ဖဲြ႕စည္းပံုျပင္ဆင္ေရးဥပေဒၾကမ္း မဲခဲြမႈ ၉ ရက္ ၾကာမည္

ျမန္မာႏိုင္ငံ ဖြဲ႔စည္းပံုအေျခခံဥပေဒစာအုပ္

(Zawgyi/Unicode)

ဖဲြ႔စည္းပံု အေျခခံဥပေဒျပင္ဆင္ေရး မူၾကမ္းေတြကို ျပည္ေထာင္စုလႊတ္ေတာ္မွာ အျပန္အလွန္တင္းတင္းမာမာ ေဆြးေႏြးေနၾကရာမွာ မတ္လ ၁၀ ရက္ေန႔ မနက္ျဖန္မွာေတာ့ မဲခဲြမႈေတြ စတင္မွာျဖစ္ၿပီး ဥပေဒၾကမ္းအားလံုးမဲခဲြဖို႔ အခ်ိန္ ၉ ရက္ၾကာမယ္လို႔ သိရပါတယ္။ ဥပေဒၾကမ္း ဘယ္ႏွစ္ခုေလာက္ သေဘာတူျပင္ဆင္ႏိုင္မလဲ၊ ဖဲြ႔စည္းပံုျပင္ဆင္ေရးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဘက္က ဘယ္ေလာက္ထိ ေမွ်ာ္လင့္ထားလဲ.. မေမခ စံုစမ္းေမးျမန္းထားပါတယ္။

လာမယ့္ မတ္လ ၁၀ ရက္ေန႔ မနက္ျဖန္ကစလို႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးဆိုင္ရာ ဒုတိယအႀကိမ္ ဥပေဒမူၾကမ္း က ဥပေဒေတြကို မဲခြဲ ဆံုးျဖတ္တာေတြ လုပ္သြားေတာ့မွာပါ။ တေန႔မွာ ဥပေဒ ပုဒ္မ ၃ခုႏႈန္းနဲ႔ ၉ ရက္ၾကာ မဲခြဲဆံုးျဖတ္သြားဖို႔ လုပ္ေဆာင္ထားတယ္လို႔ ရခိုင္အမ်ိဳးသားပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

"ျပင္ဆင္ခ်က္ က ၉ ေစာင္ရွိတယ္။ ၁၀ ရက္ေန႔ကေနၿပီးေတာ့ ဒီအပတ္မွာဆို ၄ရက္ ရမယ္။ ပထမအပိုင္း ၄၃၆(က) အပိုင္းၿပီးမယ္ေပါ့။ ေနာက္တပတ္မွာဆိုရင္ေတာ့ က်ေနာ္တို႔ ၅ရက္ရတယ္။ ၄၃၆(ခ) အပိုင္းၿပီးမယ္။ အကုန္ ၉ ရက္ေပါ့၊ မဲလက္မွတ္လည္း ၉ ေစာင္ ျဖစ္တယ္။ အတည္ျပဳမယ့္ က႑လည္း ၉ ခု၊ မဲလက္မွတ္ တေစာင္မွာ ၁၀ခ်က္ပါခ်င္ ပါမယ္။ ၁၅ခ်က္ ပါခ်င္ပါမယ္။ အဲလိုသက္ဆိုင္ရာအလိုက္ေပါ့။"

ဥပေဒ ၾကမ္း ၂ ခု လံုး အတြက္ လ်ိဳ႕ဝွက္ ဆႏၵမဲ ၉ ၾကိမ္ ေပးဖို႔ အပါအဝင္ မဲခြဲဆံုးျဖတ္မႈလုပ္ေဆာင္တာမွာ ႏိုင္ငံေတာ္ သမၼတနဲ႔ ဒုတိယ သမၼတမ်ား ေရြးခ်ယ္တင္ေျမွာက္ပဲြ က်င္းပစဥ္က လုပ္ငန္းစဥ္မ်ား အတိုင္း အေျခခံ၍ ဆႏၵမဲအသံုးျပဳၿပီး လ်ိွဳ႕၀ွက္စြာ ဆႏၵျပဳတဲ့ နည္းလမ္းနဲ႔ ေဆာင္ရြက္သြားမယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက ျပည္ေထာင္စုလႊတ္ေတာ္ နာယက ဦးတီခြန္ျမတ္က ေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၅ ရက္ကေန မတ္လ ၅ ရက္အထိ ျပင္ဆင္ေရးနဲ့ ပတ္သတ္လို႔ လႊတ္ေတာ္တြင္း အႀကိတ္အနယ္ေဆြးေႏြးခဲ့ ၾကတာပါ။ ၄၃၆(က)နဲ႔ ၄၃၆(ခ)ဆို ၿပီး ျပင္ဆင္တဲ့ ဥပေဒၾကမ္း ၂ခု တင္ထားတာ မွာ ျပင္ဆင္မယ့္ပုဒ္မ ၁၃၇ ခ်က္ကို ၁၀ရက္ ၾကာေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

ဖဲြ႔စည္းပုံ ျပင္ဆင္ေရးမွာ အဓိကအဟန္႔အတား ျဖစ္ေနတယ္လုိ႔ ေ၀ဖန္ခံေနရတဲ့ တပ္မေတာ္ ဘက္က NLD ပါတီဘက္က တင္ျပလာတာေတြ ကို ျပင္းျပင္းထန္ထန္ ကန္႔ကြက္ထားသလို NLD ပါတီဘက္ကလည္း တပ္မေတာ္နဲ့ ျပည္ခိုင္ျဖိဳး တင္လာတာေတြ ကို ကန္႔ကြက္မႈ ႀကီးႀကီးမားမား လုပ္ထားတာမို႔ ဒီတေခါက္ ဖြဲ႔စည္းပံုျပင္ဆင္ေရး က နိုင္ငံအတြက္ ထိေရာက္မယ့္ ဥပေဒေတြ ျပင္နိုင္ဖို႔ခက္တဲ့ အျပင္ ဘယ္တခ်က္ကိုမွ မျပင္နိုင္ဘဲ ၿပီးမလားဆိုတဲ့ မွတ္ခ်က္ေပးတာေတြလည္း ရွိေနပါတယ္။

NLD ပါတီ အမ်ိဳးသားလြတ္ေတာ္ကိုယ္စားလွယ္ ေရွ႔ေန တဦး ျဖစ္တဲ့ ဦးေအာင္သိန္းကေတာ့ သူတို့ပါတီ တင္လာတဲ့ ဖြဲ႔စည္းပံု ျပင္ဆင္ေရး ဘယ္ေလာက္ ေအာင္ျမင္မယ္ဆိုတာနဲ႔ ပတ္သတ္လို႔ ခုလို ေျပာပါတယ္။

"တကယ့္အေရးႀကီးတာေတြ မျပင္နိုင္ဘူးဆိုတဲ့ သူတို႔ ခန္႔မွန္းေျပာဆိုတာေတြ မွန္ေကာင္းမွန္နိုင္တာေပါ့။ ျပင္နို္င္တဲ့ အတိုင္းတာေတြ ေတာ္ေတာ္မ်ားမ်ားေတာ့ ျပင္သြားမွာပဲ။ အဓိက ကီးေတြကေတာ့ ရဖို႔ ခက္ခဲျဖစ္နိုင္ပါတယ္။ အေျဖဘယ္လို ထြက္မလဲဆိုတာေတာ့ ေျပာလို႔မရေသးဘူး။ ေျပာရခက္တယ္ေလ။ မဲက လွ်ိဳ႕ဝွက္မဲဆိုေတာ့ သူတို႔ဘက္ကလူလည္း ကိုယ့္ဘက္ကို ႀကိဳက္ၿပီး မဲေပးရင္လည္းေပးလိုက္မွာေပါ့။ ကိုယ့္ဒီဘက္ကလူကလည္း သူ႔ဘက္က သေဘာထားကို ၾကိဳက္ၿပီး မဲေပးရင္ ေပးလိုက္မွာေပါ့။ က်ေနာ္တို႔က အဲ့ဒါကို ဘယ္ေလာက္ေမ်ွာ္လင့္သလဲဆိုတာ ရာခိုင္ႏႈန္းနဲ႔ ေျပာရခက္တယ္။"

လႊတ္ေတာ္တြင္း ဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရးလုပ္ငန္းစဥ္ နဲ႔ ပတ္သက္ၿပီး ခ်င္းျပည္နယ္မဲဆႏၵနယ္ ၅ က ပူးဂင္ကမ္းလ်န္က ေတာ့ ျပင္ဆင္န္ိုင္ေရး ေမ်ွာ္္လင့္ခ်က္မဲ့ေနတယ္လို႔ ေျပာဆိုလိုက္ပါတယ္။

"(က)ေရာ (ခ)ပါ သိပ္ေတာ့မလြယ္ေလာက္ဘူး ထင္တယ္ေလ။ အဲ့ဒါလည္း တပ္မေတာ္မ်ား ကိုယ္စားလွယ္မ်ား လက္ထဲမွာပဲ ရွိတယ္။ သူတို႔ ေလွ်ာ့ ေပးမွ ျပင္လို႔ရမယ္ ထင္တယ္။ အမ်ားစု NLD လက္မခံရင္လည္း ျပင္လို႔ရမွာေတာ့ မဟုတ္ျပန္ဘူး။ ေမွ်ာ္လင့္ခ်က္မႀကီးမားပါဘူး၊ ရွိေတာ့ ရွိလိမ့္မယ္။ ဒါေပမဲ့ နိုင္ငံ အတြက္ တကယ္အလုပ္လုပ္လို႔ ရတဲ့ ပုဒ္မေတြေတာ့ ျပင္နိုင္မွာမဟုတ္ဘူးလို႔ထင္တယ္။"

ျပင္ဆင္ေရး လုပ္ငန္းစဥ္နဲ့ပတ္သတ္ တဲ့ ရည္ရြယ္ခ်က္ေပ်ာက္ ေနတာမို့ အမ်ားႀကီး ေမွ်ာ္လင့္ဖုိ႔ မရွိဘူးလို့ ဆိုလာသူက နိုင္ငံေရးေလ့လာသံုးသပ္သူ ေဒါက္တာ ရန္မ်ိဳးသိမ္းပါ။
"ဒီ ဖဲြ႔စည္းပံု အေျခခံ ဥပေဒ ျပင္ဆင္ေရးမွာ သူက ဆံုမွတ္ ေပ်ာက္ေနတယ္။ အဓိက ဆံုးျဖတ္ေပးမယ့္ အမ်ိဳးသား ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြန တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြၾကားမွာ ဆံုမွတ္ေပ်ာက္ေနသေရြ႔ေတာ့ ျပင္ဆင္ေရးက ထိေရာက္အလုပ္ျဖစ္ၿပီးေတာ့ အေကာင္အထည္ေဖာ္လာဖို႔ ခဲရင္းလိမ့္မယ္လို႔ ျမင္တယ္။ အေကာင္းဆံုးကို ေမွ်ာ္လင့္ၿပီး အဆိုးဆံုးကို ႀကိဳတင္ ျပင္ထားဖို႔ လိုအပ္မယ္လို႔ က်ေနာ္ျမင္ပါတယ္။"

၉ ရက္ၾကာ မဲခြဲဆံုးျဖတ္မယ့္ ဖြဲ႔စည္းပံု ျပင္ဆင္ေရး က မနကျ္ဖန္မွ စတင္မွာပါ။ မနက္ဖန္မွာေတာ့ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမႈအျပင္ လူထုဆႏၵခံယူပြဲပါ က်င္းပ အတည္ျပဳမွ ျပင္နိုင္မယ့္ ၄၃၆(က) ထဲက ပုဒ္မ ၁၅ခုနီးပါး မဲခြဲ ဆံုးျဖတ္မယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္က ထုတ္ျပန္ထားပါတယ္ရွင္။


[Unicode Version]

ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း မဲခွဲမှု ၉ ရက် ကြာမည်​

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်မှာ အပြန်အလှန်တင်းတင်းမာမာ ဆွေးနွေးနေကြရာမှာ မတ်လ ၁၀ ရက်နေ့ မနက်ဖြန်မှာတော့ မဲခွဲမှုတွေ စတင်မှာဖြစ်ပြီး ဥပဒေကြမ်းအားလုံးမဲခွဲဖို့ အချိန် ၉ ရက်ကြာမယ်လို့ သိရပါတယ်။ ဥပဒေကြမ်း ဘယ်နှစ်ခုလောက် သဘောတူပြင်ဆင်နိုင်မလဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေဘက်က ဘယ်လောက်ထိ မျှော်လင့်ထားလဲ.. မမေခ စုံစမ်းမေးမြန်းထားပါတယ်။

လာမယ့် မတ်လ ၁၀ ရက်နေ့ မနက်ဖြန်ကစလို့ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဒုတိယအကြိမ် ဥပဒေမူကြမ်း က ဥပဒေတွေကို မဲခွဲ ဆုံးဖြတ်တာတွေ လုပ်သွားတော့မှာပါ။ တနေ့မှာ ဥပဒေ ပုဒ်မ ၃ခုနှုန်းနဲ့ ၉ ရက်ကြာ မဲခွဲဆုံးဖြတ်သွားဖို့ လုပ်ဆောင်ထားတယ်လို့ ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

"ပြင်ဆင်ချက် က ၉ စောင်ရှိတယ်။ ၁၀ ရက်နေ့ကနေပြီးတော့ ဒီအပတ်မှာဆို ၄ရက် ရမယ်။ ပထမအပိုင်း ၄၃၆(က) အပိုင်းပြီးမယ်ပေါ့။ နောက်တပတ်မှာဆိုရင်တော့ ကျနော်တို့ ၅ရက်ရတယ်။ ၄၃၆(ခ) အပိုင်းပြီးမယ်။ အကုန် ၉ ရက်ပေါ့၊ မဲလက်မှတ်လည်း ၉ စောင် ဖြစ်တယ်။ အတည်ပြုမယ့် ကဏ္ဍလည်း ၉ ခု၊ မဲလက်မှတ် တစောင်မှာ ၁၀ချက်ပါချင် ပါမယ်။ ၁၅ချက် ပါချင်ပါမယ်။ အဲလိုသက်ဆိုင်ရာအလိုက်ပေါ့။"

ဥပဒေ ကြမ်း ၂ ခု လုံး အတွက် လျို့ဝှက် ဆန္ဒမဲ ၉ ကြိမ် ပေးဖို့ အပါအဝင် မဲခွဲဆုံးဖြတ်မှုလုပ်ဆောင်တာမှာ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပစဉ်က လုပ်ငန်းစဉ်များ အတိုင်း အခြေခံ၍ ဆန္ဒမဲအသုံးပြုပြီး လျှို့ဝှက်စွာ ဆန္ဒပြုတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေ မတ်လ ၅ ရက်အထိ ပြင်ဆင်ရေးနဲ့ ပတ်သတ်လို့ လွှတ်တော်တွင်း အကြိတ်အနယ်ဆွေးနွေးခဲ့ ကြတာပါ။ ၄၃၆(က)နဲ့ ၄၃၆(ခ)ဆို ပြီး ပြင်ဆင်တဲ့ ဥပဒေကြမ်း ၂ခု တင်ထားတာ မှာ ပြင်ဆင်မယ့်ပုဒ်မ ၁၃၇ ချက်ကို ၁၀ရက် ကြာဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အဓိကအဟန့်အတား ဖြစ်နေတယ်လို့ ဝေဖန်ခံနေရတဲ့ တပ်မတော် ဘက်က NLD ပါတီဘက်က တင်ပြလာတာတွေ ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသလို NLD. ပါတီဘက်ကလည်း တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး တင်လာတာတွေ ကို ကန့်ကွက်မှု ကြီးကြီးမားမား လုပ်ထားတာမို့ ဒီတခေါက် ဖွဲ့စည်းပုံပြင်ဆင်ရေး က နိုင်ငံအတွက် ထိရောက်မယ့် ဥပဒေတွေ ပြင်နိုင်ဖို့ခက်တဲ့ အပြင် ဘယ်တချက်ကိုမှ မပြင်နိုင်ဘဲ ပြီးမလားဆိုတဲ့ မှတ်ချက်ပေးတာတွေလည်း ရှိနေပါတယ်။

NLD ပါတီ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ရှေ့နေ တဦး ဖြစ်တဲ့ ဦးအောင်သိန်းကတော့ သူတို့ပါတီ တင်လာတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဘယ်လောက် အောင်မြင်မယ်ဆိုတာနဲ့ ပတ်သတ်လို့ ခုလို ပြောပါတယ်။

"တကယ့်အရေးကြီးတာတွေ မပြင်နိုင်ဘူးဆိုတဲ့ သူတို့ ခန့်မှန်းပြောဆိုတာတွေ မှန်ကောင်းမှန်နိုင်တာပေါ့။ ပြင်နိုင်တဲ့ အတိုင်းတာတွေ တော်တော်များများတော့ ပြင်သွားမှာပဲ။ အဓိက ကီးတွေကတော့ ရဖို့ ခက်ခဲဖြစ်နိုင်ပါတယ်။ အဖြေဘယ်လို ထွက်မလဲဆိုတာတော့ ပြောလို့မရသေးဘူး။ ပြောရခက်တယ်လေ။ မဲက လျှို့ဝှက်မဲဆိုတော့ သူတို့ဘက်ကလူလည်း ကိုယ့်ဘက်ကို ကြိုက်ပြီး မဲပေးရင်လည်းပေးလိုက်မှာပေါ့။ ကိုယ့်ဒီဘက်ကလူကလည်း သူ့ဘက်က သဘောထားကို ကြိုက်ပြီး မဲပေးရင် ပေးလိုက်မှာပေါ့။ ကျနော်တို့က အဲ့ဒါကို ဘယ်လောက်မျှော်လင့်သလဲဆိုတာ ရာခိုင်နှုန်းနဲ့ ပြောရခက်တယ်။"

လွှတ်တော်တွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ် နဲ့ ပတ်သက်ပြီး ချင်းပြည်နယ်မဲဆန္ဒနယ် ၅ က ပူးဂင်ကမ်းလျန်က တော့ ပြင်ဆင်နိုင်ရေး မျှော်လင့်ချက်မဲ့နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

" (က)ရော (ခ)ပါ သိပ်တော့မလွယ်လောက်ဘူး ထင်တယ်လေ။ အဲ့ဒါလည်း တပ်မတော်များ ကိုယ်စားလှယ်များ လက်ထဲမှာပဲ ရှိတယ်။ သူတို့ လျှော့ ပေးမှ ပြင်လို့ရမယ် ထင်တယ်။ အများစု NLD လက်မခံရင်လည်း ပြင်လို့ရမှာတော့ မဟုတ်ပြန်ဘူး။ မျှော်လင့်ချက်မကြီးမားပါဘူး၊ ရှိတော့ ရှိလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံ အတွက် တကယ်အလုပ်လုပ်လို့ ရတဲ့ ပုဒ်မတွေတော့ ပြင်နိုင်မှာမဟုတ်ဘူးလို့ထင်တယ်။"

ပြင်ဆင်ရေး လုပ်ငန်းစဉ်နဲ့ပတ်သတ် တဲ့ ရည်ရွယ်ချက်ပျောက် နေတာမို့ အများကြီး မျှော်လင့်ဖို့ မရှိဘူးလို့ ဆိုလာသူက နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းပါ။
"ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ သူက ဆုံမှတ် ပျောက်နေတယ်။ အဓိက ဆုံးဖြတ်ပေးမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေန တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကြားမှာ ဆုံမှတ်ပျောက်နေသရွေ့တော့ ပြင်ဆင်ရေးက ထိရောက်အလုပ်ဖြစ်ပြီးတော့ အကောင်အထည်ဖော်လာဖို့ ခဲရင်းလိမ့်မယ်လို့ မြင်တယ်။ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးကို ကြိုတင် ပြင်ထားဖို့ လိုအပ်မယ်လို့ ကျနော်မြင်ပါတယ်။"

၉ ရက်ကြာ မဲခွဲဆုံးဖြတ်မယ့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး က မနြက်ဖန်မှ စတင်မှာပါ။ မနက်ဖန်မှာတော့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုအပြင် လူထုဆန္ဒခံယူပွဲပါ ကျင်းပ အတည်ပြုမှ ပြင်နိုင်မယ့် ၄၃၆(က) ထဲက ပုဒ်မ ၁၅ခုနီးပါး မဲခွဲ ဆုံးဖြတ်မယ်လို့ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ထားပါတယ်ရှင်။

ေမခ/VOA (Burmese)
https://burmese.voanews.com
ဖဲြ႕စည္းပံုျပင္ဆင္ေရးဥပေဒၾကမ္း မဲခဲြမႈ ၉ ရက္ ၾကာမည္ ဖဲြ႕စည္းပံုျပင္ဆင္ေရးဥပေဒၾကမ္း မဲခဲြမႈ ၉ ရက္ ၾကာမည္ Reviewed by THITHTOOLWIN on 00:44 Rating: 5
Powered by Blogger.