုံခိုက်တွင် နွေးထွေးစွာလက်ကမ်းဖေးမသည့် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ကပ်ရောဂါပြီးဆုံးသွားပါက Piemonte ဒေသဆိုင်ရာအကြီးအကဲနှင့်အတူ တရုတ်နိုင်ငံ ကျဲ့ကျန်းသို့ သွားရောက်ကာ ကျေးဇူးတင်စကား ပြောကြားနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
တ႐ုတ္ႏိုင္ငံမွ ကူညီေထာက္ပံ့ေပးသည့္ ေရာဂါကာကြယ္ေရး အေထာက္အပံ့ပစၥည္းမ်ား အီတလီႏိုင္ငံ တူးရင္းၿမိဳ႕သို႔ လွ်င္ျမန္စြာ ေရာက္ရွိ တ႐ုတ္ႏိုင္ငံမွ ကူညီေထာက္ပံ့ေပးသည့္ ေရာဂါကာကြယ္ေရး အေထာက္အပံ့ပစၥည္းမ်ား အီတလီႏိုင္ငံ တူးရင္းၿမိဳ႕သို႔ လွ်င္ျမန္စြာ ေရာက္ရွိ Reviewed by THITHTOOLWIN on 18:59 Rating: 5
Powered by Blogger.