ျမန္မာ့ပညာေရးျပဳျပင္ေျပာင္းလဲမႈအတြက္ ယူရုိ ၃၂ သန္း အီးယူလွဴ


(Zawgyi/Unicode)

ျမန္မာႏိုင္ငံရဲ႕ ပညာေရးက႑ ျပဳျပင္ ေျပာင္းလဲေရးအတြက္ အကူအညီအျဖစ္ ဥေရာပ သမဂၢ (EU) က ယူ႐ိုေငြ ၃၂ သန္း (ျမန္မာ က်ပ္ေငြတန္ဖိုး ၅၁ ဘီလီယံ ) ေပးအပ္ခဲ့ေၾကာင္း ဥေရာပ သမဂၢ နဲ႔ ပညာေရး ၀န္ႀကီးဌာနတို႔က မတ္လ ၂၂ ရက္စြဲနဲ႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဲဒီ ေထာက္ပံ့ငြေေတြကို ျမန္မာႏိုင္ငံက ပညာေရးႏွင့္ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ သင္တန္းေတြ အရည္အေသြး တိုးတက္ လာေစေရးအတြက္ ေပးအပ္တာလို႔လည္း ေၾကညာခ်က္မွာ ပါရွိပါတယ္။

ျမန္မာႏိုင္ငံ ပညာေရးက႑အတြက္ ပံ့ပိုးကူညီဖို႔ ကတိကဝတ္ျပဳထားတဲ့ စုစုေပါင္းယူ႐ိုေငြ ၂၂၁သန္း (ျမန္မာက်ပ္ေငြ ၃၈၂ ဘီလီယံ)ထဲက ဒုတိယအရစ္ ေပးအပ္တာလည္း ျဖစ္ပါတယ္။

ဒီ အေထာက္အပံ့ေငြလႊဲေျပာင္း ေပးအပ္တဲ့ အခမ္းအနားကို မတ္လ ၂၂ ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပဲ့တာ ျဖစ္ၿပီး ျမန္မာ ကေလးေတြရဲ႕ ပညာေရး တိုးတက္ဖို႔ ျမန္မာ အစိုးရရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ျမန္မာႏိုင္ငံဆိုင္ရာ EU သံအမတ္ႀကီး Mr.Kristian Schmidt က ခ်ီးက်ဴးေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ပံ့ပိုးကူညီဖို႔ ကတိကဝတ္ျပဳထားတဲ့ ရန္ပုံေငြထဲ ၂၂၁ သန္းထဲက ယူ႐ို ၁၇၅ သန္းကို ျမန္မာႏိုင္ငံအစိုးရႏွင့္ တိုက္႐ိုက္ပူးေပါင္းေဆာင္႐ြက္ရာ သုံးစြဲသြားမွာ ျဖစ္ၿပီး ယူ႐ို ၆၇ သန္း (က်ပ္ေငြ ၁၀၅ ဘီလီယံ) ေထာက္ပံ့ခဲ့ၿပီးၿပီလို႔ ဆိုပါတယ္။ အလယ္တန္းပညာေရး၊ နည္းပညာ၊ သက္ေမြးပညာ ႏွင့္ ေလ့က်င့္ေရးေက်ာင္းေတြအျပင္ ျပည္သူ႔ဘ႑ာစီမံခန႔္ခြဲမႈ တိုးတက္ဖို႔ အတြက္လည္း နည္းပညာအေထာက္အပံ့အျဖစ္ ေပးမယ့္အထဲ ယူ႐ို ၄၆ သန္း (က်ပ္ေငြ ၈၀ ဘီလီယံ) ပါဝင္တယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။


...................

မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ယူရို ၃၂ သန်း အီးယူလှူ

(Unicode)

မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေးအတွက် အကူအညီအဖြစ် ဥရောပ သမဂ္ဂ (EU) က ယူရိုငွေ ၃၂ သန်း (မြန်မာ ကျပ်ငွေတန်ဖိုး ၅၁ ဘီလီယံ ) ပေးအပ်ခဲ့ကြောင်း ဥရောပ သမဂ္ဂ နဲ့ ပညာရေး ဝန်ကြီးဌာနတို့က မတ်လ ၂၂ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ထောက်ပံ့ငွေတွေကို မြန်မာနိုင်ငံက ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေ အရည်အသွေး တိုးတက် လာစေရေးအတွက် ပေးအပ်တာလို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံ ပညာရေးကဏ္ဍအတွက် ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုထားတဲ့ စုစုပေါင်းယူရိုငွေ ၂၂၁သန်း (မြန်မာကျပ်ငွေ ၃၈၂ဘီလီယံ)ထဲက ဒုတိယအရစ် ပေးအပ်တာလည်း ဖြစ်ပါတယ်။

ဒီ အထောက်အပံ့ငွေလွှဲပြောင်း ပေးအပ်တဲ့ အခမ်းအနားကို မတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပဲ့တာ ဖြစ်ပြီး မြန်မာ ကလေးတွေရဲ့ ပညာရေး တိုးတက်ဖို့ မြန်မာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Mr.Kristian Schmidt က ချီးကျူးကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပံ့ပိုးကူညီဖို့ ကတိကဝတ်ပြုထားတဲ့ ရန်ပုံငွေထဲ ၂၂၁ သန်းထဲက ယူရို ၁၇၅ သန်းကို မြန်မာနိုင်ငံအစိုးရနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ရာ သုံးစွဲသွားမှာ ဖြစ်ပြီး ယူရို ၆၇ သန်း (ကျပ်ငွေ ၁၀၅ ဘီလီယံ) ထောက်ပံ့ခဲ့ပြီးပြီလို့ ဆိုပါတယ်။ အလယ်တန်းပညာရေး၊ နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးကျောင်းတွေအပြင် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ဖို့ အတွက်လည်း နည်းပညာအထောက်အပံ့အဖြစ် ပေးမယ့်အထဲ ယူရို ၄၆ သန်း (ကျပ်ငွေ ၈၀ ဘီလီယံ) ပါဝင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ျမန္မာ့ပညာေရးျပဳျပင္ေျပာင္းလဲမႈအတြက္ ယူရုိ ၃၂ သန္း အီးယူလွဴ ျမန္မာ့ပညာေရးျပဳျပင္ေျပာင္းလဲမႈအတြက္ ယူရုိ ၃၂ သန္း အီးယူလွဴ Reviewed by THITHTOOLWIN on 02:15 Rating: 5
Powered by Blogger.