လူစုလူေဝးနဲ႔ ေဈးလုဝယ္တာေတြေၾကာင့္ စူပါမားကတ္တခ်ိဳ႕၊အစုအၿပဳံအလိုက္တိုးေဝွ႔တာေၾကာင့္ ေရာဂါကူးစက္မႈပိုမိုပ်ံ႕ႏွံ႔ႏိုင္လို႔ သတိေပး

အစုအၿပဳံလိုက္တိုးေဝွ႔ဝယ္ယူတာေတြေၾကာင့္ ၂၄နာရီ စူပါမားကတ္အခ်ိဳ႕ယာယီပိတ္ထားခဲ့ရ
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ဓာတ္ခြဲအတည္ျပဳ ပိုးေတြ႕လူနာ ၂ဦးရွိလာၿပီလို႔ မတ္ ၂၃ ရက္ညပိုင္း က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာၿပီးေနာက္ ညတြင္းခ်င္းမွာပဲ ရန္ကုန္ၿမိဳ႕ေပၚရွိ စူပါမားကတ္ နဲ႔ ၂၄ နာရီ မီနီမားကတ္အခ်ိဳ႕မွာ လူအစုအၿပဳံလိုက္ စားေသာက္ကုန္မ်ားကို တိုးေဝွ႔ဝယ္ယူခဲ့တာေၾကာင့္ စူပါမားကတ္အခ်ိဳ႕ ပစၥည္းျပတ္ၿပီး ယာယီပိတ္ထားရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ဒီလို အစုအၿပဳံလိုက္ တိုးေဝွ႔ဝယ္ယူတာဟာ အလြန္အႏၲရာယ္မ်ားၿပီး အခုလို စူပါမားကတ္ေတြမွာ အစုအၿပဳံလိုက္တိုးေဝွ႔ဝယ္ယူမႈေၾကာင့္ ေရာဂါကူးစက္ျပန႔္ပြားမႈ ျမင့္တက္ခဲ့တဲ့ႏိုင္ငံေတြ ရွိတာေၾကာင့္ သတိထားဆင္ျခင္ၾကဖို႔လိုတယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးၫႊန္ၾကားေရးမႉးခ်ဳပ္ျဖစ္သူ ဦးေဇာ္ေဌးက သူ႔ရဲ႕လူမႈကြန္ရက္ကတဆင့္ အသိေပးခဲ့ပါတယ္။

ဒါ့အျပင္ ပိုးေတြ႕လူနာပထမဆုံးအေနနဲ႔ေတြ႕ရွိခဲ့ၿပီျဖစ္တဲ့အတြက္ တိုင္းနဲ႔ျပည္နယ္အလိုက္ လိုအပ္ရင္ လိုအပ္သလို ကန႔္သတ္ခ်က္ေတြထပ္မံထုတ္ျပန္သြားဖို႔ရွိတယ္လို႔လည္း အသိေပးထားပါ တယ္။

အတည္ျပဳလူနာမေတြ႕ရွိမီကပင္ သက္ႀကီး႐ြယ္အိုမ်ားကို မလိုအပ္ပါက အျပင္မထြက္ဘဲ အိမ္မွာပဲေနၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနက အသိေပးပန္ၾကားထားၿပီးျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
အစုအပြုံလိုက်တိုးဝှေ့ဝယ်ယူတာတွေကြောင့် ၂၄နာရီ စူပါမားကတ်အချို့ယာယီပိတ်ထားခဲ့ရ

(၃ လူစုလူဝေးနဲ့ ဈေးလုဝယ်တာတွေကြောင့် စူပါမားကတ်တချို့၊အစုအပြုံအလိုက်တိုးဝှေ့တာကြောင့် ရောဂါကူးစက်မှုပိုမိုပျံ့နှံ့နိုင်လို့ သတိပေး

မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ ၂ဦးရှိလာပြီလို့ မတ် ၂၃ ရက်ညပိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပြီးနောက် ညတွင်းချင်းမှာပဲ ရန်ကုန်မြို့ပေါ်ရှိ စူပါမားကတ် နဲ့ ၂၄ နာရီ မီနီမားကတ်အချို့မှာ လူအစုအပြုံလိုက် စားသောက်ကုန်များကို တိုးဝှေ့ဝယ်ယူခဲ့တာကြောင့် စူပါမားကတ်အချို့ ပစ္စည်းပြတ်ပြီး ယာယီပိတ်ထားရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ဒီလို အစုအပြုံလိုက် တိုးဝှေ့ဝယ်ယူတာဟာ အလွန်အန္တရာယ်များပြီး အခုလို စူပါမားကတ်တွေမှာ အစုအပြုံလိုက်တိုးဝှေ့ဝယ်ယူမှုကြောင့် ရောဂါကူးစက်ပြန့်ပွားမှု မြင့်တက်ခဲ့တဲ့နိုင်ငံတွေ ရှိတာကြောင့် သတိထားဆင်ခြင်ကြဖို့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇော်ဌေးက သူ့ရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးခဲ့ပါတယ်။

ဒါ့အပြင် ပိုးတွေ့လူနာပထမဆုံးအနေနဲ့တွေ့ရှိခဲ့ပြီဖြစ်တဲ့အတွက် တိုင်းနဲ့ပြည်နယ်အလိုက် လိုအပ်ရင် လိုအပ်သလို ကန့်သတ်ချက်တွေထပ်မံထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း အသိပေးထားပါ တယ်။

အတည်ပြုလူနာမတွေ့ရှိမီကပင် သက်ကြီးရွယ်အိုများကို မလိုအပ်ပါက အပြင်မထွက်ဘဲ အိမ်မှာပဲနေကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးပန်ကြားထားပြီးဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
လူစုလူေဝးနဲ႔ ေဈးလုဝယ္တာေတြေၾကာင့္ စူပါမားကတ္တခ်ိဳ႕၊အစုအၿပဳံအလိုက္တိုးေဝွ႔တာေၾကာင့္ ေရာဂါကူးစက္မႈပိုမိုပ်ံ႕ႏွံ႔ႏိုင္လို႔ သတိေပး လူစုလူေဝးနဲ႔ ေဈးလုဝယ္တာေတြေၾကာင့္ စူပါမားကတ္တခ်ိဳ႕၊အစုအၿပဳံအလိုက္တိုးေဝွ႔တာေၾကာင့္ ေရာဂါကူးစက္မႈပိုမိုပ်ံ႕ႏွံ႔ႏိုင္လို႔ သတိေပး Reviewed by THITHTOOLWIN on 23:08 Rating: 5
Powered by Blogger.