ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္ခံရသူတခ်ိဳ႕ စည္းကမ္းလိုက္နာမႈအားနည္း


(Zawgyi)⤵⤵⤵
အစိုးရက ေတြ႕ရွိတဲ့ တတိယေျမာက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူဟာ ၿဗိတိန္ႏိုင္ငံက ေလေၾကာင္းနဲ႔လာသူ ျဖစ္ၿပီး၊ မတ္လ ၂၁ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕၊ အင္းစိန္ၿမိဳ႕နယ္ကို ေရာက္ရွိခဲ့ပါတယ္။

ေလဆိပ္ဝင္ေပါက္မွာ အပူတိုင္းကိရိယာေတြနဲ႔စစ္ေနတဲ့ၾကားက လြတ္သြားၿပီး သုံးရက္ၾကာၿပီးေနာက္ သူ႔ဆီမွာ ဗိုင္းရပ္စ္ေတြ႕ရွိခဲ့တာပါ။

အင္းစိန္ၿမိဳ႕နယ္မွာ မိသားစုဝင္ ကိုးဦးနဲ႔ ႏွစ္ရက္ၾကာေနထိုင္ၿပီး ဖ်ားနာလို႔ ေဆးခန္းသြားျပရာကေန မတ္လ ၂၃ ရက္ေန႔မွာ အင္းစိန္ေဆး႐ုံႀကီးကို ေရာက္ခဲ့တာပါ။

သူနဲ႔ထိေတြ႕တဲ့ မိသားစုနဲ႔ ဆံပင္ညႇပ္သူ ႏွစ္ဦးကို ရန္ကုန္တိုင္းတာဝန္ရွိသူေတြက ေနအိမ္ေတြမွာ သီးျခားေနထိုင္ေစၿပီး ေစာင့္ၾကည့္ ေနပါတယ္။

ဒီေန႔ မတ္လ ၂၅ ရက္ေန႔ မွာေတာ့ သူနဲ႔ သူ႔ကိုေစာင့္ေရွာက္ခဲ့တဲ့ အကိုျဖစ္သူကို ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေဝဘာဂီ ေဆး႐ုံကို ပို႔လိုက္ပါတယ္။

လူနာရဲ႕ မိသားစုဝင္ေတြကိုေတာ့ ၁၄ ရက္ၾကာ သြားလာခြင့္ ကန႔္သတ္လိုက္ၿပီး အစားအေသာက္ကို ေထာက္ပံ့ ေပးထားတယ္လို႔ ကေတာင္သူကုန္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးရဲႏိုင္ထြန္း က RFA ကို ေျပာပါတယ္။

“ေနအိမ္မွာ အုပ္ခ်ဳပ္ေရးပိုင္းအေနနဲ႔ လုံၿခဳံေရး ယူထားေပးတယ္။ ရာအိမ္မႉး ဆယ္အိမ္မႉးေတြလည္း အပါ။ အားလုံးေပါင္း ကိုးေယာက္။ သူ႔အကိုက ေဆး႐ုံမွာ စစ္ေဆးမႈေတြ လုပ္မယ္။ ဒီညက်မွ သိရမွာ။ က်န္တဲ့ ခုႏွစ္ေယာက္က အိမ္မွာ။ နည္းနည္းေတာ့ စိုးရိမ္ေကာင္းစိုးရိမ္ၾကတာေပါ့။ တစ္ရပ္ကြက္တည္း သားေတြဆိုေတာ့လည္း ကူညီေပးၾကတယ္။ အုပ္ခ်ဳပ္ေရးပိုင္းကလည္း သူတို႔ဘာလိုလည္း ေရလိုေရ ကြၽန္ေတာ္တို႔ အားလုံး ကူညီေပးတယ္။”

မေန႔ညက အစိုးရက ထုတ္ျပန္တဲ့ စာရင္းအရ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ပိုးေတြ႕သူ သုံးဦးရွိၿပီး ပိုးေတြ႕ရွိသူ ေတြဟာ အဂၤလန္က ျပန္လာသူ ႏွစ္ဦးနဲ႔ အေမရိကန္က ျပန္လာသူ တစ္ဦးျဖစ္ပါတယ္။ သူတို႔ သုံးဦးဟာ အခုလ ၁၃ ရက္ေန႔၊ ၂၁ ရက္ေန႔နဲ႔ ၂၂ ရက္ေန႔ေတြမွာ ျမန္မာႏိုင္ငံတြင္းကို အသီးသီး ေရာက္ရွိလာခဲ့သူေတြ ျဖစ္ပါတယ္။

မေန႔က ေရာဂါပိုးေတြ႕ရွိတယ္လို႔ အစိုးရက ေၾကညာလိုက္တဲ့ အင္းစိန္ၿမိဳ႕နယ္အတြင္းက လူနာဟာ ၫႊန္ၾကားခ်က္ အတိုင္း မလိုက္နာဘဲ သြားလာမႈေတြ ရွိခဲ့တာေတြ႕ရတယ္လို႔ အင္းစိန္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသာေအာင္ ကေျပာပါတယ္။

“၁၀ ရက္ေန႔မွာ လန္ဒန္ကထြက္လာတယ္။ ၂၁ ရက္ေန႔မနက္ ၆ နာရီေလာက္ေရာက္တယ္။ ရန္ကုန္ေရာက္ေတာ့ ေလဆိပ္ကိုျဖတ္ၿပီး ေလဆိပ္စစ္ေဆးမႈက လြတ္လာလို႔ သူ႔အိမ္ကို ေရာက္လာတယ္။ ေလဆိပ္ကလည္း အိမ္မွာ Quaratine  လုပ္ရမယ္ဆိုတာကို မမွာပဲ ေနမွာေတာ့မဟုတ္ဘူး။ ေလဆိပ္က သူအေျခအေနေကာင္းလို႔ လႊတ္ေပးလိုက္ရင္လည္း သူဟိုသြား ဒီသြားမလုပ္သင့္ဘူး။ ၂၁ ရက္၊ ၂၂ ရက္ေန႔မွာ ဟိုသြားဒီသြား ဆံပင္ညႇပ္ဆိုင္ေတြသြားၿပီးေတာ့မွ ညက် ဖ်ားေတာ့ ေဆး႐ုံေရာက္၊ ေဆး႐ုံမွာ အဖ်ားမက်ေတာ့ ေသြးစစ္ၾကည့္ေတာ့ positive ျဖစ္တာပဲ။”

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိသူ သုံးဦးအျပင္ ေဆး႐ုံေတြမွာ ေစာင့္ၾကည့္ေနသူ ၂၅၈ ဦး၊ ေနအိမ္ေတြမွာ ေစာင့္ၾကည့္ခံေနရသူ ၅၀၀၀ ခန႔္ရွိေနၿပီလို႔ ရန္ကုန္တိုင္း၊ က်န္းမာေရးဦးစီးဌာနရဲ႕ စာရင္းေတြ အရ သိရပါတယ္။

ေစာင့္ၾကည့္ခံရသူေတြဟာ ၫႊန္ၾကားခ်က္ေတြကို တိတိက်က်လိုက္နာၿပီး ကန႔္သတ္ေနရာေတြမွာ မေနထိုင္ဘူး ဆိုရင္ ေရာဂါ ကူးစက္ျပန႔္ပြားမႈအတြက္ စိုးရိမ္စရာရွိတယ္လို႔  ရန္ကုန္တိုင္း၊ က်န္းမာေရး ဦးစီးဌာန၊ တိုင္းဦးစီးမႉး ေဒါက္တာ ထြန္းျမင့္က ေျပာပါတယ္။

“ေစာင့္ၾကည့္ခံရတဲ့သူေတြအေနနဲ႔ ကြၽန္ေတာ္တို႔ က်န္းမာေရးဌာနက ၫႊန္ၾကားထားတာကို လိုက္နာဖို႔ပဲ။ တခ်ိဳ႕လည္း မလိုက္နာတာေတြရွိတယ္လို႔ သိထားပါတယ္။ ဒီအတြက္လည္း ကြၽန္ေတာ္တို႔ ႏိုင္ငံအတြက္ အလြန္ ရင္ေလးစရာေကာင္းပါတယ္။ တခ်ိဳ႕ကေတာ့ အိမ္မွာေစာင့္ၾကည့္တဲ့လူေတြကို အရပ္က လက္မခံတာေတြ ဒီလို ျပႆနာေတြေပၚေနတယ္ဆိုတာ ဟိုၾကားရဒီၾကားရ ၾကားေနရပါတယ္။ ရပ္ကြက္က လက္ခံဖို႔လိုတယ္။ အုံနဲ႔က်င္းနဲ႔  ဒီေနရာမွာ မထားႏိုင္ဘူးဆိုၿပီး ႐ုန္းရင္းဆန္ခတ္ ျဖစ္မယ္ဆိုရင္ ကြၽန္ေတာ္တို႔အတြက္ ေတာ္ေတာ္ ထိန္းမႏိုင္သိမ္းမရ ျဖစ္သြားႏိုင္တယ္။”

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေရာဂါပိုးေတြ႕ရွိသူေတြ ရွိလာေပမယ့္ မေၾကာက္႐ြံ႕ၾကဖို႔ နဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔ မေန႔ညက ျပည္သူေတြကို အသိေပးခဲ့ပါတယ္။

ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက အခုလ ၂၁ ရက္ေန႔ကစၿပီး အေမရိကန္၊ ၿဗိတိန္၊ ဆြစ္ဇလန္၊ ၾသစေၾတးလ်၊ နယ္သာလန္၊ ဘယ္လ္ဂ်ီယံ၊ ဒိန္းမတ္ အစရွိတဲ့ ႏိုင္ငံေတြက ျပန္လာသူေတြကို သီးသန႔္သတ္မွတ္ထားတဲ့ ေနရာေတြမွာ ေစာင့္ၾကည့္တာ၊ ေနအိမ္မွာ သီးသန႔္ေနထိုင္ ေစာင့္ၾကည့္ဖို႔ ၫႊန္ၾကားထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုးဟာ ထိန္းခ်ဳပ္လို႔ရတဲ့ ေရာဂါပိုးျဖစ္တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ေၾကညာ ထားၿပီး ေရာဂါေတြ႕သူေတြထဲက ၄.၄ ရာခိုင္ႏႈန္းခန႔္သာ ေသဆုံးမႈရွိတယ္လို႔ ေျပာပါတယ္။

ေရာဂါအခံရွိသူေတြ၊ ကိုယ္ခံအားနည္းသူေတြနဲ႔ ကုသမႈေနာက္က်သူေတြသာ ေသဆုံးၾကတာျဖစ္လို႔ ေရာဂါ ျဖစ္ႏိုင္ေခ်မ်ားသူေတြအေနနဲ႔ ဂ႐ုစိုက္ၾကဖို႔နဲ႔ ေရာဂါလကၡဏာျပတယ္လို႔ ထင္စရာရွိလာရင္ အနီးဆုံး က်န္းမာေရးဌာနကို သြားဖို႔ကိုလည္း အစိုးရက တိုက္တြန္းထားပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံရသူတချို့ စည်းကမ်းလိုက်နာမှုအားနည်း

အစိုးရက တွေ့ရှိတဲ့ တတိယမြောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ဗြိတိန်နိုင်ငံက လေကြောင်းနဲ့လာသူ ဖြစ်ပြီး၊ မတ်လ ၂၁ ရက်နေ့မှာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ကို ရောက်ရှိခဲ့ပါတယ်။

လေဆိပ်ဝင်ပေါက်မှာ အပူတိုင်းကိရိယာတွေနဲ့စစ်နေတဲ့ကြားက လွတ်သွားပြီး သုံးရက်ကြာပြီးနောက် သူ့ဆီမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့တာပါ။

အင်းစိန်မြို့နယ်မှာ မိသားစုဝင် ကိုးဦးနဲ့ နှစ်ရက်ကြာနေထိုင်ပြီး ဖျားနာလို့ ဆေးခန်းသွားပြရာကနေ မတ်လ ၂၃ ရက်နေ့မှာ အင်းစိန်ဆေးရုံကြီးကို ရောက်ခဲ့တာပါ။

သူနဲ့ထိတွေ့တဲ့ မိသားစုနဲ့ ဆံပင်ညှပ်သူ နှစ်ဦးကို ရန်ကုန်တိုင်းတာဝန်ရှိသူတွေက နေအိမ်တွေမှာ သီးခြားနေထိုင်စေပြီး စောင့်ကြည့် နေပါတယ်။

ဒီနေ့ မတ်လ ၂၅ ရက်နေ့ မှာတော့ သူနဲ့ သူ့ကိုစောင့်ရှောက်ခဲ့တဲ့ အကိုဖြစ်သူကို မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ ဆေးရုံကို ပို့လိုက်ပါတယ်။

လူနာရဲ့ မိသားစုဝင်တွေကိုတော့ ၁၄ ရက်ကြာ သွားလာခွင့် ကန့်သတ်လိုက်ပြီး အစားအသောက်ကို ထောက်ပံ့ ပေးထားတယ်လို့ ကတောင်သူကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်း က RFA ကို ပြောပါတယ်။

“နေအိမ်မှာ အုပ်ချုပ်ရေးပိုင်းအနေနဲ့ လုံခြုံရေး ယူထားပေးတယ်။ ရာအိမ်မှူး ဆယ်အိမ်မှူးတွေလည်း အပါ။ အားလုံးပေါင်း ကိုးယောက်။ သူ့အကိုက ဆေးရုံမှာ စစ်ဆေးမှုတွေ လုပ်မယ်။ ဒီညကျမှ သိရမှာ။ ကျန်တဲ့ ခုနှစ်ယောက်က အိမ်မှာ။ နည်းနည်းတော့ စိုးရိမ်ကောင်းစိုးရိမ်ကြတာပေါ့။ တစ်ရပ်ကွက်တည်း သားတွေဆိုတော့လည်း ကူညီပေးကြတယ်။ အုပ်ချုပ်ရေးပိုင်းကလည်း သူတို့ဘာလိုလည်း ရေလိုရေ ကျွန်တော်တို့ အားလုံး ကူညီပေးတယ်။”

မနေ့ညက အစိုးရက ထုတ်ပြန်တဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့သူ သုံးဦးရှိပြီး ပိုးတွေ့ရှိသူ တွေဟာ အင်္ဂလန်က ပြန်လာသူ နှစ်ဦးနဲ့ အမေရိကန်က ပြန်လာသူ တစ်ဦးဖြစ်ပါတယ်။ သူတို့ သုံးဦးဟာ အခုလ ၁၃ ရက်နေ့၊ ၂၁ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မြန်မာနိုင်ငံတွင်းကို အသီးသီး ရောက်ရှိလာခဲ့သူတွေ ဖြစ်ပါတယ်။

မနေ့က ရောဂါပိုးတွေ့ရှိတယ်လို့ အစိုးရက ကြေညာလိုက်တဲ့ အင်းစိန်မြို့နယ်အတွင်းက လူနာဟာ ညွှန်ကြားချက် အတိုင်း မလိုက်နာဘဲ သွားလာမှုတွေ ရှိခဲ့တာတွေ့ရတယ်လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသာအောင် ကပြောပါတယ်။

“၁၀ ရက်နေ့မှာ လန်ဒန်ကထွက်လာတယ်။ ၂၁ ရက်နေ့မနက် ၆ နာရီလောက်ရောက်တယ်။ ရန်ကုန်ရောက်တော့ လေဆိပ်ကိုဖြတ်ပြီး လေဆိပ်စစ်ဆေးမှုက လွတ်လာလို့ သူ့အိမ်ကို ရောက်လာတယ်။ လေဆိပ်ကလည်း အိမ်မှာ Quaratine  လုပ်ရမယ်ဆိုတာကို မမှာပဲ နေမှာတော့မဟုတ်ဘူး။ လေဆိပ်က သူအခြေအနေကောင်းလို့ လွှတ်ပေးလိုက်ရင်လည်း သူဟိုသွား ဒီသွားမလုပ်သင့်ဘူး။ ၂၁ ရက်၊ ၂၂ ရက်နေ့မှာ ဟိုသွားဒီသွား ဆံပင်ညှပ်ဆိုင်တွေသွားပြီးတော့မှ ညကျ ဖျားတော့ ဆေးရုံရောက်၊ ဆေးရုံမှာ အဖျားမကျတော့ သွေးစစ်ကြည့်တော့ positive ဖြစ်တာပဲ။”

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ သုံးဦးအပြင် ဆေးရုံတွေမှာ စောင့်ကြည့်နေသူ ၂၅၈ ဦး၊ နေအိမ်တွေမှာ စောင့်ကြည့်ခံနေရသူ ၅၀၀၀ ခန့်ရှိနေပြီလို့ ရန်ကုန်တိုင်း၊ ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေ အရ သိရပါတယ်။

စောင့်ကြည့်ခံရသူတွေဟာ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာပြီး ကန့်သတ်နေရာတွေမှာ မနေထိုင်ဘူး ဆိုရင် ရောဂါ ကူးစက်ပြန့်ပွားမှုအတွက် စိုးရိမ်စရာရှိတယ်လို့  ရန်ကုန်တိုင်း၊ ကျန်းမာရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာ ထွန်းမြင့်က ပြောပါတယ်။

“စောင့်ကြည့်ခံရတဲ့သူတွေအနေနဲ့ ကျွန်တော်တို့ ကျန်းမာရေးဌာနက ညွှန်ကြားထားတာကို လိုက်နာဖို့ပဲ။ တချို့လည်း မလိုက်နာတာတွေရှိတယ်လို့ သိထားပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ နိုင်ငံအတွက် အလွန် ရင်လေးစရာကောင်းပါတယ်။ တချို့ကတော့ အိမ်မှာစောင့်ကြည့်တဲ့လူတွေကို အရပ်က လက်မခံတာတွေ ဒီလို ပြဿနာတွေပေါ်နေတယ်ဆိုတာ ဟိုကြားရဒီကြားရ ကြားနေရပါတယ်။ ရပ်ကွက်က လက်ခံဖို့လိုတယ်။ အုံနဲ့ကျင်းနဲ့  ဒီနေရာမှာ မထားနိုင်ဘူးဆိုပြီး ရုန်းရင်းဆန်ခတ် ဖြစ်မယ်ဆိုရင် ကျွန်တော်တို့အတွက် တော်တော် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်တယ်။”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရောဂါပိုးတွေ့ရှိသူတွေ ရှိလာပေမယ့် မကြောက်ရွံ့ကြဖို့ နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ မနေ့ညက ပြည်သူတွေကို အသိပေးခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလ ၂၁ ရက်နေ့ကစပြီး အမေရိကန်၊ ဗြိတိန်၊ ဆွစ်ဇလန်၊ သြစတြေးလျ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ် အစရှိတဲ့ နိုင်ငံတွေက ပြန်လာသူတွေကို သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာ စောင့်ကြည့်တာ၊ နေအိမ်မှာ သီးသန့်နေထိုင် စောင့်ကြည့်ဖို့ ညွှန်ကြားထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဟာ ထိန်းချုပ်လို့ရတဲ့ ရောဂါပိုးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာ ထားပြီး ရောဂါတွေ့သူတွေထဲက ၄.၄ ရာခိုင်နှုန်းခန့်သာ သေဆုံးမှုရှိတယ်လို့ ပြောပါတယ်။

ရောဂါအခံရှိသူတွေ၊ ကိုယ်ခံအားနည်းသူတွေနဲ့ ကုသမှုနောက်ကျသူတွေသာ သေဆုံးကြတာဖြစ်လို့ ရောဂါ ဖြစ်နိုင်ချေများသူတွေအနေနဲ့ ဂရုစိုက်ကြဖို့နဲ့ ရောဂါလက္ခဏာပြတယ်လို့ ထင်စရာရှိလာရင် အနီးဆုံး ကျန်းမာရေးဌာနကို သွားဖို့ကိုလည်း အစိုးရက တိုက်တွန်းထားပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္ခံရသူတခ်ိဳ႕ စည္းကမ္းလိုက္နာမႈအားနည္း ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္ခံရသူတခ်ိဳ႕ စည္းကမ္းလိုက္နာမႈအားနည္း Reviewed by THITHTOOLWIN on 02:09 Rating: 5
Powered by Blogger.