ေဆးေျခာက္စိုက္ပ်ိဳးမႈနဲ႔ ဖမ္းဆီးထားသူကို ေထာင္ဒဏ္ႏွစ္ ၂၀ ခ်မွတ္

ေဆးေျခာက္စိုက္ပ်ိဳးမႈနဲ႔ ဖမ္းဆီးထားသူကို ေထာင္ဒဏ္ႏွစ္ ၂၀ ခ်မွတ္
(Zawgyi)⤵⤵⤵
မႏၲေလး၊ ၿမိဳ႕သာစက္မႈဥယ်ာဥ္ထဲ ေဆးေျခာက္ေလွ်ာ္ပင္စိုက္ပ်ိဳးမႈနဲ႔ တရားစြဲခံထားရတဲ့ စိုက္ခင္းတာဝန္ခံ ဦးရွိန္းလတ္ ကို ျမင္းၿခံခ႐ိုင္တရား႐ုံးက ဒီေန႔ အလုပ္နဲ႔ေထာင္ဒဏ္ အႏွစ္ ၂၀ ခ်မွတ္လိုက္ပါတယ္။

မူးယစ္ေဆးဝါးနဲ႔ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆(က)အရ  ေထာင္ဒဏ္ ၁၀ ႏွစ္နဲ႔ ၁၉(က)အရ အႏွစ္ ၂၀ ခ်ခဲ့တာျဖစ္ေပမယ့္ စိုက္ခင္းတာဝန္ခံ ဦးရွိန္းလတ္ကို ျပစ္ဒဏ္ႏွစ္ခုလုံး တစ္ေပါင္းတည္း က်ခံေစဖို႔ တရား႐ုံးက ဒီကေန႔ အမိန႔္ခ်ခဲ့တာပါ။

ဒီအမႈမွာ အဓိကတရားခံျဖစ္တဲ့ အေမရိကန္ႏိုင္ငံသား ဂြၽန္တိုဒို႐ိုကီ ကေတာ့ ႏိုင္ငံကူးလက္မွတ္အသစ္နဲ႔ ထိုင္းနယ္စပ္ကတဆင့္ အေမရိကန္ႏိုင္ငံကို ခိုးျပန္သြားတယ္လို႔ ဧရာဝတီသတင္းမွာ မတ္လ ၆ ရက္ေန႔က ေရးသားထားပါတယ္။

မႏၲေလးတိုင္း ငါန္းဇြန္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ဒုရဲမႉးေဇာ္ေအာင္က တရား႐ုံးကို စြဲဆိုတင္ပို႔ၿပီးသားျဖစ္လို႔ တရား႐ုံးရဲ႕အပိုင္းသာျဖစ္တယ္လို႔ RFA ကိုေျပာပါတယ္။

"တရား႐ုံးက အာမခံေပးထားတာကေန ေျပးတာေတာ့ဟုတ္တယ္၊ ကြၽန္ေတာ္တို႔က ေျပးတာကိုပဲသိတာ၊ ဘယ္ကို ေျပးတယ္ဆိုတာေတာ့ မသိဘူးဗ်၊ သူ႔ကိုအမႈဖြင့္တာက ကြၽန္ေတာ္တို႔က တရားခံေျပးနဲ႔ပဲ ဒီအမႈကိုဆက္ၿပီး တရား ႐ုံးကပဲလုပ္ေတာ့မွာေလ၊ ကြၽန္ေတာ္တို႔ရဲပိုင္းကေတာ့ တရားစြဲဆိုၿပီးသြားတဲ့အခါမွာ ဒီတရားခံနဲ႔ တပါတည္း စြဲတင္တာ၊ တရား႐ုံးက အာမခံေပးတဲ့အတြက္ က်န္တဲ့အပိုင္းကေတာ့ တရား႐ုံးအပိုင္းျဖစ္သြားမယ္။"

ၿမိဳ႕သာစက္မႈ ဥယ်ာဥ္အတြင္းက စိုက္ခင္းထဲမွာ တိုင္းအစိုးရခြင့္ျပဳခ်က္နဲ႔ ေလွ်ာ္ပင္ေတြ စမ္းသပ္စိုက္ခဲ့တာ ျဖစ္ေပမယ့္ မူးယစ္ေဆးဝါး စိုက္ပ်ိဳးတယ္ဆိုတဲ့ စြဲခ်က္နဲ႔ သရီးအမ္ IIIM ကုမၸဏီ ပိုင္ရွင္ အေမရိကန္ႏိုင္ငံသား ေျခာက္ေယာက္နဲ႔ ဝန္ထမ္း ျမန္မာႏိုင္ငံသား ႏွစ္ေယာက္ကို ေထာင္ဒဏ္ ငါးႏွစ္ကေန  ေသဒဏ္အထိ ခ်မွတ္ႏိုင္တဲ့ မူးယစ္ပုဒ္မေတြနဲ႔ တရားစြဲထားတာျဖစ္ပါတယ္။

အဲဒီအထဲက အေမရိကန္ႏိုင္ငံသား ဂြၽန္တိုဒို႐ိုကီနဲ႔ ဝန္ထမ္းေတြျဖစ္တဲ့ ဦးရွိန္းလတ္နဲ႔ မ႐ြန္းလဲ့ျမတ္ႏိုးတို႔ သုံးေယာက္ကေတာ့ ၿပီးခဲ့တဲ့ႏွစ္ဧၿပီလကတည္းက ျမင္းၿခံအက်ဥ္းေထာင္တြင္းကေန အမႈရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

က်န္တဲ့ အေမရိကန္ႏိုင္ငံသား ငါးေယာက္ကိုေတာ့ တရားခံေျပးအျဖစ္ တရား႐ုံးကသတ္မွတ္ထားပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးက တရားဝင္ေဆာင္႐ြက္တဲ့ လုပ္ငန္းျဖစ္လို႔ ဒီအမႈကို လိုက္ပါ ေဆာင္႐ြက္ေပးေနတာလို႔ RFA ကို ဒီဇင္ဘာလ႐ုံးခ်ိန္မွာ ေျဖခဲ့ပါတယ္။

“ဒီအမႈႀကီးတစ္ခုလုံးကို တည္ေဆာက္ထားတာက မခိုင္လုံတဲ့ထြက္ခ်က္ေတြနဲ႔ လုပ္ထားတာျဖစ္တယ္။ အမႈမွာ ထင္ရွားတဲ့အခ်က္က သရီးအမ္ကုမၸဏီျဖစ္တယ္။ နယ္သမားေတြ ဝင္ေငြတိုးမယ္လို႔ ယုံၾကည္တဲ့အတြက္ ရည္႐ြယ္ခ်က္နဲ႔ ကိုက္ညီတဲ့အတြက္ တရားဝင္ေဆာင္႐ြက္တာပါ။  မႏၲေလးတိုင္းေဒသႀကီး အစိုးရဆီစာေရးၿပီး ခြင့္ျပဳမိန႔္ေတာင္းခဲ့တယ္။ ဟိုကလည္း ခြင့္ျပဳတယ္”

ဂြၽန္တိုဒို႐ိုကီကေတာ့ က်န္မာေရး အာမခံရခဲ့ၿပီး အခုအခ်ိန္အထိ ဆက္သြယ္လို႔မရျဖစ္ေနတဲ့အတြက္ က်ပ္သိန္း သုံးေထာင္နဲ႔ အာမခံေပးထားသူ ရန္ကုန္ၿမိဳ႕က ေဒါက္တာခင္ေမာင္ဝင္းကို ရာဇဝတ္က်င့္ထုံး ဥပေဒ ၅၁၄ အရ ရာဇဝတ္အေထြေထြအမႈအျဖစ္ ဇန္နဝါရီလ ၂၇ ရက္ေန႔က ျမင္းၿခံခ႐ိုင္တရား႐ုံးမွာ အမႈဖြင့္ထားပါတယ္။

ၿပီးခဲ့တဲ့အပတ္႐ုံးခ်ိန္းမွာေတာ့ အာမခံေပးသူ ေဒါက္တာခင္ေမာင္ဝင္းရဲ႕ အာမခံေငြ သိန္းသုံးေထာင္ကို တရား႐ုံးကိုေပးသြင္းဖို႔ အမိန႔္ခ်ခဲ့ၿပီးျဖစ္ပါတယ္။

ဘယ္သူ႔ကိုမွ မနစ္နာေစခ်င္လို႔ ကူညီေပးတာျဖစ္တယ္လို႔ ေဒါက္တာခင္ေမာင္ဝင္းက ေျပာပါတယ္။

"အႏွစ္ ႏွစ္ဆယ္ခ်တယ္ ၾကားတယ္ဗ်၊ ဒီေန႔က သူတို႔ေရွ႕ေနေတြလည္း တရား႐ုံးမလားဘူးၾကားတယ္ဗ်၊ အဲလို မ်ိဳးလည္း မထင္ဘူးထင္ပါတယ္ ကြၽန္ေတာ္ထင္တာေတာ့၊ ကြၽန္ေတာ္ကလည္း လူမႈေရးနဲ႔ပါ၊ လူမႈေရးရယ္ စီးပြားေရးရယ္ အနာခံၿပီးလုပ္ေပးေသာ္လည္း ငပြႀကီးလို လူမုန္းကလည္းခံရေသးတယ္၊ အထင္ေသးကလည္း ခံရေသးတယ္ အဲလိုျဖစ္ေနတာဗ်ာ၊ အေတြးအေခၚကေတာ့ ကိုယ့္ယုံၾကည္မႈနဲ႔ ေကာင္းမယ္ထင္လို႔ အေကာင္းပဲ ထင္ၿပီးလုပ္ေပးလိုက္ၾကတာေပါ့ေနာ္၊ ဘယ္သူ႔ကိုမွ နစ္နာပါေစ ႏိုင္ငံေတာ္လည္းနစ္နာပါေစ ဘာကိုမွမရွိပါဘူး၊ ပုဂၢိဳလ္ေရးနစ္နာပါေစ သာေစ နာေစလည္း မရွိပါဘူး။"

RFA က ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အေမရိကန္သံ႐ုံးကို ဆက္သြယ္ၿပီး ဂြၽန္တိုဒို႐ိုကီ ေပ်ာက္ဆုံးေနတဲ့ကိစၥနဲ႔ပတ္သက္လို႔ ေမးျမန္းတဲ့အခါမွေတာ့ သံ႐ုံးအေနနဲ႔ ေျပာခြင့္မရွိဘူးလို႔ တုံ႔ျပန္ပါတယ္။

အေမရိကန္ႏိုင္ငံသားေတြရဲ႕ ပုဂၢိဳလ္ေရးဆိုင္ရာ အခ်က္အလက္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ အေသးစိတ္ကို သံ႐ုံးအေနနဲ႔ ေျပာခြင့္မရွိပါဘူး။

တရားစြဲဆိုခံထားရတဲ့ ျမန္မာႏိုင္ငံသား ႏွစ္ေယာက္ထဲက တစ္ေယာက္ျဖစ္တဲ့ မ႐ႊန္းလဲ့ျမတ္ႏိုး ကိုေတာ့ ၁၁ လ ၾကာေအာင္ ျမင္းၿခံေထာင္ထဲကေန အမႈရင္ဆိုင္ခဲ့ရၿပီး ေဖေဖာ္ဝါရီလ ပထမပတ္ စြဲခ်က္မတင္ခင္မွာ ျမင္းၿခံခ႐ိုင္ တရား႐ုံးကေန တရားရွင္လြတ္လိုက္တာပါ။

စိုက္ပ်ိဳးဖို႔လက္ခံထားတဲ့ သရီးအမ္ IIIM ကုမၸဏီဟာ ငါန္းဇြန္ၿမိဳ႕နယ္က ေျမဧက ၆၀ ေက်ာ္မွာ ေဆးေျခာက္ အႏြယ္ဝင္အပင္ေတြကို စမ္းသပ္စိုက္ပ်ိဳးေနတုန္း ကိုးလေလာက္အၾကာမွာ မႏၲေလးၿမိဳ႕ ဓာတုေဗဒစစ္ေဆးေရး ဌာနက စိုက္ခင္းကိုဝင္ေရာက္စစ္ေဆးခဲ့ပါတယ္။

အဲဒီလိုစစ္ေဆးတဲ့အခါမွာ ဒီအပင္ေတြဟာ ေဆးေျခာက္ Cannabis ျဖစ္တယ္လို႔ဆိုၿပီး ၂၀၁၉ ခုႏွစ္ ဧၿပီလမွာ ဂြၽန္တိုဒို႐ိုကီ၊ ဦးရွိန္းလတ္နဲ႔ မ႐ႊန္းလဲ့ျမတ္ႏိုးတို႔ သုံးေယာက္ကို ရဲက ဖမ္းဆီးခဲ့ပါတယ္။

အခုလို ေဆးေျခာက္အႏြယ္ဝင္အပင္ေတြကို ျမန္မာႏိုင္ငံမွာ အေျမာက္အျမားလာၿပီး စိုက္ပ်ိဳးဖို႔ တ႐ုတ္ႏိုင္ငံ ကလည္း ျမန္မာအစိုးရကို ကမ္လွမ္းထားတာေတြရွိတယ္လို႔ ျပည္သူ႔လႊတ္ေတာ္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးေကာ္မတီ ဥကၠ႒ ဦးရန္လင္းက RFA ကိုေျပာထားပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ဆေးခြောက်စိုက်ပျိုးမှုနဲ့ ဖမ်းဆီးထားသူကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်

မန္တလေး၊ မြို့သာစက်မှုဥယျာဉ်ထဲ ဆေးခြောက်လျှော်ပင်စိုက်ပျိုးမှုနဲ့ တရားစွဲခံထားရတဲ့ စိုက်ခင်းတာဝန်ခံ ဦးရှိန်းလတ် ကို မြင်းခြံခရိုင်တရားရုံးက ဒီနေ့ အလုပ်နဲ့ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။

မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)အရ  ထောင်ဒဏ် ၁၀ နှစ်နဲ့ ၁၉(က)အရ အနှစ် ၂၀ ချခဲ့တာဖြစ်ပေမယ့် စိုက်ခင်းတာဝန်ခံ ဦးရှိန်းလတ်ကို ပြစ်ဒဏ်နှစ်ခုလုံး တစ်ပေါင်းတည်း ကျခံစေဖို့ တရားရုံးက ဒီကနေ့ အမိန့်ချခဲ့တာပါ။

ဒီအမှုမှာ အဓိကတရားခံဖြစ်တဲ့ အမေရိကန်နိုင်ငံသား ဂျွန်တိုဒိုရိုကီ ကတော့ နိုင်ငံကူးလက်မှတ်အသစ်နဲ့ ထိုင်းနယ်စပ်ကတဆင့် အမေရိကန်နိုင်ငံကို ခိုးပြန်သွားတယ်လို့ ဧရာဝတီသတင်းမှာ မတ်လ ၆ ရက်နေ့က ရေးသားထားပါတယ်။

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်အောင်က တရားရုံးကို စွဲဆိုတင်ပို့ပြီးသားဖြစ်လို့ တရားရုံးရဲ့အပိုင်းသာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

"တရားရုံးက အာမခံပေးထားတာကနေ ပြေးတာတော့ဟုတ်တယ်၊ ကျွန်တော်တို့က ပြေးတာကိုပဲသိတာ၊ ဘယ်ကို ပြေးတယ်ဆိုတာတော့ မသိဘူးဗျ၊ သူ့ကိုအမှုဖွင့်တာက ကျွန်တော်တို့က တရားခံပြေးနဲ့ပဲ ဒီအမှုကိုဆက်ပြီး တရား ရုံးကပဲလုပ်တော့မှာလေ၊ ကျွန်တော်တို့ရဲပိုင်းကတော့ တရားစွဲဆိုပြီးသွားတဲ့အခါမှာ ဒီတရားခံနဲ့ တပါတည်း စွဲတင်တာ၊ တရားရုံးက အာမခံပေးတဲ့အတွက် ကျန်တဲ့အပိုင်းကတော့ တရားရုံးအပိုင်းဖြစ်သွားမယ်။"

မြို့သာစက်မှု ဥယျာဉ်အတွင်းက စိုက်ခင်းထဲမှာ တိုင်းအစိုးရခွင့်ပြုချက်နဲ့ လျှော်ပင်တွေ စမ်းသပ်စိုက်ခဲ့တာ ဖြစ်ပေမယ့် မူးယစ်ဆေးဝါး စိုက်ပျိုးတယ်ဆိုတဲ့ စွဲချက်နဲ့ သရီးအမ် IIIM ကုမ္ပဏီ ပိုင်ရှင် အမေရိကန်နိုင်ငံသား ခြောက်ယောက်နဲ့ ဝန်ထမ်း မြန်မာနိုင်ငံသား နှစ်ယောက်ကို ထောင်ဒဏ် ငါးနှစ်ကနေ  သေဒဏ်အထိ ချမှတ်နိုင်တဲ့ မူးယစ်ပုဒ်မတွေနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

အဲဒီအထဲက အမေရိကန်နိုင်ငံသား ဂျွန်တိုဒိုရိုကီနဲ့ ဝန်ထမ်းတွေဖြစ်တဲ့ ဦးရှိန်းလတ်နဲ့ မရွန်းလဲ့မြတ်နိုးတို့ သုံးယောက်ကတော့ ပြီးခဲ့တဲ့နှစ်ဧပြီလကတည်းက မြင်းခြံအကျဉ်းထောင်တွင်းကနေ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ကျန်တဲ့ အမေရိကန်နိုင်ငံသား ငါးယောက်ကိုတော့ တရားခံပြေးအဖြစ် တရားရုံးကသတ်မှတ်ထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက တရားဝင်ဆောင်ရွက်တဲ့ လုပ်ငန်းဖြစ်လို့ ဒီအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတာလို့ RFA ကို ဒီဇင်ဘာလရုံးချိန်မှာ ဖြေခဲ့ပါတယ်။

“ဒီအမှုကြီးတစ်ခုလုံးကို တည်ဆောက်ထားတာက မခိုင်လုံတဲ့ထွက်ချက်တွေနဲ့ လုပ်ထားတာဖြစ်တယ်။ အမှုမှာ ထင်ရှားတဲ့အချက်က သရီးအမ်ကုမ္ပဏီဖြစ်တယ်။ နယ်သမားတွေ ဝင်ငွေတိုးမယ်လို့ ယုံကြည်တဲ့အတွက် ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့အတွက် တရားဝင်ဆောင်ရွက်တာပါ။  မန္တလေးတိုင်းဒေသကြီး အစိုးရဆီစာရေးပြီး ခွင့်ပြုမိန့်တောင်းခဲ့တယ်။ ဟိုကလည်း ခွင့်ပြုတယ်”

ဂျွန်တိုဒိုရိုကီကတော့ ကျန်မာရေး အာမခံရခဲ့ပြီး အခုအချိန်အထိ ဆက်သွယ်လို့မရဖြစ်နေတဲ့အတွက် ကျပ်သိန်း သုံးထောင်နဲ့ အာမခံပေးထားသူ ရန်ကုန်မြို့က ဒေါက်တာခင်မောင်ဝင်းကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ၅၁၄ အရ ရာဇဝတ်အထွေထွေအမှုအဖြစ် ဇန်နဝါရီလ ၂၇ ရက်နေ့က မြင်းခြံခရိုင်တရားရုံးမှာ အမှုဖွင့်ထားပါတယ်။

ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာတော့ အာမခံပေးသူ ဒေါက်တာခင်မောင်ဝင်းရဲ့ အာမခံငွေ သိန်းသုံးထောင်ကို တရားရုံးကိုပေးသွင်းဖို့ အမိန့်ချခဲ့ပြီးဖြစ်ပါတယ်။

ဘယ်သူ့ကိုမှ မနစ်နာစေချင်လို့ ကူညီပေးတာဖြစ်တယ်လို့ ဒေါက်တာခင်မောင်ဝင်းက ပြောပါတယ်။

"အနှစ် နှစ်ဆယ်ချတယ် ကြားတယ်ဗျ၊ ဒီနေ့က သူတို့ရှေ့နေတွေလည်း တရားရုံးမလားဘူးကြားတယ်ဗျ၊ အဲလို မျိုးလည်း မထင်ဘူးထင်ပါတယ် ကျွန်တော်ထင်တာတော့၊ ကျွန်တော်ကလည်း လူမှုရေးနဲ့ပါ၊ လူမှုရေးရယ် စီးပွားရေးရယ် အနာခံပြီးလုပ်ပေးသော်လည်း ငပွကြီးလို လူမုန်းကလည်းခံရသေးတယ်၊ အထင်သေးကလည်း ခံရသေးတယ် အဲလိုဖြစ်နေတာဗျာ၊ အတွေးအခေါ်ကတော့ ကိုယ့်ယုံကြည်မှုနဲ့ ကောင်းမယ်ထင်လို့ အကောင်းပဲ ထင်ပြီးလုပ်ပေးလိုက်ကြတာပေါ့နော်၊ ဘယ်သူ့ကိုမှ နစ်နာပါစေ နိုင်ငံတော်လည်းနစ်နာပါစေ ဘာကိုမှမရှိပါဘူး၊ ပုဂ္ဂိုလ်ရေးနစ်နာပါစေ သာစေ နာစေလည်း မရှိပါဘူး။"

RFA က ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကို ဆက်သွယ်ပြီး ဂျွန်တိုဒိုရိုကီ ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါမှတော့ သံရုံးအနေနဲ့ ပြောခွင့်မရှိဘူးလို့ တုံ့ပြန်ပါတယ်။

အမေရိကန်နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်ကို သံရုံးအနေနဲ့ ပြောခွင့်မရှိပါဘူး။

တရားစွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မရွှန်းလဲ့မြတ်နိုး ကိုတော့ ၁၁ လ ကြာအောင် မြင်းခြံထောင်ထဲကနေ အမှုရင်ဆိုင်ခဲ့ရပြီး ဖေဖော်ဝါရီလ ပထမပတ် စွဲချက်မတင်ခင်မှာ မြင်းခြံခရိုင် တရားရုံးကနေ တရားရှင်လွတ်လိုက်တာပါ။

စိုက်ပျိုးဖို့လက်ခံထားတဲ့ သရီးအမ် IIIM ကုမ္ပဏီဟာ ငါန်းဇွန်မြို့နယ်က မြေဧက ၆၀ ကျော်မှာ ဆေးခြောက် အနွယ်ဝင်အပင်တွေကို စမ်းသပ်စိုက်ပျိုးနေတုန်း ကိုးလလောက်အကြာမှာ မန္တလေးမြို့ ဓာတုဗေဒစစ်ဆေးရေး ဌာနက စိုက်ခင်းကိုဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီလိုစစ်ဆေးတဲ့အခါမှာ ဒီအပင်တွေဟာ ဆေးခြောက် Cannabis ဖြစ်တယ်လို့ဆိုပြီး ၂၀၁၉ ခုနှစ် ဧပြီလမှာ ဂျွန်တိုဒိုရိုကီ၊ ဦးရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုးတို့ သုံးယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

အခုလို ဆေးခြောက်အနွယ်ဝင်အပင်တွေကို မြန်မာနိုင်ငံမှာ အမြောက်အမြားလာပြီး စိုက်ပျိုးဖို့ တရုတ်နိုင်ငံ ကလည်း မြန်မာအစိုးရကို ကမ်လှမ်းထားတာတွေရှိတယ်လို့ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းက RFA ကိုပြောထားပါတယ်။

RFA Burmese
https://www.rfa.org
ေဆးေျခာက္စိုက္ပ်ိဳးမႈနဲ႔ ဖမ္းဆီးထားသူကို ေထာင္ဒဏ္ႏွစ္ ၂၀ ခ်မွတ္ ေဆးေျခာက္စိုက္ပ်ိဳးမႈနဲ႔ ဖမ္းဆီးထားသူကို ေထာင္ဒဏ္ႏွစ္ ၂၀ ခ်မွတ္ Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.