စစ္ကိုင္း ခ်ည္မွ်င္စက္႐ုံ မီးေလာင္မႈ မီးသတ္ ၄ ဦးႏွင့္ ရဲ ၁ ဦးေဆး႐ုံေရာက္

ဓာတ္ပုံ- ေအာင္ျမင့္ျမင့္ (စစ္ကိုင္း)
(Zawgyi)⤵⤵⤵
စစ္ကိုင္း၊ မတ္ ၃

စစ္ကိုင္းၿမိဳ႕ ပတၱျမားရပ္ကြက္ စက္မႈဇုန္ရွိ ေအာင္စိန္ ခ်ည္မွ်င္ႏွင့္ အထည္စက္႐ုံ မီးေလာင္မႈတြင္ မီးသတ္ ၄ ဦးႏွင့္ ရဲ ၁ဦး မီးခိုးမြန္၍ စစ္ကိုင္းေဆး႐ုံတြင္ ကုသခံေနရေၾကာင္း ခ႐ိုင္မီးသတ္ဌာနမွ သတင္းရရွိသည္။

ယေန႔နံနက္ ၈ နာရီမွ စတင္ေလာင္ကြၽမ္းၿပီး ၁၂နာရီခန႔္တြင္ မီးလုံးဝၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း မီးသတ္ဌာန မွတ္တမ္းအရ သိရသည္။

မီးေလာင္ရာသို႔ စစ္ကိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ ေရာက္လာခဲ့ၿပီး ႀကီးၾကပ္မႈမ်ားေဆာင္႐ြက္ခဲ့သည္ဟု သိရသည္။

" ႏွစ္ေယာက္ကေတာ့ ေဆး႐ုံဆင္းပါၿပီ၊ က်န္ သုံးေယာက္ကေတာ့ ၂၄ နာရီေစာင့္ၾကည့္ေပါ့၊မစိုးရိမ္ရပါဘူး "ဟုစစ္ကိုင္းခ႐ိုင္မီးသတ္ ဦးစီးမႉး ဦးေက်ာ္ေက်ာ္ႏိုင္ ကေျပာသည္။

မီးေလာင္ျပင္သို႔ စစ္ကိုင္းတိုင္းႏွင့္ မႏၲေလးတို႔မွ မီးသတ္ယာဥ္ ၂၃ စီး၊ ေရသယ္ယာဥ္ ၁၈ စီး ႏွင့္ သေႏၶ ႏွင့္အရန္ မီးသတ္သမား ၄၀၀ ျဖင့္ ျငႇိမ္းသတ္ခဲ့ရေၾကာင္း သတင္းရရွိသည္။

ခ်ည္မွ်င္စက္႐ုံအတြင္း သိုေလွာင္ထားေသာ တ႐ုတ္ႏိုင္ငံထုတ္ ဖိုက္ဘာဝါဂြမ္းမ်ား စုပုံထားရာမွ အပူလြန္၍ မီးစတင္ေလာင္ျခင္းျဖစ္ေၾကာင္း မီးသတ္ဌာနက သုံးသပ္ထားသည္။

မီးေလာင္မႈေၾကာင့္ စက္႐ုံမႉး အား စစ္ကိုင္းၿမိဳ႕မရဲစခန္းတြင္ မီးေပါ့ဆမႈ ပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္ အေရးယူထားသည္။

ခ်ည္မွ်င္စက္႐ုံမီးေလာင္မႈတြင္ က်ပ္သိန္းေပါင္း ၄ေထာင္ေက်ာ္ ဆုံးရႈံးခဲ့သည္ ဟု မီးသတ္ဌာန တြတ္ခ်က္ မႈအရ သိရသည္။

ဓာတ္ပုံ- ေအာင္ျမင့္ျမင့္ (စစ္ကိုင္း)
Monywa Gazette
https://www.facebook.com/monywagazette
-------------
(Unicode)⤵⤵⤵
စစ်ကိုင်း ချည်မျှင်စက်ရုံ မီးလောင်မှု မီးသတ် ၄ ဦးနှင့် ရဲ ၁ ဦးဆေးရုံရောက်

စစ်ကိုင်း၊ မတ် ၃

စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက် စက်မှုဇုန်ရှိ အောင်စိန် ချည်မျှင်နှင့် အထည်စက်ရုံ မီးလောင်မှုတွင် မီးသတ် ၄ ဦးနှင့် ရဲ ၁ဦး မီးခိုးမွန်၍ စစ်ကိုင်းဆေးရုံတွင် ကုသခံနေရကြောင်း ခရိုင်မီးသတ်ဌာနမှ သတင်းရရှိသည်။

ယနေ့နံနက် ၈ နာရီမှ စတင်လောင်ကျွမ်းပြီး ၁၂နာရီခန့်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဌာန မှတ်တမ်းအရ သိရသည်။

မီးလောင်ရာသို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ရောက်လာခဲ့ပြီး ကြီးကြပ်မှုများဆောင်ရွက်ခဲ့သည်ဟု သိရသည်။

" နှစ်ယောက်ကတော့ ဆေးရုံဆင်းပါပြီ၊ ကျန် သုံးယောက်ကတော့ ၂၄ နာရီစောင့်ကြည့်ပေါ့၊မစိုးရိမ်ရပါဘူး "ဟုစစ်ကိုင်းခရိုင်မီးသတ် ဦးစီးမှူး ဦးကျော်ကျော်နိုင် ကပြောသည်။

မီးလောင်ပြင်သို့ စစ်ကိုင်းတိုင်းနှင့် မန္တလေးတို့မှ မီးသတ်ယာဉ် ၂၃ စီး၊ ရေသယ်ယာဉ် ၁၈ စီး နှင့် သန္ဓေ နှင့်အရန် မီးသတ်သမား ၄၀၀ ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သတင်းရရှိသည်။


ချည်မျှင်စက်ရုံအတွင်း သိုလှောင်ထားသော တရုတ်နိုင်ငံထုတ် ဖိုက်ဘာဝါဂွမ်းများ စုပုံထားရာမှ အပူလွန်၍ မီးစတင်လောင်ခြင်းဖြစ်ကြောင်း မီးသတ်ဌာနက သုံးသပ်ထားသည်။

မီးလောင်မှုကြောင့် စက်ရုံမှူး အား စစ်ကိုင်းမြို့မရဲစခန်းတွင် မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားသည်။

ချည်မျှင်စက်ရုံမီးလောင်မှုတွင် ကျပ်သိန်းပေါင်း ၄ထောင်ကျော် ဆုံးရှုံးခဲ့သည် ဟု မီးသတ်ဌာန တွတ်ချက် မှုအရ သိရသည်။

ဓာတ်ပုံ- အောင်မြင့်မြင့် (စစ်ကိုင်း)
Monywa Gazette
https://www.facebook.com/monywagazette
စစ္ကိုင္း ခ်ည္မွ်င္စက္႐ုံ မီးေလာင္မႈ မီးသတ္ ၄ ဦးႏွင့္ ရဲ ၁ ဦးေဆး႐ုံေရာက္ စစ္ကိုင္း ခ်ည္မွ်င္စက္႐ုံ မီးေလာင္မႈ မီးသတ္ ၄ ဦးႏွင့္ ရဲ ၁ ဦးေဆး႐ုံေရာက္ Reviewed by THITHTOOLWIN on 02:53 Rating: 5
Powered by Blogger.