ပုဒ္မ ၅၉ (စ) မျပင္ဖို႔ အမ်ိဳးသားေရးလႈပ္ရွားသူေတြ ေနျပည္ေတာ္မွာ ဆႏၵျပ

ပုဒ္မ ၅၉ (စ) မျပင္ဆင္ေရး ေနျပည္ေတာ္မွာ ဆႏၵျပလာတဲ့ တစည ပါတီဝင္၊ တက္ႂကြလႈပ္ရွားသူ ကိုေက်ာ္မ်ိဳးေ႐ႊ ကို ၂၀၂၀ မတ္လ ၁၀ ရက္ေန႔ကေတြ႕ရစဥ္
Photo: Thiha Tun/RFA
(Zawgyi)⤵⤵⤵
သမၼတ အရည္အခ်င္းအကဲျဖတ္တဲ့ ပုဒ္မ ၅၉ (စ) မျပင္ဆင္ေရးအတြက္ အၿငိမ္းစား ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဦးစိုးေမာင္ ဦးေဆာင္တဲ့ အမ်ိဳးသားႏိုင္ငံေရး ဒီမိုကရက္တစ္ပါတီနဲ႔ အမ်ိဳးသားေရး လႈပ္ရွားသူ ၁၀၀ ေက်ာ္က လႊတ္ေတာ္ထဲကိုဝင္ေရာက္ၿပီး ဆႏၵျပဖို႔ ႀကိဳးစားခဲ့ပါတယ္။

ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မဲစေပးတဲ့ ဒီေန႔မွာပဲ ပုဒ္မ ၅၉ ( စ ) မျပင္ဆင္ေရးနဲ႔ တပ္မေတာ္သားကိုယ္စားလွယ္ေတြကို ေထာက္ခံေၾကာင္း သမတ႐ုံးဝန္ႀကီးေဟာင္းနဲ႔ အၿငိမ္းစား ဒုဗိုလ္ခ်ဳပ္ႀကီး ျဖစ္တဲ့ ဦးစိုးေမာင္ ဦးေဆာင္တဲ့ အမ်ိဳးသားႏိုင္ငံေရး ဒီမိုကရက္တစ္ပါတီ NPD နဲ႔ အမ်ိဳးသားေရး လႈပ္ရွားသူေတြ ပူးေပါင္းၿပီး လႊတ္ေတာ္မွာ ဆႏၵျပဖို႔ ႀကိဳးစားခဲ့ပါတယ္။

အမ်ိဳးသားႏိုင္ငံေရး ဒီမိုကရက္တစ္ပါတီက ပါတီဝင္ေတြနဲ႔ အမ်ိဳးသားေရး တက္ႂကြလႈပ္ရွားသူေတြက လႊတ္ေတာ္ ထဲကို ေလ့လာသူေတြအေနနဲ႔ ဝင္ေရာက္ခြင့္ရဖို႔ တစ္ရက္ႀကိဳတင္ခြင့္ေတာင္းခဲ့ေပမယ့္ ခြင့္ျပဳခ်က္မရခဲ့ဘူးလို႔ ပါတီတာဝန္ရွိသူေတြက ေျပာပါတယ္။

ဒီလိုဆႏၵျပရာမွာ NPD ပါတီဝင္ေတြနဲ႔အတူ တပ္မေတာ္သားကိုယ္စားလွယ္ေတြကို ေထာက္ခံတဲ့ လႈပ္ရွားမႈ မွာပါဝင္တဲ့ တစည ပါတီက ပါတီဝင္လည္းျဖစ္ တက္ႂကြလႈပ္ရွားသူလည္းျဖစ္တဲ့ ကိုေက်ာ္မ်ိဳးေ႐ႊက ပုဒ္မ ၅၉ စ မျပင္ဆင္ေရး အင္အားျပဖို႔ လာေရာက္တာလို႔ ေျပာပါတယ္။

"မဲခြဲဆုံးျဖတ္တဲ့အေပၚမွာ တပ္မေတာ္သားကိုယ္စားလွယ္ေတြရဲ႕ သေဘာထားကိုေရာ အမ်ိဳးသားအက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ေနတဲ့ ႏိုင္ငံေရးပါတီအသီးသီးက ကိုယ္စားလွယ္ေတြကိုေရာ၊ သူတို႔ေတြ အဆိုေတြ တင္ သြင္းတယ္။ အဲဒီအေပၚမွာ ေထာက္ခံေၾကာင္း တည့္တည့္ေျပာရင္ဗ်ာ။ လက္ရွိအာဏာရပါတီနဲ႔ အာဏာရ လႊတ္ေတာ္က ျပင္မယ္ဆိုတဲ့ ၅၉ စ ျပင္မယ္ဆိုတာကို က်ေတာ္တို႔ လက္မခံေၾကာင္း၊ ပုဒ္မ ၃၆၁ ကို ျပင္မယ္ ဖ်က္မယ္ဆိုတာကို လက္မခံေၾကာင္း ဒါေတြအတြက္ က်ေတာ္တို႔ အင္အားလာျပတာပါ။"

ဆႏၵျပဖို႔ႀကိဳးစားသူေတြဟာ လႊတ္ေတာ္ထဲကို ဝင္ခြင့္မရခဲ့တဲ့အတြက္ လႊတ္ေတာ္ဝင္ေပါက္ေရွ႕ကပဲ လွည့္ျပန္ ခဲ့ရပါတယ္။ ဒီဆႏၵျပပြဲနဲ႔ပတ္သက္လို႔ ပါတီအႀကီးအကဲျဖစ္သူ  ဦးစိုးေမာင္ကို သတင္းေထာက္ေတြက ေမးျမန္းၾကည့္ရာမွာ ဖြဲ႕စည္းပုံျပင္ေရးကို ဆႏၵေစာၿပီး ဇြတ္လုပ္ရင္ အႏၲရာယ္ရွိႏိုင္တယ္လို႔ သတိေပးပါတယ္။

"အခ်ိန္တန္ရင္ေတာ့ တျဖည္းျဖည္းနဲ႔ ခင္ဗ်ားတို႔လိုခ်င္တဲ့ ဖက္ဒရယ္ရာခိုင္ႏႈန္းျပည့္ေအာင္ေတာ့ သြားပါလိမ့္မယ္။ အခ်ိန္ေတာ့နည္းနည္းေစာင့္ေပးပါ။ဆႏၵေစာၿပီး ျပင္ရင္ေတာ့ နည္းနည္းေလးျပႆနာေတြရွိႏိုင္တယ္ဆိုတာ အရင္ လည္း က်ေနာ္သတိေပးထားပါတယ္။ တခ်ိဳ႕ အေသးအမႊားေလးေတြကို ျပင္လို႔ရပါတယ္။ အေရးႀကီးတဲ့အပိုင္း ေတြက အခ်ိန္ေစာင့္ေပးပါ။ အခ်ိန္က်လာလို႔ရွိရင္ ျပင္လို႔ရပါလိမ့္မယ္။ ဇြတ္ျပင္ရင္ေတာ့ အႏၲရာယ္ရွိႏိုင္ပါတယ္။ အဲေလာက္ပဲ က်ေနာ္ ေျပာခ်င္ပါတယ္။"

NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္၊ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ၾကည္ၫြန႔္ ကေတာ့ ဒီလိုဆႏၵျပတဲ့အေပၚ အေလးအနက္မထားပါဘူး။

"က်ေနာ္ေတာ့ သိပ္ထိေရာက္မယ္ မထင္ဘူးဗ်။ ဒါက ဒါမ်ိဳးကလည္း ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးျဖစ္ေစ၊ မျပင္ဆင္ေရးျဖစ္ေစ၊ ဆႏၵျပၿပီးလုပ္လို႔ရတဲ့ ကိစၥမွမဟုတ္ဘဲ၊ တကယ္ေတာ့ ဥပေဒနဲ႔ သတ္မွတ္ထားတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒက သူတို႔ဟာသူတို႔ သတ္မွတ္ထားတဲ့ဥပေဒကို တကယ္ေလးစားမယ္ဆိုရင္ ဒီလိုနည္းနဲ႔ ျပင္ေရး အတြက္ကိုေရာ မျပင္ေရးအတြက္ကိုေရာ အဲလိုလုပ္လို႔ရတဲ့ ကိစၥမွမဟုတ္တာေနာ္။ ဘာမွ မထိေရာက္ဘူး"

လာမယ့္ မတ္လ ၁၂ ရက္ေန႔မွာလည္း လႊတ္ေတာ္ထဲကို ေလ့လာသူအျဖစ္ ဝင္ေရာက္ခြင့္ရဖို႔ ထပ္မံႀကိဳးစားမယ္မလို႔ အမ်ိဳးသားႏိုင္ငံေရး ဒီမိုကရက္တစ္ပါတီ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ဖြဲ႕စည္းပုံျပင္ဆင္ေရးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ဒီေန႔ကစၿပီး ၉ ရက္တိတိ လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ၾကမွာ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ပုဒ်မ ၅၉ (စ) မပြင်ဖို့ အမျိုးသားရေးလှုပ်ရှားသူတွေ နေပြည်တော်မှာ ဆန္ဒပြ

ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး နေပြည်တော်မှာ ဆန္ဒပြလာတဲ့ တစည ပါတီဝင်၊ တက်ကြွလှုပ်ရှားသူ ကိုကျော်မျိုးရွှေ ကို ၂၀၂၀ မတ်လ ၁၀ ရက်နေ့ကတွေ့ရစဉ်
Photo: Thiha Tun/RFA

သမ္မတ အရည်အချင်းအကဲဖြတ်တဲ့ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးအတွက် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးစိုးမောင် ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီနဲ့ အမျိုးသားရေး လှုပ်ရှားသူ ၁၀၀ ကျော်က လွှတ်တော်ထဲကိုဝင်ရောက်ပြီး ဆန္ဒပြဖို့ ကြိုးစားခဲ့ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ မဲစပေးတဲ့ ဒီနေ့မှာပဲ ပုဒ်မ ၅၉ ( စ ) မပြင်ဆင်ရေးနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို ထောက်ခံကြောင်း သမတရုံးဝန်ကြီးဟောင်းနဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ဖြစ်တဲ့ ဦးစိုးမောင် ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ NPD နဲ့ အမျိုးသားရေး လှုပ်ရှားသူတွေ ပူးပေါင်းပြီး လွှတ်တော်မှာ ဆန္ဒပြဖို့ ကြိုးစားခဲ့ပါတယ်။

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီက ပါတီဝင်တွေနဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက လွှတ်တော် ထဲကို လေ့လာသူတွေအနေနဲ့ ဝင်ရောက်ခွင့်ရဖို့ တစ်ရက်ကြိုတင်ခွင့်တောင်းခဲ့ပေမယ့် ခွင့်ပြုချက်မရခဲ့ဘူးလို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလိုဆန္ဒပြရာမှာ NPD ပါတီဝင်တွေနဲ့အတူ တပ်မတော်သားကိုယ်စားလှယ်တွေကို ထောက်ခံတဲ့ လှုပ်ရှားမှု မှာပါဝင်တဲ့ တစည ပါတီက ပါတီဝင်လည်းဖြစ် တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ကိုကျော်မျိုးရွှေက ပုဒ်မ ၅၉ စ မပြင်ဆင်ရေး အင်အားပြဖို့ လာရောက်တာလို့ ပြောပါတယ်။

"မဲခွဲဆုံးဖြတ်တဲ့အပေါ်မှာ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ သဘောထားကိုရော အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေတဲ့ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေကိုရော၊ သူတို့တွေ အဆိုတွေ တင် သွင်းတယ်။ အဲဒီအပေါ်မှာ ထောက်ခံကြောင်း တည့်တည့်ပြောရင်ဗျာ။ လက်ရှိအာဏာရပါတီနဲ့ အာဏာရ လွှတ်တော်က ပြင်မယ်ဆိုတဲ့ ၅၉ စ ပြင်မယ်ဆိုတာကို ကျတော်တို့ လက်မခံကြောင်း၊ ပုဒ်မ ၃၆၁ ကို ပြင်မယ် ဖျက်မယ်ဆိုတာကို လက်မခံကြောင်း ဒါတွေအတွက် ကျတော်တို့ အင်အားလာပြတာပါ။"

ဆန္ဒပြဖို့ကြိုးစားသူတွေဟာ လွှတ်တော်ထဲကို ဝင်ခွင့်မရခဲ့တဲ့အတွက် လွှတ်တော်ဝင်ပေါက်ရှေ့ကပဲ လှည့်ပြန် ခဲ့ရပါတယ်။ ဒီဆန္ဒပြပွဲနဲ့ပတ်သက်လို့ ပါတီအကြီးအကဲဖြစ်သူ  ဦးစိုးမောင်ကို သတင်းထောက်တွေက မေးမြန်းကြည့်ရာမှာ ဖွဲ့စည်းပုံပြင်ရေးကို ဆန္ဒစောပြီး ဇွတ်လုပ်ရင် အန္တရာယ်ရှိနိုင်တယ်လို့ သတိပေးပါတယ်။

"အချိန်တန်ရင်တော့ တဖြည်းဖြည်းနဲ့ ခင်ဗျားတို့လိုချင်တဲ့ ဖက်ဒရယ်ရာခိုင်နှုန်းပြည့်အောင်တော့ သွားပါလိမ့်မယ်။ အချိန်တော့နည်းနည်းစောင့်ပေးပါ။ဆန္ဒစောပြီး ပြင်ရင်တော့ နည်းနည်းလေးပြဿနာတွေရှိနိုင်တယ်ဆိုတာ အရင် လည်း ကျနော်သတိပေးထားပါတယ်။ တချို့ အသေးအမွှားလေးတွေကို ပြင်လို့ရပါတယ်။ အရေးကြီးတဲ့အပိုင်း တွေက အချိန်စောင့်ပေးပါ။ အချိန်ကျလာလို့ရှိရင် ပြင်လို့ရပါလိမ့်မယ်။ ဇွတ်ပြင်ရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ အဲလောက်ပဲ ကျနော် ပြောချင်ပါတယ်။"

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် ကတော့ ဒီလိုဆန္ဒပြတဲ့အပေါ် အလေးအနက်မထားပါဘူး။

"ကျနော်တော့ သိပ်ထိရောက်မယ် မထင်ဘူးဗျ။ ဒါက ဒါမျိုးကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်စေ၊ မပြင်ဆင်ရေးဖြစ်စေ၊ ဆန္ဒပြပြီးလုပ်လို့ရတဲ့ ကိစ္စမှမဟုတ်ဘဲ၊ တကယ်တော့ ဥပဒေနဲ့ သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေက သူတို့ဟာသူတို့ သတ်မှတ်ထားတဲ့ဥပဒေကို တကယ်လေးစားမယ်ဆိုရင် ဒီလိုနည်းနဲ့ ပြင်ရေး အတွက်ကိုရော မပြင်ရေးအတွက်ကိုရော အဲလိုလုပ်လို့ရတဲ့ ကိစ္စမှမဟုတ်တာနော်။ ဘာမှ မထိရောက်ဘူး"

လာမယ့် မတ်လ ၁၂ ရက်နေ့မှာလည်း လွှတ်တော်ထဲကို လေ့လာသူအဖြစ် ဝင်ရောက်ခွင့်ရဖို့ ထပ်မံကြိုးစားမယ်မလို့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီနေ့ကစပြီး ၉ ရက်တိတိ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ပုဒ္မ ၅၉ (စ) မျပင္ဖို႔ အမ်ိဳးသားေရးလႈပ္ရွားသူေတြ ေနျပည္ေတာ္မွာ ဆႏၵျပ ပုဒ္မ ၅၉ (စ) မျပင္ဖို႔ အမ်ိဳးသားေရးလႈပ္ရွားသူေတြ ေနျပည္ေတာ္မွာ ဆႏၵျပ Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.